Apex Trading
ကွန်ပြူတာ နှင့် ဆက်စပ်ပစ္စည်းများ
အရောင်း၊ အဝယ်၊ အလဲအထပ်
30/07/2026
( to 1st cmt )
Apple Watch ကို
ဘာကြောင့် ဝယ်သင့်တာလဲ?
မဝယ်သင့်တာလဲ?
ဘယ်သူတွေက ဝယ်သင့်ပြီး...
ဘယ်သူတွေက မဝယ်သင့်ဘူးလဲ...
ဆိုတာကို ဒီ content မှာ
အလွယ်တကူနားလည်အောင်
ကြိုးစားရှင်းပြထားပါတယ်
26/07/2026
ဒီနေ့
𝗠𝗦𝗜 𝗧𝗛𝗜𝗡 𝗚𝗙𝟲𝟯 လေး
ဝယ်ယူသွားတဲ့ ညီလေး
ကျေးဇူးအထူးပါ
24/07/2026
GTA: San Andreas နှင့် Carl "CJ" Johnson အကြောင်း လူအများစု မသိကြတဲ့အချက်များ
၁။ CJ ဟာ GTA ဇာတ်ကောင်တွေထဲမှာ ကိုယ်ပိုင်ဟန် ဖန်တီးပြင်ဆင်နိုင်ဆုံး ဇာတ်ကောင်တစ်ဦး ဖြစ်ခြင်း
အခြားသော GTA ဇာတ်ကောင်အများစုနဲ့ မတူဘဲ CJ ဟာ အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ် -
- အလေးချိန် တက်လာအောင် သို့မဟုတ် ကျသွားအောင် လုပ်နိုင်ခြင်း။
- အားကစားလုပ်ခြင်းဖြင့် ကြွက်သားများ တည်ဆောက်နိုင်ခြင်း။
- စက်ဘီးစီးခြင်း သို့မဟုတ် ပြေးခြင်းဖြင့် ကြံ့ခိုင်မှုကို မြှင့်တင်နိုင်ခြင်း။
- တိုက်ခိုက်ရေး ပုံစံအမျိုးမျိုးကို သင်ယူနိုင်ခြင်း။
- ဆံပင်ပုံစံ၊ တက်တူးနှင့် အဝတ်အစားများကို ပြောင်းလဲနိုင်ခြင်း။
သူ့ရဲ့ ပုံစံဟာ သူစားတဲ့ အစားအစာနဲ့ အားကစား ဘယ်လောက်လုပ်တယ်ဆိုတဲ့ အပေါ်မူတည်ပြီးပါ ပြောင်းလဲသွားပါတယ်။
၂။ CJ ရဲ့ အသံသရုပ်ဆောင်က လူအများ ထင်ထားတာထက် ငွေကြေး ပိုမိုရရှိခဲ့ခြင်း မရှိပါ
CJ ရဲ့ အသံကို ထိုစဉ်က မြူးဇစ်လောကထဲ စတင်ဝင်ရောက်လာစ Rapper တစ်ဦးဖြစ်တဲ့ Young Maylay က သရုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဂိမ်းဟာ အချိန်ကာလတစ်ခုအတွင်း ရောင်းအားအကောင်းဆုံး ဂိမ်းတစ်ခု ဖြစ်လာခဲ့ပေမဲ့၊ ဂိမ်းရဲ့ ကြီးမားတဲ့ အောင်မြင်မှုကနေ ရတဲ့ တော်ယတီကြေး (royalties) တွေကို မရရှိဘဲ သာမန် အသံသရုပ်ဆောင်ခသာ ရရှိခဲ့တယ်လို့ သူက ပြောကြားခဲ့ဖူးပါတယ်။
၃။ San Andreas ဟာ တကယ့် လက်တွေ့နေရာတွေကို အခြေခံထားခြင်း
