LELIA Creative

LELIA Creative

Share

Design + Content + Marketing Advisor ✍️

Photos from LELIA Creative's post 05/01/2024

ကိုယ်တွေကတော့ သူများတွေထင်နေတဲ့အတိုင်းပါပဲ 🌝

Photos from LELIA Creative's post 04/01/2024

ဒီနှစ်မှာ ဒါတွေခေတ်စားမယ်

2024 မှာ တစ်ကမ္ဘာလုံးအနေအထားနဲ့
Trend ဖြစ်လာမဲ့ ဒီဇိုင်းအမျိုးအစား (၁၅)ခုကို
နှစ်သစ်လက်ဆောင်အနေနဲ့ ပြောပြပေးလိုက်ပါတယ်
ဒီဇိုင်နာကြီးတို့ရေ...။

ကိုယ်က ဘယ် Design Trend မှာ အားသာလဲ?
အားနည်းနေလို့ Skill ထပ်ဖြည့်ရမဲ့ Design Trend က ဘာလဲ?

တစ်ပုံချင်းစီကို သေသေချာချာ ဝင်ကြည့်ပြီး
အခုပဲ ကိုယ့်ကိုယ်ကိုယ် သုံးသပ်လိုက်ပါဗျ။

04/01/2024

ဦးနှောက်မကုန်တော့ပါ

ကျွန်တော်တို့ Creative သမားတွေဟာအမြဲတမ်း
idea တွေဆန်းသစ်နေဖို့နဲ့
သူများတွေထက်ထူးခြားနေဖို့အမြဲလိုအပ်ပါတယ်

မဟုတ်ရင် သူများနည်းတူ ထူးမခြားနားဖြစ်နေရင်
Creative ဖြစ်နေမှာမဟုတ်ဘဲ
သူမျာဖောက်ပြီးသား လမ်းကိုလျောက်တဲ့သူ
ဖြစ်သွားလိမ့်မယ်ဗျ

ဒီတော့ Creative ဖြစ်ပြီး
Think Outside the Box ဖြစ်ဖို့အတွက်
အတွေးတွေကို ဘောင်မခက်မိအောင်၊
သူများတွေမတွေးမိတာတွေ ချပြနိင်အောင်၊
ထူးခြားပြီး ကွဲထွက်နေအောင်လုပ်ဖို့လိုပါတယ်

ဆိုတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို Creative ဖြစ်ဖို့
နဲ့ထူးခြားနေဖို့ဆိုရင်
Passion က အဓိကဖြစ်ပြီး
နောက်ထပ်ကိုယ့်ကို Support
လုပ်ပေးမယ့် Tools တွေကတော့

1) Research များများလုပ်ခြင်း
2) Learning လုပ်ခြင်း
3) Logic ကျကျ တွေးခေါ်သုံးသပ်ခြင်း
4) အမြဲတမ်း တစ်နေရာထဲမှာပဲ ဂျောင်ပိတ်မနေဘဲ
Solution ကို (၃)ခုလောက် အဖက်ဖက်ကတွေးခြင်း
5) နယ်ပယ်ပေါင်းစုံက အလုပ်ဖြစ်ပြီးသား
idea တွေကို ပေါင်းစပ်တတ်ခြင်း
စတဲ့ ဒီ Tools (၅)ခုကိုသေချာ အသုံးချနိုင်မယ်ဆိုရင်

Think Outside the Box တင်မဟုတ်ဘဲ
Universe Outside the Box ပါ ဖြစ်လာနိုင်ပါတယ်...

