TopNotch

TopNotch

Share

At TopNotch, we pride ourselves on bringing you the best PC Peripherals&Gadgets in Myanmar.

Photos from TopNotch's post 22/09/2026

iPadအတွက်အကောင်းဆုံး Keyboard, Logitech K390!

iPad/Tablet နဲ့တွဲသုံးဖို့ Wireless Keyboard ကောင်းရှာနေရင်ရှည်ရှည်ဝေးဝေးလိုက်မရှာနဲ့ဒီ Keyboardသာယူကွာလို့ညွှန်းလို့ရတဲ့ထိအဆင်ပြေတဲ့ Logitech K390တွေပြန်ရပြီ။

"ညွှန်းလှချည်လား"ဆိုရင်လည်း သူ့အရင် K380ကတည်း
က iPad/Tablet အတွက် ဒီKeyboard ကဘယ်လောက်
အဆင်ပြေကြောင်းသက်သေပြထားတာကြောင့်လည်း
ညွှန်းနိုင်တာ။

🔹 415 Gramsလောက်ပဲလေးပြီး16MMလောက်ထိပါးတဲ့ Slim ဖြစ်လွန်းတဲ့ K390ရဲ့ Bodyက ဘယ်သွားသွားယူသွား ဘယ်ထဲပဲထည့်ထည့်အဆင်ပြေတဲ့ထိ Portable ဖြစ်တယ်။

🔹 Quiet Typing ဖြစ်တဲ့အတွက် Library မှာပဲဖြစ်ဖြစ်၊ Cafe မှာပဲဖြစ်ဖြစ်၊ Office မှာပဲဖြစ်ဖြစ် ဘေးကလူတွေကို အနှောင့်အယှက်မဖြစ်စေဘဲ အေးအေးဆေးဆေးစာရိုက်နိုင်တယ်။

🔹 K390မှာ Feature အသစ်အနေနဲ့ Screenshot ရိုက်တာ၊ Emoji သုံးတာ၊ Search လုပ်တာနဲ့ Voice Dictation လို Function တွေအတွက် Shortcut Keys တွေပါဝင်တာကြောင့် iPad ကို Laptop တစ်လုံးလို Productivity ပိုင်းမှာ ပိုအဆင်ပြေပြေအသုံးချနိုင်တယ်။

🔹 Device 3 ခုထိ Bluetooth နဲ့ Pair လုပ်ထားနိုင်ပြီး Easy-Switch Button လေးတစ်ချက်နှိပ်ရုံနဲ့ Device တစ်ခုကနေ တစ်ခုကို အလွယ်တကူပြောင်းသုံးနိုင်တာကလည်း သူ့အားသာချက်ပဲ။

🔹 iPadOS, Android, macOS, Windows Operation System အကုန်လုံးနဲ့လည်းအဆင်ပြေတယ်။

🔹 AAA ဓာတ်ခဲနဲ့ဖြစ်ပေမယ့်လည်းBattery Life ကတော့ 3နှစ်လောက်ထိခံမှာဆို‌တော့ ကိုယ်သုံးနေတာ Batteryလဲရတဲ့ Keyboardဆိုတာကိုတောင်မေ့သွားစေမှာ။

Market ထဲမှာ iPad/Tablet အတွက် K390 ထက် ဈေးပိုများပြီး Feature ပိုစုံတဲ့ Keyboard တွေရှိသလို ဈေးပိုသက်သာပေမယ့် Feature မစုံတဲ့ Keyboard တွေလည်းရှိတယ်။ ဈေးလည်းပိုများပြီး Feature လည်းမစုံတဲ့ Keyboard တွေတောင်ရှိသေးတယ်။
K390 ကတော့ Price နဲ့ Features နှစ်ခုလုံးကို Balance ဖြစ်အောင်လုပ်ပေးထားတာကြောင့် iPad/Tablet အတွက် Wireless Keyboard ရွေးမယ်ဆိုရင် အကောင်းဆုံးရွေးချယ်မှုတွေထဲက တစ်ခုအဖြစ် ညွှန်းပေးရတာဖြစ်ကြောင်းပါခင်ဗျာ။

