Design Eain

Design Eain

Share

Define your lifestyle with us.

Photos from Design Eain's post 27/08/2026

တည်ငြိမ်ပြီး နွေးထွေးသော color palette အသုံးပြုပြီး design ပြုလုပ်ပေးခဲ့တဲ့ အေးချမ်းတဲ့ တောင်ပေါ်မြို့မှ အိမ်လေးတလုံးရဲ့ Living Area Design လေးတခု ဖြစ်ပါတယ်။

Shrine space, Living space နဲ့ Dining space တို့ကို အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်စေပြီး နဂိုရှိရင်းစွဲထက် အခန်း area ပိုမိုကျယ်ဝန်းသည့် ခံစားချက်ရရှိစေရန် open floor plan ပုံစံဖြင့် design စဉ်းစား ရေးဆွဲပေးခဲ့ပါတယ်။

Client: Private
Scope of work: Interior Design and Layout changes, Exterior Design changes
Location: Yatsauk, Southern Shan State
Area: 1250 sqft
Completed : 2026

&More
DefineYourLifestyleWithUs

Photos from Design Eain's post 18/08/2026

နေအိမ်အဆောက်အဦးရဲ့ Interior အခန်းဖွဲ့ပုံစံကို ပြောင်းလဲလိုက်တာက အိမ်မှာ နေထိုင်သူတွေရဲ့ lifestyle နဲ့ living standard ကို ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်သလဲ?

ဒီမေးခွန်းကို ကျနော်တို့ Design Eain မှ လတ်တလော Design ပြုလုပ်ပေးထားတဲ့ project လေးရဲ့ Before and After နဲ့ တွဲဖက်ပြီးရှင်းပြပေးချင်ပါတယ်။

Before: အိပ်ခန်းတွေက အိမ်ရဲ့ public zone ဖြစ်တဲ့ ဧည့်ခန်းနဲ့ နီးကပ်စွာရောထွေးနေပြီး အသံနဲ့ လှုပ်ရှားမှု အနှောင့်အယှက် ဖြစ်နေစေပါတယ်။ Bedroom ( 1 ) နဲ့ ( 2 ) ဟာလည်း အနောက်တောင်ဖက်မှာ ရှိနေပြီး အကျနေပြင်းပြင်းကို ခံထားရမှာဖြစ်လို့ ညစက်အိပ်ချိန်မှာ အခန်းတွင်းအပူရှိန် ကျန်ရှိနေနိုင်ပါတယ်။

အိပ်ခန်း ( ၃ )ခန်းရှိတဲ့ ဒီအိမ်လေးမှာ ရေချိုးခန်းနှင့်အိမ်သာ အနေဖြင့် ( ၁ )ခန်းတည်း ရှိတာဟာလဲ အိမ်မှာ နေထိုင်သူတွေရဲ့ privacy နဲ့ living standards ကို မေးခွန်းထုတ်မိစေပါတယ်။

After: အိပ်ခန်းတွေကို private Zone အဖြစ်နဲ့ အရှေ့မြောက်ဖက်မှာ သီးခြားထားရှိလိုက်လို့ အကျနေရဲ့အပူရှိန် သက်သာသွားမှာဖြစ်ပြီး Morning Sunrise သေချာရရှိတဲ့အတွက် နိုးထချိန်မှာရော အိပ်စက်ချိန်မှာပါ ပိုမိုသက်တောင့်သက်သာ ရှိသွားစေပါတယ်။ အိပ်ခန်းတွေနဲ့ ဧည့်ခန်းကြားမှာ Semi-public zone ဖြစ်တဲ့ ထမင်းစားခန်းကို နေရာချထားလိုက်တာကလဲ အိမ်ရဲ့ Circulation နဲ့ Privacy ပိုကောင်းသွားစေမှာပါ။

အိပ်ခန်းတွေကြားမှာ Bath & wc တွဲရက်တခန်းနဲ့ service zone ဖြစ်တဲ့ Kichen အနီးမှာ ရေချိုးခန်းနှင့်အိမ်သာ သပ်သပ်တခန်းစီ ထပ်တိုးထားပေးပြီး အဝတ်လျှော်စက်ထားရှိဖို့ နေရာလေးပါ ထပ်ပေါင်းအနေနဲ့ ထည့်သွင်းစဉ်းစား design ပြုလုပ်ပေးခဲ့ပါတယ်။

