Golden Gate Automation Training Center
Golden Gate Automation Training Center was established in 2018 and provides services in the education
#အခမဲ့ ပညာဒါန (၁လ) သင်တန်း ဖွင့်လှစ်ပါမည်
Golden Gate Training Center မှ
ဦးစီးဖွင့်လှစ်သွားမဲ့ တတိယအကြိမ်မြောက်
သက်မွေးပညာရပ်ဆိုင်ရာ သင်တန်းဖြစ်တဲ့
အဲယားကွန်း တပ်ဆင်၊ ပြုပြင်ခြင်းသင်တန်းကို
ပါဝင်လျှောက်ထားနိုင်ဖို့အတွက် သင်တန်းနဲ့
ပက်သက်တဲ့ အချက်အလက်လေးတွေကို
မျှဝေပေးလိုက်ပါတယ်။
သူငယ်ချင်းအပေါင်းအသင်းတွေကိုလည်း
လက်တို့လိုက်ကြအုံးနော် 👀
🌿သင်တန်းတွေကဘယ်တော့လဲ ???
ခုသင်တန်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာပါ။ သင်တန်းကာလ စုစုပေါင်း (၁) လ၊ နာရီ (၁၂၀) ကြာမြင့်မည် ဖြစ်ပြီး အပတ်စဉ် တနင်္လာ မှ သောကြာ၊ မနက် (၉) နာရီ မှ ညနေ (၄) နာရီ အထိ ကို စာတွေ (၄၀%)၊ လက်တွေ့ (၆၀%) ဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🌲ဘယ်လိုလျှောက်ရမှာလဲ ???
ဩဂုတ်လ (၁၀) ရက်နေ့ ကနေ
ဩဂုတ်လ (၂၃) ရက်နေ့အထိ၊ မနက် (၁၀) နာရီ ကနေ ညနေ (၃) နာရီ အတွင်း အောက်မှာဖော်ပြထားတဲ့ လိပ်စာမှာ သင်တန်းကျောင်းသို့ လူကိုယ်တိုင်လာရောက်ပြီး သင်တန်းလျှောက်လွှာ မှာဖြည့်စွက်ခဲ့လို့ရပါတယ်။ ပြန်လည်ဆက်သွယ်လို့
ရနိုင်မဲ့ ဖုန်းနံပါတ် ရေးထားခဲ့ဖို့တော့ မမေ့နဲ့နော်။
⛪သင်တန်းလျှောက်လွာ ဖြည့်ရမဲ့နေရာက
(အမှတ် ၄၀၄-၂၆၃၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ၉ ရပ်ကွက်၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်မြို့)
🥳 သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပညာအရည်အချင်းနိမ့်ပါးပြီး ဝင်ငွေရရှိမှုနည်းပါးနေသည့် လူငယ်၊ လူရွယ်များကို ခိုင်မာသည့် အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုကို တက်မြောက်ကာ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေခြင်းဖြင့် ဝင်ငွေတိုးပွားစေနိုင်ရန်ဖြစ်ပါသည်။ 🥳
🤗 ဘယ်သူတွေလျှောက်ထားလို့ရနိုင်မလဲ??
