LES - Engineering Training Center

LES - Engineering Training Center

Share

🔶Engineering Software Classes 🔶

11/06/2026

🚨 မြေငလျင်လှုပ်နေချိန်မှာ တံတားအောက်ကို ပြေးဝင်ခိုလှုံခြင်းဟာ အလွန်အန္တရာယ်များနိုင်ပါသည်။

အကြောင်းရင်းက Infrastructure တံတားရဲ့ ကွန်ကရစ်အပိုင်းတွေ၊ သံတန်းတွေ ပြုတ်ကျလာနိုင်ပြိီး မြေငလျင်အင်အားပြင်းထန်ပါက သံကူကွန်ကရစ်တံတားရဲ့ အစိတ်အပိုင်းကြီးများ ကြေမွကျိုးပဲ့ပြီး အောက်ကိုပြုတ်ကျနိုင်သည်။ ပြီးနောက် မြေငလျင်လှုပ်ရှားမှုကြောင့် ယာဉ်များဟာအရှိန်ထိန်းမနိုင်ဘဲ တံတားပေါ်ကနေ အောက်ပြုတ်ကျလာနိုင်တာလည်း ထည့်တွက်ထားရပါမည်။ မြေငလျင်ကြောင့် ကားတွေဟာ ထိန်းချုပ်ရခက်ခဲတက်ပြီး မတော်တဆမှုဖြစ်နိုင်တာကို အမြဲသတိရပါ။ Aftershock (နောက်ဆက်တွဲငလျင်) တွေ ဆက်ဖြစ်လာနိုင်လို့ ပထမ မြေငလျင်လှုပ်ခတ်ပြီးသွားသည့်တိုင် နောက်ထပ်ဖြစ်လာမည့် လှုပ်ခတ်မှုတွေကြောင့် တံတားပျက်စီးမှုကပိုဆိုးလာနိုင်သည်။

အဓိကလုပ်ဆောင်ရမည့်အရာ:-

#အပြင်မှာရှိနေချိန် _ အဆောက်အဦ၊ တံတား၊ လျှပ်စစ်မီးတိုင်၊ သစ်ပင်ကြီးတွေအနီနားကနေဝေးရာ ပွင့်လင်းကွင်းပြင်နေရာမျိုးကို ရွှေ့ပြီးနေပါ။ မြေပြင်ပေါ်မှာထိုင်ချပြီး ဦးခေါင်းကို ကာကွယ်ထားပါ။

#ကားမောင်းနေချိန်_ တံတား၊ မိုးပျံတံတား၊ Flyover၊ ဥမင်လိုဏ်ခေါင်း၊ လျှပ်စစ်ဓာတ်အားလိုင်းအောက်တွေကနေ ဝေးရာနေရာမှာ ကားကိုရပ်ထားပါ။ ကားအတွင်းမှာပဲ နေပြီး မြေငလျင်လှုပ်ခတ်မှုရပ်ဆိုင်းသွားသည်အထိ စောင့်ဆိုင်းပါ။

#အိမ်ထဲမှာရှိနေချိန် _ ပထမဆုံး "Drop, Cover, Hold On" ကို လိုက်နာပါ။ ခိုင်မာခိုင်ခံ့တဲ့ စားပွဲခုံအောက်ဝင်ပြီး ခေါင်းနဲ့ လည်ပင်းကို အထူးကာကွယ်ထားပါ။ လှုပ်ခတ်မှုခေတ္တငြိမ်သက်ချိန် အပြင်သိုတည်ငြိမ်လျင်မြန်စွာထွက်ခွာလိုက်ပါ။

🚨 အထူးအရေးကြီးသည့်အချက်က မိမိတည်ရှိရာ နေရာပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး အသက်ဘေးကင်းနိုင်ရန် လိုအပ်သလိုဉာဏ်ပညာနှင့် ချက်ချင်းတုန့်ပြန်ဆောင်ရွက်ရပါမည်။