# #

04/01/2024

မနက်ခင်းလေးမှာနိုးလာခဲ့
အရင်ဆုံး အသည်းအသန်ဆွဲပါတယ် 🥴

02/01/2024

အမြင်ကျဉ်းမြောင်းမှုဆိုတာ
ကိုယ့်နောက်ကျောကို ကိုယ်တိုင်ပြန်ထိုးနေတဲ့
ဓားတစ်ချောင်းပဲဗျ။

ဘာဖြစ်လို့ အမြင်ကျဉ်းတာလဲ❓
မျက်လုံးရှေ့မှာ ငါဆိုတဲ့ မာနတွေ၊
အတ္တတွေခံနေလို့ အမြင်ကျဉ်းနေကြတာပါ။
ဒီနေ့ခေတ်မှာ ငါစွဲတွေမကျွတ်သေးဘဲ
အမြင်ကျဉ်းကျဉ်း၊ ဘောင်ကျဉ်းကျဉ်းနဲ့ကြည့်ပြီး
ထိုင်လောင်နေတဲ့ ငကြောင်တွေ ပေါလာပြီ။
သတိထားမိရဲ့လား ကိုယ့်လူတို့...🌚

ဘယ် Career နယ်ပယ်ကို ကြည့်ကြည့်
ဟိုးရှေးရှေးတုန်းက စီနီယာတွေရဲ့အဖြစ်က
အချိန်တွေ အများကြီး ရင်းပြီးမှ
နေရာတစ်ခုကို ရောက်လာကြတာပါ။
သုံးနှစ်သုံးမိုး လေ့လာရတယ်တို့၊
ဆယ်နှစ်ဆယ်မိုး ပညာသင်ရတယ်တို့
ရှိကြတယ်မဟုတ်လား။

ဒါပေမဲ့ နည်းပညာရဲ့အကူအညီ၊
ဒီဂျစ်တယ်စနစ်ရဲ့ ပံ့ပိုးမှုတွေရလာတဲ့ခေတ်ကြတော့
တစ်နှစ်တည်းနဲ့လဲ မြင့်တဲ့နေရာ ရောက်လာနိုင်သလို
Passion ပြင်းထန်ပြီး ဉာဏ်ထက်တဲ့ ဂျီးနီးယပ်တွေဆို
😎၆လ လောက်နဲ့ ဆရာကျသွားနိုင်ပါတယ်။

ထားဗျာ ဥပမာပြောပြမယ်။
Content Writer တွေဆို အရင်က စာတစ်ပုဒ်ရေးဖို့
တစ်ရက်လောက် ကြာတာရှိတယ်။
လိုအပ်တဲ့အချက်အလက်တွေ၊ သတင်းတွေကို
Physical book တွေရှာဖတ်ရ၊ အရင်းမြစ်တွေက ရှားပါး၊
အင်တာနက်က လိုင်းမကောင်း၊ စာစီစာရိုက်က မကျွမ်းကျင်၊
ဘာသာစကားအခက်အခဲ... ဒါမျိုးတွေပေါ့ဗျာ။

အခုနည်းပညာခေတ်မှာကျတော့
ဘာလိုလဲ ဘာရှာလဲ?
ကလစ်တစ်ချက်နှိပ်ရုံနဲ့ ကိုယ့်မျက်စိရှေ့ကို
အချက်အလက်တွေ၊ သတင်း/အတင်း/အဖျင်းတွေ
စုပုံကျလာတော့တာပဲ။
ဒီတော့ content တစ်ပုဒ်ဖန်တီးဖို့
တစ်နာရီ၊ နှစ်နာရီလောက်ပဲ အချိန်ယူရပါတော့တယ်။

Graphic Designer/ Video Editor တွေလည်း
ဒီလိုပါပဲ… Youtube မှာပေါများလွန်းတဲ့
Tutorial တွေ၊ Tip and Trick တွေစသဖြင့်
အများဆို အများကြီးဗျာ

ပြောချင်တာကဗျာ ...
နည်းပညာခေတ်မှာ ဘယ်အရာကမှ
ထင်သလောက်မခက်ခဲတော့ဘူး။
အမေမွေးတုန်းက ပါလာတဲ့ ဦးနှောက်ကို သုံးပြီး
လေ့လာချင်စိတ်နဲ့ လမ်းလျှောက်တတ်ဖို့ပဲလိုတာပါ။