ဒီဂိမ်းထဲက အဓိက မြို့ကြီးသုံးမြို့ဟာ ကယ်လီဖိုးနီးယားနဲ့ နီဗားဒါးပြည်နယ်က တကယ့် လက်တွေ့နေရာတွေကို အခြေခံ လွှမ်းမိုးထားပါတယ် -
Los Santos → Los Angeles
San Fierro → San Francisco
Las Venturas → Las Vegas
မှတ်တိုင်များ၊ ရပ်ကွက်များနှင့် လမ်းများစွာကို လက်တွေ့နေရာများအတိုင်း ပုံဖော်ထားပါတယ်။
၄။ ထိုခေတ်အခါက အလွန်ကြီးမားကျယ်ပြန့်ခဲ့သော ဂိမ်းတစ်ခု ဖြစ်ခြင်း
၂၀04 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ GTA: San Andreas မှာ အောက်ပါတို့ ပါဝင်ပါတယ် -
- မြို့ကြီး သုံးမြို့။
- ကျေးလက်ဒေသ။
- သဲကန္တာရ။
- တောင်တန်းများ။
- လေဆိပ်များ။
- ယာဉ်အမျိုးအစား ရာပေါင်းများစွာ။
- လေယာဉ်နှင့် ရဟတ်ယာဉ်များ မောင်းနှင်နိုင်ခြင်း။
- ရေကူးနိုင်ခြင်း (3D GTA စီးရီးမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်)။
ဒါဟာ PlayStation 2 ရဲ့ စွမ်းဆောင်ရည်ကို အစွမ်းကုန် အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။
၅။ "Hot Coffee" အငြင်းပွားမှုက ဂိမ်းသမိုင်းကို ပြောင်းလဲစေခဲ့ခြင်း
San Andreas နဲ့ ပတ်သက်ပြီး အကြီးမားဆုံး ဂိမ်းအငြင်းပွားမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။
မပြီးပြတ်သေးတဲ့ လျှို့ဝှက် မီနီဂိမ်းတစ်ခုဖြစ်တဲ့ Hot Coffee ကို မော့ဒ်လုပ်သူများ (modders) က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပုံမှန်ကစားချိန်မှာ ဝင်ရောက်အသုံးပြုဖို့ မရည်ရွယ်ထားပေမဲ့ အဲ့ဒီလို တွေ့ရှိမှုကြောင့် -
- အချို့ဒေသများတွင် ဂိမ်းအဆင့်သတ်မှတ်ချက် အသစ်ပြန်သတ်မှတ်ခံရခြင်း။
- ဂိမ်းခွေများကို ပြန်လည်သိမ်းဆည်းရခြင်း။
- အဓိက တရားစွဲဆိုမှုများ ဖြစ်ပေါ်လာခြင်း။
- Rockstar ကုမ္ပဏီက လျှို့ဝှက်ပါဝင်နေတဲ့ အကြောင်းအရာများကို ဖယ်ရှားပြီး အပ်ဒိတ်လုပ်ထားတဲ့ ဗားရှင်းအသစ်ကို ထုတ်ပြန်ပေးခဲ့ရခြင်းတို့ ဖြစ်ပေါ်စေခဲ့ပါတယ်။