🚨 အကျဉ်းချုပ်ဆိုရပါက မြေငလျင်လှုပ်နေချိန် ကြီးမားတဲ့တံတားအောက်မှာ ခိုလှုံခြင်းထက် တံတားနဲ့ ဝေးရာ ပွင့်လင်းရာနေရာကားလမ်းမ၊ ကွင်းပြင်‌အရပ်ကိုအမြန်ဆုံးရွှေ့နေတာက သင့်အတွက်လုံခြုံမှုရှိစေပါသည်။

#ရန်ကုန်ငလျင်

06/06/2026

အသက် ၃၀ကျော်ဆိုတာ
အင်ဂျင်နီယာတစ်ယောက်အတွက်
Career ရော ဘဝအတွက်ပါ
အလှည့်အပြောင်းကာလလို့ ပြောလို့ရပါတယ်။

ဒီအရွယ်မှာ နည်းပညာပိုင်းတင်မကဘဲ
တခြားကဏ္ဍတွေကိုပါ ဟန်ချက်ညီညီ
ပြင်ဆင်ထားမှ နောက်ထပ်ဆယ်စုနှစ်တွေမှာ အောင်မြင်မှုက တည်ငြိမ်မှာပါ။

အင်ဂျင်နီယာတွေ အသက် ၃၀ နောက်ပိုင်းမှာ အာရုံစိုက်သင့်တဲ့ အချက်တွေကို
အပိုင်း ၄ ပိုင်းနဲ့ ခွဲခြားတင်ပြပေးလိုက်ပါတယ်။

(1)စီးပွားရေးနှင့် လုပ်ငန်းခွင် (Financial & Career)
ဒီအရွယ်မှာ Hard Skills (တွက်ချက်မှု/နည်းပညာ) ထက် Soft Skills နဲ့ Business Mindset က
ပိုအရေးကြီးလာပါတယ်။

Management ဆီသို့ ကူးပြောင်းခြင်း
အမြဲတမ်း Site ထဲမှာပဲ ရှိနေမလား၊
ဒါမှမဟုတ် Project Manager, Consultant လိုမျိုး
စီမံခန့်ခွဲမှုပိုင်းကို သွားမလားဆိုတာ
ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။

Passive Income ရှာဖွေခြင်း
အင်ဂျင်နီယာ အလုပ်တစ်ခုတည်းကရတဲ့
လစာအပြင် တခြားသော ရင်းနှီးမြှုပ်နှံမှုတွေ
(ဥပမာ - အိမ်ခြံမြေ၊ ရှယ်ယာ၊ သို့မဟုတ် မိသားစု
လုပ်ငန်း) ကို စတင်ရပါမယ်။

Networking သည် အရင်းအနှီး
ကိုယ့်လုပ်ငန်းနယ်ပယ်ထဲက လူတွေတင်မကဘဲ
စီးပွားရေးသမားတွေ၊ ရှေ့နေတွေနဲ့
ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ချဲ့ထွင်ပါ။

(2)လူမှုရေးနှင့် မိသားစု (Social & Family)
အလုပ်မှာပဲ နစ်မနေဘဲ လူမှုဘဝကို
ပြန်လည်တည်ဆောက်ရမယ့် အချိန်ဖြစ်ပါတယ်။

Quality Time ပေးခြင်း
အသက် ၃၅ နောက်ပိုင်းမှာ မိဘတွေက
အသက်ကြီးလာပြီဖြစ်သလို၊ သားသမီးတွေကလည်း
ကြီးပြင်းလာတဲ့အချိန်ပါ။ သူတို့ကို အချိန်ပေးဖို့
မမေ့ပါနဲ့။

Personal Branding
နယ်ပယ်ထဲမှာ ကိုယ့်ရဲ့ ဂုဏ်သတင်း (Reputation) ကို
တည်ဆောက်ပါ။ လုပ်တတ်သူအဆင့်ကနေ
လမ်းညွှန်ပေးနိုင်သူ (Mentor) အဆင့်ကို ကြိုးစားပါ။

