Sukhuma Institute

Sukhuma Institute

Share

Wisdom and Compassion The institute's proud motto is "Wisdom & Compassion", where all of our programmes are delivered based on (3) policies:

1.

Sukhuma Institute is a non-profit institute founded in the year 2020, and it is Myanmar's first-ever institute that offers basic foundation study programmes for the field of architecture. Affordable classes
2. Achievement of knowledge and education
3. Achievement of vocational skills

The institute is accredited as an Approved Centre by the London Board of Qualification (LQB), and additionally, we are licensed and registered under the Myanmar Companies Law.

18/09/2026

သဘက်ခါ အတန်း စပါပြီ

16/09/2026

ဗိသုကာ ဝေါဟာရ (၁၀၄) [စာရေးသူ၏ အမှာစာ]

ဗိသုကာ စာရေးဆရာကြီး Francis DK Ching ရဲ့ “Introduction to Architecture” စာအုပ် အခန်း (၇)-Elements of Architecture အပိုင်းကို စာသင်တိုင်း ဘာသာပြန်ပြီး ဖော်ပြပေးချင်နေတာကြာပါပြီ။ အဲ့ဒါနဲ့ မနှစ်က ၂၀၂၅ ခုနစ် မေ (၁၂) ရက်နေ့မှာ ပထမ အပိုင်း အနေနဲ့ စပြီး ဘာသာပြန်ပြီး သုခုမ အင်စတီကျု (Sukhuma Institute) Facebook စာမျက်နှာ မှာ စတင်ပြီး တင်ပေးခဲ့ပါတယ်။ အပတ်စဉ် အားတဲ့ အချိန် အားသလို ဘာသာပြန် ဖော်ပြရင်း (၁) နှစ်ကျော်ကြာ အချိန်မှာတော့ “ဗိသုကာ ဝေါဟာရ ၁၀၄”ဆိုတဲ့ အခု E-book စာအုပ်လေး ဖြစ်လာပါတော့တယ်။

ကျွန်တော်ဟာ အင်္ဂလိပ် ဘာသာပြန် ဆရာ တစ်ယောက် မဟုတ်ပါဘူး။ ဗိသုကာကျောင်းဆရာ တစ်ယောက်ပါ။ အဓိက ဘာသာပြန်ရခြင်း အကြောင်းကတော့ ဗိသုကာကျောင်းသား:/သူများ Jury များမှာ ဆရာ/ဆရာမများ က Project နဲ့ ပတ်သက်ပြီး မေးရင် ဗိသုကာ ဝေါဟာရ (Architecture Terminology) များကို အကျွမ်းတဝင် ဖြေဆိုနိုင်ဖို့နဲ့ အာခီတက်/ဒီဇိုင်နာများ အလုပ်အပ်သူ (Client) များကို ရှင်းပြရာမှာ ရုပ်ပုံများ နဲ့ အလွယ်တကူ နားလည်လွယ်အောင် ရှင်းပြနိုင်ဖို့ရာ ရည်ရွယ်ပါတယ်။ ဗိသုကာ ဝါသနာရှင်များ အနေနဲ့လည်း နားလည်လွယ်အောင် ကျွန်တော်ရဲ့ ဖြည့်စွက် ရှင်းလင်းချက်များလည်း ထည့်သွင်း ရေးသားထားပါတယ်။

ကျွန်တော်ရဲ့ ပထမထွက်ထားပြီး ဗိသုကာ စာအုပ်လေး (၃) အုပ်ကို အားပေးကြတဲ့ စာဖတ်သူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အချိန်အခါ အနေအထားအရ အခုစာအုပ်လေးကို ပုံနှိပ်စာအုပ်အနေနဲ့ မထုတ်နိုင်ဘဲ E-book အနေနဲ့သာ ဖြန့်ဝေနိုင်လို့လည်း စာဖတ်သူများ အားလုံးကို အားနာမိပါတယ်။ အခု E-book စာအုပ်လေးဟာ မြန့်မာ ဗိသုကာ စာပေရဲ့ ကွက်လပ်တစ်ခုကို ဖြည့်နိုင်တယ်ဆိုရင်ပဲ ကျွန်တော် ရေးရကျိုးနပ်ပါပြီ။ စာဖတ်သူများ အားလုံး အဆင်ပြေကြပါစေ။

ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)
Founder & Principal
Sukhuma Institute