သင်တန်းများကို အသက် ၁၆ နှစ်မှ ၄၀ နှစ်ကြား အတွင်းရှိ အမျိုးသား၊ အမျိုးသမီး (ကျား/မ) မရွေး ပါဝင်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
ဉီးစားပေးရွေးချယ်သွားမည့် အခြေခံ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- အသက်မွေး၀မ်းကျောင်းပညာရပ်ကို စိတ်၀င်စားပြီး အမှန်တကယ် လုပ်ငန်းခွင်သို့ ၀င်ရောက်ရန် စိတ်အားထက်သန်သူ အမျိုးသမီးများ (နည်းပညာတက္ကသိုလ် ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသော၊ နည်းပညာကျောင်းပြီးထားပြီး လက်ရှိအလုပ်အကိုင်မရှိသော အမျိုးသမီးများ)
- အတန်းပညာအရ နိမ့်ပါးပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသူများ၊
- လူနည်းစု တိုင်းရင်းသား လူမျိုးစုများ၊
- ပြည်တွင်း/ ပြည်ပ ပြောင်းရွေ့လုပ်သားများ၊
- မိသားစုကို ဉီးစီးဉီးဆောင် ရှာဖွေကျွေးမွေးနေရသူများ၊
- ဝင်ငွေ ပမာဏ နည်းပါးလွန်းသူများ၊
- မသန်စွမ်းသူများ (သင်တန်း သင်ခန်းစာများကို သင်ယူရန် အရည်အချင်းပြည့်မီသူ)
- သင်တန်းကာလ (၁လ) ပြီးဆုံးပါက လုပ်ငန်းခွင်တွင် အမှန်အကန်တကယ် လုပ်ကိုင်ရန် ရည်ရွယ်ချက်ရှိသူ၊
- အမှန်တကယ် စိတ်ဝင်စားပြီး သင်တန်းကာလ တလျှောက်လုံး ပျက်ရက်မရှိပဲ တက်ရောက်နိုင်သူ၊
*သင်တန်းတစ်ခုဆီတွင် သင်တန်းသားဦးရေ
၂၀ခန့်ကိုသာ လက်ခံပေးသွားမှာဖြစ်ပါတယ်*
☘️ ဘယ်လောက်ပေးရမှာလဲ??
ရွေးချယ်ခံရသူသင်တန်းသား/သူ များသည် သင်တန်းကာလတစ်လျှောက်တွင် လိုအပ်မည့် စာရွက်စာတန်းများ၊ သင်ကြားရေး အထောက်အကူပစွည်းများ၊ သင်တန်းမှ သတ်မှတ်ထားသည့် လုပ်ငန်းသုံး လက်တွေ့ပစ္စည်းများ အစရှိသည်တို့ကို သင်တန်းမှ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သင်တန်းသားဘက်မှ မည်သည့်ငွေကြေးကုန်ကျမှုမှ ရှိမည်မဟုတ်ပါ။ 🆓
⚠️ ဘာတွေသိထားရအုံးမလဲ??⚠️
- သင်တန်းလျောက်လွှာဖြည့်ပြီးပါက
သင့်လျော်သည့် အင်တာဗျုး လူတွေ့ဖြေဆိုမှုပြုလုပ်ရန် လျောက်ထားသူအနေနဲ့ လာရောက်ရန်လိုအပ်ပြီး အမှန်တကယ်လိုအပ်သူများကို ဦးစားပေးရွေးချယ်မှာဖြစ်ပါတယ်။ သင်တန်းသား/သူ
၂၀ဦးသာလျင် ကန့်သတ် သတ်မှတ်ထားတာဖြစ်လို့ လျောက်လွှာတင်ပြီးလျှင် ပြန်လည်ဆက်သွယ်ရနိုင်မဲ့ ဖုန်းနံပါတ်ကို ရေးသားဖြည့်စွပ်ဖို့ မမေ့ရန်လိုပါတယ်။
- ရွေးချယ်ခံရသည့် ကျောင်းသား/သူ အနေနဲ့
သင်တန်းကာလ (၁လ) ပြီးဆုံးပါက သင်တန်းကျောင်းဘက်မှ လုပ်ငန်းရှင်များနှင့် ဆက်သွယ်ကာ အလုပ်အကိုင် ချိတ်ဆက်ပေးမည်ဖြစ်ပြီး လုပ်ငန်းခွင်သို့ (O.J.T) On Job Training အစမ်းခန့်ကာလ (၁လ) ဝင်ရောက် လုပ်ကိုင်နိုင်ရပါမည်။
