Little Kitty
✨ Yours trusted Seller ✨ We sell Sanrio products with the best quality. Enjoy shopping with us 💓 Hello Kitty & Sanrio characters
07/09/2026
မင်မင်ဒီရက်ပိုင်း Mood အခြေနေ...မအားလည်း အိပ်ပဲအိပ်နေချင်
အခုလည်းစားပြီးသောက်ပြီး အော်ဒါတွေမထုတ်နိုင်ဘဲ အိပ်တော့မယ် 😴
ပစ္စည်းသစ်တွေလည်းရောက်ထားတာ မဖောက်စစ်နိုင် အော်ဒါလေးတွေတော့ အားတင်းပြီး အမြန်ဆုံးထုတ်ပြီးအပ်ပေးနေပါတယ် မနေ့ကထိအမှာ အော်ဒါလေးတွေ အကုန် Deli အပ်ပေးထားပြီးပါပြီရှင်
06/09/2026
ပို့ပေးပြီးတဲ့ Customers' Orders လေးတွေပါရှင့် 🩵
Thanks for supporting our Little Kitty 🥰
06/09/2026
Marsica Melo set လေးလည်း ချစ်စရာကောင်းလို့ Customer's Order set လေးပါရှင် 💕
ဒီ Bowl လေးကိုလေ ထမင်းဟင်းတို့ ခေါက်ဆွဲပြုတ်တို့ 🍜 ထည့်စားလို့ရလားမေးမေးကြလို့လေ
အဖြေက ~ ရတာပေါ့ရှင် 🥰
၆လက်မဆိုဒ်ပေမယ့် ဗြက်ကော ဇောက်ကောနက်တာမို့ ကြာဇံဆီချက်တို့ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ကြာဇံချက် ကြာဇံပြုတ် ကြေးအိုးတခွက်စာ တယောက်စာ ထည့်စားလို့ အရမ်း Ok နော်
ဒီ Bowl လေးက Kitty/ Melo/ Kuku/ Cinna ၄မျိုးစလုံး ဇွန်းကော ဆင်တူလေးထွက်ပါတယ်နော် လောလောဆယ်တော့ Cinna က ဇွန်းလေးကုန်နေလို့ ကျန်တဲ့အတွဲ set လေးတွေ အကုန် Instock ရပါမယ်နော် 🩷
06/09/2026
New Arrival 💫💫
Instock အသစ်ရောက်တဲ့ Chopping Board လေးတွေပါရှင်
Character ၄မျိုးရပါမယ်နော် 💕
ပုံလေးတွေပိုမိုမြန်ဆန်ကြည့်ရလွယ်အောင် Telegram Link လေးကို Join ထားလို့ရပါပြီရှင် 👇🏻
https://t.me/littlekitty_sanriogiftshop
05/09/2026
Customers' Orders လေးတွေပါရှင့် 🩵
မင့်ရဲ့ Customer လေးတွေ စိတ်ချမ်းသာပြီး Happy Money လေးတွေများကြီးပြန်ဝင်ပါစေရှင် 💕
05/09/2026
NEW ARRIVAL 💫💫
Kitty/ Cinna ကြွေခွက်လေးတွေ ရောက်ရှိလို့ လာပါပြီရှင် 🩵
ဒီနေ့မင်မင်ဘာလို့ နေမကောင်းတဲ့ကြားက အသစ်တွေ အသည်းအသန်ရိုက်တင်နေလဲဆို မနေ့က ဂျပ်ဖာကြီး ၁၀ဖာထပ်ဝင်ထားလို့ပါချင့် 🥺 ဒီနေ့တင်ထားတာလေးတွေက အရင်လ အရှေ့ ၂ပတ်ကျော်ကတည်းကရောက်ထားတာလေးတွေမို့....