စာအုပ်တန်ဖိုး- ၅၀၀၀ ကျပ်ဖြင့် အောက်ပါ Link ကနေ တဆင့် E-Book ကို ဝယ်ယူနိုင်ပါတယ်။

https://docs.google.com/forms/d/1EFyNh5BTsFhY3DVeD02bB7uRyyXzq_hL8KPgcyX05RE/edit

Photos from Sukhuma Institute's post 16/09/2026

စာအုပ်အမည် - ​ဗိသုကာ ဝေါဟာရ ၁၀၄ [E-Book Edition]

ရေးသူ - ဇော်ကိုကို (ဗိသုကာ)

စာမျက်နှာ - ၅၁ (မာတိကာကို ပုံတွဲ တင်ပေးထားပါတယ်]

တန်ဖိုး - ၅၀၀၀ ကျပ်

စတင် ဖြန့်ချိမည့်ရက် - ၁၆.၉.၂၀၂၆

အကြောင်းအရာ။ ။ ဗိသုကာ စာရေးဆရာကြီး Francis D.K. Ching ၏ "Introduction to Architecture" စာအုပ်ပါ ဗိသုကာ ဝေါဟာရများကို အခြေခံ၍ ဘာသာပြန်ဆို စီစဉ်ထားခြင်းဖြစ်သည်။ အပိုင်း (၁၂) ပိုင်းဖြင့် ဗိသုကာ ဝေါဟာရ (၁၀၄) ခု ပါဝင်ပါသည်။ ဗိသုကာ ကျောင်းသား/သူများ၊ ဒီဇိုင်နာများနှင့် ဝါသနာရှင်များ ဗိသုကာဆိုင်ရာ ဝေါဟာရများကို ရုပ်ပုံများနှင့်တကွ အလွယ်တကူ နားလည်သဘောပေါက်ပြီး အလုပ်အပ်သူများ (Clients) နှင့် ဆက်သွယ်ပြောဆိုရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ရေးသားထားသော လက်စွဲ E-Book စာအုပ် ဖြစ်ပါသည်။

စာအုပ်တန်ဖိုး- ၅၀၀၀ ကျပ်ဖြင့် အောက်ပါ Link ကနေ တဆင့် E-Book ကို ဝယ်ယူနိုင်ပါတယ်။

https://docs.google.com/forms/d/1EFyNh5BTsFhY3DVeD02bB7uRyyXzq_hL8KPgcyX05RE/edit

08/09/2026

Matthew Frederick ၏ “101 Things I Learned in Architecture School” စာအုပ်မှ ကောက်နုတ်ချက်-

28/08/2026

သင်က အခြေခံ အာခီတက်ချာ (Architecture) ကို သိချင်သူလား?

ပြင်ပမှာ အာခီတက်ချာ ကျောင်းတက်ဖို့ ပြင်ဆင်နေသူလား?

အာခီတက် ဆိုတာ ဘာလဲ သိလား?

ဒီမေးခွန်းတွေရဲ့ အဖြေကို အခု Introduction to Architecture (Batch-24) (Online) သင်တန်းက အဖြေပေးမှာပါ။

🟦 ဘယ်လိုလူတွေ တက်ရောက်နိုင်လဲ။

မြို့ပြ အင်ဂျင်နီယာများ၊ Visualizer များ၊ ဒီဇိုင်းနာများနှင့် ဗိသုကာကို စိတ်ဝင်စားကြသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။

🟦 သင်တန်းစတင်မည့်ရက်- ၂၀.၉.၂၆ (တနင်္ဂနွေနေ့)

🟦 သင်တန်းကြာချိန် - ၂ လ (၈ ပတ်)

🟦 သင်တန်းအချိန် - အပတ်စဥ် တနင်္ဂနွေ ​ည ၇-၈ နာရီ

Zoom တိုက်ရိုက်သာ သင်ကြားပေးပါမည်။ Zoom တိုက်ရိုက် မတက်ဖြစ်သူများ အတွက်လည်း အချိန်မ​ရွေးပြန်လည် လေ့လာနိုင်ဖို့ရာ Telegram Private Group ထဲ Lecture Video ပြန် တင်ပေးပါမည်။ Group ကိုလည်း အတန်းပြီးရင် ပြန်မဖျက်ပဲ Lifetime ထားပေးပါသည်။

🟦 သင်တန်း​ကြေး

၅၀၀၀၀ ကျပ် (ငါးသောင်းကျပ်)

သင်ကြားရေး အတွက် လိုအပ်သည့် Learning materials (Soft Copy) များ နှင့် သိမှတ်စရာ ဆောင်းပါးများ တင်ပေးပါသည်။

