KBTC - PreSchool

KBTC - PreSchool

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KBTC - PreSchool, Nursery, 7mile Campus, , No. 35, Pyay Road, 7 Ward, Mayangone Township, Yangon.

Photos from KBTC - PreSchool's post 09/09/2026

𝐇𝐚𝐩𝐩𝐲 𝐊𝐢𝐝𝐬, 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐦𝐢𝐥𝐞!
သားသားမီးမီးတို့ရဲ့ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐓𝐢𝐦𝐞𝐬

သားသားမီးမီးတို့ရဲ့ စိတ်ကူးတွေကို လက်တွေ့အသက်သွင်းမယ့် 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐓𝐢𝐦𝐞𝐬 လေး ကျ‌ရောက်လာပြီဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ဆော့ကစားရင်း တက်တက်ကြွကြွနဲ့ အသစ်အသစ်တွေကို သင်ယူနေကြတဲ့ 𝐊𝐁𝐓𝐂 မှ သားသားမီးမီးလေးတို့ရဲ့ ချစ်စရာအပြုံး ပုံရိပ်လေးတွေကို ဖေဖေ၊မေမေတို့အတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

𝐊𝐁𝐓𝐂 မှာဆိုရင် ကျောင်းသူ၊ ကျောင်သားတို့ရဲ့ ပညာရေးတစ်ခုထဲသာမက နေ့စဥ်ဘဝအတွက်လိုအပ်တဲ့ 𝐒𝐤𝐢𝐥𝐥𝐬 များကိုပါ သင်ကြားပေးနေတဲ့ အတွက်ကြောင့် ဖေဖေ၊ မေမေတို့ရဲ့ အဖိုးတန် ချစ်စရာသားသား၊ မီးမီးလေးတွေကို အခုလို နိုင်ငံတကာအဆင့်မီ သင်ကြားမှုပုံစံများနှင့် ပျော်ရွင်စွာ သင်ယူစေလိုတယ်ဆိုရင် 𝐊𝐁𝐓𝐂 နှင့်လက်တွဲနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။

07/09/2026

ပျားလေးတွေက ပန်းရှိရာကို ဘယ်လိုသိကြတာလဲ? 🐝🌻

လေပြေလေညှင်းလေးတွေတိုက်တဲ့အခါ လေယူရာ ယိမ်းနွဲ့နေပြီး ‌ရောင်စုံပန်းပွင့်လေးတွေနဲ့ လှပနေတဲ့ ပန်းခင်းကြီးတွေကို သားသား၊မီးမီးတို့ မြင်ဖူးကြလား ?

ဒီပန်းခင်းကြီးတွေဆီကို အဝါရောင်ပျားလေးက မျက်စိမလည် လမ်းမမှားပဲ ဘယ်လိုမျိုးသိပြီ လာကြလဲဆိုတာကိုရော သားသား၊မီးမီးတို့ တွေးဖူးကြလား?
သဘာဝတရားကြီးက ဆန်းကျယ်ပြီး လှပနေသလို ပျားလေးတွေမှာလည်း ပန်းလေးတွေနေရာကို သိရှိနိုင်တဲ့ ဆန်းကျယ်တဲ့စွမ်းအင်လေးတွေရှိကြပါတယ်။
ပန်းလေးတွေမှာ သဘာဝအတိုင်းမွေးပျံတဲ့ရနံ့လေးတွေရှိကြပါတယ်။ ဒီရနံ့လေးတွေကို ပန်းလေးတွေက ထုတ်လွှတ်လိုက်တဲ့အခါ ပျားလေးတွေက အဝေးကနေ အနံ့ခံနိုင်ကြပြီး ဒီပန်းလေးတွေဆီကို အနံ့ကနေတစ်ဆင့် သိပြီးရောက်လာကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပန်းလေးတွေဆီမှာ သဘာဝအတိုင်း တောက်ပတဲ့ အရောင်အဆင်းတွေ ရှိကြပြီး ဒီအရောင်လေးတွေကပဲ ဒီနေရာမှာ ပျားလေးတို့အတွက် ဝတ်ရည်ချိုချိုလေးတွေရှိတယ်ဆိုပြီး ပြောပြနေသလိုပါပဲ။