PS: ဒီ K390ကိုပဲ Region အလိုက် K380s ၊ Logicool K380s အမျိုးမျိုးနာမည်တပ်ထားပေမယ့်အားလုံးက
တော့ ဒီ Keyboardတစ်ခုတည်းကိုနာမည်ကွဲနေတာဖြစ်ကြောင်းလည်းကြိုအသိပေးထားပါရစေ။

Photos from TopNotch's post 20/09/2026

2026's Biggest Entry-Level IEM Release — CHU III

“ဒီလောက်ဈေးလေးနဲ့ ဒီလောက်ကောင်းတဲ့ Sound Quality မျိုး ဘယ်ရနိုင်ပါ့မလဲ။ Metal Housing နဲ့ဆိုတာ ပိုဝေးသေးတယ်။”

စတဲ့ Entry-Level IEM တွေအပေါ်မှာ ရှိနေခဲ့တဲ့ အမြင်တွေကို CHU Series နဲ့အတူ ပြောင်းလဲပစ်ခဲ့ပြီး Price to Performance ဆိုတဲ့ Definition ကို အသစ်ပြန်ဖွင့်ပေးခဲ့တဲ့ MOONDROP ကတော့ အခုဆိုရင် တတိယမျိုးဆက် CHU III ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

ဒီတစ်ခေါက် CHU III မှာလည်း CHU Series ရဲ့ အစဉ်အလာဖြစ်တဲ့ Premium Build Quality ကို ဆက်လက်ထိန်းသိမ်းထားသလို Driver Design နဲ့ Sound Tuning ပိုင်းတွေကိုပါ ပိုပြီး Refined ဖြစ်အောင် ပြန်လည်ဖန်တီးပေးထားပါတယ်။

ဘာတွေပါဝင်လာလဲဆိုတော့…

🔹 Refined 10mm Dynamic Driver

CHU III မှာတော့ Aluminum-Magnesium Alloy Composite Diaphragm ပါဝင်တဲ့ 10mm Dynamic Driver ကို အသုံးပြုထားပါတယ်။

N52 Neodymium Magnet နဲ့ Lightweight CCAW Voice Coil တွေကိုလည်း ဆက်လက်အသုံးပြုထားပြီး Driver ရဲ့ Internal Structure ကိုပါ ပိုပြီး Refined ဖြစ်အောင် ပြန်လည်ဖန်တီးပေးထားပါတယ်။

ဒီလို Lightweight ဖြစ်သလို Rigid လည်းဖြစ်တဲ့ Diaphragm Design နဲ့ Refined Driver Structure တွေကြောင့် Fast Response၊ Treble Extension နဲ့ Detail Retrieval ပိုင်းတွေမှာ အလေးထားထားတာ တွေ့ရပါတယ်။

🔹 Premium Metal Build

CHU Series ရဲ့ Signature တစ်ခုဖြစ်တဲ့ Metal Housing ကိုတော့ CHU III မှာလည်း ဆက်လက်အသုံးပြုထားပါတယ်။

Zinc Alloy Housing နဲ့ CNC Machined Brass Nozzle တွေပါဝင်ပြီး ဒီ Price Range မှာတောင် Build Quality ကို အလျှော့မပေးထားတာ တွေ့ရပါတယ်။

Design ကလည်း Minimal ဖြစ်သလို Compact ဖြစ်တဲ့ Shape ကြောင့် နားထဲမှာ သက်သောင့်သက်သာ Fit ဖြစ်ဖို့လည်း အလေးထားထားပါတယ်။

0.78mm 2-Pin Detachable Cable နဲ့လာတာကြောင့် Cable ပျက်သွားရင် အလွယ်တကူလဲနိုင်သလို ကိုယ်ကြိုက်တဲ့ Upgrade Cable တွေနဲ့လည်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

Standard 3.5mm Connection နဲ့လာတာကြောင့် DAC တွေနဲ့ တွဲသုံးချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

🔹 New Sound Tuning

ဒီတစ်ခေါက် CHU III ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ Sound Tuning ပါပဲ။

