YP Auto Service
(Customer)များ စိတ်တိုင်းကျတဲ့အထိ
အကောင်းဆုံး ပြုပြင်ပေးပါမည်🤝🙏
13/09/2026
အင်ဂျင်ရဲ့ အရေးကြီး အစိတ်အပိုင်း (၅)မျိုး
ကားအင်ဂျင်ရဲ့ အဓိက အစိတ်အပိုင်းများစွာရှိတဲ့
အနက် အရေးအကြီးဆုံး အင်ဂျင်အစိတ်အပိုင်း
(၅)မျိုး အကြောင်းကို ဗဟုသုတအဖြစ် မျှဝေပေး
ပါ့မယ်။
(၁) ပစ္စတင် (Piston) ၊ (၂) ကမ်မရှပ် (Camshaft)၊
(၃) ကရိုင်းရှပ် (Crankshaft) ၊ (၄) အင်ဂျင်ဟက်
(Engine Head) နှင့် (၅) အင်ဂျင်ဘလော့ (Engine
Block) တို့ ဖြစ်ပါတယ်။
(၁) ပစ္စတင် (Piston) – ပစ္စတင်တွေက အင်ဂျင်
မီးလောင်ခန်ရဲ့ လောင်စာဆီလောင်ကျွမ်း ပေါက်
ကွဲတဲ့အားကို လက်ခံရယူခါ ကော်နပ်တင်းရော့မှ
တဆင့် ကရိုင်းရှပ်ကို လည်ပတ်စေတာဖြစ်ပါ
တယ်။ ပစ္စတင်မှာ ရိန်းများကို တပ်ဆင်ထားပြီး
လေလုံ ၊ ဆီလုံအောင်ပြုလုပ်ပေးထားပါတယ်။
ပစ္စတင်များက ဆလင်ဒါထဲတွင် TDC မှ BDC,
BDC မှ TDC လှုပ်ရှားလုပ်ဆောင်ပေးနေတာ
ဖြစ်ပါတယ်။
(၂) ကမ်မရှပ် (Camshaft) – အင်ဂျင်မှာ ကမ်မ
ရှပ်ကို အဓိက တပ်ဆင်ထားရတဲ့ ရည်ရွယ်ချက်က
ဗား အဖွင့်/အပိတ် ပြုလုပ်ပေးဖို့အတွက် ဖြစ်ပါ
တယ်။ ကမ်မရှပ်မှာပါဝင်တဲ့ ကမ်ဘု (Cam) ဖြင့်
ဗားများကို အဖွင့်အပိတ် ပြုလုပ်ကာ အင်ဂျင်ထဲ
ကို လောင်စာအရောအနှော ဝင်စေခြင်း၊ ဖိကျစ်
လောင်ကျွမ်းပေါက်ကွဲစဉ် လေလုံစေခြင်းနှင့်
လောင်ကျွမ်းပြီးသား အိတ်ဇောငွေ့များ စွှန့်ထုတ်
ရန် အိတ်ဇောဗားကို တိုင်မင်ကိုက်ဖွင့်ပေးခြင်း
စသဖြင့် အလုပ်လုပ်ပါတယ်။
(၃) ကရိုင်းရှပ် (Crankshaft) – ကရိုင်းရှပ်ကို
အင်ဂျင်ဘလော့မှာ တပ်ဆင်ထားပြီး ဘယ်ရင်များ
ဖြင့် အထိုင်ချထားပါတယ်။ ပစ္စတင်ရဲ့ လှုပ်ရှား
မှုကို ကောနပ်တင်းရော့မှတဆင့်ရယူခါ ကရိုင်း
ရှပ်ကိုလည်ပတ်စေပြီး အင်ဂျင်လည်ပတ်မှုကို
ရရှိစေတာ ဖြစ်ပါတယ်။ အင်ဂျင်လည်ပတ်မှု
(Engine rpm) ဆိုတာက ကရိုင်းရှပ်လည်ပတ်
မှုကို ဆိုလိုခြင်း ဖြစ်ပါတယ်။
(၄) အင်ဂျင်ဟက် ( ခေါ် ) ဆလင်ဒါဟက် –
အင်ဂျင်ဟက် (Engine Head) ခေါ် ဆလင်ဒါဟက်
(Cylinder Head) ကို အင်ဂျင်ဘလော့အပေါ်တွင်
တပ်ဆင်ထားပြီး သူတို့နှစ်ခုအလယ်ကို ဆလင်ဒါ
ဟက် ဂတ်စကတ်ဖြင့် ကြားခံထားပါတယ်။
