ThawLay

ThawLay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ThawLay, Grocers, အမှတ်(47)ဗန်းမော်အတွင်းဝန်လမ်း စက်မှုဇုန်(3) လှိုင်သာယာမြို့နယ်, Yangon.

Photos from ThawLay's post 02/09/2025

Update # # #

Hz ချည်သားကြောင်ခြစ်အကျီ + စီလွန်ပွဲတက်ပုဆိုး

Size ….S.M.L.Xl

လက်ကားသမားများ ဆ်ိုဒ်ရွေးရပါပီရှင့်
အရောင်တော့ရွေးမရပါ

လက်ကား…5စုံဈေး=22000
10စုံ ဈေး=21500

Hz ကြောင်ခြစ်အင်္ကျီသီးသန့်5ထည်ဈေး=8900 ကျပ်
Hz မိုက်ခရို အင်္ကျီသီးသန့်5ထည်ဈေး=6500 ကျပ်

အစုံ ရာစျေး ထောင်စျေးသီးသန့်ရှိပါတယ်ရှင့်
Royal Express ရောက်သောမြို့ပေါင်း၂၀ကျော်အိမ်ရောက်
ငွေချေရပါတယ်
ဆိုင်လိပ်စာ-47 ရေဉက္ကံ‌။ရန်ကုန်မြို့
ဆိုင်ဖုန်း-09795312546
#လက်လီလက်ကားဒိုင်
#အိမ်ရောက်ငွေချေ #ရန်ကုန်မြို့
လက်ကား… #ပင်ရင်း

23/04/2024

ပျော်ရွှင်သော စံပြအိမ်ထောင်ရေး
***************************
ဖတ်ကြည့်နော်…

အိမ်ထောင်ရေးဆိုတာမျိုးက…
ဘောလုံးအသင်း တစ်သင်းလိုပါပဲ။

တစ်ယောက်တည်း
ကွင်းပတ်ကစားလို့ မရနိုင်ပါဘူး။

လင်နဲ့ မယား အပေးအယူ
အချိတ်အဆက် မိမှ
သာယာသော အိမ်ထောင်ရေး
ဖြစ်လာမှာပါ။

အိမ်ထောင်ဦးစီးကလည်း
ငွေကြေးရှာဖွေပေးရုံနဲ့ မလုံလောက်သလို
အိမ်ရှင်မကလည်း
အိမ်မှုကိစ္စ လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။

အိမ်ထောင်ဦးစီးတစ်ယောက်
ပြုလုပ်သင့်သော တာဝန်များမှာ…

၁။အလုပ်တစ်ခုကို အတည်တကျ
လုပ်ပါ။

၂။အသုံးနဲ့အဖြုန်းကို နားလည်တတ်ပါစေ။

၃။မိသားစုအတွက် တတ်နိုင်သမျှ
အချိန်ပေးပါ။

၄။အရက်သေစာ လောင်းကစား
အပျော်အပါးများကို
တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

၅။သား သမီးများကို အချိန်ရရင် ရသလို
နွေးထွေးမှုပေးပြီး ဆုံးမပါ။

၆။ကိုယ်ကျင့်တရားကို
အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းပါ။

၇။ဘုရား တရား သံဃာ မိဘ ဆရာကို
ရိုသေ ကိုးကွယ်ပါ။

၈။အသိပညာမြင့်မားအောင် စာဖတ်ပါ။

၉။အကောင်း အဆိုးကို ခွဲခြားတတ်ဖို့
လိုပါတယ်။

၁ဝ။အမြင်ကျယ်ပြီး
စိတ်သဘောထားမြင့်မားဖို့ လိုပါတယ်။

၁၁။ဇနီးသည်ကို လေးစား တန်ဖိုးထားပါ။
(ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ
သား သမီးနှင့် ပတ်ဝန်းကျင်က
လေးစား တန်ဖိုးထားမှာပါ)