MOONDROP က CHU III ကို B&K 5128 Measurement System ကနေ ရရှိတဲ့ Data တွေအပေါ် အခြေခံထားတဲ့ PopAvg-DF (JM-1) Target နဲ့ Tune လုပ်ပေးထားပါတယ်။

Sound Signature ကတော့ Natural & Balanced ဘက်ကို သွားပြီး Bass မှာလည်း Punch ရှိရှိနဲ့ နားထောင်လို့ကောင်းတဲ့ Character မျိုးပါ။

Vocal တွေကလည်း Clear ဖြစ်သလို Instrument Detail တွေကိုပါ သပ်သပ်ရပ်ရပ် ကြားရစေဖို့ အလေးထားထားတာကြောင့် Music Genre တော်တော်များများနဲ့ လိုက်ဖက်မယ့် Tuning မျိုးပါ။

🔹 Gaming Performance

သီချင်းနားထောင်ဖို့အတွက်တင်မဟုတ်ဘဲ Gaming အတွက်ပါ IEM တစ်စုံလိုချင်တဲ့သူတွေအတွက်လည်း CHU III က စိတ်ဝင်စားစရာပါ။
Bass အရမ်းများပြီး တခြား Sound တွေကို ဖုံးသွားတဲ့ Tuning မျိုးမဟုတ်တာကြောင့် FPS Game တွေမှာ Footstep နဲ့ တခြား In-Game Sound Detail တွေကို ခွဲခြားနားထောင်ဖို့အတွက်လည်း အသုံးဝင်တယ်။

CHU III ကတော့ နာမည်ကြီးပြီးသားဖြစ်တဲ့ CHU Series ရဲ့ နောက်ဆုံးထွက် Generation ဖြစ်တာကြောင့် ခုမှ IEM စစမ်းမယ့် Audiophile လောင်းလေးတွေ၊ Headphone အကြီးတပ်ရတာလည်း မကြိုက်၊ Game ထဲက Sound Detail တွေကိုလည်း သေသေချာချာ ကြားချင်ပါတယ်ဆိုတဲ့သူတွေအတွက်တော့ စိတ်ဝင်စားစရာအကောင်းဆုံး Entry-Level IEM တွေထဲက တစ်ခုပါပဲ။

MOONDROP CHU III

Price – 135,000 MMK

Available Colors – Black / Silver

6 Months Warranty by TopNotch

Photos from TopNotch's post 19/09/2026

Audiophile တွေကနေ Pro Gamer တွေအထိ ရွေးချယ်အသုံးပြုကြတဲ့ SIMGOT ရဲ့ IEM ၃မျိုး ရောက်ထားပြီနော်

၃မျိုးလုံးကလည်း သူတို့ရဲ့ Range တွေထဲမှာ One of the Best တွေလို့ ပြောလို့ရတဲ့ Model တွေပါ။

🔹 SIMGOT EW200 – Hi-Fi Essential

Single Dynamic Driver နဲ့ပဲ Detail Retrieval နဲ့ Sound Separation ကောင်းကောင်းကို ပေးနိုင်တဲ့ IEM ပါ။ Bright & Clear Sound Signature ကို ကြိုက်တဲ့သူတွေအတွက် တော်တော်လေးမိုက်တဲ့ Choice ပါပဲ။

🔹 SIMGOT EG280 – Gaming Performance

Competitive Gamer တွေအတွက် အဓိကရည်ရွယ်ထားတဲ့ Gaming IEM ပါ။ Footstep Clarity နဲ့ Directional Audio ကို အလေးထားပြီး Gaming DAC ပါဝင်တာကြောင့် Game အလိုက် EQ Profile တွေကိုလည်း စိတ်ကြိုက်ချိန်ညှိနိုင်တယ်။ဒါ့အပြင် Type-C DACတွေ၊ Audio Splitterတွေပါတစ်ခါတည်းဘူးထဲပါလို့ PC & Mobile Gamerတွေအတွက်အသင့်တော်ဆုံးပဲ။