အင်ဂျင်ဟက်မှာ ကမ်မရှပ်၊ ဗားများ၊ ဗားစပရိန်
များ၊ ဗားလစ်တာများ၊ ရော့ကာအန်း (Rocker
Arm) များကို တပ်ဆင်ထားပါတယ်။
(၅) အင်ဂျင်ဘလော့ ( ခေါ် ) ဆလင်ဒါဘလော့ –
အင်ဂျင်ဘလော့ (Engine Block) ခေါ် ဆလင်ဒါဘ
လော့ (Cylinder Block) က အင်ဂျင်ရဲ့ အောက်ခြေ
အထိုင်ဖြစ်ပြီး အင်ဂျင်ဘလော့ထဲမှာ ပစ်စတင်၊
ကော်နပ်တင်းရော့၊ ကရိုင်းရှပ် နှင့် တချို့အင်ဂျင်
တွေမှာ ကမ်မရှပ်ကိုလည်း တပ်ဆင်ထားပါတယ်။
-ဗဟုသုတအဖြစ် မျှဝေပေးခြင်း ဖြစ်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။
🔺ဂျပန်ကားများအတွက် အင်ဂျင်ကိုင် (Engine
Overhaul) ပြုလုပ်လိုပါက ကျွန်တော်တို့ဆီ ဆက်
သွယ်နိုင်ပါတယ် ခင်ဗျာ။
https://www.facebook.com/share/p/17KLqEWWVn/?mibextid=wwXIfr
—————————————————————
YP Auto Service (Hlaing Branch)
အမှတ်(၃)၊ ရတနာမွန်(၄)လမ်း၊ (၃)ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။(လှိုင်မြစ်လမ်းမပေါ်၊
ရွှေကံကော် လက်ဖက်ရည်ဆိုင် ဘေးလမ်း)
Ph : 09446222008, 09446222009
Google Map Link;
https://maps.app.goo.gl/KCGFJNXymc9NczTD8
( 8:30AM - 5:30PM Open Daily )
—————————————————————
YP Auto Service (Insein Branch)
အမှတ်(၁၁)၊ အလယ်ဗဟိုလမ်း၊ အနောက်ကြို့
ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
(အင်းစိန် ဆေးဝါးစက်ရုံလမ်း အနီး)
Ph : 09255630004, 09255630005
Google Map Link,
https://maps.app.goo.gl/vR6gGmx7Ptnu5fURA
( 8:30AM - 5:30PM Open Daily )
25/08/2026
အောက်ဆီဂျင်ဆင်ဆာ (Oxygen Sensor)
---------------------------------------
အောက်ဆီဂျင်ဆင်ဆာကို ပုံမှန်အားဖြင့် အိတ်
ဇော ပိုက်လိုင်းမှာ တပ်ဆင်ပြီး အများအားဖြင့်
ကျောက်ဇကာရဲ့ရှေ့မှာတစ်လုံး နောက်မှာ
တစ်လုံး တပ်ဆင်ထားလေ့ရှိပါတယ်။အိတ်
ဇောပိုက်လိုင်း နှစ်ခုပါတဲ့ V6,V8 နဲ့ တစ်ချို့
အင်ဂျင်တွေမှာတော့ အောက်ဆီဂျင်ဆင်ဆာ
(4)လုံးအထိ ပါဝင်တတ်ပါတယ်။အောက်ဆီ
ဂျင်ဆင်ဆာက အိတ်ဇောပိုက်လိုင်းကနေတစ်
ဆင့် ထွက်လာတဲ့ဓာတ်ငွေ့တွေထဲမှာ အောက်
ဆီဂျင်ပမာဏ ပါဝင်နှုန်းကို အာရုံခံခါ ကွန်ပျူ
တာဘောက်စ်(Engine Control Module)ကို
