DynEd Myanmar

DynEd Myanmar

Share

Most Trusted
With more than 30 years of experience, DynEd’s solutions are built on award-winning succ

Most Efficient
With its unique learning and data management systems, DynEd guides both teachers and learners at every step.

25/08/2026

Neo Study Application ဆိုတာဘာလဲ ?????

18/06/2026

IELTS Overall Band Score: 8.0
ရရှိထားသူ ဆရာမ သင်ကြားပေးမည့်
သင်တန်းကြေး သက်သက်သာသာနှင့်
July လ စမည့် General English +
IELTS Foundation အတန်းလေး 🙌

IELTS ဖြေဆိုဖို့ ကြိုတင်ပြင်ဆင်ချင်ကြသူများ အတွက် General English ပါ တွဲသင်ပေးမည့်
အတန်းလေးဖြစ်ပါတယ်။

Reallyenglish မှ ရေးဆွဲထားတဲ့ သင်ခန်းစာ အခု (၆၀) ပါဝင်တဲ့ very targeted ဖြစ်တဲ့ courseware
လေးကို ကျေားရိုးထားပြီး သင်ကြားပေးမှာဖြစ်ပါတယ်။

IELTS အတွက် အထူး သီးသန့် ရေးဆွဲထားတဲ့ သင်ရိုးမို့ စနစ်ကျပြီး သင်ခန်းစာတိုင်းမှာလည်း
Test ကို Score ကောင်းကောင်းနဲ့ ဖြေဆိုနိုင်စေမယ့်
Tips ပေါင်းများစွာကို စုံလင်စွာထည့်ပေးထားပါတယ်။

အရင်ဆုံး courseware ဆိုတာ နားမလည်သေးတဲ့
သူများအနေနဲ့ ရှင်း​အောင် ပြောပြရရင် courseware
ဆိုတာ software တစ်ခုအတွင်းမှာ ရေးဆွဲထည့်သွင်းထားတဲ့ သင်ရိုး၊ သင်ခန်းစာများကို ဆိုလိုပါတယ်။

Academic ပိုင်းမှာ ဝါရင့်တဲ့ ဆရာမနှင့်လည်း
သင်ယူခွင့်ရမယ် software သုံးပြီး General English နဲ့ IELTS လေ့ကျင့်ခန်းတွေလည်း လုပ်ခွင့်ရပါတယ်။

သင်တန်းကာလ (၃) လ ကြာမြှင့်ပါမည်။
သင်တန်းကြေး software လိုင်စင်ကြေး အပါ
သင်တန်း​ကြေး လစဥ်​ကြေး - တစ်သိန်းကျပ် 👈

software နဲ့ နေ့စဥ်လေ့ကျင့်လို့ရပါမယ်
ဆရာမနှင့် Zoom Class လေးကတော့
အပတ်စဥ် Monday & Tuesday
မြန်မာစံတော်ချိန် 8 PM - 9 PM ဖြစ်ပါတယ်။

July လ first week (၆) ရက်နေ့ စပါမည်။

သင်တန်းသား (၁၀) ဦးမျှသာ လက်ခံပါမည်။

သင်တန်းတက်​ရောက်လိုသည်ဖြစ်​စေ
သင်တန်းများအ​ကြောင်း သိရှိလိုသည်ဖြစ်​ပါက
အောက်ပါ ဖုန်းများဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Phone: 09-428 125 740 📞
Phone: 09-795 807 644 📞
Phone: 09-782 088 158 📞

Our team includes experienced teachers
and trainers, material writers, programmers, designers, and customer support specialists who all make our products, platform, and user-experience outstanding.

Our course materials can be used flexibly
for self-study, or in tandem with teacher-led instruction with students in private, corporate or academic study environments. Our course range covers General English, Business English, Academic English, IELTS, TOEIC, Vocabulary and Specialist-subject Vocabulary, and can be accessed seamlessly across devices. Let us help you study the right thing, more often, with better results.

DynEd Myanmar Most Trusted
With more than 30 years of experience, DynEd’s solutions are built on award-winning succ