ဒီတော့ ခေတ်နဲ့စနစ်၊ နည်းပညာနဲ့ တိုးတက်မှုကို
ဘောင်ကျဉ်းကျဉ်းထဲကနေ ထိုင်ကြည့်နေတဲ့ ငကြောင်တွေက
'သားကြီး ငါတို့တုန်းက ဘယ်လိုကြိုးစားခဲ့ရတာကွ'
'ဟာ ဒီလောက်အချိန်လေးနဲ့ ဆရာဖြစ်ချင်ရင် ဆုတောင်း'
ဒါမျိုးတွေ ဘလိန်းကြတယ်။

ခက်တော့နေပြီဗျ။
ခေတ်ကြီးပေါ်မှာမှ မစီးမျောတတ်ရင်၊
အပြောင်းအလဲတွေကိုမှ မသုံးသပ်တတ်ရင်
တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့
"ငါစွဲ"ရောဂါ ကပ်နေပြီလို့ပဲ ဆိုရတော့မှာပါ။

2024 မှာ "ငါစွဲ"ရောဂါကို အရှင်းပျောက်အောင် မကုရင်
ထိုင်လောင်နေတတ်တဲ့ ငကြောင်ကြီးအဖြစ်နဲ့
နိဂုံးချုပ်သွားပါလိမ့်မယ်။
Next Generation တွေက မျှစ်ချဉ်မှမဟုတ်တာဗျာ။

"ငါစွဲ"ရောဂါ ပျောက်ချင်ရင်တော့ စိတ်လေးကို အရင်လျှော့ပေးဗျ။
ပြီးရင် မျက်စိကို ဖွင့်ဖို့ကြိုးစားပါ။
စိတ်ကိုမာန်တင်းပြီး မျက်စိကို မှိတ်ထားဦးမယ်ဆိုရင်
အင်္ဂလိပ်ဆေးလဲမနိုင်၊ ဗမာဆေးလဲမရ၊
ပယောဂဆရာလဲ မကယ်နိုင်လောက်ပါဘူး။😅

ဒီနေရာမှာ ကျွန်တော်အကြံပေးချင်တာက
"ငါစွဲ"ကျွတ်ပြီး အမြင်မကျဉ်းဖို့ ဘာတွေလုပ်လို့ရလဲဆိုရင်...

✔️ခေတ်ကိုအမီလိုက်ပါ။ ဘယ်ခေတ်ရောက်နေနေ မကျန်ခဲ့ပါစေနဲ့။
✔️ကိုယ့်ရဲ့ Career နဲ့ ပတ်သက်ပြီး ပလက်ဖောင်းပေါင်းစုံကနေ အမြဲလေ့လာပါ။
✔️နောက်တစ်ခုကတော့ စာများများဖတ်ပါ။

ဒီ(၃)ချက်ကိုသာ လက်တွေ့ပုံမှန်လုပ်မယ်ဆိုရင်
ငါစွဲရောဂါ အမြစ်ပြတ်ပြီး ဘောင်ကျယ်ကျယ်မြင်တတ်တဲ့
စမတ်ကျကျ ဆရာကြီးဖြစ်လာပါလိမ့်မယ်။

ဖြည့်စွက်ဆွေးနွေးချင်တာရှိရင်လဲ
💬Comment မှာ ပြောခဲ့ပါဦးဗျ။

01/01/2024

Professional Graphic Designer
မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား?

01/01/2024

အာရုံတွေရနေလို့ ဘယ်နေရာသွားသွား
ကွန်ပျူတာအမြဲဆောင်သွားတဲ့ဘဝပါ 🤧

စကားမစပ် မိုးပေါ်ကနေ Happy New Year လိုက်ပါတယ်ဗျာ 🤣

31/12/2023

Graphic Designer ဖြစ်ချင်တဲ့
သူတွေအတွက် သတင်းကောင်း 😎

📌သင်တန်းရဲ့ ရည်ရွယ်ချက်ကတော့
Graphic Design ကိုတကယ်စိတ်၀င်စားတဲ့ လူငယ်တွေ၊
သင်တန်းတက်ဖို့ အချိန်မရှိတဲ့လူငယ်တွေ၊
အမြဲတမ်း ထပ်ခါထပ်ခါပြန်လေ့လာချင်တဲ့လူငယ်တွေ၊
ငွေကြေးအများကြီးမတတ်နိုင်လို့
ဒီဇိုင်နာဖြစ်ချင်တဲ့အိမ်မက်တွေကိုဆုံးရှုံးလိုက်ရတဲ့
သူတွေကို ပိုပြီးရည်ရွယ်ပါတယ်ခင်ဗျာ..

