WeGrow

WeGrow

Share

Let's We Grow Together.

02/09/2026

WeGrow နဲ့ Community Teatalk တို့အတူတကွပူးပေါင်းကျင်းပခဲ့တဲ့ SME, MSME သီးသန့် English speaking class လေးကတော့ယနေ့ဆို Day -4 (4 ပတ်မြောက်) ရှိခဲ့ပါပြီ🤗

Teacher Zinnia Lu ရဲ့ ၁၀ စုနှစ်စာ အတွေ့အကြုံနဲ့ စေတနာထားသင်ပြပေးမှုတွေကြောင့် အလွန်ပင်အကျိုးများခဲ့ပါတယ်။
ကျေးဇူးအထူးပါ တီချယ်ရှင့် 🙏

မပျက်မကွက်တက်ရောက်ပေးခဲ့တဲ့ လုပ်ငန်းရှင် အကို၊ အမတွေကိုလည်း ကျွန်မတို့ WeGrow ရဲ့ founder မရွှေရည်ဝင်းက အထူးကျေးဇူးတင်လေးစားပါတယ်လို့ ပြောကြားပါရစေရှင့်🤗🙏

ကဲ ဒီနေ့လည်း ည ၈ နာရီ သင်တန်းလေးမှာ ဆုံကြပါမယ်🤗💪🍀

We grow together

30/08/2026

မနေ့ Sunday က ပြုလုပ်ခဲ့တဲ့ MSME နဲ့ SME လုပ်ငန်းရှင်များအတွက် Community Tea Talk လေးကို ဖြစ်မြောက်အောင် စီစဉ်ပေးခဲ့ကြတဲ့ ကိုဇင်ရဲနောင် နဲ့ မဆု တို့ကို ကျွန်မ မရွှေရည်ဝင်း (Founder of WeGrow Myanmar) မှ ကျေးဇူးအထူးတင်ပါရှိတယ်ရှင်။ ☕️✨
ကျွန်မတို့ လုပ်ငန်းရှင်အချင်းချင်း ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ အတွေ့အကြုံတွေနဲ့ အကြံဉာဏ်ကောင်းတွေကို တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ဖလှယ်ခွင့်ရခဲ့လို့ တကယ်ကို တန်ဖိုးရှိတဲ့ အချိန်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။
အခုလိုမျိုး ကွန်ရက် (Network) ချိတ်ဆက်နိုင်မယ့် ပွဲလေးတစ်ခုဖြစ်ဖို့ နောက်ကွယ်ကအားသွန်ခွန်စိုက် ကြိုးစားပေးခဲ့ကြတဲ့အတွက်လည်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုပါတယ်နော်။
နောင်လည်း ဒီလိုမျိုး အသိပညာတွေ မျှဝေပေးနိုင်မယ့်၊ လုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေမယ့် လက်ဖက်ရည်ဝိုင်း စကားဝိုင်းလေးတွေမှာ ထပ်မံဆုံတွေ့ကြဖို့ မျှော်လင့်နေပါတယ်ရှင်။ 🙌

30/08/2026

Expanding Horizons & Strengthening Connections 🌐✨

WeGrow Myanmar ရဲ့ Founder မရွှေရည်ဝင်းသည် JCI Myanmar ရဲ့ အနှစ်သာရရှိပြီး အကျိုးရှိလှတဲ့ ပွဲစဉ် (၂) ခုကို တက်ရောက်ဖြစ်ခဲ့တဲ့ အမှတ်တရ ပုံရိပ်အချို့ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ JCI Myanmar International Business Matching ပွဲမှာ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ WeGrow Myanmar ရဲ့ လုပ်ငန်းကဏ္ဍတွေကို မိတ်ဆက်ခွင့်ရခဲ့သလို၊ ရေရှည်လက်တွဲလုပ်ဆောင်နိုင်မယ့် စီးပွားရေးအခွင့်အလမ်းသစ်တွေနဲ့ ကွန်ရက် (Networking) ကောင်းတွေကိုပါ ချိတ်ဆက် တည်ဆောက်နိုင်ခဲ့ပါတယ်။