အပေါင်းအသင်း စစ်ထုတ်ခြင်း
အချိန်ဖြုန်းရုံသက်သက် သူငယ်ချင်းတွေထက်
ကိုယ့်ကို စိတ်ဓာတ်ပိုင်းရော အသိဉာဏ်ပိုင်းပါ
တိုးတက်စေမယ့် မိတ်ဆွေကောင်းတွေကိုပဲ
ဦးစားပေးပေါင်းသင်းပါ။

(3)ကျန်းမာရေး (Health & Wellbeing)
အင်ဂျင်နီယာအလုပ်က စိတ်ဖိစီးမှုများသလို
Site ဆင်းရတဲ့သူတွေအတွက် ခန္ဓာကိုယ်
ဒဏ်ပိတာတွေ ရှိတတ်ပါတယ်။

ပုံမှန် Check-up လုပ်ခြင်း
သွေးတိုး၊ ဆီးချိုနဲ့ နှလုံးကျန်းမာရေးကို
စတင်ဂရုစိုက်ပါ။ ၃၅ ကျော်ရင် ခန္ဓာကိုယ်ရဲ့
Metabolism (အစာခြေစနစ်) က
စတင်နှေးကွေးလာပါပြီ။

Ergonomics ကို သတိပြုပါ။
ရုံးခန်းထဲမှာ အထိုင်များသူဖြစ်စေ၊ Site ထဲမှာ
လမ်းလျှောက်များသူဖြစ်စေ ခါးနာ၊
ဒူးနာ ဝေဒနာတွေကို ကြိုတင်ကာကွယ်တဲ့
အနေအထိုင် အလေ့အကျင့်လုပ်ပါ။

Mental Health
Project Deadline တွေကြားမှာ
စိတ်ဖိစီးမှု (Stress) ကို ဘယ်လိုလျှော့ချမလဲဆိုတာ
သင်ယူပါ။ တရားထိုင်တာဖြစ်ဖြစ်၊ ဝါသနာတစ်ခုခု
လုပ်တာဖြစ်ဖြစ် စိတ်ထွက်ပေါက်ရှိပါစေ။

(4)ပညာရေးနှင့် ကိုယ်ရည်ကိုယ်သွေး (Self-Development)
အင်ဂျင်နီယာတစ်ယောက်ဟာ
သင်ယူမှုရပ်လိုက်တာနဲ့
ခေတ်နောက်ကျကျန်ခဲ့ပြီလို့ မှတ်ယူပါ။

Multi-disciplinary Skills
ကိုယ့်မေဂျာအပြင် စာရင်းကိုင် (Accounting)၊
ဥပဒေ (Law) နဲ့ AI နည်းပညာတွေကို
အခြေခံနားလည်အောင် လုပ်ထားပါ။

Professional Certification
PMP (Project Management Professional) လိုမျိုး
နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တွေ
ယူထားသင့်တဲ့ အချိန်ဖြစ်ပါတယ်။

အကြံပြုချက်
အသက် ၃၀ကျော် ဆိုတာ ဘဝရဲ့ မွန်းတည့်ချိန်ပါ။
အားမာန်တွေ ရှိနေတုန်းမှာ အစီအစဉ်တကျ
ပြင်ဆင်ထားရင် အသက် ၄၀၊ ၅၀ ကျော်တဲ့အခါမှာ
အပင်ပန်းသက်သာပြီး တည်ငြိမ်တဲ့ ဘဝကို
ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Tin Ko Ko (BE, MBA)
The Financial Architect
"Engineering Your Wealth for Stability and Growth"

အနာဂတ်အတွက် ငွေကြေးစီမံခန့်ခွဲမှုနဲ့
Passive Income တည်ဆောက်ဖို့
လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုသင်တန်းတွေ
ဖွင့်ထားပေးပါတယ်။
Messenger မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။