၆။ CJ ဟာ GTA ရဲ့ အချစ်ခံရဆုံး ဇာတ်ကောင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရခြင်း
ပရိသတ်များစွာက Carl "CJ" Johnson ကို သူတို့ရဲ့ အကြိုက်ဆုံး GTA ဇာတ်ကောင်အဖြစ် ဆက်လက်သတ်မှတ်နေဆဲ ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ -
- သူဟာ ဘာမှမရှိသလောက် အနေအထားကနေ စတင်ခဲ့ရခြင်း။
- သူ့ရဲ့ ဇာတ်လမ်းဟာ မိသားစု၊ သစ္စာစောင့်သိမှုနဲ့ သစ္စာဖောက်ခံရမှုတွေ ဝန်းကျင်မှာ လည်ပတ်နေခြင်း။
- ကစားသူတွေအနေနဲ့ သူ့ရဲ့ စွမ်းရည်နဲ့ ပုံစံကို တိုးတက်လာအောင် အချိန်အကြာကြီး ရင်းနှီးမြှုပ်နှံပေးရခြင်း။
- ဇာတ်လမ်းအဆုံးမှာ GTA universe အတွင်း အားအကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ဇာတ်ကောင်တစ်ခု ဖြစ်လာခြင်းတို့ကြောင့် ဖြစ်ပါတယ်။
> ဘောနပ်စ် အချက်အလက်များ <
- ဒီဂိမ်းဟာ မိတ္တူပေါင်း ၂၇ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး အချိန်ကာလအားဖြင့် ရောင်းအားအကောင်းဆုံး ဗီဒီယိုဂိမ်းများထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။
- နာမည်ကျော် ချက်ကုဒ်များကို Rockstar က တမင်တကာ ထည့်သွင်းပေးခဲ့တာဖြစ်ပြီး ဂိမ်းရဲ့ အထင်ကရ အမှတ်တမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
- Big Smoke ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အစားအစာ အော်ဒါမှာယူမှုဟာ ဂိမ်းလောကမှာ လူသိအများဆုံး မင်မ် (meme) တစ်ခု ဖြစ်လာခဲ့ပါတယ်။
- အသံသရုပ်ဆောင်များထဲတွင် Samuel L. Jackson (အရာရှိ Tenpenny)၊ James Woods (Mike Toreno)၊ Peter Fonda (The Truth) နှင့် Ice-T (Madd Dogg) တို့ကဲ့သို့ နာမည်ကျော် သရုပ်ဆောင်များနှင့် ဂီတပညာရှင်များ ပါဝင်ပါတယ်။
22/07/2026
𝗔𝗦𝗨𝗦 𝗧𝗨𝗙 𝗙𝗫𝟱𝟬𝟱𝗗
- 𝗔𝗠𝗗 𝗥𝘆𝘇𝗲𝗻 𝟱 𝗠𝗼𝗯𝗶𝗹𝗲 𝟯𝟱𝟱𝟬𝗛
- 𝟭𝟲 𝗚𝗕 𝗗𝗗𝗥𝟰
- 𝗔𝗠𝗗 𝗥𝗮𝗱𝗲𝗼𝗻 𝗩𝗲𝗴𝗮 𝟴 𝗚𝗿𝗮𝗽𝗵𝗶𝗰𝘀 𝟭𝟮𝟴 𝗠𝗕
- 𝗡𝗩𝗜𝗗𝗜𝗔 𝗚𝗘𝗙𝗢𝗥𝗖𝗘 𝗚𝗧𝗫 𝟭𝟲𝟱𝟬 𝟰 𝗚𝗕 𝗚𝗗𝗗𝗥𝟱
- 𝟮𝟱𝟲 𝗚𝗕 𝗠.𝟮 𝗡𝗩𝗠𝗘 𝗦𝗦𝗗
- 𝟭 𝗧𝗕 𝗛𝗗𝗗
