Intellect Forest English Classes
Language Courses
Zoom Classes
One on One Classes
Special Private Classes
Educational Contents, Opportunities Sharing
19/08/2026
Hello English Learners!!
It's Tr Serena here.👒
ဒီနေ့မှာဆိုရင် TikTokမှာ Trending Topic ဖြစ်နေတဲ့ British English နဲ့ ပတ်သက်တဲ့ မထင်မှတ်စရာ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။🇬🇧
🎧Firstly, listen to this short dialogue:
Brendon: Hey Austin! Do you wanna go grab some matcha latte? There's a famous spot just around the corner.
Austin: Ummm... Could do.
🧐ဒီနေရာမှာ Austin တစ်ယောက် "Could do"လို့ အေးစက်စက်လေး ပြန်ဖြေလိုက်တဲ့ အကြောင်းအရာလေးကို ဆက်ပြောပြပေးချင်ပါတယ်။ Yes/Noလို့လည်း တိုက်ရိုက်မဖြေဘဲ ဘာလို့ ဒီလိုမျိုး ဖြေလိုက်တာလဲပေါ့။
🫣In British English, "Could do" doesn't always mean we could actually do it!
😯သူ့မှာ Hidden meaning သွယ်ဝိုက်ယူရတဲ့ အဓိပ္ပာယ်တစ်ခု ရှိပါတယ်။ ဒါကတော့"မလုပ်ချင်ဘူး၊ အဲ့ဒီ Idea ကို သဘောမကျဘူး" လို့ ပြောချင်တာပါ။ American တွေ 'Maybe' လို့ ပြောပြီး ယဉ်ယဉ်ကျေးကျေး ရှောင်ထွက်သလိုမျိုးပေါ့။
🙄ဒါဆိုရင် Brendon ဘာဆက်လုပ်သင့်လဲ?
😮💨Austin က Brendon ကို တခြား Option အသစ်တစ်ခု စဉ်းစားခိုင်းေနတာဖြစ်ပါတယ်၊ ဘာလို့ဆို Brendonအကြံပေးထားတဲ့ဟာကို သူ မကြိုက်လို့ပါ
ဒါကြောင့် အကောင်းဆုံး response ကတော့
🙄"Alright. Then, what do you want to have instead?"
အေး၊ ဒါဆိုရင် ဘာသွားသောက်ကြမလဲ? လို့ ပြောင်းမေးလိုက်ဖို့ပါပဲ။
ဒါပေမဲ့ ဒီလိုမျိုး သူတို့စိတ်ကြိုက် လိုကိတွေးပေးရတယ်ဆိုတိုင်း ကိုယ်က People Pleaser ဖြစ်သွားတာမျိုးတော့ မဟုတ်ဘူးနော်။ နားလည်မှုသဘောနဲ့ သွားတဲ့ပုံစံမျိုးလေးပေါ့။ 😅
⁉️Btw, do you guys know what a "people pleaser" is? Comment down below!
"People Pleaser"ဆိုတာ သိတဲ့ Learnersများ ဖြေပေးသွားနိုင်ပါတယ်နော်❣️
English Contentsလေးတွေ အဆက်မပြတ်လေ့လာချင်တယ်ဆိုရင်တော့ IFECရဲ့ Telegram Channelလေးကို Joinထားလို့ရပါပြီနော်
https://t.me/intellectforestenglish
Do Not Copy
Dear All Learners!🤟
If life gives you lemons...
Ask for salt and tequila. 🍋🥃
Because seriously... what the f**k am I gonna do with lemons? 😂
Sometimes, life doesn't go according to plan.😮💨
So... make the best of it. ✅
ဘဝက သံပရိုသီးတွေပေးလာရင်...