🔹 SIMGOT EW300 HBB– Premium Listening Experience

1DD + 1 Planar + 1 PZT Hybrid Driver Setup နဲ့ Premium Sound Experience ကို ပေးနိုင်တဲ့ Model ပါ။ Fuller Bass၊ Smooth Vocal နဲ့ Excellent Detail Retrieval တွေအပြင် Interchangeable Nozzle တွေကြောင့် ကိုယ့်အကြိုက် Sound Signature ကိုလည်း ပြောင်းလဲနိုင်ပါတယ်။ သီချင်းနားထောင်တာကို အဓိကထားပေမယ့် Gaming ပိုင်းကိုလည်း အလျှော့မပေးချင်တဲ့သူတွေအတွက် EW300 က တော်တော်လေးမိုက်တဲ့ All-Rounder Choice ပါပဲ။

18/09/2026

Sonyရဲ့ Mid-range ANC Headphones ကို 5သိန်းမပြည့်
ပဲရမယ်ဆိုစိတ်ဝင်စားလား?
စထွက်တုန်းက ၈သိန်းလောက်ရှိခဲ့တဲ့ Sony WH-CH720N
ကို ခု Saleတွေလုပ်နေတုန်းသက်သက်သာသာနဲ့ရပါမယ်။
ဈေးက ၄၁၉,၀၀၀ကိုမှ Warranty 1Year ပါပါဦးမယ်။
Sonyကထုတ်တာဖြစ်တဲ့အတွက် Quality မကောင်းမှာကိုလည်းစိတ်ပူစရာကိုမလိုဘူး။ အဲ့ဒါကိုမှ 50%လောက်သက်သာမှာဆိုတော့ ပျော်ပျော်ကြီးသာဝယ်လို့ရတယ်။
Stock ကတော့ Very Limited မို့ First Come First Serveပါခင်ဗျာ။

17/09/2026

OSMO POCKET 4Pကို Standard ပဲ Instockထားပေမယ့် VLOG Comboလိုချင်ရင်လည်းလာမှာလို့ရတယ်။
ဒီ၂လုံးကတော့ပစ္စည်းသေးသေးလေးတွေကစလို့ Tech Gadget ဘာပဲလိုလို အမြဲလာလာမေးတတ်​တဲ့ ကို Min Naung Soe အတွက်မှာပေးဖြစ်တာလေးတွေ။တစ်ခြား Pocket 4Pကိုမှ Vlog Comboလိုချင်တဲ့သူတွေအတွက်လည်းစျေးတစ်ခါတည်းပြောထားပေးပါမယ်။
၃,၂၉၀,၀၀၀ပါ Warranty 1yearပါပါမယ်ခင်ဗျာ