- 𝟭𝟱.𝟲 𝗶𝗻𝗰𝗵𝗲𝘀, 𝗙𝗛𝗗
- 𝟭𝟮𝟬 𝗛𝘇, 𝟭𝟵𝟮𝟬 𝘅 𝟭𝟬𝟴𝟬
- 𝗪𝗶𝗻𝗱𝗼𝘄𝘀 𝟭𝟭
Battery Health - 52%
Laptop + Charger
ID - 020726
- - - - - - - - - - - - - - - - - -
𝗔𝗣𝗘𝗫 𝗧𝗥𝗔𝗗𝗜𝗡𝗚
🚃 ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
☎️ 09795137840, 09796587647
⏰ 10AM - 10PM
22/07/2026
𝗔𝗦𝗨𝗦 𝗧𝗨𝗙 𝗙𝗫𝟱𝟬𝟱𝗗
- 𝗔𝗠𝗗 𝗥𝘆𝘇𝗲𝗻 𝟱 𝗠𝗼𝗯𝗶𝗹𝗲 𝟯𝟱𝟱𝟬𝗛
- 𝟭𝟲 𝗚𝗕 𝗗𝗗𝗥𝟰
- 𝗔𝗠𝗗 𝗥𝗮𝗱𝗲𝗼𝗻 𝗩𝗲𝗴𝗮 𝟴 𝗚𝗿𝗮𝗽𝗵𝗶𝗰𝘀 𝟭𝟮𝟴 𝗠𝗕
- 𝗡𝗩𝗜𝗗𝗜𝗔 𝗚𝗘𝗙𝗢𝗥𝗖𝗘 𝗚𝗧𝗫 𝟭𝟲𝟱𝟬 𝟰 𝗚𝗕 𝗚𝗗𝗗𝗥𝟱
- 𝟮𝟱𝟲 𝗚𝗕 𝗠.𝟮 𝗡𝗩𝗠𝗘 𝗦𝗦𝗗
- 𝟭 𝗧𝗕 𝗛𝗗𝗗
- 𝟭𝟱.𝟲 𝗶𝗻𝗰𝗵𝗲𝘀, 𝗙𝗛𝗗
- 𝟭𝟮𝟬 𝗛𝘇, 𝟭𝟵𝟮𝟬 𝘅 𝟭𝟬𝟴𝟬
- 𝗪𝗶𝗻𝗱𝗼𝘄𝘀 𝟭𝟭
Battery Health - 52%
Laptop + Charger
ID - 020726
- - - - - - - - - - - - - - - - - -
𝗔𝗣𝗘𝗫 𝗧𝗥𝗔𝗗𝗜𝗡𝗚
🚃 ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
☎️ 09795137840, 09796587647
⏰ 10AM - 10PM
21/07/2026
𝗠𝗦𝗜 𝗧𝗛𝗜𝗡 𝗚𝗙𝟲𝟯
- 𝗶𝗻𝘁𝗲𝗹 𝗰𝗼𝗿𝗲 𝗶𝟳 𝟵𝟳𝟱𝟬𝗛
- 𝟴 𝗚𝗕 𝗗𝗗𝗥𝟰
- 𝗶𝗻𝘁𝗲𝗹 𝗨𝗛𝗗 𝗚𝗿𝗮𝗽𝗵𝗶𝗰𝘀 𝟲𝟯𝟬 𝟭𝟮𝟴 𝗠𝗕
- 𝗡𝗩𝗜𝗗𝗜𝗔 𝗚𝗘𝗙𝗢𝗥𝗖𝗘 𝗚𝗧𝗫 𝟭𝟲𝟱𝟬 𝟰 𝗚𝗕 𝗚𝗗𝗗𝗥𝟲
- 𝟱𝟬𝟬 𝗚𝗕 𝗠.𝟮 𝗡𝗩𝗠𝗘 𝗦𝗦𝗗
- 𝟭𝟱.𝟲 𝗶𝗻𝗰𝗵𝗲𝘀, 𝗙𝗛𝗗
- 𝟭𝟰𝟰 𝗛𝘇, 𝟭𝟵𝟮𝟬 𝘅 𝟭𝟬𝟴𝟬
- 𝗪𝗶𝗻𝗱𝗼𝘄𝘀 𝟭𝟭
Battery Health - 50%
Laptop + Charger
ID - 010726
- - - - - - - - - - - - - - - - - -
𝗔𝗣𝗘𝗫 𝗧𝗥𝗔𝗗𝗜𝗡𝗚
🚃 ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
☎️ 09795137840, 09796587647
⏰ 10AM - 10PM
21/07/2026
𝗠𝗦𝗜 𝗧𝗛𝗜𝗡 𝗚𝗙𝟲𝟯
- 𝗶𝗻𝘁𝗲𝗹 𝗰𝗼𝗿𝗲 𝗶𝟳 𝟵𝟳𝟱𝟬𝗛
- 𝟴 𝗚𝗕 𝗗𝗗𝗥𝟰
- 𝗶𝗻𝘁𝗲𝗹 𝗨𝗛𝗗 𝗚𝗿𝗮𝗽𝗵𝗶𝗰𝘀 𝟲𝟯𝟬 𝟭𝟮𝟴 𝗠𝗕
- 𝗡𝗩𝗜𝗗𝗜𝗔 𝗚𝗘𝗙𝗢𝗥𝗖𝗘 𝗚𝗧𝗫 𝟭𝟲𝟱𝟬 𝟰 𝗚𝗕 𝗚𝗗𝗗𝗥𝟲
- 𝟱𝟬𝟬 𝗚𝗕 𝗠.𝟮 𝗡𝗩𝗠𝗘 𝗦𝗦𝗗
- 𝟭𝟱.𝟲 𝗶𝗻𝗰𝗵𝗲𝘀, 𝗙𝗛𝗗
- 𝟭𝟰𝟰 𝗛𝘇, 𝟭𝟵𝟮𝟬 𝘅 𝟭𝟬𝟴𝟬
- 𝗪𝗶𝗻𝗱𝗼𝘄𝘀 𝟭𝟭
Battery Health - 50%
Laptop + Charger
ID - 010726
- - - - - - - - - - - - - - - - - -
𝗔𝗣𝗘𝗫 𝗧𝗥𝗔𝗗𝗜𝗡𝗚
🚃 ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
☎️ 09795137840, 09796587647
⏰ 10AM - 10PM
16/07/2026
high quality accessories တွေ ဘာကြောင့်အရေးကြီးတာလဲ ?
