Hazel Learning Academy

Hazel Learning Academy

Share

Building Confidence Through English
English courses for young learners to adults
Cambridge YLE | Speaking | IELTS

Photos from Hazel Learning Academy's post 15/09/2026

Cambridge English ကို အချိန်ပေးပြီး သင်ယူခြင်းက အနာဂတ်အတွက် အရမ်းအရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်

Cambridge English ဟာ သင့်ဘဝအတွက် အခွင့်အလမ်းအသစ်တွေ ဖွင့်ပေးနိုင်တဲ့ အရည်အသွေးမြင့် အင်္ဂလိပ်ဘာသာစကားဆိုင်ရာ ပညာရပ်တစ်ခုပါ💯

Cambridge English သင်ယူထားခြင်းအားဖြင့်

✔️ အားထားရတဲ့ သက်သေခံလက်မှတ်
✔️ Communication အရည်အသွေး
✔️ အဆင့်မြင့် ဘာသာစကား ကျွမ်းကျင်မှု အစရှိတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်တာမို့ အနာဂတ်ကိုပါ လွှမ်းမိုးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ပြောလို့ရပါတယ်💥

ဒီလို အဆင့်တန်းမြင့် Cambridge English ကို Hazel Learning Academy မှာ သင့်ကလေးရဲ့ အသက်အရွယ်နဲ့ English Level အလိုက် Test လေးတွေဖြေပြီး တိတိကျကျ သင်ကြားပေး‌နေပါတယ်။ 💁

Hazel မှာ
⚡ Starters ( အသက် ၆ နှစ်မှ ၈ နှစ်အရွယ် )
⚡ Movers ( အသက် ၈ နှစ်မှ ၁၀ နှစ်အရွယ် )
⚡ Flyers ( အသက် ၁၀ နှစ်မှ ၁၂ နှစ်အရွယ် )
⚡ KET ( Key English Test ) - ( အသက် ၁၂ နှစ်မှ ၁၆ နှစ်အရွယ် )
⚡ PET ( Preliminary English Test ) - ( အသက် ၁၂ နှစ်မှ ၁၆ နှစ်အရွယ် )
⚡ FCE ( First Certificate in English Test ) စတဲ့ Preparation Class တွေကို စနစ်တကျ သင်ကြားပေးနေတာဖြစ်လို့ သင့်ကလေး အနာဂတ်အတွက် Hazel Learning Academy မှာ အမြန်ဆုံး ရင်းနှီးမြှုပ်နှံလိုက်ပါ 🎓🎓

🏠 No.410/ A, Aung Takhon Street, 56 Ward, Yangon.
☎️ 09784563544/ Page Messenger

Photos from Hazel Learning Academy's post 01/09/2026

🏆🌟 Attendance Award ပေးတဲ့နေ့လေး 🌟🏆

သင်တန်းမှန်မှန်လာပြီး စာသင်ခန်းထဲမှာ တက်တက်ကြွကြွ သင်ယူခဲ့ကြတဲ့ ကလေးလေးတွေကို ဂုဏ်ပြုပေးတဲ့နေ့လေးပါ 💛

နေ့တိုင်းပုံမှန်တက်ရောက်ပြီး စာသင်ယူမှုမှာ တာဝန်ယူမှု၊ စည်းကမ်းရှိမှုနဲ့ ဇွဲရှိမှု ပြသခဲ့တဲ့ Hazel ရဲ့ Little Stars လေးတွေကို ဂုဏ်ပြုလိုက်ပါတယ်! 💛📚

Attendance Award လေးတွေက ဆုတစ်ဆုပေးရုံတင်မဟုတ်ဘဲ

✨ မှန်မှန်လာတဲ့အကျင့်ကောင်းလေး ရလာစေဖို့
✨ ကိုယ့်တာဝန်ကိုယ်ယူတတ်လာစေဖို့
✨ စာသင်ယူရာမှာ ပိုပြီးကြိုးစားချင်စိတ်ရှိလာစေဖို့
အားပေးပေးတာလေးဖြစ်ပါတယ်ရှင်

ကလေးတွေရဲ့ သေးသေးလေးသော ကြိုးစားမှုတိုင်းကို အသိအမှတ်ပြုပေးခြင်းက သူတို့အတွက် ကြီးမားတဲ့ အားပေးမှုတစ်ခု ဖြစ်ပါတယ်🥰