Photos from TopNotch's post 16/09/2026

2ဆUpgrade နဲ့ G304X Lightspeed!
Logitechကတော့သူရဲ့နာမည်ကြီး Wireless
Entry Gaming Mouse ဖြစ်တဲ့ G304ကို ၉နှစ်အကြာမှာတော့ Upgradeအကြီးကြီးလုပ်ပေးခဲ့ပြီ။ ခု Upgrade တွေကို Mouseကို ၂ဆ‌လောက် Upgradeလုပ်ပေးလိုက်တာဆိုတော့G304Xရဲ့ Levelက Entry ထဲတောင်ထည့်မရတော့ပဲ
Mid-range ထဲတောင်ရောက်သွားပြီ။ ဘာတွေပြောင်းသွားလဲ?
🔹 Color & Weight- G304Xက G304နဲ့ Same Shapeပေမယ့်Colorလေးတွေအားလုံးကို Two-Tone Design ပြောင်းပေးထားတာတော်တော်လေး Uniqueဖြစ်စေတယ်။ Weightကလည်းအရင် 99Gramsရှိခဲ့ရာကနေ
ခုဆို 57Gramsထိပေါ့သွားပြီ။
🔹Sensor - အရင်က Logitechရဲ့ Entry Level Sensorပဲသုံးထားရာကနေ ခုဆို Logitech Flagship Series Mouse တွေမှာသုံးတဲ့ Hero 25K Flagship Sensor ပြောင်းတပ်ပေးထားတယ်။DPI ကလည်းအရင် 12,000 DPI ကနေ 25K အထိတက်လာပြီး Tracking Performance ပါပိုကောင်းလာတယ်။ Switch အတွက်ကိုလည်း 10Millions Clickထိရတဲ့ Switchတွေတပ်ထားပေးတယ်။ ဒီ2ခုနဲ့တင်
Upgrade ကတော်တော်ဖြစ်နေပြီ။
🔹 Connectivity - G304တုန်းက 2.4Ghz Dongle နဲ့ပဲသုံးလို့ရခဲ့‌ပေမယ့် G304Xမှာတော့Logitech ရဲ့ Lagတာဘာမှန်းမသိတဲ့Lightspeed Wirelessအပြင်Type-C Wired နဲ့ပါသုံးလို့ရပြီ။
🔹 Battery - G304 ကိုကြိုက်ပေမယ့်လည်း 2-3လတစ်ခါ
လောက်ဓာတ်ခဲလဲရမယ်ဆိုလို့တွန့်ဆုတ်သွားတဲ့သူတွေရှိတယ်။ခုတော့ G304Xမှာ Rechargeable Built-in Battery
ပါလာပြီဆိုတော့ဘာကိုမှအာရုံနှောက်ခံစရာမလိုတော့ဘူး။
Battery Life ကလည်း နာရီ100လောက်ခံဦးမှာဆိုတော့
စိတ်ကြိုက်သုံး။

ဒီအချက်တွေကိုကြည့်လိုက်ရင် G304Xရဲ့ Upgrade ကအရမ်းကြီးသိသာနေပြီ။ Shapeလေးပြောင်း Specs နည်းနည်းပြောင်းပြီးဂျင်းမထည့်တော့ပဲ Same Shape ကို
Upgrade အကြီးကြီးလုပ်ပေးထားတာ။
ထူးခြားတာကတော့ ဈေးကအရင် G304နဲ့မတိမ်းမရိမ်းပဲကျန်ခဲ့တာ။ G304က 195Kလောက်ရှိတယ်။
G304X Lightspeed က 215,000ပဲကျမှာဆိုတော့
Logitech G304X Lightspeed က.....
Gaming & Productivity အတွက် Mouse လိုချင်တယ်
Logitech လို Brand ထဲကလည်းဖြစ်ရမယ်
ဈေးလည်းသက်သာရမယ်ဆိုရင်တော့တစ်ခြားဘာမှကိုရွေးမနေနဲ့ G304X Lightspeed ကိုသာရွေးလို့ Recommend ပေးလို့ရတဲ့ထိကိုတိုးတက်လာတာနော်။

အရောင်ကလည်း - Black, White, Lavender, Pinkဆိုပြီး
၄ရောင်ရွေးလို့ရတယ်။

PS: Logitech G304X Lightspeed က China Region Exclusive ပုံစံနဲ့ထွက်လာတာဆိုတော့ Internet ပေါ်မှာရှာရတော့ခက်လိမ့်မယ် But TopNotchရဲ့ထုံးစံအတိုင်း
အသစ်နဲ့အစစ်တွေပဲရောင်းတာဆိုတော့ Internet ပေါ်မှာရှာရခက်လည်းဘာမှမပူနဲ့ TopNotch ကိုသာယုံပုံထားလိုက်😌

14/09/2026

70Kမပြည့်ပဲ Macတွေ Laptopတွေအတွက် Productivity Mouse လိုချင်ရင် Ugreen MU006လေးရှိပါမယ်။
🔹Shapeက Ergonomic ဆိုတော့အချိန်ကြာကြာသုံးလည်းအဆင်ပြေတယ်။
🔹 Bluetooth ပါတော့ Dongleမလိုပဲ Bluetooth နဲ့ချိတ်လို့ရတယ်။ Bluetooth မပါရင် Dongle နဲ့ချိတ်ယုံပဲ။
🔹Clickက Silent ဖြစ်ပြီးတော့ DPIကို 800/1200, 1600,2000,4000 ဆိုပြီး Four Stages Adjust လို့ရတယ်။
🔹 AA Batteryထည့်ရတာဖြစ်ပြီးတော့ ဓာတ်ခဲတစ်ခါထည့်ထားရင် တစ်နှစ်လောက်အသုံးခံပါတယ်။
ဈေးကတော့ 65,000ဖြစ်ပြီးတော့ Warranty 6Months ပါပါမယ်။