၎င်းအပြင် JCI Mandalay မှ ကြီးမှူးကျင်းပခဲ့သည့် 2026 JCI Vice President for Asia and the Pacific Ms. Rajani Thapa ၏ မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ Thank You Dinner ဂုဏ်ပြုညစာစားပွဲ အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် The Governor's Residence ၌ နွေးထွေးစွာ အောင်မြင်စွာ ကျင်းပခဲ့ပြီးအဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ Chief Guest of Honor အဖြစ် နီပေါသံရုံးမှ သံအမတ်ကြီး His Excellency Mr. Harishchandra Ghimire မှ တက်ရောက် အားဖြည့်ပေးခဲ့ပြီး၊ Guest of Honor အဖြစ် 2026 JCI Vice President for Asia and the Pacific Ms. Rajani Thapa မှ တက်ရောက်ခဲ့ပါတယ်။

မရွှေရည်ဝင်းသည်WeGrow Myanmar ရဲ့ Founder အနေနဲ့ ရှေ့ဆက်ပြီးတော့လည်း လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အနာဂတ်လမ်းစဉ်တွေမှာ JCI Mandalay ရဲ့ BOD (Local Treasurer) အနေဖြင့် ဆက်လက်ပါဝင်ထမ်းဆောင်သွားမည်ဖြစ်ပါတယ်။

26/08/2026

🚀 ဘဏ္ဍာရေးနဲ့ စီးပွားရေးလောကထဲ လက်တွေ့ခြေလှမ်းစမယ့် လူငယ်များအတွက် အထူးဝဘ်ဘီနာပွဲကြီး!

အသက်မွေးဝမ်းကျောင်း ဘဏ္ဍာရေးနယ်ပယ်မှာ Investment Analyst တစ်ယောက်အဖြစ် ကျွမ်းကျင်မှုတွေ တည်ဆောက်ပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းသစ် (Startup) တွေအတွက် မတည်ရန်ပုံငွေ ဘယ်လိုရှာမလဲဆိုတာ လေ့လာဖို့ အခွင့်အရေး ရောက်ရှိလို့လာပါပြီ! 💡✨

WeGrow Myanmar ရဲ့ မိတ်ဖက် သစ္စာမျိုးစေ့ (Seeds of Trust) နဲ့ School of Business and Investment Management မှ ဆရာအောင်သိန်းထွန်း တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ စွန့်စားရမှုနည်းပြီး တန်ဖိုးမြင့် ပိုင်ဆိုင်မှုတွေကို လက်တွေ့ဆန်းစစ်မယ့် အလုပ်သင်အစီအစဉ် (Internship Program) နဲ့ ပတ်သက်တဲ့ အထူးဝဘ်ဘီနာပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။

🔥 ဒီ webinar မှာ ဘာတွေ လေ့လာရမလဲ။

* 📊 Investment Analyst တိုင်း သိထားရမယ့် Core Skills များ — Cross-Asset Valuation၊ Risk Analysis နဲ့ တန်ဖိုးရှိ ပို့ဖိုလီယို (Portfolio) တွေ ပြင်ဆင်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်မယ့် Pitching နည်းလမ်းများ။
* 🏢 ပိုင်ဆိုင်မှု အမျိုးအစားစုံ (Diverse Asset Classes) ဆန်းစစ်နည်း — Stocks အပြင် Bonds (ခံဝန်ချုပ်များ)၊ Precious Metals (အဖိုးတန်သတ္တုများ)၊ Commercial Real Estate (စီးပွားရေးသုံး အိမ်ခြံမြေ) နဲ့ Trade Credit များကို ဘဏ္ဍာရေးအမြင်နဲ့ လေ့လာခြင်း။
* 🔄 Phased Pitching Strategy — ကိုယ်တိုင် ပြင်ဆင်ထားတဲ့ ပို့ဖိုလီယိုကို ပထမအဆင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ၊ ထိုမှတစ်ဆင့် ဒုတိယအဆင့် ပြည်ပရင်းနှီးမြှုပ်နှံသူများထံ တင်ပြမယ့် မဟာဗျူဟာ။
* 💰 Seed Fund & Trade Ecosystem — ပို့ဖိုလီယိုမှရရှိလာတဲ့ အမြတ်ငွေအချို့နဲ့ တက်ရောက်သူ လူငယ်များရဲ့ Regenerative Startups တွေကို ရန်ပုံငွေ ပြန်လည်မတည်ပေးမယ့် စနစ်နဲ့ ထွက်ရှိလာမယ့် ထုတ်ကုန်/ဝန်ဆောင်မှုများကို ရင်းနှီးမြှုပ်နှံသူများနှင့် ပြန်လည် ကုန်သွယ်မှုပြုမယ့် စက်ဝိုင်းပုံစံ။
* 🎓 Internship & Hands-on Opportunity — Webinar အပြီး လက်တွေ့ ပါဝင်ခွင့်ရမယ့် အလုပ်သင်အစီအစဉ် အသေးစိတ်နှင့် လျှောက်ထားပုံ။