🟦 သင်ကြား​ပေးမည့်ဆရာ

ဗိသုကာ သင်ကြားရေး အတွေ့အကြုံ (၁၀) နှစ်ကျော် ရှိသူ 📢

U Zaw Ko Ko [စာ​ရေးဆရာ ​ဇော်ကိုကို (ဗိသုကာ)]
Founder & Lecturer (Sukhuma Institute)

🟦 သင်တန်းပြီးဆုံးပါက Sukhuma Institute မှ completion certificate ချီးမြှင့်​ပေးပါမည်။

⭕️ သင်တန်းသူ/သား အကန့်အသတ် ရှိပါသည်။ Chat Box ကနေ တဆင့် သင်တန်း အပ်နိုင်ပါသည်။

18/08/2026

Architecture Quote of the Day ✨

TikTok · Sukhuma Institute 14/08/2026

Sun Path Analysis Short Lecture by Sayar Zaw Ko Ko (Founder & Principal)

TikTok · Sukhuma Institute

12/08/2026

AJ-အမျိုးသမီး အာခီတက်တွေကို ဘယ်လိုအကြံဉာဏ် ပေးချင်ပါသလဲ။

ဇာဟာဟာဒစ်-လူတိုင်းကို ပေးချင်တဲ့ အကြံဉာဏ်နဲ့ အတူတူပါပဲ။ ကြိုးကြိုးစားစား လုပ်ပါ၊ ဒီဂျစ်တယ် နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံပါ။ ခရီးသွားခြင်းက သင်ရဲ့ အမြင်ကို ကျယ်စေပါလိမ့်မယ်။

AJ-ကြုံတွေ့ခဲ့ရဖူးသမျှ အခက်ခဲဆုံး အတားအဆီးက ဘာလဲ။

ဇာဟာဟာဒစ်-အတားအဆီးတွေ အများကြီးရှိခဲ့ပါတယ်။ အကြီးမားဆုံး အတားအဆီးကတော့ အမျိုးသမီး အာခီတက် တစ်ယောက်အနေနဲ့ လေးစားသမှု ရရှိဖို့ပါပဲ။

AJ-ယူကေရဲ့ ဗိသုကာပညာ သင်ကြားရေးအပေါ် မည်သို့မြင်ပါသလဲ။

ဇာဟာဟာဒစ်-လန်ဒန်ဟာ ကမ္ဘာတစ်ဝှမ်းလုံးကလူတွေ လာရောက်ပညာသင်ယူကြတဲ့ ဗဟိုချက်မတစ်ခု အမြဲတမ်း ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လူတွေ ဒီကိုလာပြီး လေ့ကျင့်သင်ယူနိုင်တော့မှာ မဟုတ်ဘူးဆိုတာကို ကျွန်မ စိုးရိမ်မိပါတယ်။

AJ-လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်ရာတွင် ခေါင်းဆောင်မှုသည် ဘယ်လောက်အရေးကြီးသလဲ။

ဇာဟာဟာဒစ်-ကျွန်မက အရမ်း စည်းကမ်းကြီးပေမဲ့ ကျွန်မရဲ့ ဝန်ထမ်းတွေကို လွတ်လပ်ခွင့်လည်း ပေးပါတယ်။

AJ- အာခီတက်တစ်ယောက် အနေနဲ့ ငွေအများကြီးရှာဖို့ ဖြစ်နိုင်ပါသလား။

ဇာဟာဟာဒစ်-မဖြစ်နိုင်ပါ။ စီးပွားဖြစ် အာခီတက်တွေသာ ငွေရကြတာပါ။ ဒါမှမဟုတ်ရင် ဗိသုကာလုပ်ငန်းနဲ့ ငွေရှာလို့ မရပါဘူး။ ဒါဟာ ပြက်လုံးတစ်ခုပါပဲ။

AJ- သင့်ကို "Starchitect" (နာမည်ကျော် အာခီတက်) လို့ ခေါ်ဆိုခြင်းက အထောက်အကူဖြစ်တယ်လို့ ထင်ပါသလား။

ဇာဟာဟာဒစ်-လူတွေက ရိုးအီနေတဲ့ သမိုင်းဟောင်း စကားလုံးတွေကို သုံးရတာ ကြိုက်ကြတာပါ။ ဒါပေမဲ့ အလုပ်ကို အခြားသူတွေလောက် ကြိုးစားရုံမက ပိုပြီးတော့တောင် ကြိုးစားရမယ်။