သတင်းပို့ပေးရပါတယ်။(ယေဘုယျအားဖြင့်
ကျောက်ဇကာရဲ့အရှေ့အိတ် ဇောမန်နီဖိုးနား
မှာရှိတဲ့ A/F အောင်ဆီဂျင်ဆင်ဆာက အိတ်
ဇောက ထွက်လာတဲ့ အောက်ဆီဂျင်ပမာဏကို
အဓိက တိုင်းတာပြီး ကျောက်ဇကာရဲ့အနောက်
မှာရှိတဲ့ ဆင်ဆာကတော့ ကျောက်ဇကာရဲ့
စွမ်းဆောင်ရည်နဲ့ အဲဒီက ထွက်လာတဲ့ အောက်
ဆီဂျင်ပမာဏကို အဓိကတိုင်းတာပါတယ်)
ECM က အောက်ဆီဂျင်ဆီဆင်ဆာမှ ပ်ို့လာ
တဲ့သတင်းအချက်အလက်တွေကနေ တစ်ဆင့်
ဆီ/လေအချိုးကို လိုအပ်သလို အချိုးချပြီး
အင်ဂျင်ကို လည်ပတ်စေပါတယ်။အကယ်၍
အိတ်ဇောက ထွက်လာတဲ့ဓာတ်ငွေ့ထဲမှာ အောက်
ဆီဂျင်ပမာဏဟာ သတ်မှတ်ထားတာထက် များ
နေရင် (Lean Mixture) ဆီအချိုးနဲပြီး လေအချိုး
များနေမှာဖြစ်သလို သတ်မှတ် ပမာဏထက်
အောက်ဆီဂျင်ပါဝင်နှုန်း နည်းနေရင်တော့ (Rich
Mixture) ဆီအချိုးများပြီး လေအချိုးနည်းနေမှာ
ဖြစ်ပါတယ်။ကွန်ပျူတာ ထိုးစစ်တဲ့အခါ System
too Lean, System too Rich (P0171-P0172)
စတဲ့ DTC Code တွေ တက်လာမှာ ဖြစ်ပြီး ဆီ/
လေအချိုး မမျှတဲ့အတွက် အရုန်း အဆွဲကျခြင်း
ဆီပိုစားခြင်း စတာတွေဖြစ်လာ နိုင်ပါတယ်။
EFI စနစ်မှာ အင်ဂျင်တစ်လုံး ကောင်းမွန်စွာ
လည်ပတ်နိုင်ဖို့ (Air/Fuel Ratio) ဆီ/လေအချိုး
မှန်နေဖို့ လိုအပ်ပါတယ်။ပုံမှန် ဆီ/လေအချိုးက
တော့ 14.7 : 1 ဖြစ်ပါတယ်။ဆီ (1)ဆ၊ လေ
(14.7)ဆကို ဆိုလိုခြင်းဖြစ်ပါတယ်။ဆီ/လေ
အချိုး မှန်ကန်တဲ့အခါ အင်ဂျင်ရဲ့စွမ်းဆောင်
ရည်ကို ပိုမိုရရှိမှာဖြစ်သလို မလိုအပ်ပဲ ဆီပိုစား
ခြင်း၊အိတ်ဇောကနေ ညစ်ညမ်းဓာတ်ငွေ့တွေ
လျော့နည်းသွားခြင်း စတဲ့ အကျိုးကျေးဇူးတွေ
ရရှိမှာဖြစ်ပါတယ်။
Japan Used ကားအများစုမှာတော့ ကြိုးလေး
ပင်ပါတဲ့ Narrow Band O2 Sensor ကို အသုံး
များကြပါတယ်။+B, HT1B, E2, OX1B စတဲ့ ကြိုး
လေးပင်ပါပါတယ်။(ပုံမှာ လေ့လာနိုင်ပါတယ်)
ဆင်ဆာ ကောင်း/မကောင်း သိချင်တဲ့အခါ +B
နဲ့ HT1B အရောင်တူနှစ်ကြိုးကို အုန်းတိုင်းကြည့်
ရပါမယ်။(4)ကနေ(16)အုန်းအတွင်းရှိရင် ဆင်
ဆာကောင်းပါတယ်။ဆင်ဆာကိုလာတဲ့ ဝါယာကို
ဗို့(V) ရောက် မရောက် တိုင်းချင်ရင်တော့ သော့
ဖွင့်ပြီး +B နဲ့ E2 ကို မီတာနဲ့တိုင်းကြည့်ပါ (11V)