Content Creator တွေအတွက် အရည်အသွေးမြင့် ကွန်ပျူတာ အသုံးအဆောင်ပစ္စည်းတွေက တကယ်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တီထွင်ဖန်တီးတဲ့ လုပ်ငန်းစဉ်တွေကို ပိုမြန်ဆန်လာအောင်၊ ပိုချောမွေ့လာအောင်နဲ့ ပိုပြီး သက်သောင့်သက်သာ ဖြစ်လာအောင် ကူညီပေးလို့ပါ။
တုံ့ပြန်မှုမြန်တဲ့ ကီးဘုတ်၊ လက်မှန်တဲ့ မောက်စ်၊ အရောင်အသွေး တိကျတဲ့ မော်နီတာ၊ အသံကြည်လင်တဲ့ မိုက်ခရိုဖုန်းနဲ့ သက်သောင့်သက်သာရှိတဲ့ ကုလားထိုင်တွေ ရှိနေရင် Creator တွေက အလုပ်လုပ်ရတာ ပိုတွင်ကျယ်ပြီး ဗီဒီယို တည်းဖြတ်ချိန်တွေ၊ အသံသွင်းချိန်တွေမှာ အာရုံစူးစိုက်မှု မလျော့ကျစေပါဘူး။ ပစ္စည်းတွေက အဆင်မပြေလို့ အချိန်ဖြုန်းနေရမယ့်အစား ကိုယ်ဖန်တီးချင်တဲ့ Content ကောင်းကောင်းလေးတွေ ထွက်လာအောင်ပဲ အာရုံစိုက်နိုင်တော့တာပေါ့။
ပြီးတော့ ဒီလို ပရော်ဖက်ရှင်နယ်အဆင့် ပစ္စည်းတွေက အလုပ်ကို ပိုပြီး တိကျသေချာစေသလို ပင်ပန်းနွမ်းနယ်မှုကိုလည်း သက်သာစေပါတယ်။ ဒါက တီထွင်ဖန်တီးမှုတွေ ပိုလုပ်နိုင်ဖို့ အားပေးတဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးတာကြောင့် YouTube သမားတွေ၊ TikTok သမားတွေအနေနဲ့ ကိုယ့်ရဲ့ အိုင်ဒီယာတွေကို အရည်အသွေးမြင့် ဗီဒီယိုတွေအဖြစ် ပိုပြီး ထိရောက်စွာ ပြောင်းလဲ ဖန်တီးနိုင်မှာပါ။
photo - my current minimal setup
09/07/2026
Messi ကို တကူးတက ချီးကျူးခြင်းသည် အလုပ်အပိုတစ်ခုကိုလုပ်နေခြင်းမျှသာ
𝟵 𝗝𝘂𝗹𝘆 : 𝗕𝗮𝗻𝗴𝗸𝗼𝗸
ခေါင်းစဉ်က clickbait ဆန်နေတယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ဘာ့ကြောင့်ဒီလိုမြင်ရသလဲဆိုတဲ့ ကျွန်တော့်ရဲ့အမြင်ကို အချက်အလက်နဲ့ ဖော်ပြမှာပါ။
ဒီ content ဟာ Messi ကို မကောင်းဝေဖန်ထားတဲ့ content ထင်ရင်တော့ သင်မှားပါတယ်။ Messi ရဲ့ ကောင်းကြောင်းကိုသာ ဖော်ပြမဲ့ content ဖြစ်ပါတယ်။
Messi ဟာ ကမ္ဘာ့ နံပတ် ၁ ပြိုင်ဘက်ကင်း ဘောလုံး player တစ်ဦးဆိုတာ ကျွန်တော်ယုံကြည်လက်ခံတဲ့ အချက်ပါ။
သူ ဘာ့ကြောင့် ပြိုင်ဘက်ကင်း ကမ္ဘာ့ နံပတ် ၁ ဖြစ်နေသလဲဆိုတဲ့ အကြောင်းတရားကတော့ gifted ဖြစ်နေလို့ပါပဲ။ christian အယူအဆနဲ့ဆိုရင် မွေးကတည်းက ဘုရားက ပါရမီ ထည့်ပေးလိုက်တာကို ဆိုလိုတာပါ။
