Japanese Speaking Guide
Learn electrical words in japanese freely
06/08/2025
Miss my university life 🌸
22/07/2025
29/05/2025
トラック事故の社会的影響
Effect of Truck Accident
24/05/2025
トラック運転者の基本
Truck မောင်းနှင်သူများအတွက် အခြေခံ
အခန်း (၁)
ဂျပန်ကို ကားမောင်းနဲ့ သွားချင်ပါသလား။
Taxi
Bus
Truck
ကျွမ်းကျင်စာမေးပွဲဖြေပီး သွားလို့ရပါတယ်။
ကားမောင်းကျွမ်းကျင် သင်ခန်းစာတွေ
နေ့စဉ်တင်ပေးပါမယ်။
31/03/2025
頑張れミャンマー🇲🇲
ဂျပန်အလုပ်ခေါ်စာထဲမှာ ပါလေ့ရှိတဲ့ စကားလုံးတွေကို ညကျရင် မျှဝေပေးပါမယ်။
2024 Dec 27
【🌸勉強🌸】
わからないままにするよりも、わかる人に聞いてみる
一度に勉強するよりも、毎日コツコツ勉強する
一人で頑張るよりも、みんなで頑張る
誰かに八つ当たりするよりも、間違ったことを反省する
無理して応用に取り組むよりも、しっかりと基礎を身につける
目先の目標を考えるよりも、何のために頑張るかを考える
思うような結果がでなくても、今まで勉強してきた自分を信じる
"ဂျပန်နိုင်ငံ၏ ရာသီဥတု"
အများအားဖြင့် အပူအအေးမျှတသော်လည်း မြောက်မှတောင်သို့ များစွာ ကွဲပြားခြားနားသည်။ ဂျပန်နိုင်ငံ၏ ပထဝီဝင် အနေအထားအရ ရာသီဥတုဇုန် ၆ ခု ကွဲပြားနေသည်။ ၎င်းတို့မှာ ဟော့ကိုင်းဒိုး၊ ဂျပန်ပင်လယ်၊ အလယ်ပိုင်းကုန်းမြင့် ဒေသ၊ ဆဲတိုကုန်းတွင်းပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာ နှင့် ရူကျူးကျွန်းများ တို့ ဖြစ်ကြသည်။ မြောက်ဘက် အစွန်ဆုံး အပိုင်းဖြစ်သော ဟော့ကိုင်းဒိုးတွင် စိုစွတ်သော ကုန်းမြေ ရာသီဥတု ရှိပြီး ရှည်လျားပြီး အေးမြသော ဆောင်းရာသီများနှင့် အလွန်ပူနွေးသည်မှ အေးမြသော နွေရာသီများ ရှိသည်။ မိုးရေချိန် မများသော်လည်း ဆောင်းရာသီတွင် ဧရာမ နှင်းထုကြီးများ ဖြစ်ပေါ်လေ့ ရှိသည်။
ဟွန်ရှူးကျွန်း၏ အနောက်ဘက် ကမ်းရိုးတန်းတွင် ရှိသော ဂျပန်ပင်လယ်ဇုံတွင် အနောက်မြောက် ဆောင်းလေကြောင့် နှင်းများ အများအပြား ကျရောက်တတ်သည်။ နွေရာသီတွင်မူ ပစိဖိတ်ဒေသထက် ပို၍ အေးမြတတ်သော်လည်း တစ်ခါတစ်ရံတွင် ဖာန်းလေများကြောင့် အလွန်မြင့်မားသော အပူချိန် ဖြစ်ပေါ်လေ့ ရှိသည်။ အလယ်ပိုင်း ကုန်းမြင့်ဒေသတွင် ပုံမှန် စိုစွတ်သော ကုန်းမြေရာသီဥတု ရှိသော်လည်း နွေရာသီနှင့် ဆောင်းရာသီ၊ နေ့နှင့်ည တို့တွင် အပူချိန် ကွာခြားမှု မြင့်မားသည်။ မိုးရေချိန်နည်းသော်လည်း ဆောင်းရာသီတွင် အစဉ်သဖြင့် နှင်းကျလေ့ရှိသည်။ ချူးဂိုးကု နှင့် ရှီကိုးကုဒေသတို့မှ တောင်ကုန်းများသည် ဆဲတိုကုန်းတွင်းပင်လယ်ကို ရာသီလေများမှ ကာဆီးထားသဖြင့် တစ်နှစ်ပတ်လုံး မအေးလွန်းသော ရာသီဥတု ရှိသည်။