ဆားနဲ့ တက်ကီလာ တောင်းလိုက်မယ်။ 🍋🥃
တကယ်ပါပဲ... သံပုရာသီးတွေနဲ့ ငါ ဘာလုပ်ရမှာလဲဟ? 😂
တစ်ခါတလေ ဘဝက ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတတ်ပါဘူး။
ဒါကြောင့်... ဖြစ်လာတာေတွကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ကြရအောင်။ 🙌
10/07/2026
ကယ်! အဖြေမှန်လေး လာပါပြီနော်❣️✅
✨အဖြေမှန်လေးကတော့ "Person" ဖြစ်ပါတယ်ရှင်။
ကျန်တဲ့ Nounsတွေဟာဆိုရင်ဖြင့် Plural Nouns တွေ ဖြစ်ပြီးတော့ Personတစ်လုံးတည်းကသာလျှင် Singularဖြစ်နေတာမို့လို့ပါ။
✨မင်မင်တို့ နောက်ထပ်Learningလုပ်လို့ရတာလေးကတော့ Singular to Pluralပြောင်းတဲ့နေရာမှာ Irregularဖြစ်နေတာလေးတွေပါ။ ပုံမှန်အားဖြင့် Pluralပြောင်းတယ်ဆိုရင် s/es/ies သုံးကြပေမယ့် ဒီလိုစကားလုံးတွေမှာဆိုရင်တော့ မသုံးကြပါဘူး။ ဒါကြောင့် Irregularဖြစ်တယ်လို့ခေါ်ကြပါတယ်။
Child - Children
People
Woman - Women
✨"A person was standing near the beach" လို့ သုံးလို့ရပေမယ့်
"3 persons were standing near the beach"လို့ သုံးတာက သိပ်မတွေ့ရပါဘူး။ Formalဖြစ်တယ်လို့ ယူဆရပါတယ်။
Instead မင်မင်တို့ "3 people were standing near the beach"လို့သုံးတာက ပိုပြီး suitableဖြစ်ပါတယ်နော်။
#
#
#
03/07/2026
ဒီစာလုံး ၄လုံးထဲမှာ ဘယ်တစ်လုံးက ကျန်၃လုံးနဲ့ မသက်ဆိုင်တာလဲ? ဘာကြောင့်လဲ? 😯
အဖြေလေးကိုတော့ Commentမှာ ရေးပေးခဲ့နိုင်ပါတယ်။ ⌨️
ဘာကြောင့်မို့လို့ပါဆိုတာလေးကော ရေးဖို့မမေ့ပါနဲ့နော်🥰
အဖြေမှန်လေးကိုတော့ မင်မင်တို့Pageနဲ့ Telegram Channelမှာ တင်ပေးသွားမှာမို့ Join & Followလုပ်ထားဖို့ မမေ့ပါနဲ့နော်🫶
Telegram Channel 🔗
https://t.me/intellectforestenglish
02/07/2026
📚 ကိုယ်တိုင်လေ့လာတာနဲ့ သင်တန်းတက်တာ…
သင့်အတွက် ဘယ်နည်းလမ်းက ပိုထိေရာက်သလဲ? 🤔
လူတိုင်းရဲ့ သင်ယူပုံက မတူကြတဲ့ အတွက် အဖြေမှန်ရယ်လို့တော့မရှိပါဘူး။
တချို့က ကိုယ်တိုင် စာအုပ်၊ Video တွေနဲ့ လေ့လာရတာကို နှစ်သက်ကြပြီး၊ တချို့ကတော့ ဆရာ၊ ဆရာမရဲ့ လမ်းညွှန်မှုနဲ့ အတူ လေ့ကျင့်ရတာက ပိုပြီး တိုးတက်မြန်တယ်လို့ ထင်ကြတယ်။
✨ သင်ရော ဘယ်လို သင်ယူရတာကို ပိုကြိုက်လဲ?
🟢 ကိုယ်တိုင်လေ့လာတာ
🟡 သင်တန်းတက်တာ
ဘာကြောင့်လဲဆိုတာလေးရော Comment မှာ မျှဝေပေးသွားလို့ရပါတယ်🌳
📚 Self-study or attending a class?
There's no one-size-fits-all answer.
Some people enjoy learning at their own pace with books and videos.
Others learn faster with guidance, practice, and feedback from a teacher.
✨ What about you?
💬 Which one works better for you?
🟢 Self-study
🟡 Attend a class
Tell us why in the comments! We'd love to hear your learning experience. 🌱
29/06/2026
အသံထွက်အမှားလေးတွေ ပြင်ဖို့ ၂မိနစ်လောက်အချိန်ရှိလား? 👀
English Learnersတော်တော်များများ မှားတတ်ကြတဲ့ အသံထွက်ကလေးတွေကို Practiceလုပ်သွားကြည့်လိုက်ပါနော်🙌
Videoလေးတွေနဲ့အတူ Practiceလုပ်ချင်တယ်ဆိုရင်တော့ Telegram Channelလေးပါ Joinထားလို့ရပါပြီ🫶
https://t.me/intellectforestenglish
24/06/2026
Small steps create big growth🌱
A tree does not become strong overnight.
It grows slowly,
one root,
one branch,
one leaf at a time.
Learning English is the same.
One new word today.
One new sentence tomorrow.
One small improvement every day.