Photos from LES - Engineering Training Center's post 25/05/2026

Revit Course မှ Student Project ❣
Student - Phyoe Wai Htwet

Photos from LES - Engineering Training Center's post 15/05/2026

Sketch up Class Student Homeworks ❤
Student - Gu Gu

11/05/2026

✴ LES တွင် တတ်ရောက်နိုင်သော Discount
သင်တန်းများ ✴

⛔ 6.6.2026 မှ 12.6.2026 ထိသာ

🔶 Autocad Basic to Intermediate 2D Class

https://www.facebook.com/share/p/1AaVxDcv5X/

🔶 Autocad Basic to Intermediate Class
(3D/ISO)

https://www.facebook.com/share/p/17cnTdRgXV/

🔶 Sketchup Modelling Class

https://www.facebook.com/share/p/1GTLdtMmDv/

🔶 Sketch up Myanmar Mhu Class

https://www.facebook.com/share/p/1BQjQPU6A1/

🔶 Sketch up Furniture Modelling and Render Class

https://www.facebook.com/share/p/1DsbL9ep3m/

🔶 Revit Architecture plus Lumion Class

https://www.facebook.com/share/p/1Cz4kMChH2

🔶 Revit Structure Class

https://www.facebook.com/share/p/1Cs8ZqPj3D/

🔶 Vray Next Render Class

https://www.facebook.com/share/p/1C4gAWy2hz/

🔶 Lumion Render Class

https://www.facebook.com/share/p/1aEiuvd751/

🔶 Enscape Render Class

https://www.facebook.com/share/p/1BDeh9gL4y/

🔶 Students Reviews

https://www.facebook.com/share/p/17cUgLydKj/

သင်တန်းအကြောင်း 👇👇

🔶 Facebook Class Group (or) Telegram Group မှာ Recorded Videos များအစ အဆုံး တင်ပေးထားပါတယ်။ အချိန်အများကြီး မပေးနိုင်သူများအတွက် အားလပ်ချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ လေ့လာသွားနိုင်ပါတယ် ။

🔶 သင်ခန်းစာများကို နားမလည်ခဲ့လျှင် Student Page မှာ တဦးချင်း မေးမြန်းလို့ရပါတယ်။

🔶သင်တန်းကာလ သတ်မှတ်ထားခြင်းမရှိဘဲ တသက်တာ လေ့လာခွင့်ပေးထားပါတယ်။ Download ဆွဲ၍လည်း လေ့လာနိုင်ပါတယ်။

🔶 အခြေခံမှစ၍ သင်ကြားပေးထားတာဖြစ်လို့ အခြေခံလုံးဝမရှိသူများ အဆင်ပြေပါတယ် 👍

🔶 သင်ကြားမူရှင်းလင်းသောကြောင့် ကြိုးစားပြီး လေ့လာပါက 100 % တတ်​မြောက်ကြောင်း အာမခံပါတယ် 💯

🔶 တတ်​ရောက်ပြီးစီးသွားသော သင်တန်းသားများရဲ့ Weekly Homework များ နှင့် Projects များကိုအထက်ပါLink များတွင်ဝင်ရောက်လေ့လာနိုင်ပါတယ် ။

🔶 Final Project တင်ပါက Certificate ထုတ်ပေးပါတယ်။

သင်တန်းမှာပြန်ဆုံမယ်နော် 😍

Photos from LES - Engineering Training Center's post 23/03/2026

Sketch up Class Student Homeworks ❤

Photos from LES - Engineering Training Center's post 28/02/2026

Revit Structure Class Student Assignment 🥰
Student - Snow Yadanar Htet

Photos from LES - Engineering Training Center's post 26/02/2026

Student One Storey Homework ❤
Student - May Oo

Photos from LES - Engineering Training Center's post 26/02/2026

Sketch up Class Student Homeworks ❤
Student - Kay

Photos from LES - Engineering Training Center's post 26/02/2026

Sketch up Class Student Homework ❤
Student - Arkar Mg

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Kan Yeik Thar Street
Yangon
11222