ပစိဖိတ် ကမ်းရိုးတန်းမှာမူ စိုစွတ်သော အပူလျော့ပိုင်း ရာသီဥတု ရှိပြီး အရှေ့တောင် ရာသီလေများကြောင့် တစ်ခါတရံ နှင်းကျတတ်သော မအေးလွန်းသည့် ဆောင်းရာသီနှင့် ပူပြင်းပြီး စိုစွတ်သော နွေရာသီများ ရှိသည်။ ရူကျူးကျွန်းများတွင် အပူလျော့ပိုင်း ရာသီဥတု ရှိပြီး နွေးထွေးသော ဆောင်းရာသီနှင့် ပူပြင်းသော နွေရာသီများ ရှိသည်။ မိုးရေချိန်မှာ အလွန်များပြီး အထူးသဖြင့် မိုးရာသီတွင် ဖြစ်သည်။ ယေဘူယျအားဖြင့် စိုစွတ်ပြီး အပူအအေးမျှတသော ရာသီဥတု များကြောင့် နွေဦးရာသီတွင် ချယ်ရီပန်းများ ပွင့်ဝေခြင်း၊ နွေရာသီ ပုစဉ်းရင်ကွဲတို့၏ အော်မြည်သံများ၊ ဆောင်းရာသီ သစ်ရွက်တို့၏ အရောင်အဆင်းစသည်တို့ကို ဂျပန်အနုပညာ နှင့် ဂျပန် စာပေတို့တွင် ဖော်ထုတ်ခြယ်မှုန်းလေ့ ရှိကြသည်။
ဂျပန်နိုင်ငံ၏ ပျမ်းမျှ ဆောင်းရာသီ အပူချိန်မှာ ၅.၁ °C (၄၁.၂ °F) ဖြစ်ပြီး ပျမ်းမျှ နွေရာသီအပူချိန်မှာ ၂၅.၂ °C (၇၇.၄ °F) ဖြစ်သည်။ ဂျပန်တွင် အမြင့်ဆုံးတိုင်းတာခဲ့သော အပူချိန်မှာ ၄၀.၉ °C (၁၀၅.၆ °F) ဖြစ်ပြီး ၂၀၀၇ ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် တိုင်းတာခဲ့ခြင်း ဖြစ်သည်။မိုးရာသီမှာ အိုကီနာဝါတွင် မေလ အစောပိုင်းတွင် စတင်ပြီး တဖြည်းဖြည်း မြောက်ဘက်သို့ ရွေ့လျားသွားရာ ဟော့ကိုင်းဒိုးတွင် ဇူလိုင် နှောင်းပိုင်း မှ စတင်လေ့ရှိသည်။ ဟွန်ရှူးကျွန်း နေရာ အများစုတွင် မိုးရာသီသည် ဇွန်လ အလယ်ပိုင်း မတိုင်မီ စတင်လေ့ရှိပြီး ရက်သတ္တပတ် ၆ ပတ်မျှ ကြာမြင့်လေ့ ရှိသည်။ နွေရာသီ နှောင်းပိုင်း နှင့် ဆောင်းဦးရာသီ အစောပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းများကြောင့် မကြာခဏ မိုးကြီးလေ့ ရှိသည်။
Reference from Wikipedia
ဂျပန်လုပ်ငန်းခွင်မှ အရေးကြီးဆုံးတခုဖြစ်တဲ့ အရည်အချင်း
(နှုတ်ဆက်ခြင်း)
နှုတ်ဆက်တဲ့အခါ အောက်ပါအချက်များကို မဖြစ်မနေလိုက်နာရပါမယ်။
၁။ အပြုံး
အပြုံးဟာ သိပ်ကိုအရေးပါ ပါတယ်။ ပြုံးယုံသာပြုံးပါ။
၂။ မိမိမှစတင်ရန်
တဖက်လူနှုတ်ဆက်သည်အထိ မစောင့်ပါနဲ့။
၃။ တဖက်လူကို အလေးထားနှုတ်ဆက်ရန်
လုပ်လက်စ အလုပ် လုပ်ရင်းတန်းလန်းဖြင့် နှုတ်ဆက်ခြင်း၊ တဖက်လူကို မကြည့်ဘဲ နှုတ်ဆက်ခြင်းဟာ အမတန်ရိုင်းပါတယ်။
၄။ ပီပီသသပြောရန်
၅။ ကိုယ်နေဟန်ထားမှန်ကန်ရန်
ခန္ဓာကိုယ်ကို ကိုင်းညွှတ်ရာမှာ ၁၅ဒီဂရီ၊ ၃၀ဒီဂရီ၊ ၄၅ဒီဂရီ ကိုင်းညွှတ်ခြင်းများ သတ်မှတ်ထားသောကြောင့် သေချာကျနစွာ နှုတ်ဆက်ရန် အရေးကြီးပါတယ်။
💥 ပိုမိုကောင်းမွန်တဲ့ လူမှုအသိုင်းအဝန်းကို ဖန်တီးကြပါစို့ 💥
Website
Address
5/7 Bya Ma So Street
Yangon