28/12/2025

ပြည်ပမှာ ဆက်လက်ပညာသင်ယူဖို့ပဲဖြစ်ဖြစ်။ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ Scholarship တွေ လျှောက်ဖို့ပဲဖြစ်ဖြစ် IELTS ဖြေဆိုဖို့ စဉ်းစား၊ ပြင်ဆင်နေပါသလား။
သင့်အတွက် IELTS 1O1 course လေး ရှိနေပါတယ်။
IELTS နဲ့ ပတ်သက်လို့ အခြေခံ သိထားရမယ့် အကြောင်းအရာ အချက်အလက်တွေ၊ ရည်မှန်းထားတဲ့ band score ရအောင် ဘယ်လိုလေ့ကျင့် ပြင်ဆင်သင့်တယ်ဆိုတာတွေ၊ သင့်လျော်မှန်ကန်တဲ့ resource တွေကို ဘယ်လိုရှာဖွေ ရယူနိုင်တယ် ဆိုတာတွေကို ဒီ ၂ လတာ course လေးကနေ အသေးစိတ် သင်ကြားမျှဝေပေးသွားမှာ ဖြစ်ပါတယ်။
တစ်ပတ်ကို နှစ်ရက်နှုန်းနဲ့ တစ်ရက်မှာ တစ်နာရီတာ ဒီအတန်းကို Zoom ကနေ ပို့ချပေးသွားမှာဖြစ်ပြီး IELTS နဲ့ ပတ်သက်လို့ သိချင်နေတဲ့ မေးခွန်းတွေအတွက် အမေးအဖြေ Q&A time လည်း ပါဝင်မှာ ဖြစ်ပါတယ်။
အတန်းကို ၂၀၂၆ ဇန်နဝါရီလမှာ စတင်သွားမှာဖြစ်ပါတယ်။
✅ သင်တန်းကာလ : ၂ လ
✅ သင်တန်းကြေး : ၁၀၀,၀၀၀ ကျပ်
သင်တန်းအချိန်နဲ့ တခြား သိလိုတဲ့ အသေးစိတ် အချက်အလက်တွေကို Page CB နဲ့ ဖုန်း 09428125740, 09795807644 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

12/12/2025

ကလေးငယ်တွေရဲ့ အင်္ဂလိပ်စာ အခြေခံ ခိုင်မာစေဖို့
DynEd Myanmar မှ (Phonics) အွန်လိုင်းသင်တန်း

ကလေးငယ်တွေအတွက် အင်္ဂလိပ်စာကို အသံထွက်မှန်မှန်၊ ဖတ်တတ်စေမယ့် Phonics သင်တန်းလေးကို Zoom ကနေ Online တက်ရောက်နိုင်ပါပြီ။

✅ သင်တန်းကာလ : ၂ လခွဲ
✅ သင်တန်းကြေး : ၁၅၀,၀၀၀ ကျပ်
✅ အပတ်စဥ် Tuesday & Wednesday
✅ အချိန် 8:00 PM - 9:00 PM

သင်တန်းစမည့်နေ့ January 6 ရက်နေ့

သင်တန်းတွင် ကလေးငယ်များ
🔹 အသံထွက်မှန်ကန်စွာ ဖတ်တတ်ခြင်း
🔹 စာလုံးပေါင်းနှင့် အသံထွက်ကို ဆက်စပ်နားလည်ခြင်း
🔹 စာဖတ်ကျွမ်းကျင်မှု အခြေခံခိုင်မာစေခြင်း
🔹 ယုံကြည်မှုရှိရှိ အင်္ဂလိပ်စာပြောဆိုနိုင်ခြင်း
စသည့် အကျိုးကျေးဇူးများရရှိစေမှာပါ။

သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အောက်ပါဆက်သွယ်ရန်နည်းလမ်းများမှ တစ်ဆင့် စုံစမ်းနိုင်ပါတယ်။

ဆက်သွယ်ရန် :
📩 Inbox ပို့ပါ

📞 09428125740, 09795807644

DynEd Myanmar
အင်္ဂလိပ်စာတွင် ခိုင်မာသောအခြေခံဖြင့် အနာဂတ်ကို တည်ဆောက်ပါစို့။

06/12/2025

at weekend ဆိုရင် မှားပါတယ်။
at the weekend ဆိုမှ မှန်ပါတယ်။

ရုံးပိတ်ရက် စနေ - တနင်္ဂနွေဆို weekend
ကြားရက်တွေဆိုရင် weekdays

ဒါတော့ ကလေးကအစသိတာဘဲလေ။

ဟုတ်ပါတယ် ဒါပေမဲ့ တကယ်က လူကြီးက အစ စနစ်တကျမှတ်သား သင့်တဲ့ စကားစုလေးတွေကို မျှဝေပေးချင်တာပါ။

``ရုံးပိတ်ရက်မှာ´´ လို့ English လို သုံးတဲ့အခါ

at the weekend - UK အသုံးပုံစံ
on the weekend - US အသုံးပုံစံ

over the weekend = during the weekend

They went shopping at the weekend.

I'll be seeing her at the weekend.

ပိတ်ရက်ဆိုရင် ပုံမှန်
လုပ်လေ့လုပ်ထရှိတာတွေကို ပြောတဲ့အခါ
the ကိုဖြုတ်ပြီးတော့ နောက်က
weekend ကို ''s'' ပေါင်းထည့်ပြီး
အောက်ပါအတိုင်း သုံးလို့လည်းရပါတယ်။

at weekends - UK အသုံးပုံစံ
on weekends - US အသုံးပုံစံ

What do you do at weekends?