Little by little, confidence grows. 🌳
Welcome to Intellect Forest, a place where learning grows.🎯
သေးငယ်တဲ့ ခြေလှမ်းလေးတွေကနေပဲ တိုးတက်မှုကြီးကြီးမားမားတွေ ဖြစ်လာကြတာပါ။
သစ်ပင်တစ်ပင်ဟာ တစ်ညတည်းနဲ့ ကြီးထွားလာမှာ မဟုတ်ပါဘူး။
အမြစ်တစ်ခုချင်းစီ၊
အကိုင်းတစ်ခုပြီးတစ်ခု၊
အရွက်တစ်ရွက်ချင်းစီနဲ့ တဖြည်းဖြည်း ကြီးထွားလာတာပါ။
အင်္ဂလိပ်စာ လေ့လာခြင်းကလည်း ထိုနည်းပါပဲ။
ဒီနေ့ စကားလုံးအသစ်တစ်လုံးလေ့လာမယ်၊
မနက်ဖြန် စာကြောင်းအသစ်တစ်ကြောင်း၊
ဒီလိုနဲ့ နေ့တိုင်းမှာ တိုးတက်မှုသေးသေးလေးတစ်ခုစီရလာတာဖြစ်ပါတယ်။
တဖြည်းဖြည်းကြိုးစားရင်နဲ့ ယုံကြည်မှုတွေတိုးလာပါလိမ့်မယ်။ 🌳
လေ့လာမှုတွေ ရှင်သန်ကြီးထွားရာ နေရာတစ်ခုဖြစ်တဲ့ Intellect Forest မှ ကြိုဆိုပါတယ်။🥰
13/01/2026
တီချယ်တို့ ကျောင်းသူ၊ကျောင်းသားတွေ အင်္ဂလိပ်စာကို ဘာလို့သင်နေတာလဲ? စာမေးပွဲဖြေဖို့တစ်ခုတည်းတင် မဟုတ်ပါဘူး၊ ကမ္ဘာကြီးနဲ့ ချိတ်ဆက်ဖို့ပါ ပါတယ်နော်။ 😊
ဒါကြောင့် Intellect Forest Pageလေးကနေ သင်ခန်းစာတွေအပြင် နောက်ထပ် ထူးခြားတာတွေကို မျှဝေပေးတော့မှာပဲ ဖြစ်ပါတယိဆိုတာကို သတင်းကောင်းပါးပါရစေ😇🥳
🌳နိုင်ငံတကာ ပညာသင်ဆုများ 🎓
🌳ပြည်ပ အပြန်အလှန်လဲလှယ်ရေး အစီအစဉ်များ ✈️
🌳အခမဲ့ တက်ရောက်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ သင်တန်းများ 💻
ဒီလို တစ်ကမ္ဘာလုံးမှာရှိတဲ့ အခွင့်အလမ်းကောင်းတွေကို လက်လွတ်မခံရအောင် Page ကို Follow လုပ်ထားပြီး ကိုယ့်သူငယ်ချင်းတွေအတွက်လည်း Share ပေးလိုက်ရင်း အတူတူလျှောက်လှမ်းနိုင်ကြပါစေနော်❤️
ကမ္ဘာကြီးအနှံ့ကို အတူတူ ခြေဆန့်ကြရအောင်! 🚀
Join our Telegram Channel💚🤍👇
https://t.me/+QGZEeq5eI9U3Mjll
English is your Passport! 🎫🌍
Why are we learning English? It’s not just for exams. It’s to open doors to the world!
We are excited to announce that we’ll be sharing more than just English Language now.
Get ready for:
Global Scholarships 🎓
Exchange Programs ✈️
Free International Courses 💻
We want to help you discover the best opportunities worldwide.
Follow our page and share this post so your friends don't miss out either!
Let’s go global together! 🚀
11/01/2026
ဒီမေးခွန်းကို အမြဲမှားဖြေမိနေသလား? 🛑
Trလတ်တလော သင်တန်းမှာ ကျောင်းသားတွေကို "What are you in the mood for?" လို့ မေးကြည့်တဲ့အခါ အလွဲလေးတစ်ခု သတိထားမိပါတယ်။🤔
ကျောင်းသားအများစုက "I am happy!" (သို့မဟုတ်) "I am in a good mood!" လို့ ပြန်ဖြေကြပါတယ်။
မဟုတ်သေးဘူးေနာ်။ တကယ်တော့ အဓိပ္ပာယ်ကောက်မှားသွားတာပါ! 🤧
တစ်ယောက်ယောက်က "What are you in the mood for?" လို့ မေးတဲ့အခါ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို မေးတာ မဟုတ်ပါဘူး။
အခုလောလောဆယ်မှာ မင်း ဘာလုပ်ချင်လဲ (သို့မဟုတ်) ဘာစားချင်ေနလဲ ဆိုတဲ့ ဆန္ဒကို သိချင်တာပါ။😇
ဘယ်လိုမှန်အောင် ဖြေရမလဲ?