ပြီးတော့ ပျားလေးတွေမှာလည်း သားသားမီးမီးတို့လို ချစ်စရာကောင်းတဲ့အလေ့အကျင့်လေးတွေရှိကြပါတယ်။သားသား၊မီးမီးတို့ တစ်ခုခုစားတဲ့အခါ သူငယ်ချင်းတွေနှင့် အတူမျှ‌ဝေပြီး စားကြသလို ပျားလေးတွေမှာလည်း ပန်းခင်းတွေကို တွေ့တဲ့အခါ သူငယ်ချင်းတို့ကို ကိုယ်လေးလှုပ်ရမ်းပြီး ချစ်စရာအကလေးတွေနဲ့ ညွန်ပြတတ်ပါသေးတယ်။

သားသား၊မီးမီးတို့ရော ကစားကွင်း၊ပန်းခြံတွေမှာ ဆော့ကြတဲ့အခါ ပန်းလေးတွေနားမှာ ပျံဝဲနေတဲ့ချစ်စရာကောင်းတဲ့ပျားလေးတွေကို မြင်ဖူးကြလား?

သားသား၊မီးမီတို့ အကြိုက်ဆုံးပန်းလေးတေွကိုလည်း ဖေဖေ၊မေ‌မေတို့ကနေ တစ်ဆင့် Comment မှာပြောပြပေးခဲ့ကြအုံးနော်။

Photos from KBTC - PreSchool's post 02/09/2026

𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐫𝐨𝐚𝐝𝐦𝐚𝐩: 𝐓𝐡𝐞 𝐧𝐞𝐱𝐭 𝐩𝐡𝐚𝐬𝐞 𝐟𝐨𝐫 𝐨𝐮𝐫 𝐩𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐩𝐫𝐨𝐠𝐫𝐚𝐦 💪🏻

ရင်သွေးငယ်များရဲ့ အနာဂတ်ကို အကောင်းမွန်ဆုံးသော ပညာရေးဖြင့် လျှောက်လှမ်းနိုင်စေရန်အတွက် 𝐊𝐁𝐓𝐂 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 (𝐊𝐚𝐧𝐝𝐚𝐰𝐠𝐲𝐢 𝐂𝐚𝐦𝐩𝐮𝐬) မှာ 𝐅𝐢𝐫𝐬𝐭 𝐭𝐞𝐫𝐦 𝐚𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐦𝐞𝐞𝐭𝐢𝐧𝐠 လေး ကျင်းပပြုလုပ်ခဲ့ပါတယ် ☺

ဒီ 𝐌𝐞𝐞𝐭𝐢𝐧𝐠 လေးမှာဆိုရင်တော့ ကျောင်းသား၊ ကျောင်းသူတို့အတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်တဲ့ သင်ကြားမှုများကို ပေးစွမ်းနိုင်စေရန် ဆရာ၊ ဆရာမကြီးများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခုလို ကျောင်းသား၊ ကျောင်းသူတွေအတွက် သင်ကြားမှုများကို အကောင်းဆုံးပေးစွမ်းနိုင်စေရန် ပြုလုပ်ခဲ့ကြတဲ့ 𝐅𝐢𝐫𝐬𝐭 𝐭𝐞𝐫𝐦 𝐚𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐦𝐞𝐞𝐭𝐢𝐧𝐠 ကို တက်ရောက်ပေးခဲ့ကြတဲ့ သက်ဆိုင်ရာ ဆရာ၊ ဆရာမကြီးများအားလုံးကို အထူးပင်ကျေးဇူးတင်ရင်း အမှတ်တရပုံရိပ်လေးများကို တင်ဆက်ပေးလိုက်ရပါတယ် 🥰🤍