ဆုတစ်ဆုထက်ပိုတဲ့ အဓိပ္ပါယ်ဖြစ်တဲ့
သားတို့သမီးတို့ရဲ့ ကြိုးစားမှုကို တီချယ်တို့မြင်တယ် လို့ အသိအမှတ်ပြုပေးတာဆိုရင်လဲ မမှားပါဘူးနော်💕

👏 Congratulations, our little stars!
မှန်မှန်လာ၊ ကြိုးစားသင်ယူ၊ တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာကြပါစေ🌈📚

နေမကောင်းလို့ တစ်ရက်သာပျက်ရက်ရှိပီး ဒီတခေါက်မရလိုက်တဲ့ သားသားမီးမီးတို့အတွက်လဲ နောက် term တွေမှာ ထပ်ကြိုးစားရအောင်နော်⭐️

Photos from Hazel Learning Academy's post 26/08/2026

🎨🗣️ KET Class – Learn English Through Drawing

တီချယ်ပြတဲ့ပုံကို Student တစ်ယောက်က ကြည့်ပြီး English လို အသေးစိတ်ပြန်လည်ဖော်ပြပေးရပါတယ်။
အခြား Student ကလည်း မသေချာတာတွေကို English လို ပြန်မေးမြန်းပြီး သူကြားရတဲ့အတိုင်း ပုံကို တူအောင် ပြန်ဆွဲရပါတယ်✏️🎨

ဒီ Activity လေးကနေ—

✨ Listening Skills တိုးတက်စေခြင်း
✨ Speaking Skills ပိုကောင်းလာစေခြင်း
✨ Question & Answer Skills လေ့ကျင့်ပေးခြင်း
✨ Vocabulary & Sentence Formation အသုံးချတတ်လာစေခြင်း
✨ ကိုယ်သိထားတဲ့ English ကို လက်တွေ့အသုံးချပြောဆိုတတ်လာစေခြင်း
✨ သူငယ်ချင်းနဲ့ English လို ပူးပေါင်းဆက်သွယ်တတ်လာစေခြင်း

အရေးကြီးဆုံးကတော့ English ကို သိရုံမဟုတ်ဘဲ တကယ်အသုံးချပြီး သင်ယူနိုင်တဲ့ Activity လေး ဖြစ်ပါတယ်💛

HazelLearningAcademy

23/08/2026

No jam by Kylie💙

Photos from Hazel Learning Academy's post 21/08/2026

ဒီနေ့ မှာတော့ Movers Foundation နဲ့ KET ကျောင်းသားလေးတွေ အတူတူ Paper Hat Activity လုပ်ရင်း အင်္ဂလိပ်လို ဆက်သွယ်ပြောဆိုလေ့ကျင့်ခဲ့ကြပါတယ် 🗣️💛

အထူးသဖြင့် အတန်းlevelပိုကြီးတဲ့ KETလေးတွေက Movers လေးတွေကို ကူညီပေးရင်း English Communication + Teamwork ကို ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ခဲ့ကြပါတယ် 🌱✨

စာအုပ်ထဲမှာပဲ English ကို မသင်ဘဲ လက်တွေ့အသုံးချတတ်အောင် Hazel Learning Academy မှာ သင်ယူကြရအောင်! 💕

It was more than just a craft activity—it was a wonderful opportunity to practise real-life English, teamwork, confidence, kindness and communication skills. 🌱✨

At Hazel Learning Academy, we believe that English is not only something to learn from a book—it is something to use, share and enjoy together! 💕📖

16/08/2026

📘COMMON COLLOCATIONS ⭐

Collocation ဆိုတာ English မှာ စကားလုံးတွေကို သဘာဝကျကျ တွဲသုံးလေ့ရှိတဲ့ combination ဖြစ်ပါတယ်

✔️have breakfast
I have breakfast at 7 o’clock.

✔️take a photo
Can you take a photo of us?

✔️catch a bus
I catch the bus to school.

✔️get up
I get up at 6:30.

✔️go shopping
We go shopping on Sundays.

📌 ဒီလို word combinations တွေကို အတွဲလိုက်မှတ်ထားရင် KET Speaking, Writing & Reading မှာ အများကြီးအထောက်အကူပြုပါတယ် 💯

🎯Student Challenge ဖြေကြည့်ပါ

Choose the correct word:

1. I ___ my homework every day.
A. make
B. do

2. Please ___ to me.
A. listen
B. hear

3. We ___ a photo at the beach.
A. took
B. did

4. I ___ TV after dinner.
A. watch
B. look

5. She ___ me a story.
A. said
B. told

💬 အဖြေတွေကို Comment မှာ ရေးကြည့်ပါ!