📌ဒါကြောင့်သင်ခန်းစာအများကြီးကို
(၅)သောင်းကျပ်ဖြင့်ရောင်းချပေးမှာဖြစ်ပြီး
ပထမဆုံးလာအပ်တဲ့ အယောက်(၅၀)အတွက်
(၄)သောင်းကျပ်ဖြင့် အပ်နှံလို့ရမှာဖြစ်ပါတယ်၊

📌သင်ကြားပေးမယ့် သင်ခန်းစာတွေကတော့
✅ Graphic Design နဲ့ပတ်သက်တဲ့ Fundamental တွေ၊ Website တွေ၊ Design အမျိုးအစားတွေ၊
✅ Photoshop Software ရဲ့ Tools & Option တွေ၊ Panel Group & Menu Bar တွေ
✅ Social Media မှာတင်မယ့် Food & Drink, Travel, Electronic & Thumbnail Design တွေ
✅ Printing နဲ့ပတ်သက်တဲ့ Business Card, Vinyl, Billboard Design & Knowledge တွေ
✅ Poster Design & Manipulation Design & Knowledge အကြောင်းတွေ
✅ Logo အမျိုးအစားတွေအကြောင်းနဲ့ Logo ဘယ်လိုဆွဲရမလဲဆိုတဲ့ Detail တွေ
✅ Skin Retouch သင်ခန်းစာတွေ
✅ Design နဲ့ပတ်သက်တဲ့ သိကိုသိထားရမယ့် Dos & Don’ts တွေနဲ့အတူ Knowledge Sharing တွေအများကြီးပါတဲ့
သင်ခန်းစာ(၃၀)ကို Facebook Secret Group နဲ့
အချိန်မရွေးနေရာမရွေး တစ်သက်တာ Learning လုပ်လို့ရမှာဖြစ်ပါတယ်၊ ပြီးရင် မေးချင်တာတွေမေးလို့ရအောင်လည်း
Question & Answer Session လေးပါထည့်ပေးထားပါတယ်။

ဒါကြောင့် Graphic Design ကို စိတ်၀င်စားတယ်ဆိုရင်
အခုပဲ Lelia Page Messenger (or) 09 250080852 ကို
ဆက်သွယ်မေးမြန်းလို့ရပါတယ်ခင်ဗျာ ✨

30/12/2023

2024 မှာ ပိုက်ဆံများများရချင်လား 🤔

Designer ခြင်းတူပေမဲ့ ဝင်ငွေရတာခြင်းမတူဘူးဆိုရင်
ကိုယ့်မှာလွဲနေတာတစ်ခုခုတော့ ရှိနေပါပြီ။
စိတ်မပူပါနဲ့၊ အချိန်မလွန်ခင်မှာ
အခုကျွန်တော်ပြောပြမဲ့ အချက်(၅)ချက်နဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းစစ်ပါ။

1. Deadline မမီခြင်း
ဒီဇိုင်နာတွေကို လာဘ်ပိတ်စေတဲ့ အဓိကအချက်ပါပဲ။ အချိန်မီမပြီးတဲ့ ဒီဇိုင်နာကို ဘယ် Client ကမှ ရေရှည်လက်တွဲလုပ်မှာ မဟုတ်သလို ဘယ်အလုပ်ရှင်ကမှလဲ သဘောကျမှာမဟုတ်ပါဘူး။ ဒီတော့ 2024 မှာ လာဘ်ရွှင်ချင်ရင် Deadline နဲ့အညီ အလုပ်လုပ်နိုင်စွမ်း ရှိပါစေ။