ဒီပုံစံအတိုင်း သုံးကြည့်ပါ - "I’m in the mood for + [စားချင်/လုပ်ချင်တဲ့အရာ]"🍻🍿
ဥပမာလေးနဲ့လေ့လာကြည့်ရအောင်👇
အစားအသောက်: "I’m in the mood for a cup of coffee." (ကော်ဖီတစ်ခွက်လောက် သောက်ချင်စိတ် ပေါက်နေတယ်။) ☕
Activity: "I’m in the mood for a movie." (ရုပ်ရှင် ကြည့်ချင်နေတယ်။) 🎬
တစ်ခုခုကို အာသီသဖြစ်တာ: "I’m in the mood for something spicy!" (အစပ်တစ်ခုခု စားချင်နေတာ!) 🌶️
ကဲ... Trနဲ့ အတူတူ လေ့ကျင့်ကြည့်ရအောင်! 💬
Trတို့ ကဖေးတစ်ခုမှာ အတူတူ ထိုင်နေတယ်လို့ စိတ်ကူးယဥ်ကြည့်ရအောင်။
Trက ဒီpageမှာ စာလေ့လာတဲ့သူတွေကို မေးလိုက်မယ် -
"What are you in the mood for right now?"
Comment မှာ "I am in the mood for _."
ဆိုတာေလးကို အင်္ဂလိပ်လို ဖြေကြည့်ခဲ့ကြဦးနော်။
မှန်၊ မမှန် Trဝင်စစ်ပေးသွားပါမယ်။ 👇😊
Stop Answering This Question Wrong! 🛑
Recently in my class, I noticed a funny misunderstanding.
I asked my students: "What are you in the mood for?"
Many of them smiled and replied: "I am happy!" or "I am in a good mood!"
Wait! That’s actually not what the question means. ✋
When someone asks "What are you in the mood for?", they aren't asking about your emotions. They want to know what you want to do or eat right now.
How to answer correctly: Use the formula: "I’m in the mood for + [Noun / V-ing]"
Easy Examples:
Food: "I’m in the mood for a cup of coffee." ☕
Activity: "I’m in the mood for a romcom movie." 🎬
Specific cravings: "I’m in the mood for something spicy!" 🌶️
Let’s Practice! 💬 Imagine we are at a café right now and I ask you: "What are you in the mood for?"
Answer in the comments below using: "I am in the mood for _."
I’ll be checking your sentences! 👇
Love,
Tr Serena.
31/12/2025
၂၀၂၆ ခုနှစ် မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ မင်မင်မှ ဆုတောင်းပေးလိုက်ပါတယ်နော်! 🎊🥳
ဒီနှစ်အတွင်းမှာ မင်မင်တို့ IFECရဲ့ သင်ယူမှုခရီးစဉ်မှာ ပါဝင်ခဲ့ကြတဲ့အတွက် ကျောင်းသူ၊ကျောင်းသား၊ ဆရာ၊ဆရာမများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ သင်ယူခဲ့တဲ့ သင်ခန်းစာတိုင်း၊ ဖြေဆိုခဲ့တဲ့ Quiz တိုင်းဟာ ကျောင်းသူ၊ကျောင်းသားတိုင်းကို ရည်မှန်းချက်ပန်းတိုင်နဲ့ ပိုမိုနီးစပ်စေခဲ့ပါတယ်။ လာမယ့်နှစ်မှာလည်း အတူတူ ဆက်လက်ကြိုးစားကြရအောင်။
တောက်ပပြီးအောင်မြင်တဲ့၊ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်ေမြာက်နိုင်တဲ့ နှစ်သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေကြောင်း မင်မင်မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🌟☺️
🍇သီးလေးလည်း စားပြီးကြပြီလားရှင်း?🥳🤭
Happy New Year 2026! 🎊
Thank you for being a part of our learning community this year. Every lesson, every quiz, and every mistake you made brought you closer to your goals. Let's keep growing together in the coming year!
Wishing you a bright, successful, and "fluent" New Year! 🌟
#2026
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Friday | 09:00 - 19:00 |
| Saturday | 09:00 - 19:00 |
| Sunday | 09:00 - 19:00 |