to (14V) အတွင်း ရှိနေရင် ကြိုးလိုင်းကို ဗို့(V)
ရောက်ပါတယ်။ ကွန်ပျူတာနဲ့ Live data
ကြည့်မယ်ဆိုရင်တော့ (V)က 0.001V ကနေ
0.999V အတွင်း ရှိရပါမယ်။
အကယ်၍ သတ်မှတ်ထားတဲ့ အုန်းတန်ဖိုး
အတွင်း မရှိပါက ဆင်ဆာပျက်တာဟု ယူဆ
ရမှာ ဖြစ်သလို ဝါယာလိုင်းကနေ ဗို့(V)မရောက်
ဘူး ဆိုရင်တော့ ဆင်ဆာကိုလာတဲ့ ကြိုးလိုင်းနဲ့
ECMကို စစ်ဆေးရမှာဖြစ်ပါတယ်။
ဗဟုသုတအဖြစ် မျှဝေပေးခြင်း ဖြစ်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။
📌ဂျပန်ကားများအတွက် အင်ဂျင်/ဂီယာများ
ပြုပြင်လိုပါက ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။
YP (Hlaing Branch) - 09446222008
YP (Insein Branch) - 09255630004
Open Daily - (8:30AM ~ 5:30PM)
19/08/2026
ဂျပန်စစ်စစ် Fully Synthetic အင်ဂျင်ဝိုင်တွေ
ရပါပြီ🇯🇵🛢️
ကုမ္ပဏီစျေးနှုန်းအတိုင်း ရောင်းချပေးပါတယ်
ခင်ဗျာ။
Totachi Lubricant, Product Of Japan🇯🇵
0W20 Fully Synthetic 4L - 239000Ks
5W30 Fully Synthetic 4L - 218000Ks
10W30 Fully Synthetic 4L - 218000Ks
10W40 Fully Synthetic 4L - 220000Ks
လိုအပ်ရင် အားပေးကြပါအုံး ခင်ဗျာ 😍🙏
Hlaing Branch - 09446222007
Insein Branch - 09255630006
အင်ဂျင်ဝိုင် (၅၀၀၀၀)ကျပ်၊
(Cash back)ပရိုမိုးရှင်း
မနက်ဖြန်(၁)ရက်ပဲ ကျန်ပါတော့
တယ် ခင်ဗျာ၊ အသေးစိတ်👇
12/08/2026
ပစ္စည်းအတုတွေ အရမ်းထွက်တဲ့ Honda
Original Genuine Oil 🛢️
ကားတစ်စီးလုံးရဲ့ အသက်ဖြစ်တဲ့ အင်ဂျင်ဝိုင်နဲ့
ဂီယာဝိုင်ကို အတုသုံးမိရင် ဘယ်လောက်
အန္တရာယ်များလဲဆိုတာ အားလုံးသိပါတယ်။
စျေးကွက်ထဲမှာ Honda Genuine Oil အတု/
အစစ်တွေ ရောနေပြီး ဝယ်ရတာ အရင်လို
သိပ်အဆင်မပြေတော့ဘူး။
—— အခုလက်ရှိ ကျွန်တော်တို့ ဆိုင်မှာတော့
Honda Original Genuine စစ်စစ်တွေ အနည်း
ငယ် ထပ်ရောက်ပါတယ်။ ပစ္စည်းအစစ်အမှန်
ရရှိမှာဖြစ်ပါတယ်။ 💯 ပစ္စည်းစစ်မှန်ကြောင်းကို
၁၀၀% အပြည့်အဝ အာမခံပါတယ်။ (အတုဖြစ်
ပါက အင်ဂျင်ဂီယာဘောက် အလုံးလိုက် လျော်
ပေးပါမယ်)
Honda Ultra Green Motor Oil နဲ့ HMMF CVT
အော်တိုဆီ စစ်စစ်တွေဟာ အခုလက်ရှိ စျေး
ကွက်မှာ အလွန်ရှားပါးနေပါတယ်။ကျွန်တော်တို့