ဥပမာ ပြောရရင် သူဌေးသားတစ်ယောက် ဘဝကို သက်တောင့်သက်သာ ဆက်လက် ဖြတ်သန်းတာဟာ ဘာမှ မထူးဆန်းသလိုမျိုးပေါ့။ သူဌေးသားဟာ ဘဝမှာ ဘယ်အခက်အခဲမှကို မဖြတ်သန်းရဘူးလို့ ဆိုလိုတာမဟုတ်ဘဲ သူ့မိဘရဲ့ ကြွယ်ဝမှုနဲ့ ဘဝကို going with the flow လုပ်နိုင်ခြင်းကိုသာ ဆိုလိုတာပါ။
ဒီနေရာမှာ မပါမဖြစ်ထည့်ပြောရမှာက Ronaldo ပါပဲ။ Messi ကို ဝေဖန်ရေးလုပ်နေတဲ့ content ဆိုတော့ "မင်းက Ronaldo fan လား" ဆိုတဲ့မေးခွန်းဟာ မုချဖြေရမှာမို့ ထည့်ပြောလိုက်ရတာ ဖြစ်ပါတယ်။
ကျွန်တော်က Ronaldo ရော၊ Messi ရော ရဲ့ fan မဟုတ်ပါဘူး။ personal ရွေးချယ်မှုအရ ကျွန်တော်ဟာ ၂ ယောက်စလုံးကို မကြိုက်ပါဘူး။ သို့သော် ဈေးတွက်ရွေးချယ်မှုအရတော့ ၂ ဦးစလုံးကို (သူတို့ရဲ့ prime time တွေမှာ) ကိုယ့်အသင်းအတွက်လာကစားပေးခဲ့ရင် သဘောကျမှာပါ။
ဘာလို့လဲဆိုတော့ ၂ ဦးစလုံးဟာ အသင်းအတွက် ရလဒ်ကောင်းတွေကို ဆောင်ကျဉ်းပေးနိုင်ကြတဲ့ အကျိုးသက်ရောက်မှုကြီးတဲ့ player တွေ ဖြစ်နေကြလို့ ကိုယ့်အသင်းအတွက် အကျိုးရှိမှာမို့လို့ပါပဲ။
personal အရ မကြိုက်ရခြင်းကို ချဲ့ပြောရရင် ကျွန်တော်ဟာ အာဆင်နယ် အသင်း ပရိတ်သတ်တစ်ဦးဖြစ်ပြီး သူတို့ ၂ ဦးစလုံးဟာ ပြိုင်ဘက်များအနေနဲ့သာ ကိုယ့်အသင်းနဲ့ယှဉ် ပြိုင်ခဲ့ကြရတဲ့ player တွေဖြစ်ပြီး၊ ၂ ဦးစလုံးဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့ဖူးခြင်းလည်း မရှိကြပါ။
အမှန်တော့ ကိုယ်က အာဆင်နယ် fan ဖြစ်နေလို့သူတို့ကို မကြိုက်တာလဲမဟုတ်ပါဘူး။
ကျွန်တော့်အတွက် all time favorite ဘောလုံးသမားတစ်ဦးကို ပြောပါဆိုရင် Thierry Henry ကို ကြိုက်ပါတယ်။ အာဆင်နယ်ပရိတ်သတ် ဖြစ်လာခြင်းဟာ သူကစားတာကိုကြည့်ပြီး ဖြစ်လာတာလည်း မှန်ပါတယ်။
Messi အကြောင်းဆက်ပြောရရင် သူဟာ superman (ဂြိုဟ်သား) တစ်ဦးဖြစ်ပါတယ်။ ဂြိုဟ်သား တစ်ဦးကို ရုပ်ရှင်တွေထဲ၊ စာအုပ်တွေထဲပုံဖော်ကြတဲ့အခါမှာ အခြေခံအားဖြင့် လက်ရှိ ကမ္ဘာပေါ်ကလူသားတွေထက်သာလွန်တဲ့ ပုံစံကို ပုံဖော်ကြပါတယ်။
ဂြိုဟ်သားတွေရဲ့ နည်းပညာနဲ့ လုပ်နိုင်စွမ်းအားတွေကို လူသားတွေက မမှီကြဘူးလို့သာ ပုံဖော်ကြပါတယ်။ လူသားတွေဘက်ကကြည့်လိုက်ရင် ဂြိုဟ်သား တွေက gifted တွေပေါ့။ တစ်နည်းအားဖြင့် မွေးကတည်းက ကိုယ့်ထက် သာလွန်နေကြသူတွေပေါ့။
Messi ဟာလည်း gifted ပါ။ မွေးကတည်းက အခုလိုပုံစံ ဖြစ်လာဖို့ ဝမ်းတွင်းဉာဏ်ပါလာခဲ့ပြီးသားလို့ ဆိုရမှာပါ။