ပြီးလျှင် လုပ်ငန်းရှင်များက ဆက်လက်အလုပ်ခန့်အပ်ပေးခြင်းနှင့် အလုပ်ခွင်သို့ ဝင်ရောက်နိုင်ရန် ထပ်မံချိတ်ဆက်ပေးခြင်းများကို ကူညီဆောင်ရွက် ပေးသွားပါမည်။
ℹ သင်တန်းနှင့် ပက်သက်၍ အထက်ပါအချက်အလက်များအပြင် ထပ်မံသိရှိ စုံစမ်းလိုသည်များရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့
ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
📱09795321795
📱09773269266
17/08/2026

07/08/2026
#ပညာဒါနသင်တန်း
အဲကွန်း နဲ့ ရေခဲသေတ္တာ ပညာရပ်ကို
အမှန်တကယ်စိတ်ဝင်စားပြီး
01 Sept 2026 ရက်နေ့မှာ စတင်ဖွင့်လှစ်မယ့်
အခြေခံ ပညာဒါန အိမ်သုံးအဲကွန်း နဲ့
အိမ်သုံးရေခဲသေတ္တာ ပညာရပ်ကို
1 Month တစ်လပညာဒါန အခမဲ့သင်တန်းရှိပါမယ်။ အမှန်တကယ်လိုချင်သူ လိုအပ်သူများ
ဦးစားပေးပြီး ဖောင်တင်လျောက်လို့ရပါတယ်။
စာရွက်စာတမ်းဖြည့်စွပ်ဖို့ သင်တန်းကျောင်းမှာ
ကိုယ်တိုင်လာရောက်ပြီး ဖြည့်စွပ်နိုင်ပါတယ်။
ပညာအရည်အချင်း နိမ့်ပါးသူများကို
ဦးစားပေးရွေးချယ်သင်ကြားပေးပါမယ်ခင်ဗျ။
သင်တန်းသားဦးရေ ၂၀ သာ လက်ခံပါမယ်။
ကျွန်တော် ကိုသူရိန်မင်းမော် ကိုယ်တိုင်
သင်ကြားမျှဝေပေးမှာဖြစ်သလို
သင်တန်းပြီးရင် Internship လက်တွေ့ တစ်လ
ထပ်မံပြီး သက်ဆိုင်ရာ လုပ်ငန်းခွင်မှာ
လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်း ရရှိမှာပါ။
အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသူတွေကို
အလုပ်အကိုင် ရရှိစေဖို့ ရည်ရွယ်ဖွင့်လှစ်မှာပါ။
သင်တန်းသားဦးရေ ကန့်သတ်ထားတာဖြစ်လို့ပါ။
#တက်မှာသေချာပြီဆိုရင် ဖောင်လာတင်ထားပါ 😊
အသေးစိပ်ကို စုံစမ်းလိုပါက
📱09-795321795
📱09-773269266
https://shaniya3652.hocoos.com/
#သင်တန်းလိပ်စာ
🏬YMCA International House
အမှတ် (404-263), အပေါ်ဆုံးထပ်
သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်
၉ ရပ်ကွက်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့
မေတ္တာဖြင့်
T.Y.M.M
31/07/2026
တကယ်တော့ အခက်ကြီးသိပ်မဟုတ်ပါဘူး၊
အခြေခံကို စနစ်တကျနားလည်မယ်၊
စာတွေ့ (သီအိုရီ) သဘောတရားတွေကို
လက်တွေ့နယ်ပယ်မှာ အသုံးချတတ်မယ်ဆိုရင်
အခက်ကြီးသိပ်မဟုတ်ပါဘူး။
မနေ့က ညီလေး ၃ ယောက် စာလာမေးကြလို့
ရွှေပုလ္လင်မှာ လ္ဘက်ရည်သောက်ရင်း