ဆိုင်မှာလည်း ပစ္စည်းအများကြီး လိုသလောက်
မရနိုင်သေးပါဘူး။
🚫 ဒါကြောင့် ကျေးဇူးရှင် Customer ကြီးများ
လိုအပ်ခဲ့ရင် (၁/၂)ဗူးစီလောက် အားပေးနိုင်ပါ
တယ် ခင်ဗျာ။ ဆိုင်မှာက ပစ္စည်း အစစ်အမှန်
ရရှိမှသာ ရောင်းချပေးတာကြောင့် အမြဲတမ်း
မရတတ်လို့ပါ ခင်ဗျာ 🙏
(စျေးနှုန်း Update ကို Comment မှာ ရေးပေး
ထားပါတယ်)
📩 ဝယ်ယူအားပေးလိုပါက Messenger
(သို့မဟုတ်) ဖုန်းဆက်သွယ်စုံစမ်းနိုင်ပါတယ်
ခင်ဗျာ။
📞 09446222007 📍 YP Auto Service
11/08/2026
(50000Ks Cash back) ပရိုမိုးရှင်းပြီးဖို့
(၄)ရက်သာ ကျန်ပါတော့တယ်❗️
အရင်စျေးလေးနဲ့ ရထားတဲ့ Stock တွေမို့
ပရိုမိုးရှင်း လုပ်ပေးနိုင်တာ ဖြစ်ပါတယ်။
Customer တွေလည်း စျေးသက်သာ၊
ကျွန်တော်တို့လည်း ပိုရောင်းရတဲ့ Cashback
ပရိုမိုးရှင်းလေးပါ။ လိုအပ်ရင် အားပေးကြ
ပါအုံး ခင်ဗျာ။
Atlantic Fully Synthetic Engine Oil 🛢️
Made In UAE 🇦🇪
အသေးစိတ် သိရှိလိုပါက -
https://www.facebook.com/share/p/1DjBAVVFFi/?mibextid=wwXIfr
🇦🇪
06/08/2026
GDI (Gasoline Direct Injection) စနစ် အကြောင်း
ဓါတ်ဆီအင်ဂျင်ကားတွေမှာ ယခင်က ကာဘ
ရိုက်တာ (Carburetor) စနစ်၊ PFI (Post Fuel
Injection) စနစ်တွေကို အသုံးပြုခဲ့ကြပေမယ့်
မော်ဒယ်မြင့်ဓာတ်ဆီအင်ဂျင်ကားများမှာ GDI
(Gasoline Direct Injection) ဆီပေးစနစ်ကို
အသုံးပြုလာကြပါတယ်။ ကာဘရိုက်တာစနစ်
ကားအင်ဂျင်တွေမှာ ကာဘရိုက်တာပိတ်လို့ ဆီ
နည်းခြင်း၊ ဆီများခြင်း အစရှိတဲ့ပြဿနာတွေ
ကြောင့် လိုအပ်တဲ့ လောင်စာဆီပမာဏကို
တိတိကျကျ ပေးပို့နိုင်ခြင်း မရှိတာကြောင့်
အင်ဂျင်ပါဝါ ဆုံးရှုံးမှုတွေ ၊ လောင်စာဆီစား
များတဲ့ ပြစ်ချက်တွေ ဖြစ်စေခဲ့ပါတယ်။
နောက်ပိုင်းမှာ PFI (Post Fuel Injection) စနစ်ကို
တီထွင်အသုံးပြုလာတဲ့အခါမှာတော့ ပိုမိုတိကျတဲ့
ဆီဖြန်းပမာဏ၊ ဆီဖြန်းတဲ့အချိန် (တိုင်မင်) ကို
ဖန်တီးနိုင်ခဲ့ပါတယ်။ ဆင်ဆာ (Sensors)
အသီးသီးမှလာတဲ့ အချက်အလက်များကို
အခြေခံပြီး ကွန်ပျူတာဘောက် (PCM) မှ
ထိန်းချုပ်ပေးတဲ့အတွက် လောင်စာဆီစား
သက်သာစေခြင်း ၊ အဆွဲအရုန်းကောင်းခြင်း ၊
လေထုညစ်ညမ်းမှုကို လျော့ချပေးခြင်း စတဲ့