အဲဒီလို ပါရမီ ဝမ်းတွင်းဉာဏ်ပါလာခဲ့ပြီးသား သူတစ်ဦးဟာ ကြီးပြင်းလာတဲ့အခါမှာ သက်ဆိုင်ရင်နယ်ပယ်မှာ ပြိုင်ဘက်ကင်း ဖြစ်လာတာဟာ ဘာမှမထူးခြားတဲ့ အကြောင်းအရာ သာ ဖြစ်ပါတယ်။
"gifted လူသားတစ်ဦးမွေးတယ်ဟေ့" ဆိုတာကိုသာ ထူးခြားတဲ့ သတင်းလို့ သတ်မှတ်နိုင်ပြီး သူဘာတွေ ဆက်လုပ်မယ်ဆိုတာကတော့ မထူးခြားတဲ့ အကြောင်းအရာသာ ဖြစ်ပါတယ်။
ဥပမာ - လူသားတစ်ဦးနဲ့ ကားတစ်စီး အပြေးပြိုင်ကြတဲ့အခါ ကားကနိုင်သွားတဲ့ သတင်းဟာထူးဆန်းပါသလား? ဒီသဘောပါပဲ။
Messi ဟာ သူ့ player ဘဝတစ်လျှောက် ဂိုးသွင်းကောင်းတယ်၊ အလိမ်အခေါက်ကောင်းတယ်၊ ရလဒ်ကောင်းတွေကို အာမခံနိုင်ပြီး အသင်းကို တစ်ဦးတည်းဆွဲတင်နိုင်တယ်။ အဲဒါဟာ gifted person ဖြစ်နေလို့ပါပဲ။
အဲဒီလို player တစ်ဦးကို "ဘယ်လိုကောင်းကြောင်း၊ ဘယ်လိုတော်ကြောင်း၊ ဘယ်လိုချီးကျူးကြောင်း" ထပ်ပြောနေစရာလိုပါသေးလား? ကျွန်တော်ကတော့ လိုတယ်မထင်ပါ။
ဥပမာ - မာစီးဒီးစ်ကားတစ်စီးကို အလကားပေးမယ်ဆိုရင် မယူတဲ့သူ ရှိပါမည်လား? မရှိနိုင်ပါ။ ဘာ့ကြောင့်ဆိုတော့ ကောင်းမှန်း၊ တန်ဖိုးကြီးမှန်း သိပြီးသားကိုး...
ပါရမီ ပါလာတိုင်း Messi လို အခြေအနေဖြစ်နိုင်သလား ဆိုရင်တော့ မဟုတ်ဘူးလို့ ဖြေရပါမယ်။
ပါရမီ ပါလာပေမဲ့ လိုရာပန်းတိုင်မရောက်ခင် ပျက်ဆီးသွားကြတဲ့လူတွေအများကြီး ရှိပါတယ်။
နမူနာ အနေနဲ့ ကျွန်တော်တို့ ခေတ်မှာပဲဆိုရင် ဘာလော့တယ်လီ၊ နေမာ တို့ဟာ ပါရမီရှင်တွေထဲမှာ ပါပါတယ်။ သို့သော် သူတို့ဟာ လိုရာပန်းတိုင်ကို ရောက်ရှိသွားကြသူတွေတော့ မဟုတ်ကြပါဘူး။ Messi လောက် ပါရမီ မရင့်သန်ကြတာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
Messi နဲ့ Ronaldo အကြောင်းနှိုင်းယှဉ်ကြတဲ့ debate တော်တော်များများဟာ မစခင်ကတည်းက လွဲနေတယ်လို့ ထင်ပါတယ်။
Ronaldo ဟာ လူသားတစ်ဦးရဲ့ ခေါင်းစဉ်အောက်မှာသာ ကောင်းနေတဲ့ သူတစ်ဦးဖြစ်ပြီး၊ Messi ကတော့ ဂြိုဟ်သားခေါင်းစဉ်အောက်က သူပါ။
အဲဒီလို အစကတည်းက category ကွဲပြီးသားကို အတင်း Vs လုပ်ကြရင်းက အငြင်းအခုံတွေဖြစ်နေကြတာပါ။ စယှဉ်ကတည်းကမှားနေလို့ ဖြစ်ပါတယ်။
သက်ရှိတွေထဲမှာ ကျားသစ်တွေ၊ မြင်းတွေဟာ အတော်မြန်ပါတယ်။ သို့သော် ကားတွေ၊ ဆိုင်ကယ်တွေလောက်တော့ သူတို့မမြန်ပါ။
ဒါ့ကြောင့် မြင်းနဲ့ကားကို ယှဉ်ပြေးခိုင်းပြီး ဘယ်သူပိုမြန် မမြန်ဆွေးနွေးခြင်းလုပ်ရပ်ဟာ စကတည်းက မှားမနေပါဘူးလား?