13/09/2026

Soooo Cute🥰

Photos from TopNotch's post 12/09/2026

မထင်မှတ်ထားလောက်အောင်ကိုကောင်းတဲ့ Vertical Mouse
Logitech Vertical Mouse ဖြစ်တဲ့Liftရဲ့ Alternative Mouse ရှားရင်း Ugreen Vertical Mouse တစ်မျိုးမှာဖူးတယ်။ အဲ့ကောင်ကတော့ Liftနဲ့တော်တော်လေးဆင်တယ်။
Batteryကအစ AAဓာတ်ခဲသုံးရတာ။ Stockတွေလည်း
ကုန်ခါနီး Stockဖြည့်မယ်ဆိုမှ Charging Version ဆိုတာလေးတွေ့ပြီးထပ်မှာလိုက်ပြီးရောက်လာတဲ့ထိအရင်
မှာဖူးတဲ့ Mouseရဲ့ Charging Version ပဲထင်ထားတာ။
Customer အကိုတစ်ယောက်ကဒီ Ugreen လေးယူမယ်
စမ်းပြပါဦးဆိုမှ ရောက်နေတာတွေကအရင် Version ထပ်မထင်မှတ်ထားလောက်အောင်အပုံကြီးသာနေမှန်းသိတော့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် Lift ထပ်တောင် Shapeကပိုမိုက်တယ်ဗျာ။
🔹သူ့ Shapeက Vertical Mouseပေမယ့်အရမ်းကြီး Bulky မဖြစ်ဘူး လက်ထဲကောင်းကောင်းဆုပ်ကိုင်ထားလို့ရတယ်။
ဒါ့အပြင် Wrist Restပါထပ်ပါတော့အချိန်အကြာကြီးကိုင်
လည်း Wrisitမနာတော့ဘူး။
🔹Click ကလည်း Silentဆိုတော့အသံမထွက်တော့ဘူး။ Scroll Wheel ကလည်းတော်တော်လေး Premium ဖြစ်တယ်။
🔹DPIကိုလည်း1000, 1600, 2000,4000ဆိုပြီး Stage 4ခုAdjust လို့ရတယ်။
🔹Bluetooth+ 2.4Ghz ဆိုတော့ကြိုက်ရာနဲ့ချိတ်ပဲ။ Type-C နဲ့ Charging သွင်းလို့ရတာဆိုတော့ ဓာတ်ခဲလဲစရာလည်းမလိုဘူး။

အချိန်ကြာကြာ Mouse သုံးရလို့လက်တွေနာတယ်။
Vertical Mouse ကလည်းစမ်းချင်တယ်၊ Budget လည်း Save ချင်တဲ့သူတွေအတွက်Ugreen Vertical Mouse က Best Option ပါပဲ။

11/09/2026

‼️Sold Out‼️
Clearance!
ခုလက်ရှိ၉သိန်းခွဲလောက်ဖြစ်နေတဲ့ SSDကို
770,000တည်းနဲ့ရပါမယ်။
Warranty ကလည်း ၄နှစ်ပေးဦးမှာ Stock ကတော့ ၂ခုပဲရတော့မှာဆိုတော့လိုချင်ရင်တော့လက်သွယ်မှ
ရမယ်။

Category

Telephone

Website

Address


No. 148, 46th Street, UpperBlock, Botahtaung
Yangon
11161

Opening Hours

Monday 10:30 - 17:30
Tuesday 10:30 - 17:30
Wednesday 10:30 - 17:30
Thursday 10:30 - 17:30
Friday 14:00 - 17:30
Saturday 10:30 - 17:30
Sunday 10:30 - 17:30