ဒီကြွေခွက်လေးက Kitty နဲ့ Cinna လေးပဲထွက်လို့နော် melo // kuku လာမေးရင် မရှိဘူးပဲဖြေရမှာ
coffee ဖျော်ဇွန်းလေးပါပါပြီးသား Aesthetics ဆန်ဆန် ဇွန်းထိပ်လေးက ဖဲပြားလေးနဲ့ အရမ်းကိုမှ ချစ်စရာကောင်းသောလေး
ပုံလေးတွေပိုမိုမြန်ဆန်ကြည့်ရလွယ်အောင် Telegram Link လေးကို Join ထားလို့ရပါပြီရှင် 👇🏻
https://t.me/littlekitty_sanriogiftshop
05/09/2026
New Arrival 💫💫
မင်မင်တို့လို အိမ်ရှင်မလေးတွေ အကြိုက်တွေ့မယ့် မီးဖိုချောင် အိမ်သုံးထဲ အလွန်အသုံးဝင်ပြီး အမြင်လှစေမယ့် ဆန်/ပဲအမျိုးမျိုး/ခေါက်ဆွဲခြောက်တွေထည့်သိမ်းလို့ရတဲ့ လေလုံဘူးဒီဇိုင်းအသစ်လေး Instock ရောက်ထားပါတယ်နော် 💕
လက်ကိုင်လေးနဲ့ ထုတ်သုံးရလည်းလွယ်ကူ သန့်ရှင်းရလည်း လွယ်ကူတဲ့အပြင် Measurement Cup အဖုံးလေးပါတွဲပါလို့ အရမ်းကို အဆင်ပြေနော်
📌 100ml // 1800ml ၂ဆိုဒ်ပဲရပါဦးမယ်ရှင် 2300ml က ဝန်လည်းနည်းနည်းပွတော့လေ မင်မင်ထည့်မဝယ်ထားသေးလို့ပါ လိုချင်ရင် နောက်အသုတ်ထဲထည့်ဝယ်ပေးပါမယ်ရှင်
အပြင်ပုံလေးကော website ပုံလေးကော ယှဉ်တွဲပြပေးထားပါတယ်ရှင်
ပုံလေးတွေပိုမိုမြန်ဆန်ကြည့်ရလွယ်အောင် Telegram Link လေးကို Join ထားလို့ရပါပြီရှင် 👇🏻
https://t.me/littlekitty_sanriogiftshop
03/09/2026
ညဘက်ကြီး review လေးတဖြတ် 😅
ဒီခွက်အဖုံးလေးကလေ ဘယ်ခွက်ဖြစ်ဖြစ်ဖုံးလို့ရတာမို့ အရမ်းအဆင်ပြေတာပါရှင် 💕
ဈေးများပေမယ့် အသုံးဝင်တော့ သုံးပျော်တယ် တန်တယ်ပြောရမယ် မင်ရောင်းခဲ့ဖူးသလောက် Customer တယောက်ပဲ အဆင်မပြေလို့ ပြန်လဲပေးဖို့ ပြောဖူးတယ် မေ့တော့သွားပြီ ကြီးလို့လား ဘာလို့လဲတော့မသိဘူး သူ့ရဲ့ဒီဇိုင်းကိုက ခွက်မရွေးဘဲဖုံးလို့ရအောင်လုပ်ထားတာမို့ ကိုယ့်မှာရှိတဲ့ ကိုယ်ဖုံးချင်တဲ့ ခွက်တခုတည်းနဲ့တော့ သုံးကြည့်ပြီး ပြောလို့မရဘူးရယ်
အခုအဖုံး ဖုံးဖို့လိုလို့ ဒီအဖုံးလေးရှိတာ သတိရသွားတာနဲ့ဖုံးထားတာ အရမ်းအဆင်ပြေသောပဲ (ပစ္စည်းတွေ ယူတာများပြီး ကိုယ့်မှာ ဘာရှိလို့ ရှိမှန်းတောင် မသိ 😂)
ခွက်သေးလေးတွေမှာ တွဲသုံးရင် ကြီးတယ်လို့ထင်ရပေမယ့်လည်းလေ အခုဖန်ခွက်နဲ့ဆို သေးနေရင်ဖုံးလို့ရမှာမဟုတ်ဘူး
ဈေးများလာလို့ မရောင်းတော့ဘဲနေတာ အခုတော့ မင့် Customer လေးတွေကို သုံးစေချင်လို့ကို Instock ပြန်ထားပေးပါဦးမယ်ရှင် 💕
03/09/2026
တယောက်ချင်းစီ ထပ်ခါတလဲလဲ အများကြီးအားပေးကြတဲ့ Customers' Orders လေးတွေ 💕
အခုရက်ပိုင်းဖုန်းထဲမှာကော cb မှာကောကြားနေရတဲ့စကားလေးတွေက Little Kitty က post တက်လာတိုင်း ဝယ်ပြီးရင်း ဝယ်ချင်နေလို့ unfollow မှရတော့မယ်တဲ့ အဲ့လိုတော့မလုပ်ပါနဲ့နော် 😅🙏🏻
Little Kitty ကရောင်းသမျှ ပစ္စည်းလေးတွေက မင်မင့်ရဲ့ ချစ်သော Customer မမတို့ ညီမလေးတို့အတွက်တွေပါပဲလို့ 🥰🤩
ဒီလို ကိုယ့်အမတွေ ညီမလေးတွေ အားပေးနေလို့သာ အသစ်အသစ်တွေ အများကြီးရှာပေးဖို့ Motivation ရနေတာနော် မင်မင့်ကို စိတ်မကောင်းဖြစ်အောင် မပြောပါနဲ့ 🥲
မင်မင်ကြိုးစားရှာပေးထားတာလေးတွေက အမြဲအသုံးဝင်နေမှာလေးတွေချည်းပဲမို့ အမြဲကြည့်ပြီး လာဝယ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင် 😅
03/09/2026
အရှေ့တခေါက်က အားပေးကြမ်းကြတဲ့ Glass Jar လေးတွေ အခုတခေါက် Instock အများကြီးပြန်ဖြည့်ပေးထားပြီနော် 💕
📌 250ml // 500ml ၂ဆိုဒ်ရပါမယ်ရှင်
Measurement လေးပါပါလို့ အိမ်ရှင်မလေးတွေ အရမ်းကြိုက်ကြတာလေးကိုမှ မင်တို့အကြိုက် Sanri0 အရုပ်လေးနဲ့ဆိုတော့ ၂ထပ်ကွမ်းပေါ့နော် 🥰
ပုံလေးတွေပိုမိုမြန်ဆန်ကြည့်ရလွယ်အောင် Telegram Link လေးကို Join ထားလို့ရပါပြီရှင် 👇🏻
https://t.me/littlekitty_sanriogiftshop
Category
Contact the business
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Little Kitty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.