📚 Learn English by using words naturally, not just memorising meanings.
English ကို သိရုံမဟုတ်ဘဲ သုံးတတ်အောင်ပါလေ့လာမှတ်သားကြရအောင်🇬🇧✨

Hazel Learning Academy
📚No.410/A, Aung Takhon Street, 56 Ward, South Dagon Township, Yangon.
☎️09784563544/ page messenger

14/08/2026

🎓 Hazel Learning Academy ရဲ့ Weekend Special Class မှာ Starters, Movers, Flyers, KET, PET စတဲ့ Cambridge Assessment Preparation Course တွေကို...

◾International Maths
◾Activities
◾Presentaions/ Projects အစရှိတာတွေနဲ့ ထည့်သွင်းသင်ကြားပေးလျက်ရှိပါတယ်။

ကျွမ်းကျင်မှုပိုမိုမြန်ဆန်လာ‌စေဖို့အတွက် အတန်းထဲမှာ English လိုပဲ ပြောပီးသင်ကြားပေးနေသလို Cambridge Assessment Exam တွေကို သွားရောက်ဖြေဆိုနိုင်တဲ့ အထိလည်း တာဝန်ယူပြီးသင်ကြားပေးနေတာကြောင့်..

Cambridge Assessment Preparation Course တွေအတွက်ဆို Hazel Learning Academy ကိုသာ ရွေးချယ်လိုက်ပါနော်...💯

‼️သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက____

💬 Page Messenger ကနေဆက်သွယ်နိုင်သလို..

🏫 No.410/ A, Aung Takhon Street, 56 Ward, Yangon.

☎️ 09784563544

Photos from Hazel Learning Academy's post 30/07/2026

📸🌕 မနေ့က ဝါဆိုသင်္ကန်းကပ်ပွဲမှ Hazel သင်တန်းသားများ၏ အမှတ်တရပုံရိပ်များ ဖြစ်ပါတယ် 🧡

📚Hazel Learning Academy
🏠No.410/A, Aung Takhon Street, 56 Ward, South Dagon Township, Yangon.
📞09784563544
🖥️Page messenger

Photos from Hazel Learning Academy's post 29/07/2026

🙏ဝါဆိုလပြည့် ဝါဆိုသင်္ကန်းကပ်ပွဲ အခါသမယတွင် Hazel Learning Academy မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကုသိုလ်ပြုနိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်ပီတိဖြစ်ရပါတယ်ရှင်

ယနေ့ပြုလုပ်ခဲ့သော ဝါဆိုသင်္ကန်းကပ်လှူဒါန်းမှု အောင်မြင်စွာ ပြီးမြောက်နိုင်ရန် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသော မိဘများ၊ ဆရာ၊ ဆရာမများနှင့် ချစ်ခင်ရသော ကျောင်းသား၊ ကျောင်းသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်🙏

ဤကုသိုလ်ကောင်းမှုအစုစုကြောင့် အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း တီချယ်တို့ Hazel Learning Academy သင်တန်းကျောင်းမိသားစုမှ ဆုမွန်ကောင်းတောင်းရင်း မှတ်တမ်းတင်အပ်ပါတယ် 🌼


#ဝါဆိုလပြည့်
#ဝါဆိုသင်္ကန်းကပ်ပွဲ

Photos from Hazel Learning Academy's post 27/06/2026

🎉 A proud day at Hazel Learning Academy! Congratulations to all students who received their YLE Certificates today.

Your hard work has paid off! 🎓✨💙

🏆YLE Flyers ( Cambridge English)

မမြတ်နိုးသဒ္ဓါထက်
မရှင်းသန့်ရတီ
မရီမွန်အောင်

🏆YLE Starters ( Cambridge English)

မောင်သော်တာဖုန်း
မချစ်ပြုံးစီခြယ်

🎓 YLE Certificate ရရှိသွားသော ကျောင်းသား၊ ကျောင်းသူများအားလုံးကို ဂုဏ်ယူစွာဖြင့် Congratulations ပါ 🎉

ကြိုးစားအားထုတ်မှုများ၏ အသီးအပွင့်အဖြစ် ယနေ့ အောင်မြင်မှုကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်ရှေ့ဆက်ပြီး ပိုမိုတိုးတက်အောင်မြင်နိုင်ကြပါစေလို့ တီချယ်တို့ရဲ့Hazel Learning Academyသင်တန်းကျောင်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🌟🎉🎊

Category

Telephone

Website

Address


No. 410/A, Aung Takhon Street, South Dagon Township
Yangon
11431

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00