၁၂။အလုပ်ရဲ့ဖိအားကို
အိမ်မှာ မပေါက်ကွဲမိပါစေနဲ့။

၁၃။တည်ကြည်သော စကား
နွေးထွေးသော အပြုအမူနဲ့
အိမ်ရှင်မရဲ့ ချွေးကို သုတ်ပေးပါ။

၁၄။အိမ်ရှင်မကို ရိုက်နှက်ခြင်း နှင့်
စကားကြမ်းကြမ်းပြောဆိုခြင်း
မပြုလုပ်သင့်ပါ။

အိမ်ထောင်ဦးစီးဆိုတာ…
ဇနီးမယား၏ အားကိုးရာ ဖြစ်သလို
သား သမီးများအတွက်
စံနမူနာ ပုဂ္ဂိုလ် ဖြစ်သောကြောင့်
ကိုယ်ကျင့်တရား လုံခြုံဖို့တော့ လိုပါတယ်။

အိမ်ရှင်မ ဆိုတာ…
အိမ်ကို ရှင်သန်အောင် မ-စ သူ ဖြစ်သလို
သား သမီးများ၏ ဘဝကို
တည့်မတ်အောင် မ-စ ပေးနိုင်သော
အနွေးထွေးဆုံး ရင်ခွင်တစ်ခုပါ။

အိမ်ရှင်မတစ်ယောက်
ပြုလုပ်သင့်သော တာဝန်များမှာ

၁။စည်းကမ်းရှိပါ။

၂။နှစ်ဖက်ဆွေမျိုးတွေအပေါ်
အတတ်နိုင်ဆုံး ကြည့်ရှုပေးကမ်းပါ။

၃။ဖြစ်သလို မနေသင့်သလို
အလွန်အကျွံ အလှအပ မမက်မောသင့်ပါ။

၄။အနေအထိုင် အပြောအဆို
သတိထားပါ။

၅။ဝင်ငွေ ထွက်ငွေကို အသုံးချတတ်ပါစေ။

၆။သစ္စာတရားကို လက်ကိုင်ထားပါ။

၇။မယ်တစ်ရွက် မရွက်နိုင်ရင်တောင်မှ
ပလိုင်းပေါက်မဖြစ်ဖို့ အရေးကြီးပါတယ်။

၈။ဘုရား တရား သံဃာ မိဘ ဆရာကို
ကိုးကွယ်ယုံကြည်ပါ။

၉။အိမ်လည်ခြင်း
ချဲထီစသော လောင်းကစားများကို
ရှောင်ကြဉ်ပါ။

၁ဝ။ဘေးလူပြောစကားထက်
ကိုယ့်လင်သားကို ယုံကြည်မှု ထားပါ။

၁၁။ကိုယ့်လင်သားကို လေးစားပါ။
(ကိုယ်လေးစားမှ
သားသမီးနှင့် ပတ်ဝန်းကျင်က
လေးစားမှာပါ)

၁၂။လင်ယောက်ျား
အလုပ် အဆင်ပြေသည် ဖြစ်စေ
မပြေသည် ဖြစ်စေ
ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ။

၁၃။ချိုသာသောစကား နှစ်လိုဖွယ်အပြုံးနဲ့
လင်ယောက်ျားရဲ့
ဘဝအမောတွေကို ဖြေဖျောက်ပါ။

၁၄။လင်ယောက်ျား စိတ်ရှုပ်နေတဲ့အခါ
စကားကို သတိထားပြောပါ။

အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးကတော့…
အတ္တတွေ လျှော့ချပြီး ချစ်ခြင်းထက်
ယုံကြည်မှု
နားလည်မှုကို
ခိုင်မာအောင် တည်ဆောက်ရတာမျိုးပါ။

အတ္တတွေ လျှော့ချပြီး
သူ့ဘက် ကိုယ့်ဘက်မျှတအောင် ကြည့်ရှု
ခံစားပေးခဲ့ရင်
သစ္စာတရား ခိုင်မာလာပြီး
မေတ္တာတရား လေးနက်လာပါလိမ့်မယ်။

ပျော်ရွှင်စရာကောင်းသော
စံပြအိမ်ထောင်ရေး ဖြစ်လာဖို့က
နှစ်ဦးစလုံးနဲ့ သက်ဆိုင်ပြီး

ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေးမှသာ
ပျော်ရွှင်စရာဘဝတစ်ခု ဖြစ်လာပါလိမ့်မယ်။
Credit

Category

Address


အမှတ်(47)ဗန်းမော်အတွင်းဝန်လမ်း စက်မှုဇုန်(3) လှိုင်သာယာမြို့နယ်
Yangon
115199

Alerts

Be the first to know and let us send you an email when ThawLay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.