Daily View
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daily View, Digital creator, Yangon.
21/06/2026
အဖေက အလုပ်တွေများနေလို့ မူကထစားဖို့အတွက် ကျောင်းက သားသူငယ်ချင်းတွေကို ဖိတ်ခိုင်းတယ်။
ဒါပေမဲ့ သားက သူငယ်ချင်း အယောက် ၃၀ကို ဖိတ်လာခဲ့ပါတယ်ရှင့်။
သားလေးက အဖေ့စကားကို သိပ်နားထောင်တာ၊ သူငယ်ချင်း ၃၀တောင် ဖိတ်ခဲ့တာ၊ အဖေ ငိုရမလား ရယ်ရမလားဆိုပီး ဖခင်ဖြစ်သူက ပိုစ့်တင်ခဲ့ပါတယ်။
အဖေ အလုပ်မအားလို့ သားရဲ့ သူငယ်ချင်းတွေ ဖိတ်ပီး မူကထသွားစားကြ၊ အဖေ ဆိုင်ကို ပိုက်ဆံရှင်းပေးလိုက်မယ်လို့ ပြောခဲ့တယ်။
သားက သူငယ်ချင်း အယောက် ၃၀ခေါ်လာတာ အဖေက မသိဘူးရှင့်။
အဲလိုနဲ့ မူကထဆိုင်ကို ကလေး ၁၀ယောက် စားသုံးထားတဲ့ မူကထဖိုး အတွက် ပိုက်ဆံရှင်းပေးဖို့ ဖုန်းဆက်ခဲ့တယ်။
မူကထဆိုင်က ဘာပြောလဲဆိုရင် မင်း ရဲ့ သားက ၁၀ယောက် ခေါ်လာတာ မဟုတ်ဘူး။
အယောက်၃၀ခေါ်လာတာတဲ့ရှင့်။ ဘာပြောလဲဆိုတော့ ငါ့ အဖေက ချမ်းသာတယ် မူကထ အဝစားလို့ ပြောခဲ့တယ်။
အဲတော့ အဖေရဲ့ ပိုစ့်ကို တွေ့တဲ့သူတွေက နောက်တခါဆို အဖေ ဘယ်နှစ်ဦး ဖိတ်ရမလဲ ဆိုတာကို အတိအကျ ပြောပါတဲ့။
#ขอบคุณ #ประเทศไทย #นานปียะ
Thailand News
Daily View
15/06/2026
နမည်ကြီးအမှတ်တဆိပ် လုချင်းအတု အမျိုး၂၀ကို ဝယ်ထား စားသုံးနေသူတွေအတွက် တာဝန်ရှိ လူကြီးတွေက ကျန်းမာရေးအတွက် အရေးတကြီးထုပ်ပြန်။
15ရက်နေ့မှာ- ပထုန်ဌာနီ လုချင်းတု စက်ရုံ ကနေ ထုပ်လုပ်ဖြန်ချီတဲ့ လုချင်းအတု အမျိုး ၂၀ကို မစားသုံးကြဖို့၊ ရှောင်ကြဖို့ သတင်းတက်လာပါတယ်ရှင့်။
ဒီလုချင်းတွေကို သိမ်းလိုက်ပေမဲ့ ပစ္စည်းတွေက စျေးကွက်ထဲ ရောက်တဲ့ဟာက ရောက်နေပီ။
အားလုံးသိမ်းရမိတာ အထုပ်ရေပေါင်း (10,416-တန်ဖိုးငွေ ဘတ် 7000,000သန်း ရှိပါတယ်ရှင့်။
ကျန်းမာရေး အရ စစ်ဆေးချက် မအောင်ထားတာရယ်၊
စားသုံးမသင့်ကြောင်းနဲ့ အထဲမှာ ဓာတုဆေးတွေ ပါတယ်လို့ ပြောလာပါတယ်။
ပြောလာပေးတဲ့ အမျိုး၂၀ကို ရောင်းချခွင့် မရှိသလို၊ စားသုံးရင် အန္တရာယ်ရှိစေနိုင်ပါတယ်။
တကယ်လို့ မိမိတို့ရဲ့- ရေခဲသေတ္တာထဲမှာ ရှိနေရင် သိမ်းထားမိရင် မသမြောပဲ ပစ်ထုပ်လိုက်ပါလို့ သတိပေးလာပါတယ်။
အပြည့်အစုံ လုချင်း၂၀ပုံကောမတ်မှာပုံရှိပါတယ်။
မူရင်းထိုင်းသတင်း-อีจัน.work point 23
#ขอบคุณ #ประเทศไทย #นานปียะ
Thailand News
22/03/2026
အချိန်တွေကြာလာတာနဲ့အမျှ လူတွေ၏ နှလုံးသားထဲမှာ စုပုံလာတာက ကြောက်ရွံ့မှုမဟုတ်တော့ဘူး — နာကြည်းမှုပါ။ မလူများစွာ ဘဝပျက်စီးသွားရတယ်လို့ လူထုအများက ခံစားနေကြတယ်။ မိသားစုတွေ ခွဲခွာရ၊ ကိုယ့်မြေကို စွန့်ခွာပြီး တိုင်းတပါးသို့ ထွက်ပြေးရတဲ့ ပြည်သူတွေ များလာတာဟာ အလွန်နာကျင်စရာ ဖြစ်နေတယ်။