ကောင်းကျိုးတွေ ရရှိစေပါတယ်။
ယခုအခါမှာတော့ ဓါတ်ဆီအင်ဂျင် ဆီပေးစနစ်မှာ
PFI စနစ်ထက် ကောင်းမွန်တဲ့ GDI (Gasoline
Direct Injection) စနစ်ကို ပိုမိုအသုံးပြုလာကြပါ
တယ်။ GDI စနစ်ရဲ့ အဓိကအစိတ်အပိုင်းများ
ကတော့ (၁) ECM (Engine Control Module)၊
(၂) High Pressure Injector (ဖိအားမြင့်
အင်ဂျက်တာ)၊ (၃) High Pressure Pump
(ပရက်ရှာပန့်)၊ (၄) Fuel Rail (ဆီတန်း) တို့
ဖြစ်ပါတယ်။
Gasoline Direct Injection (GDI) ရဲ့ ကောင်းကျိုး
တွေက လောင်စာဆီတိုက်ရိုက်ဖြန်းခြင်း (Direct
Injection of Fuel) ၊ ကွန်ပရက်ရှင်းအချိုးမြင့်မား
ခြင်း (Higher Compression Ratio) ၊ တိကျတဲ့
လောင်စာအရောရရှိခြင်း (Precise Control Over
Air-Fuel Mixture) ၊ လောင်စာဆီစားသက်သာခြင်း
(Improved Fuel Efficiency) နှင့် အရုန်းအဆွဲ
ကောင်းခြင်း (Power Output) တို့ ဖြစ်ပါတယ်။
နောက်တချက်အနေနဲ့က Emission Control
စနစ်ကိုလည်း ပိုမိုအထောက်အကူပြုပြီး သဘာဝ
ပါတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချပေးပါတယ်။
မိတ်ဆွေများကို ဒီဆောင်ပါးလေးမှာ GDI စနစ်လို့
ခေါ်တဲ့ Gasoline Direct Injection System နဲ့
ပတ်သက်ပြီး မျှဝေပေးခဲ့တာဖြစ်ပါတယ်။
-အားလုံး အဆင်ပြေကြပါစေ။
🔺အရုန်းအဆွဲ ကောင်းစေတဲ့ အင်ဂျင်
ကျူးနင်း ပြုလုပ်ပုံ အဆင့်ဆင့်
https://www.facebook.com/share/p/19JaFbP1tj/?mibextid=wwXIfr
🔺ဘယ်အချိန်မှာ အင်ဂျင်ပြန်ကိုင်သင့်လဲ
https://www.facebook.com/share/p/17KLqEWWVn/?mibextid=wwXIfr
🔺အော်တိုဂီယာ ရေဝင်ခြင်း ပြစ်ချက်
https://www.facebook.com/share/p/1G3jHosR1R/?mibextid=wwXIfr
—————————————————————
YP Auto Service (Hlaing Branch)
အမှတ်(၃)၊ ရတနာမွန်(၄)လမ်း၊ (၃)ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။(လှိုင်မြစ်လမ်းမပေါ်၊
ရွှေကံကော် လက်ဖက်ရည်ဆိုင် ဘေးလမ်း)
Ph : 09446222008, 09446222009
Google Map Link;
https://maps.app.goo.gl/KCGFJNXymc9NczTD8
( 8:30AM - 5:30PM Open Daily )
—————————————————————
YP Auto Service (Insein Branch)