📅 ပွဲကျင်းပမည့် အသေးစိတ်

* ရက်စွဲ: စနေနေ့ (August 29, 2026)
* အချိန်: ည ၈:၃၀ နာရီ (မြန်မာစံတော်ချိန်)
* နေရာ: Online (Zoom / Live Link ကို စာရင်းသွင်းပြီးပါက ချက်ချင်း ပို့ပေးပါမည်)
* ဟောပြောသူ: ဆရာအောင်သိန်းထွန်း (School of Business and Investment Management)
🎯 ဘယ်သူတွေ တက်ရောက်သင့်သလဲ။
* ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် Asset Management နယ်ပယ်ထဲ ဝင်ရောက်လိုသူများ
* ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း/Startup တည်ထောင်လိုပြီး ရန်ပုံငွေရှာဖွေနည်း သင်ယူချင်သူများ
* လက်တွေ့ကျတဲ့ အလုပ်သင် အတွေ့အကြုံ ရယူချင်ကြတဲ့ ကျောင်းသား/သူများနှင့် လူငယ်များ
စာတွေ့ကနေ လက်တွေ့ ရင်းနှီးမြှုပ်နှံမှု ပို့ဖိုလီယိုတွေ စီမံခန့်ခွဲပြီး ကိုယ်ပိုင် စီးပွားရေးအိမ်မက်များကို အကောင်အထည်ဖော်ဖို့ ဒီစနေနေ့မှာ ဆုံကြရအောင် WeGrow Myanmar ရဲ့ မိတ်ဆွေတွေကို ဖိတ်ခေါ်လိုက်ပါတယ်နော်! ✨

🔗 အခုပဲ စာရင်းပေးသွင်းရန် လင့်ခ်ကို နှိပ်ပါ: https://forms.gle/gUEKFVAwZUgJ3mny6

19/08/2026

Happy birthday WeGrow Myanmar!
🎂🎁🎊💓

ယနေ့ဟာဆိုရင်ဖြင့် WeGrow ကိုစတင်တည်ထောင်ခဲ့တာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ

အမှတ်တယ တွေအများကြီးနဲ့ ကြိုးစားရုန်းကန်ပေးခဲ့ကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်🙏

တစ်ချို့ကလည်း ဆက်မလိုက်လာကြတော့ဘူး၊ အနည်းငယ်လောက်ကပဲ ဆက်ပါလာနိုင်ကြပါတယ်
Volunteer တွေနဲ့ စခဲ့လို့ Community ကို အကောင်းဆုံး စိတ်ကျေနပ်စေခဲ့မယ် မျှော်လင့်ပါတယ်

WeGrow နဲ့ လက်တွဲသည်ဖြစ်စေ၊ မတွဲတော့သည်ဖြစ်စေ WeGrow ရဲ့ founder တစ်ယောက်အဖြစ် အမြဲ အမှတ်တယ ကျေးဇူးတင်နေပါတယ်🙏

လူငယ်တွေရဲ့ Creation တွေကို WeGrow မှာ တဝကြီး လေ့လာခွင့်ရမှာပါ။ စည်းမျဉ်းတွေဘောင်တွေ မထားပဲ မိမိ ရဲ့ ဖန်တီးနိုင်စွမ်းကို အကန့်သတ်မဲ့ လုပ်ဆောင်ခွင့်ပေးထားပါတယ်🤗

ဆက်လက်ကြိုးစားကြမယ်နော်👍💪

Community အတွက် Volunteer တွေလည်း ခေါ်ဖို့ရှိပါတယ်, Training တွေ၊ Event တွေလည်းလုပ်ဖို့ရှိနေပါတယ်

ဒါကြောင့် WeGrow Page ကို Follow လုပ်ထားပြီး Stay tuned 🎉🥳

13/08/2026

✨ အင်္ဂလိပ်စာအပြောစွမ်းရည်အတန်း (English Speaking Class) ရဲ့ အမှတ်တရပုံရိပ်များ ✨