ထပ်ပြီး သတိပြုသင့်တာက
this weekend, next weekend,
last weekend တို့ဆိုရင် preposition -
at တွေ on တွေ ထည့်မသုံးရပါဘူး။

I went there last weekend. 👈

ကြားရက်တွေဆိုရင်တော့
on weekdays သို့မဟုတ်
during the week လို့သုံးလို့ရပါတယ်။
Monday through Friday လည်းရတာပဲ။

I get up early on weekdays. 👈

အားလုံးတိုးတက်ကြပါစေ

22/11/2025

Hurry up! = မြန်မြန်လုပ် 📌
Chop-chop! = မြန်မြန်လုပ် 📌
Make haste! = မြန်မြန်လုပ် 📌
Get a move on! = မြန်မြန်လုပ် 📌

03/11/2025

တရင်းတနှီး သိပြီးသား စကားလုံးများ၏
ဆန်းပြားသော အသုံးကွဲများ ဥပမာ
funny = ထူးဆန်းသော (strange)

01/11/2025

Vocabulary အလွတ်ကျက်သင့်သလား။

General English အတွက်ဆိုရင်တော့ အလွတ်ကျက်တာ မဟုတ်ပဲ စကားစုတွေ ဝါကျတွေနဲ့တွဲပြီး ထပ်ခါ ထပ်ခါ ရွတ်ဆိုလေ့ကျင့်ရင် မှတ်မိပါတယ်။

စာမေးပွဲတွေအတွက်ဆိုရင်တော့ စာလုံးပေါင်းကအစ ချရေးပြီး လေ့ကျင့်မှတ်သားသင့်ပါတယ်။ စာမေးပွဲအတွက်ကျ တိကျမှုကို စစ်ဆေးတာမို့ ကျက်မှရမယ့်
စာလုံးတွေကို ကျက်မှတ်ဖို့လိုပါတယ်။

ပေါ့ပေါ့ပါးပါး ပုံမှန်လေး General English အတွက် လေ့လာနေသူဆိုရင်တော့ အလွတ်ကျက်တာမျိုးတွေ စာလုံး တလုံးခြင်းမှတ်သားတာမျိူးတွေအစား ဥပမာ ဝါကျလေး သို့မဟုတ် စကားစုလေးတွေဖန်တီးပြီး မှတ်သားတာ ပိုမှတ်မိပြီး ထိရောက်ပါတယ်။

ဒါကို ဥပမာပေးရရင်
အင်နန်းနမက်ထ် inanimate ဆိုတဲ့
စကားလုံးကို မှတ်မယ်ဆိုပါဆို
သူ့ meaning က not alive မြန်မာလို အသက်မရှိသော သက်မဲ့ဖြစ်သော word form က adjective

meaning အပြင် word form ​ပါတွဲမှတ်ပြီးပြီဆိုရင်
တလုံးတည်း inanimate လို့မှတ်မယ့်အစား
ကိုယ်သိပြီးသား စကားလုံးလေး တစ်ခုခုနဲ့ တွဲမှတ်ကြည့်ပါ။

an inanimate object
အသက်မရှိသော အရာဝတ္တု တစ်ခု

ဝါကျအနေနဲ့ မှတ်ချင်သေးရင်

This is an inanimate object.

အဲ့လိုမျိူးလေးတွေ မှတ်သားတာက ပိုမှတ်မိပြီး လက်တွေ့မှာလည်း လွယ်လွယ်ကူကူ ပြန်အသုံးချစေနိုင်ပါတယ်။

31/10/2025

အင်္ဂလိပ်စာမှာ စာလုံးပုံစံနီးစပ်ပြီး အဓိပ္ပာယ်လုံးဝကွာခြားတဲ့ စကားလုံးအတွဲတွေ အများကြီးရှိပါတယ်။ ဒီနေ့မှာတော့ beside နဲ့ besides ရဲ့ ကွာခြားချက်ကို လေ့လာလိုက်ရအောင်!

❌ beside နဲ့ besides လုံးဝမတူပါဘူးနော်။

🧍 beside = ဘေးမှာ (next to) ➡️ Example: Come and sit beside me. (ဘေးမှာလာထိုင်)

➕ besides = ဒါ့အပြင် (in addition to) ➡️ Example: I also like tea besides coffee. (ကော်ဖီအပြင် လက်ဖက်ရည်လည်း ကြိုက်တယ်)

သင်ခန်းစာအသစ်တွေ ပုံမှန်လေ့လာဖို့ DynEd Myanmar ကို Follow လုပ်ထားပါ။

06/10/2025

🎊Happy Thadingyut 🎊



သီတင်းကျွတ်အခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း DynEd Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Category

Telephone

Address


11 A, Inya Road
Yangon
11041

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00