2. ပြီးစလွယ်အလုပ်လုပ်ခြင်း
ကိုယ့်ရဲ့လက်ရာကို ပြန်ကြည့်တိုင်း ဂုဏ်ယူနိုင်ဖို့အတွက်က အသေးစိတ်တွေကအစ ဂရုစိုက်ဖို့လိုပါတယ်။ Details ပေါ့ဗျာ။ သိလောက်မှာမဟုတ်ပါဘူးဆိုပြီး ပြီးပြီးရောလုပ်လိုက်တာက ဝင်ငွေများများရှာနိုင်တဲ့ ဘောင်ဝင်တန်းဝင် ဒီဇိုင်နာအဆင့်ကို မရောက်နိုင်အောင် ပိတ်ပင်နေတဲ့ အတားအဆီးတစ်ခုပါပဲ။

3. Complain များခြင်း
ဆွေးနွေးညှိနှိုင်းတာမျိုး၊ အကြံပေးတာမျိုးမဟုတ်ဘဲနဲ့ အမြဲတမ်း Complain တွေ တက်နေရင်တော့ အဆင်မပြေနိုင်ပါဘူး။ ပြောသင့်ပြောထိုက်တာကို ပြောပါ။ ပိုင်ပိုင်နိုင်နိုင် ချက်နဲ့လက်နဲ့ ပြောတတ်ပါစေ။ 2024 မှာ ဝင်ငွေများများရတဲ့ ဒီဇိုင်နာဖြစ်ချင်ရင် Complain အများကြီး မတက်ပါနဲ့။

4. Revise လုပ်ဖို့ပျင်းခြင်း
အသင်းအဖွဲ့နဲ့ လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက် တစ်ခါတလေမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ဒီဇိုင်းကို Revise လုပ်ပေးရတာမျိုးက ဖြစ်နေကြကိစ္စပါ။ ငါဆွဲထားတာ ဟုတ်နေတာပဲ၊ မှန်နေတာပဲ ပြင်မပေးနိုင်ဘူးဆိုတဲ့ စိတ်ကိုမမွေးပါနဲ့။ Revise လုပ်ဖို့ပျင်းတဲ့အကျင့်၊ Revise မလုပ်ပေးချင်တဲ့စိတ်ကို 2023 မှာ ထားခဲ့နိုင်ရင် 2024 မှာ အခုထက်ပိုပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းမှာသေချာပါတယ်ဗျ။

5. လေ့လာမှုတွေမလုပ်ခြင်း
ဘယ်နယ်ပယ်မှာမဆို လေ့လာမှုတွေ သင်ယူမှုတွေက အမြဲလုပ်နေရတာပါ။ ဒီဇိုင်းနယ်ပယ်ကတော့ ပိုပြီးတော့တောင် လေ့လာနေဖို့ လိုပါတယ်။ 2024 မှာ ဒီဇိုင်နာအလုပ်နဲ့ ပိုက်ဆံအများကြီး ရချင်ရင် မအားဘူးတို့၊ နေမကောင်းဘူးတို့၊ နားချင်တယ်တို့ ဒီလိုမျိုး အကြောင်းပြချက်တွေပေးမနေဘဲနဲ့ လေ့လာသင်ယူမှုတွေ လုပ်ကိုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

အဲဒီအချက်(၅)ချက်ကို 2024 မှာ
ထပ်မလုပ်တော့ဘူးဆိုရင်
ဝင်ငွေအများကြီးရှာနိုင်တဲ့
Creative သမားဖြစ်မှာ သေချာပါတယ်။

ဒီတော့ ကိုယ်ရောဘယ်အချက်တွေကို
လုပ်မိနေလဲဗျ?ရှိတယ်ဆိုရင်
💬Comment မှာ ပြောခဲ့ပါဦး။

29/12/2023

သောကြာနေ့ရောက်ရင် အလွန်ပျော်ပါတယ် 😊

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Thingangyun
Yangon