အမှတ်(၁၁)၊ အလယ်ဗဟိုလမ်း၊ အနောက်ကြို့
ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
(အင်းစိန် ဆေးဝါးစက်ရုံလမ်း အနီး)
Ph : 09255630004, 09255630005
Google Map Link,
https://maps.app.goo.gl/vR6gGmx7Ptnu5fURA
( 8:30AM - 5:30PM Open Daily )
03/08/2026
(15/8/26)အတွင်း Atlantic 10W30 or 10W40
(4L)၊ (၂)ဗူးဝယ်ယူတဲ့ Customer များအတွက်
(၅၀၀၀၀)ကျပ်(Cash back) ပြန်ပေးနေပါတယ်
ခင်ဗျာ❗️
Atlantic Fully Synthetic Engine Oil 🛢️
Made In UAE 🇦🇪
အသေးစိတ် သိရှိလိုပါက -
https://www.facebook.com/share/p/1DjBAVVFFi/?mibextid=wwXIfr
🇦🇪
30/07/2026
ရေမြုပ်နေတဲ့ လမ်းပေါ်မှာ ကားဖြတ်မောင်းရင်
ဘာတွေ ပျက်စီးနိုင်လဲ⚙️
(၁) အင်ဂျင်ထဲကို ရေဝင်ပြီး အင်ဂျင်ပျက်စီး
နိုင်ခြင်း
ဓာတ်ဆီ၊ ဒီဇယ် အင်ဂျင်တွေဟာ အပြင်က
လေကို အင်ဂျင်ထဲသို့ စုတ်ယူပြီး လောင်ကျွမ်း
ရပါတယ်။ လေစုတ်ပေါက် (Air Intake)ထဲကို
လေအစား ရေဝင်သွားတဲ့အခါ အင်ဂျင် ဆလင်
ဒါထဲကို ရောက်သွားပြီး ပင်စတင်၏ ဖိကျစ်မှု
ကြောင့် ကော်နက်တင်တွေ ကွေးသွားတာ/ကျိုး
သွားတာ၊ အင်ဂျင်ဘလောက် ကွဲသွားတာ စသဖြင့်
ဖြစ်ပေါ်ပြီး အင်ဂျင်တစ်ခုလုံး ပျက်စီးနိုင်ပါတယ်။
(၂) လျှပ်စစ်စနစ်နဲ့ အီလက်ထရောနစ် ကွန်ထရိုး
ယူနစ်များ ပျက်စီးနိုင်ခြင်း
ခေတ်ပေါ် (ICE)ကားတွေမှာ ဆင်ဆာတွေနဲ့
(ECU)နဲ့ ကွန်ထရိုးယူနစ်တွေ အများအပြား
ပါဝင်ပါတယ်။ ဝါယာကြိုး ဆက်ကြောင်းတွေ၊
ဆင်ဆာ (Sensor)တွေနဲ့ (ECU)ကွန်ပျူတာ
ဘောက်စ်တွေထဲကို ရေဝင်သွားတဲ့အခါ
ရှော့ခ်ဖြစ်ခြင်း (Short Circuit) နဲ့ သံချေးတက်
ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ကားစက်နှိုးလို့ မရတော့
တာ၊ ဒိုခွက်မှာ အချက်ပြမီးတွေ ပေါ်လာတာ၊
အီလက်ထရစ်ကယ် စနစ်တွေ အလုပ် မလုပ်
တော့တာတွေ ဖြစ်နိုင်ပါတယ်။
(၃) ဂီယာဘောက်နဲ့ အောက်ပိုင်းအစိတ်အပိုင်း
များထဲသို့ ရေဝင်နိုင်ခြင်း
ကားကို ရေထဲဖြတ်မောင်းတဲ့အခါ သဲကာတွေ
မလုံခဲ့ရင် အောက်ပိုင်း အစိတ်အပိုင်းတွေလည်း
ပျက်စီးနိုင်ပါတယ်။ သဲကာတွေ မလုံခဲ့ရင် စီယာ
တိုင်ဂန်းတွေ၊ ဒူဆစ်တွေ အသံကြမ်းလာပြီး