Photos from KBTC - PreSchool's post 02/09/2026

𝐇𝐚𝐩𝐩𝐲 𝐊𝐢𝐝𝐬, 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐦𝐢𝐥𝐞! သားသားမီးမီးတို့ရဲ့ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐓𝐢𝐦𝐞𝐬

သားသားမီးမီးတို့ရဲ့ စိတ်ကူးတွေကို လက်တွေ့အသက်သွင်းမယ့် 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐓𝐢𝐦𝐞𝐬 လေး ကျ‌ရောက်လာပြီဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ဆော့ကစားရင်း တက်တက်ကြွကြွနဲ့ အသစ်အသစ်တွေကို သင်ယူနေကြတဲ့ 𝐊𝐁𝐓𝐂 မှ သားသားမီးမီးလေးတို့ရဲ့ ချစ်စရာအပြုံး ပုံရိပ်လေးတွေကို ဖေဖေ၊မေမေတို့အတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

𝐊𝐁𝐓𝐂 မှာဆိုရင် ကျောင်းသူ၊ ကျောင်သားတို့ရဲ့ ပညာရေးတစ်ခုထဲသာမက နေ့စဥ်ဘဝအတွက်လိုအပ်တဲ့ 𝐒𝐤𝐢𝐥𝐥𝐬 များကိုပါ သင်ကြားပေးနေတဲ့ အတွက်ကြောင့် ဖေဖေ၊ မေမေတို့ရဲ့ အဖိုးတန် ချစ်စရာသားသား၊ မီးမီးလေးတွေကို အခုလို နိုင်ငံတကာအဆင့်မီ သင်ကြားမှုပုံစံများနှင့် ပျော်ရွင်စွာ သင်ယူစေလိုတယ်ဆိုရင် 𝐊𝐁𝐓𝐂 နှင့်လက်တွဲနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။

27/08/2026

လင်းပိုင်လေးတွေဘယ်လိုအိပ်စက်ကြလဲ ? 🐬💙

ပင်လယ်ပြာကြီးတွေထဲမှာ ကူးခက်နေတဲ့ ချစ်စရာကောင်းတဲ့ လင်းပိုင်လေးတွေကို သားသား၊မီးမီးတို့ မြင်ဖူးကြလား? 🤔

လင်းပိုင်လေးတွေက လူသားတို့ရဲ့ မိတ်ဆွေဖြစ်သလို မျိုးတုန်းပျောက်ကွယ်ခါနီးတိရစ္ဆာန်တစ်မျိုး လဲဖြစ်ပါတယ်။

သားသား၊မီးမီးတို့ တနေကုန်ခုန်ပေါက် ဆော့ကစားပြီးပင်ပန်းလာတဲ့အခါ အိပ်ယာပေါ်မှာ မျက်လုံးလေးနှစ်လုံးမှိတ်ပြီး ဖေဖေ၊မေမေတို့ရဲ့ ပုံပြင်လေးတွေကို နားထောင်အိပ်စက်ကြတယ်ဆိုရင် သားသား၊မီးမီးတို့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ လင်းပိုင်လေးတွေကရော ဘယ်လိုအိပ်စက်ကြလဲဆိုတာ သိချင်ကြလား?
လင်းပိုင်လေးတွေက သားသား၊မီးမီးတို့လိုမျိုး မျက်လုံးနှစ်ခုလုံးပိတ်ပြီး အိပ်စက်လေ့မရှိပါဘူး။ ဘာလို့ဆို သူတို့ဟာ အခြားရေနေနို့တိုက်သတ္တဝါတွေလို ရေအောက်မှာအသက်မရှုနိုင်ပဲ ရေပြင်ပေါ်မှာတက်ရောက်ပြီး အသက်ရှုရတာကြောင့် အကယ်၍ မျက်လုံးနှစ်ဖက်လုံးပိတ်ပြီးအိပ်ပျော်သွားတဲ့အခါ ရေထဲမြှုပ်ပြီး အသက်မရှုနိုင်တော့တာကြောင့်ပဲဖြစ်ပါတယ်။