မနေ့က Tr. Zinnia နဲ့အတူ လုပ်ငန်းရှင်များ အားလုံး စုံစုံလင်လင်နဲ့ ပျော်ပျော်ပါးပါး ဆွေးနွေးလေ့ကျင့်ခဲ့ကြပါတယ်။💁

🌻လုပ်ငန်းတစ်ခု တိုးတက်ဖို့အတွက် ဆက်သွယ်ပြောဆိုမှုစွမ်းရည်က အလွန်အရေးပါတာမို့ အခုလို လူတိုင်း စိတ်ပါဝင်စားစွာ ပါဝင်အားစိုက်ခဲ့ကြတာ တကယ်ကို ဝမ်းမြောက်စရာပါ။
အချင်းချင်း ဖေးမကူညီရင်း အတူတကွ တိုးတက်အောင်မြင်မယ့် အသိုက်အဝန်းလေးတစ်ခု ဖြစ်လာတဲ့အတွက်လည်း အထူးပဲ ဂုဏ်ယူမိပါတယ်။

အကောင်းဆုံး လမ်းညွှန်သင်ကြားပေးခဲ့တဲ့ Tr. Zinnia နဲ့ တက်ရောက်သူ လုပ်ငန်းရှင်တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။🙏

နောက်ထပ် သင်တန်းချိန် ၁၉ ကြိမ် ကျန်ရှိ‌သေးလို့မပျက်မကွက်တက်ရောက်ဖို့ အသိပေးလိုက်ပါတယ်။ ဒါမှ Certificate ရမှာနော်🤗

ဒါ့အပြင် ကျွန်မတို့ WeGrow ရဲ့ English conversational club ကိုလည်း ထပ်မံဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 💪

🌟 အားလုံးပဲ တကယ်ကို တော်ကြပါတယ်ရှင်။ ရှေ့ဆက်ပြီးလည်း အောင်မြင်မှုတွေ အများကြီး သိမ်းပိုက်နိုင်ပါစေ။ 💪❤️

🤝 ပူးပေါင်းစီစဉ်သူများ -
- WeGrow Myanmar
- Community Tea Talk (Developing the SME Community)

09/08/2026

How to Differentiate Between a Leader and a Manager?

Leader နဲ့ Manager ဘာတွေကွာခြားလဲ?

အလုပ်ခွင်မှာ Team တစ်ခုကို ဦးဆောင်နေတဲ့အခါ
Manager တစ်ယောက်ဖြစ်ရုံနဲ့ လုံလောက်ပြီလား?

Manager တစ်ယောက်နဲ့ Leader တစ်ယောက်ရဲ့ တာဝန်၊ အတွေးအခေါ်နဲ့ Leadership Approach တွေက ဘာတွေကွာခြားလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။

ဒီအကြောင်းအရာတွေကို လက်တွေ့ HR အတွေ့အကြုံ ၁၀ နှစ် ရှိတဲ့ HR Professional တစ်ဦးထံကနေ လေ့လာနိုင်ဖို့ WeGrow မှ “How to Differentiate Between a Leader and a Manager?” ဆိုတဲ့ Free Zoom Webinar ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီ Webinar မှာ ဆွေးနွေးပေးမယ့် Speaker ကတော့လက်ရှိမှာ HRBP Career Pathway ကို လျှောက်လှမ်းနေသူတစ်ဦးဖြစ်ပါတယ်။ ပညာရေးအနေနဲ့ MAB (General Management) နှင့် BA (Economics) တို့ကို ရရှိထားပြီး၊ လူငယ်တွေရဲ့ အသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် Knowledge for Youths Organization (NGO) နှင့် Amaeyeik (INGO) တို့ရဲ့ CSR Teaching Program တွေမှာလည်း ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

HR နယ်ပယ်မှာ နှစ်ပေါင်းများစွာ လက်တွေ့အတွေ့အကြုံရှိတဲ့ ကိုမျိုးအောင် ထံကနေ Leader နဲ့ Manager ကြားက ကွာခြားချက်တွေ၊ လုပ်ငန်းခွင်မှာ လိုအပ်တဲ့ Leadership Mindset တွေအကြောင်း လေ့လာကြရအောင်။

📢 WeGrow Free Zoom Webinar
📅 Date: 22 August 2026
⏰ Time: 8:00 PM – 9:00 PM
💻 Platform: Zoom
🎟️ Free Webinar

Leader နဲ့ Manager ကြားက ကွာခြားချက်ကို သိချင်တယ်ဆိုရင်
ဒီ Webinar ကို မလွတ်လိုက်ပါနဲ့။

Register လေးတင်ထားလိုက်ပါနော်👇
https://forms.gle/rq2euFHqWdEvHWd77

Join WeGrow’s Free Webinar & Learn from Real HR Experience.