အချိန်မတိုင်ခင် ပျက်စီးစေနိုင်ပါတယ်။ပြီးတော့
ဝိုက်စီးတွေ မလုံတဲ့အခါ ဂီယာဘောက်စ်နဲ့
ကရောင်းအုံတွေလည်း ရေဝင်ပြီး ပျက်စီးနိုင်
ပါတယ်။
ဒါကြောင့် ရေထဲဖြတ်မောင်းတော့မယ်ဆိုရင်
သင့်ကားရဲ့ လေစုတ်ပေါက် (Air Intake) အမြင့်
ထက် ရေအနက် ပိုများနေရင် (သို့) ကားဘီးရဲ့
တစ်ဝက်ထက် ရေကျော်နေရင် လုံးဝ ဖြတ်မ
မောင်းသင့်ပါဘူး။ မဖြစ်မနေ ဖြတ်မောင်းခဲ့ရပြီး
ရေထဲမှာ ကားစက်သေသွားခဲ့ရင်လည်း ချက်ချင်း
စက်ကို လုံးဝ ပြန်မနှိုးပါနဲ့ ကားကို တွန်းထုတ်ပြီး
စက်ဆရာနဲ့ စစ်ဆေးပြီးမှသာ စက်ပြန်နှိုးသင့်ပါ
တယ် ခင်ဗျာ။
-ဗဟုသုတအဖြစ် မျှဝေပေးခြင်း ဖြစ်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။
🔺အရုန်းအဆွဲ ကောင်းစေတဲ့ အင်ဂျင်
ကျူးနင်း ပြုလုပ်ပုံ အဆင့်ဆင့်
https://www.facebook.com/share/p/19JaFbP1tj/?mibextid=wwXIfr
🔺ဘယ်အချိန်မှာ အင်ဂျင်ပြန်ကိုင်သင့်လဲ
https://www.facebook.com/share/p/17KLqEWWVn/?mibextid=wwXIfr
🔺အော်တိုဂီယာ ရေဝင်ခြင်း ပြစ်ချက်
https://www.facebook.com/share/p/1G3jHosR1R/?mibextid=wwXIfr
—————————————————————
YP Auto Service (Hlaing Branch)
အမှတ်(၃)၊ ရတနာမွန်(၄)လမ်း၊ (၃)ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။(လှိုင်မြစ်လမ်းမပေါ်၊
ရွှေကံကော် လက်ဖက်ရည်ဆိုင် ဘေးလမ်း)
Ph : 09446222008, 09446222009
Google Map Link;
https://maps.app.goo.gl/KCGFJNXymc9NczTD8
( 8:30AM - 5:30PM Open Daily )
—————————————————————
YP Auto Service (Insein Branch)
အမှတ်(၁၁)၊ အလယ်ဗဟိုလမ်း၊ အနောက်ကြို့
ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
(အင်းစိန် ဆေးဝါးစက်ရုံလမ်း အနီး)
Ph : 09255630004, 09255630005
Google Map Link,
https://maps.app.goo.gl/vR6gGmx7Ptnu5fURA
( 8:30AM - 5:30PM Open Daily )
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No(3), Yadanar Mon (4) Street, (3) Qtr, Hlaing Tsp
Yangon
11051
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |
| Saturday | 08:30 - 17:00 |
| Sunday | 08:30 - 17:00 |