Superheat နဲ့ Subcooling အကြောင်းပြောတာပေါ့
ညီလေးတစ်ယောက်ကပြောတယ်။
ကိုသူရိန့် စာအုပ်ဝယ်ဖတ်တာ
သေချာနားမလည်လို့ YouTube ကြည့်လိုက်
တမျက်နှာလှန်လိုက်နဲ့ လေ့လာတာ မဆိုးဘူးတဲ့
ပြီးတော့ Superheat နဲ့ Sub cooling ကို
သိပ်မရှင်းလို့ ရှင်းပြပါဆိုတာနဲ့
Sensible Heat နဲ့ Latent Heat ကို အရင်ရှင်းပြပြီး
Saturated (Saturation) ဆိုတာလေး ထပ်ရှင်းပြီး
စာရွက်တရွက်မှာ ပုံဆွဲရင်း ရှင်းပြတော့မှ
Sensible Heat ဆိုတာ လွယ်ပါတယ်။
Changing Temperature but without changing state လို့ အလွယ်မှတ်ပါ။
အပူချိန် ပြောင်းလဲနေနိုင်ပေမယ့် ဘဝမပြောင်းဘူး။
Latent Heat ဆိုတာက Sensible Heat ပြောင်းပြန်
Changing State but without changing temp
ဆိုတော့ ဘဝပြောင်းသွားနိုင်ပေမယ့် အပူချိန်မပြောင်းဘူး။ အပူချိန် တိုးလည်းမလာဘူး လျော့လည်းလျော့မသွားတဲ့ အခြေအနေပါ။
ဒါတွေ အားလုံးက သာမိုဒိုင်းနမစ်ရဲ့ အခြေခံပါ
တကယ်တမ်းက သာမိုဒိုင်းနမစ်ဆိုတဲ့
ပညာကို အမှန်တကယ်သဘောပေါက်နားလည်ရင်
အပူတွေ စီးကူး စီးဆင်းနေတဲ့ သဘောတရား
Heat (Q) Enthalpy နဲ့ ပြောရရင်
အရာဝတ္ထုတခုစီတိုင်းမှာ အပူကိုယ်စီရှိကြပါတယ်
ဒါကို သိနားလည်ထားရင် လွယ်ကူသွားမှာပါ။
အပူဆိုတာ Solid, Liquid, Gas တွေ
ပါဝင်ဖွဲ့စည်းထားတဲ့ Atom, Molecules သို့မဟုတ်
Iron Partical အိုင်းယွန်းမှုန်လေးတွေ
ရွှေ့လျားမှုကြောင့် ဖြစ်လာတဲ့ စွမ်းအင်တစ်ခုပေါ့။
အပူချိန်ဆိုတာက အပူ (Heat Content) ပမာဏ
အနည်း အများကို ဖော်ပြတဲ့ သတ်မှတ်ချက်တစ်ခု
အရာဝတ္ထုတစ်ခုက အပူပမာဏ တိုးလာတာနဲ့အမျှ
ပါဝင်တဲ့ မော်လီကျုးတွေ ပိုမိုရွှေ့လျားခြင်းကြောင့်
အပူချိန် Temp တိုးလာကြတာပါ။
အပူချိန်ကို Heat Intensity လို့လည်းခေါ်ပါတယ်။
အပူချိန် အနည်းအများကြောင့်
အရာဝတ္ထုတစ်ခုမှာ ပါဝင်တဲ့
အပူပမာဏ အနည်းအများဖြစ်လာတာ မဟုတ်ဘူး။
အရာဝတ္ထုတစ်ခုမှာ ပါဝင်တဲ့ Total Heat
အပူပမာဏ စုစုပေါင်းကို
တွက်ချက်ကြမယ်ဆိုရင် အပူချိန်ကို
Mass ဒြပ်ထုရဲ့ ထုထည်နဲ့ (×) မြှောက်ရပါတယ်။
သာမိုဒိုင်းနမစ်ရဲ့ ဒုတိယနိယာမဖြစ်တဲ့
အပူသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်း၏ ... ဆိုတဲ့
စကားလုံးရဲ့ အဓိပ္ပါယ်ကို မူတည်ပြီး
အဲကွန်းစနစ် ရေခဲသေတ္တာစနစ်တွေကို
ဒီဇိုင်းပြုလုပ် တီထွင်ကြတာပါ။ အဲ့ဒီမှာ
Endothermic reaction နဲ့ Exothermic reaction
အပူစုပ်ယူတာ အပူစွန့်ထုတ်တာတွေ ပါလာရော...