ဒါကြောင့်မလို့ လှပတဲ့သဘာဝတရားကြီးက ချစ်စရာလင်းပိုင်လေးတို့အတွက် ဆန်းကျယ်တဲ့ အိပ်စက်နည်းကို ဖန်းတီးပေးထားပါတယ်။
လင်းပိုင်လေးတွေက လူသားတွေလို မဟုတ်ပဲ ဦးနှောက်ကို တစ်လှည့်စီအနားပေးပြီး အိပ်စက်ကြပါတယ်။ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းအိပ်ပျော်နေတဲ့အခါ ညာဘက်မျက်လုံးကိုမှိတ်ထားပြီး ညာဘက်ဦးနှောက်အိပ်ပျော်နေတဲ့အခါ မျက်လုံးဘယ်ဘက်အခြမ်းကို မှိတ်ထားကြပြီး အိပ်ကြပါတယ်။ ဒါအပြင် သူတို့အိပ်ချင်တဲ့အခါ ရေမျက်နှာပြင်အပေါ်မှာ သစ်သားတုံးလေးတစ်လုံးလို မျောရင်းအိပ်စက်ကြသလို၊ ရေမျက်နှာပြင်ပေါ်မှာ ဖြေးဖြေးချင်းကူးခက်ရင်းနဲ့လဲ အိပ်စက်နိုင်ကြပါတယ်။

ဒီလိုမျိုးမျက်စိတစ်ဖက်ဖွင့်ပြီး အိပ်စက်ကြတဲ့အတွက် အိပ်နေရင်း ရန်သူငါးမန်းကြီးတို့လာတာကိုလည်း သတိထားမိနိုင်သလို၊ အသက်ရှုဖို့ ရေမျက်နှာပြင်ပေါ်တက်ရမှာကိုလည်း မမေ့မလျော့ သတိရနေတတ်ပါတယ်။

သားသား၊မီးမီးတို့အနေနှင့်ရော ချစ်စရာကောင်းတဲ့ လင်းပိုင်လေးတို့မျိုး မျက်လုံးတစ်ဖက်ပိတ်ပြီး အိပ်ဖူးကြလား Comment မှာ ပြောပြပေးခဲ့ကြဦးနော်။

Photos from KBTC - PreSchool's post 25/08/2026

✨Study, Fun and Shine Activity Times ✨

ဖေဖေ၊ မေမေတို့ရဲ့ အဖိုးတန် သားသား၊ မီးမီးလေးတို့ရဲ့ ပျော်ရွှင်ဖွယ် Activities လေးတွေကို မျှဝေပေးချိန်ကိုရောက်ရှိလာပြီ ဖြစ်တဲ့အတွက် 𝐊𝐁𝐓𝐂 မှ ချစ်စရာ သားသား၊ မီးမီးလေးများရဲ့ ပျော်ပျော်ရွင်ရွင် တက်တက်ကြွကြွလေ့လာသင်ယူနေကြတဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ဝင်ရောက်ကြည့်ရှုပေးသွားကြပါဦးနော်။
𝐊𝐁𝐓𝐂 မှာဆိုရင် ကျောင်းသူ၊ ကျောင်သားတို့ရဲ့ ပညာရေးကိုသာမက နေ့စဥ်ဘဝအတွက်လိုအပ်တဲ့ skills များကိုပါ သင်ကြားပေးနေတဲ့ အတွက်ကြောင့် ဖေဖေ၊ မေမေတို့ရဲ့ အဖိုးတန် ချစ်စရာသားသား၊ မီးမီးလေးတွေကို အခုလို နိုင်ငံတကာအဆင့်မီ သင်ကြားမှုပုံစံများနှင့် ပျော်ရွင်စွာ သင်ယူစေလိုတယ်ဆိုရင် 𝐊𝐁𝐓𝐂 နှင့်လက်တွဲနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။

Category

Address


7mile Campus, , No. 35, Pyay Road, 7 Ward, Mayangone Township
Yangon