Photos from WeGrow's post 02/08/2026

🌟 MDEA ရဲ့ Digital Myanmar Talent & Career Fair ပွဲမှာ ကျွန်မတို့ WeGrow အနေနဲ့ ကိုယ်တိုင်ဝင်ကူညီပေးဖြစ်ခဲ့ပါတယ်။ပွဲထဲမှာပဲ လူအုပ်ကြီး ထိန်းလိုက်၊ လာတဲ့သူတွေကို လိုက်ကူညီပေးလိုက်၊ ပွဲအဆင်ပြေအောင် လိုက်လုပ်ပေးလိုက်နဲ့ တစ်နေ့လုံး မနားတမ်း လှုပ်ရှားနေခဲ့ရတာ။

လူငယ်တွေနဲ့အတူ ထိုင်ပြီး သူတို့ရဲ့ Career လမ်းကြောင်းတွေအကြောင်းနဲ့ လက်ရှိ IT Industry အခြေအနေတွေကို ဆွေးနွေးခွင့်ရခဲ့တာကတော့ ဒီနေ့ပွဲရဲ့ အကြိုက်ဆုံး အပိုင်းပါပဲ။ 💁

ဒါ့အပြင် ကုမ္ပဏီ booth အသီးသီးက လူတွေနဲ့ပါ ရင်းရင်းနှီးနှီး စကားပြောခွင့်ရပြီး မိတ်ဆွေအသစ်တွေ တိုးခဲ့ပါသေးတယ်။ 🤝

တကယ့်ကို အလုပ်ရှုပ်တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပေမဲ့ တက်ကြွနေတဲ့ လူငယ်တွေကော၊ လုပ်ငန်းခွင်က မိတ်ဆွေတွေနဲ့ပါ IT အကြောင်းတွေ အပြန်အလှန် ပြောဖြစ်ခဲ့တာမို့ ပင်ပန်းရကျိုး တကယ်နပ်ပါတယ်။

29/07/2026

🌕 WeGrow Myanmar မိသားစုဝင်များအားလုံး ဝါဆိုလပြည့်နေ့မှာ စိတ်နှလုံး အေးချမ်းကြပါစေ

🌕ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့် (ဓမ္မစက်အခါတော်နေ့) ဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်က တရားဦးဓမ္မစကြာကို စတင်ဟောကြားပြီး သာသနာတော်ရဲ့ "မျိုးစေ့" ကို စတင်ချမှတ်ပေးခဲ့တဲ့ ထူးမြတ်တဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။

စတင်ပျိုးထောင်လိုက်တဲ့ တရားမျိုးစေ့လေးဟာ ကမ္ဘာတစ်ဝန်းလုံးကို အေးငြိမ်းမှုတွေ ပေးစွမ်းနိုင်ခဲ့သလိုပဲ၊ WeGrow မိတ်ဆွေများလည်း မိမိတို့ရဲ့ စွမ်းရည်တွေ၊ အသိပညာတွေနဲ့ စိတ်ကူးအိမ်မက်တွေကို စဉ်ဆက်မပြတ် ပျိုးထောင်ရှင်သန်ခွင့် ရကြပါစေ။

ဤထူးမြတ်လှသော နေ့ရက်မှစ၍ WeGrow အဖွဲ့ဝင်များနှင့်တကွ လူငယ်ထုတစ်ရပ်လုံး အခွင့်အလမ်းသစ်များစွာနှင့်အတူ ဘဝခရီးလမ်းမှာ ပိုမိုတောက်ပပြီး အောင်မြင်စွာ ကြီးထွား (Grow) နိုင်ကြပါစေကြောင်း မေတ္တာမွန် တောင်းဆုပြုလိုက်ရပါသည်ရှင်။ 🙏✨

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when WeGrow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.