AJ- ပုဂ္ဂလိကကဏ္ဍက Battersea Power Station (နှစ်ပေါင်း ၃၀ နီးပါး စွန့်ပစ်ခံထားရပြီး စီမံကိန်းအမျိုးမျိုး ပျက်စီးခဲ့ရ) ပြဿနာကို ဖြေရှင်းပေးနိုင်မှာလား။

ဇာဟာဟာဒစ်-သူတို့ အဲဒါကို လူမှားရောင်းလိုက်တာပါ။ အခုဆိုရင် ပြန်ပြင်ဖို့ ငွေပုံပေးရပါလိမ့်မယ်။ မူလက အခြေအနေ တော်တော်ကောင်းခဲ့တာပါ။

AJ-Boris (Boris Johnson)) လား သို့မဟုတ် Ken (Ken Livingstone) လား။

ဇာဟာဟာဒစ်-သူတို့ နှစ်ယောက်လုံး ကောင်းကောင်း လုပ်ဆောင်ခဲ့ကြတာပါပဲ။။ဘယ်သူ ပိုကောင်းလဲဆိုတာ ကျွန်မ မသိပါဘူး။ ကျောင်းအကယ်ဒမီတွေ ဆောက်လုပ်ရေးကို စွန့်လွှတ်လိုက်တာကတော့ အမှားကြီးတစ်ခုပါ။

Source: Exclusive interview with Zaha Hadid: ‘work hard and invest in digital technology’ (25 April 2012 -By Merlin Fulcher)

10/08/2026

လူငယ် အာခီတက်များအတွက် အကြံပြုချက်

မေး - ဒီနေ့ခေတ် အာခီတက်ချာကျောင်းသားတွေကို ဘာအကြံဉာဏ်ပေးချင်ပါသလဲ။

Smiljan Radić (စမီလျန် ရာဒစ်ချ်) - စာဖတ်ပါ၊ ခရီးသွားပါ။ ဒါပေမယ့် ခရီးသွားတယ်ဆိုတာ ဆန်းပြားအလှမ်းဝေးတဲ့ နေရာမျိုးတွေကို သွားရောက်တာကိုတင် ဆိုလိုတာမဟုတ်ပါဘူး။ မိမိပတ်ဝန်းကျင် အိမ်နီးနားချင်းဆီ လမ်းလျှောက်ထွက်ပြီး သေချာဂရုစိုက် ကြည့်ရှုတာမျိုးကိုလည်း ရိုးရှင်းစွာ ဆိုလိုတာ ဖြစ်နိုင်ပါတယ်။

အရေးကြီးတာက ဘောင်ခတ်မထားဘဲ စိတ်ကူးပေါ့ပါးစွာ လှုပ်ရှားနေဖို့နဲ့ တင်းကျပ်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းမပါဘဲ ကမ္ဘာကြီးထဲမှာ လှည့်လည်သွားလာနေဖို့ ဖြစ်ပါတယ်။ သင် ဘာကို မြင်ချင်တာလဲဆိုတာကို အတိအကျ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်နေရင်၊ သင်ဟာ လက်တွေ့ဘဝအမှန်ကို ကိုယ်တိုင်မခံစားရသေးခင်မှာတင် စစ်ထုတ်စိစစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

တစ်ခါတလေမှာ ဘာရည်ရွယ်ချက်မှမထားဘဲ တစ်နေရာရာမှာ တိတ်ဆိတ်စွာ ထိုင်နေရင်း၊ လက်ဖက်ရည်သောက်ရင်း၊ လူတွေနဲ့ ပတ်ဝန်းကျင်နေရာအကွက်အကွင်းတွေကို လေ့လာစောင့်ကြည့်နေရုံနဲ့တင် လုံလောက်ပါတယ်။

Sources: Christele Harrouk. "Distraction in Architecture: In Conversation with 2026 Pritzker Laureate Smiljan Radić" 13 May 2026.

10/08/2026

ကမ္ဘာကျော် ဗိသုကာပညာရှင်ကြီး ရမ်ဇို ပီယာနို (Renzo Piano) နှင့် TIME မဂ္ဂဇင်းတို့၏ “10 Questions for Renzo Piano” အင်တာဗျူးမှ ကောက်နုတ်ချက် (၂၀၁၁ ခုနစ်၊ ဇူလိုင် ၄)

Category

Telephone

Website

Address


Maha Myint Mo Street, South Sayar San, Bahan
Yangon
11201

Alerts

Be the first to know and let us send you an email when Sukhuma Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.