လူတွေက တောင်းဆိုခဲ့တာက အာဏာမဟုတ်ဘူး — လုံခြုံစွာ နေထိုင်ခွင့်၊ အလုပ်လုပ်စားနိုင်ခွင့်၊ မိသားစုနဲ့ အေးချမ်းတဲ့ဘဝပဲ။ ဒါပေမယ့် အကြောင်းမျိုးမျိုးနဲ့ ဖိအားပေးမှုတွေ၊ အခက်အခဲတွေ၊ ကြောက်ရွံ့မှုတွေ ကြားမှာ အသက်ရှင်နေရတဲ့ ပြည်သူများအတွက် နေ့တိုင်းဟာ စမ်းသပ်မှုတစ်ခုလို ဖြစ်နေတယ်။
တချို့သူတွေ အသက်ဆုံးရှုံးရတာ၊ တချို့သူတွေ နေရပ်စွန့်ခွာရတာတွေက လူသားတန်ဖိုးကို မေးခွန်းထုတ်စေတယ်။ နာကြည်းမှုဆိုတာ မုန်းတီးမှုကနေ မဟုတ်ဘဲ နာကျင်မှုကနေ မွေးဖွားလာတာပါ။ မိဘတွေ မျက်ရည်ကျရတဲ့နေ့တွေ၊ ကလေးတွေ အနာဂတ်မသေချာတဲ့နေ့တွေ များလာတဲ့အခါ လူထုရဲ့ အသံဟာ ပိုပြီး ခံစားချက်ပြင်းထန်လာတတ်တယ်။
တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လူသားတန်ဖိုးကို လေးစားတဲ့နေ့တစ်နေ့ ရောက်လာမယ်လို့ လူများစွာ မျှော်လင့်နေကြတယ်။ နာကျင်မှုတွေကို မှတ်မိနေသရွေ့ အမှန်တရားကိုလည်း မေ့ပျောက်မသွားနိုင်ပါဘူး။
#နာကြည်းသောအသံ
#ပြည်သူများ၏နာကျင်မှု
#ငြိမ်းချမ်းမှုလိုချင်
#တရားမျှတမှုလိုအပ်
#ပြည်သူအသံ
#အမှန်တရားမပျောက်
Credit to the original owner
17/02/2026
ဘန်ကောက်သို့ ဝင်/ထွက်မည့် ခရီးသည်များ သတိပြုရန်
March 1 ရက်မှစ၍
Don Mueang International Airport မှာ
လမ်းပန်းဆက်သွယ်ရေး စီမံခန့်ခွဲမှု စည်းမျဉ်းအသစ်များကို အကောင်အထည်ဖော်မည်ဖြစ်သည်။
🚫 လေဆိပ်အတွင်းသို့ အငှားမဟုတ်သော ကားများ (အလွတ်ကား/မီတာမဖွင့်သောကား) ဝင်ရောက်ပြီး ခရီးသည်တင်ဆောင်ခြင်းကို တားမြစ်မည်ဖြစ်ပြီး
#လုံခြုံရေးနှင့် လမ်းစနစ် တိုးတက်စေရန် ရည်ရွယ်သည်။
📌 အဓိကရည်ရွယ်ချက်များ
✅ မသမာသူများ ယာဉ်မောင်းအဖြစ် အယောင်ဆောင် လိမ်လည်မှုများကို ကာကွယ်ရန်
✅ ယာဉ်အားလုံး မှတ်ပုံတင်ထားရမည် (နောက်ဆက်တွဲ စုံစမ်းနိုင်ရန်)
✅ လေဆိပ်ရှေ့ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရန်
✅ စျေးတင်တောင်းခြင်းနှင့် ခရီးသည်ငြင်းပယ်ခြင်းများ မဖြစ်စေရန်
⸻
🚖 တက်စီ/ယာဉ်တင်ဆောင်ရန် နေရာအသစ်များ
🚕 Meterတက်စီ (Taxi)
📍 Terminal 1 – မြေညီထပ် Gate 8
📍 ၇ ထပ်ကားရပ်နားရုံ – မြေညီထပ်
⚡ EV Taxi & CABB Taxi
📍 Terminal 1 – မြေညီထပ် Gate 7 (ဝန်ဆောင်မှုကောင်တာ)
🚗 Grab
📍 Service ကောင်တာ – Terminal 2 မြေညီထပ် ဂိတ် ၁၂
📍 တက်စီးရန်နေရာ
• Terminal 1 – မြေညီထပ် Gate 3-4 ( International Flight)
• Terminal 2 – မြေညီထပ် Gate 11-14
⸻
📢 ခရီးသည်များအတွက် အကြံပြုချက်
✔️ လူများများချိန်တွင် #စောင့်ဆိုင်းချိန်ရှိနိုင်သဖြင့် အချိန်လုံလောက်စွာ ကြိုတင်စီစဉ်ပါ
✔️ ရောက်ရှိပြီးနောက် တရားဝင် တက်စီးရန်နေရာသို့သာ သွားပါ
✔️ မသိသူများ သို့ ပုဂ္ဂလိကကားများ၏ ဖိတ်ခေါ်မှု မလိုက်ပါနှင့်
26/01/2026
Sis
18/01/2026
နော်
Category
Telephone
Website
Address
Yangon