အဆောက်အဦးရဲ့ အပြင်ဖက် ခြံအတွင်းမှာ ထပ်တိုး design အနေနဲ့ တောင်ပေါ်ဒေသ ဆောင်းရာသီကဲ့သို့ ချမ်းအေးချိန်တွေမှာ နံနက်ခင်းနေပူဆာလှုံရန်နှင့် ညဖက်မီးပုံနံဘေး ဝိုင်းဖွဲ့စကားပြောရန် Outdoor Fireplace နဲ့ Outdoor chilling and gathering activities တွေအတွက် Gazebo လေးတခုကိုလဲ ထည့်သွင်းစဉ်းစား Design ပြုလုပ်ပေးခဲ့ပါတယ်။

Client: Private
Scope of work: Interior Design and Layout changes, Exterior Design changes
Location: Yatsauk, Southern Shan State
Area: 1250 sqft
Completed : 2026

လူကြီးမင်းတို့အနေနဲ့ ယခု project လေးရဲ့ layout changes မှာ ဘယ်အပိုင်းလေးကိုတော့ စိတ်တိုင်းအကျဆုံးဖြစ်ပြီး ဘယ်နေရာလေးကိုတော့ ထပ်မံပြင်ဆင်ချင်တယ် ဆိုတာလေးတွေများ ရှိခဲ့ရင် သိခွင့်ရချင်ပါတယ်။ ကျနော်တို့ရဲ့ service လေးကို စိတ်ဝင်စားတဲ့ အိမ်ရှင်၊ လုပ်ငန်းရှင်နဲ့ Construction development တို့ကိုလဲ page messager မှတဆင့် မေးမြန်းစုံစမ်းနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။

&More

Photos from Design Eain's post 04/06/2026

တာချီလိတ်မြို့နယ်မှ cafe အတွက် မျက်နှာစာ design နှင့် interior design လေး တာဝန်ယူ ပြုလုပ်ပေးခဲ့ပါတယ်။မျက်နှာစာ design အတွက် ရာသီဥတုဒါဏ်ခံနိုင်တဲ့ material များ အသုံးပြုကာ Simply eye catching ဖြစ်စေမဲ့ design ကို ပြုလုပ်ပေးထားပါတယ်။ Interior design အတွက်ကတော့ နေရာမကျယ်ဝန်းပေမဲ့ လာရောက်တဲ့ customer အုပ်စု အနည်းအများအလိုက် အရွှေ့အပြောင်းလုပ်ရ လွယ်ကူတဲ့ seating plan , Instagram worthy ဖြစ်မဲ့ photo backdrop ပုံစံ နံရံနဲ့ မျက်နှာကျက် design လေးများအပြင် Street view နဲ့ Outdoor seating area လေးလဲ ထည့်သွင်းစဉ်းစား design ပြုလုပ်ပေးထားပါတယ်။

&More


Client: Private
Scope of work: Facade Design, Interior Design
Location: Tachileik
Area: 480 sqft
Completed : 2025

Photos from Design Eain's post 25/05/2026

သင်္ကန်းကျွန်းမြို့နယ်မှ ၂ထပ်အိမ် Renovation project အတွက် မျက်နှာစာ Design နှင့် Interior Design ကို တည်ငြိမ်ပြီး သေသပ်သော Colour နှင့် From composition များ အသုံးပြု၍ Design ပြုလုပ်ပေးခဲ့ပါသည်။

&More


Client: Private
Scope of work: Facade Design, Interior Design
Location: Thingangyun
Area: 2860 sqft
Completed : 2026

Photos from Design Eain's post 14/05/2026

တောင်ဥက္ကလာ မြို့နယ်မှ residential project လေးအတွက် Interior Design ကို တည်ငြိမ်နွေးထွေးပြီး သဘာဝနှင့် နီးစပ်သော colour palette အသုံးပြု၍ design ပြုလုပ်ပေးခဲ့ပါသည်။




Client: Private
Scope of work: Interior Design
Location: South Okkalapa
Area: 1150 sqft
Completed : 2025

Photos from Design Eain's post 07/05/2026

Design Eain team မှ တောင်ဥက္ကလာ မြို့နယ်မှ commercial project လေးအတွက် မျက်နှာစာ design နှင့် Interior Concept ပိုင်းကို မြန်မာ့ရိုးရာ အငွေ့အသက်များ ပေါင်းစပ်ထည့်သွင်း၍ Design ပြုလုပ်ပေးခဲ့ပါသည်




Client: Private
Scope of work: Facade Design & Interior Concept
Location: South Okkalapa
Area: 1600 sqft
Completed : 2024

17/04/2026

အားလုံးပဲ နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာလန်းဖြာကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခဗျာ

Telephone

Address


Yangon