Messi ဟာ gifted တစ်ဦးဖြစ်တယ်၊ ကမ္ဘာ့ နံပတ် ၁ ပြိုင်ဘက်ကင်း ဘောလုံး player တစ်ဦးဖြစ်တယ်၊ ကစားတာလှတယ်၊ အလိမ်အခေါက်ကောင်းတယ်၊ ဂိုးတွေအများကြီးသွင်းတယ်၊ အသင်းရလဒ်ကို အာမခံနိုင်တယ်။ ဒါတွေလုပ်နိုင်တဲ့ ဂြိုဟ်သားတစ်ဦးဖြစ်ပါတယ်။
Ronaldo ကတော့ လူသားတစ်ဦးလုပ်နိုင်တဲ့ ကြိုးစားအားထုတ်မှုမျိုးကို အတတ်နိုင်ဆုံး၊ အမြင့်ဆုံး အထိထုတ်သုံးပြီး "လူသားဆိုတာ ကြိုးစားရင် ဒီလိုဖြစ်ပါသလား" ဆိုတာကို ပြနေတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ လူသားတွေနဲ့ ပိုနီးစပ်ပါတယ်။
ဆိုလိုတာက သင်ဟာကြိုးစားရင် တစ်နေ့မှာ Ronaldo ဖြစ်လာနိုင်ပေမဲ့ Messi ဖြစ်ချင်တယ်ဆိုရင်တော့ ဘုရားသခင်ပေးတဲ့ ကျပန်းလက်ဆောင်ကိုသာ စောင့်မျှော်ရမှာ ဖြစ်ပါတယ်။
(prime) Ronaldo ကို Messi ရဲ့ ထပ်တူ ပါရမီမျိုး တပ်ဆင်ကြည့်ပြီး ဘာဆက်ဖြစ်မလဲစိတ်ကူးကြည့်ပါ...
content ကို အဆုံးသတ်ရရင် Messi လုံးဝ မကြိုးစားဘူးလို့လည်း ဆိုလိုတာမဟုတ်ဘဲ သူ့ရဲ့ကြိုးစားမှုထက် gifted ဖြစ်နေခြင်းကသာ အဓိကဖြစ်နေတာလို့ ဆိုလိုပါတယ်။ Messi ဟာ ဘောလုံးသမားတစ်ဦးအနေနဲ့တောင်မှ အားနည်းချက်လုံးဝကင်းသူမျိုး၊ beat လုပ်လို့မရတဲ့သူမျိုး မဟုတ်ပါဘူး။ သူ့မှာလည်း အားနည်းချက်တွေရှိသလို၊ ဘဝမှာ ကျော်ဖြတ်ခံရမှုတွေ အကြိမ်ကြိမ်ခံရဖူးတာကိုလည်း သဘာဝကျစွာ တွေ့မြင်ရပါတယ်။
06/07/2026
𝗠𝗦𝗜 𝗧𝗛𝗜𝗡 𝟭𝟱
- 𝗶𝗻𝘁𝗲𝗹 𝗰𝗼𝗿𝗲 𝗶𝟱 𝟭𝟯𝟰𝟮𝟬𝗛
- 𝟭𝟲 𝗚𝗕 𝗗𝗗𝗥𝟰 𝟭𝟲𝟬𝟬 𝗠𝗛𝘇
- 𝗶𝗻𝘁𝗲𝗹 𝗨𝗛𝗗 𝗚𝗿𝗮𝗽𝗵𝗶𝗰𝘀 𝟭𝟮𝟴 𝗠𝗕
- 𝗡𝗩𝗜𝗗𝗜𝗔 𝗚𝗲𝗙𝗼𝗿𝗰𝗲 𝗥𝗧𝗫 𝟮𝟬𝟱𝟬 𝟰 𝗚𝗕 𝗚𝗗𝗗𝗥𝟲
- 𝟱𝟬𝟬 𝗚𝗕 𝗠.𝟮 𝗡𝗩𝗠𝗘 𝗦𝗦𝗗
- 𝟭𝟱.𝟲 𝗶𝗻𝗰𝗵𝗲𝘀, 𝗙𝗛𝗗
- 𝟭𝟰𝟰 𝗛𝘇, 𝟭𝟵𝟮𝟬 𝘅 𝟭𝟬𝟴𝟬
- 𝗪𝗶𝗻𝗱𝗼𝘄𝘀 𝟭𝟭
Battery Health - 91%
Laptop + Charger
ID - 060626
- - - - - - - - - - - - - - - - - -
𝗔𝗣𝗘𝗫 𝗧𝗥𝗔𝗗𝗜𝗡𝗚
🚃 ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
☎️ 09795137840, 09796587647
⏰ 10AM - 10PM
Category
Contact the business
Telephone
Website
Address
Yangon
11182
Alerts
Be the first to know and let us send you an email when Apex Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.