Lwam
feeling_🥺☺️🌞📝
12/02/2026
ဘယ်တော့မှ ပြန်မသွားတော့မဲ့ ရင်ခွင်တခုနဲ့
ဘယ်တော့ တံခါးပြန်မဖွင့်တော့မဲ့ နှလုံးသားတံခါးတခု
ထပ်တူဖြစ်ဖို့မျှော်လင့်ရင်း
📑🖋️📝
06/02/2026
ဟိုးအရင်တချိန်က ရခဲ့ဖူးတဲ့အမှတ်တရတွေက
ခုချိန်မှာ နောင်တ တွေ ဖြစ်လာလိမ့်မယ်ဆိုတာ
ကြိုသိခဲ့ရင် 😥
📝📑🖋️
16/01/2026
တန်ဖိုးရှိခြင်း နဲ့ တန်ဖိုးသိခြင်း
ဘဝရဲ့ ခရီးသွားဖော်ကို ရွေးချယ်တဲ့အခါမှာ
တန်ဖိုးရှိတဲ့သူ ထက် တန်ဖိုးသိတဲ့သူနဲ့ပဲ ဆုံဆည်းချင်တယ်
တန်ဖိုးသိတဲ့ သူလက်ထဲမှာ အရာရာက တန်ဖိုးရှိနေမှာပဲ
တန်ဖိုးရှိပေမဲ့ တန်ဖိုး'မ'သိတဲ့သူ လက်ထဲရောက်တဲ့အခါ
ပြည်တန်ပတ္တမြား လမ်းဘေးကျောက်ဖြစ်သွားနိုင်တာ
သူငါ့ရဲ့တန်ဖိုး ဘယ်လောက်သိပြီး လေးစားပေးသလဲ
တန်ဖိုးထားပေးသလဲ
ဒါကလဲ ကိုယ်က တန်ဖိုးရှိတဲ့သူလက်ထဲရောက်တာထက် ပိုပြီး
တန်ဖိုးရှိခြင်းတမျိုး
ကိုယ့်ကို တန်ဖိုးထား လေးစားတဲ့သူတွေနဲ့ ဆုံဆည်းနိုင်ကြပါစေ
📒✍️
11/01/2026
Right Person Vs ငါဘယ်ချိန်မှာ စလွဲ/စမှားခဲ့တာလဲ?
တခါတလေ ငါတို့ပြောကြတယ်လေ
"ငါတိုတွေ ဘယ်နားလွဲခဲ့ကြတာလဲ" တဲ့
အမှန်တကယ်တော့လေ အဲစာသားလေးကို
ကိုယ် နားလည်ခဲ့တာက လူချင်းမတွေ့ရဘဲ လွဲခဲ့တာလို့ ထင်မိခဲ့တာ
တကယ့်လက်တွေ့မှာတော့
right person လို့ထင်နေခဲ့တဲ့ သူကြီးက
wrong person ကြီး ဖြစ်မှန်းမသိဘဲ right time တွေဖြုန်းတီးမိခဲ့တာပဲ she/he can't right person for me မှန်းလဲ သိရော
ပေးဆပ်ခဲ့ရတဲ့အချိန်တွေ အတွက်
ရေစက်က ဝဋ်ကြွေးတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြရော
ငါတို့ဘယ်နားလွဲခဲ့တာလဲ ဆိုတာထက်
ငါဘယ်ချိန်မှာ စမှားခဲ့တာလဲ ဆိုတဲ့ အဖြေကို အသဲသန်ရှာပြီး
ရူးမတတ် နောင်တကြီးနဲ့ပေါ့
အဓိက ကတော့ မိန်းကလေးတွေဖက်ကနေ
ကိုယ်တွဲနေတာက right person ဟုတ်/မဟုတ်
right time မှာ သိဖို့အရမ်းကြီးတာနော်
📑✍️📒
တချို့အရာလေးတွေကို စွန့်ပစ်ရမှာနှမြောတတ်တဲ့ စိတ်ကို
2026 မှာ ပြင်ရမဲ့အရာတွေထဲမှာ ထည့်ထားရမယ်
တန်ဖိုးရှိသလား ဆိုတော့ တန်ဖိုးမရှိဘူး
ဒါပေမဲ့ သုံးရလား ဆိုပြန်တော့ သုံးမရပြန်ဘူး
ကိုယ့်အတွက် သုံးလဲမရတဲ့ တန်ဖိုးလဲမရှိတဲ့အရာကို
ပြစ်ဖို့ကို အချိန်အတော်ယူနေရတယ်
ကိုယ့်ဘဝမှာလဲ အမှိုက်တွေကို စုမိတတ်တယ်
တချိန်မှာ အသုံးဝင်လာမလားဆိုတဲ့စိတ်နဲ့ နှစ်နဲ့ချီစုရင်း
အဲအမှိုက်တွေက ကိုယ့်ရဲ့ နေရာတော်တော်များကို ယူလာတယ်
အဲအမှိုက်တွေရှင်းပြစ်နိုင် ကိုယ့်မှာ နေရာတွေအများကြီး ပိုထွက်လာနိုင်သလို
သူတို့အတွက် ဘယ်လိုပြင်သုံးရမလဲလို့ တွေးစရာတွေလဲ လျော့သွားမှာပဲ
Category
Website
Address
Yangon