(TXV) လို Throttle လုပ်ရတဲ့ device မှာ
Fluid Mechanic အရ
Bernoulli principal ကို သုံးပြီး
Velocity များပြီး Pressure နည်းရတာတွေ
Velocity နည်းပြီး Pressure များတာတွေ ပါလာပြီး
Capillary tube အနေနဲ့ဆိုရင်
Joule Thompson effect နဲ့ ဒီဇိုင်း Design လုပ်တာ
ဘာ့ကြောင့် Pressure Drop ဖြစ်စေချင်တာ
TXV ကို ဝင်လာတာ 100% Liquid
TXV ထွက်လည်းထွက်ရော Dryness Fraction မှာ
(x=0.3) Pressure Enthalpy Diagram အရ
30% Vapour 70% Liquid ဘာလို့ ဖြစ်သွားတာလဲ
စတာတွေက သီအိုရီ Theory သဘောတရားတွေ
သေချာနားလည်ထားရင်
စက်တစ်လုံး ချို့ယွင်းတဲ့နေရာမှာ
ပြုပြင်ချင်လို့ Troubleshooting လုပ်မယ်ဆိုရင်
Pressure နဲ့ Temperature ကို PT chart အရ
Pressure Manifold Gauge မှာ
သေသေချာချာ အတိအကျ အသေးစိပ်ဖတ်တတ်မှ
Superheat နဲ့ Sub cooling တန်ဖိုးတွေကို
တိတိကျကျ တိုင်းတာတွက်ချက်နိုင်မှာဖြစ်သလို
Pressure Enthalpy (PH) Diagram မှာထည့်ပြီး
စက်ရဲ့ ဘယ်နေရာမှာ ချို့ယွင်းနေတာ
ဘယ်နေရာက Chork ဖြစ်နေတာ၊
Compressor ရဲ့ Compression Ratio က
ဘယ်လောက်ရှိပြီး COP နဲ့ EER ဘယ်လောက်
တိတိကျကျသိနိုင်ပါလိမ့်မယ်။
Accomodations Airconditioning system မှာ
Air Handling Unit (A.H.U) ကို လေ့လာရင်
Psychrometric Air Properties ကို
သိထားသင့်ပါတယ်။ ဒါလည်း သာမိုဒိုင်းနမစ်ပါဘဲ
တကယ်တမ်း အားလုံးကို ခြုံငုံကြည့်ရင်
သာမိုဒိုင်းနမစ်က မလွတ်ပါဘူး။
မေတ္တာဖြင့်
T.Y.M.M
25/07/2026
ကိုသူရိန် လိုင်းပေါ်မှာ ပျောက်တယ်နော်တဲ့
ဘာတွေလုပ်နေလဲဆိုရင် Re**er တွေပြင်ရင်း
Re**er သင်တန်းတွေ သင်ပေးနေပါတယ်ဗျာ။
စက်ပြင်တတ်ယုံမဟုတ်ဘဲ
အမှန်တကယ် ပညာလိုပြီး
စနစ်တကျသင်ယူလိုတဲ့သူတိုင်း
မည်သူမဆို တက်ရောက်နိုင်ပါတယ်။
7days Re**er Training
3 Aug 2026 တန်းခွဲသစ် ပြန်စပါမယ်ခင်ဗျ၊
Register လုပ်လို့ရပါပြီ။
နောက်တန်းခွဲက ၁လခွဲ ပြန်စောင့်ရပါမယ်။
📱 09795321795
Seafarers HVAC training
7Day only On Campus
6-July-20260(9AM to 4PM)
09795321795
Category
Contact the school
Website
Address
GOLDEN GATE AUTOMATION TRAINING CENTER
Yangon
Alerts
Be the first to know and let us send you an email when Golden Gate Automation Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.