Javelin Engineering

Javelin Engineering

Share

Javelin Engineering is full service of construction company specializing in design and build services for both residential and commercial building

11/05/2025

🙏 🙏🙏 ကဆုန်လပြည့် - ဗုဒ္ဓနေ့ 🙏🙏🙏

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ
မှတ်ရန် လကဆုန် ဗုဒ္ဓနေ့

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့်အခါသမယမှ စတင်၍ မိဘဆွေမျိုး၊ မိတ်ဆွေအပေါင်းအပါများ၊ Clientများ အားလုံး ကိုယ်စိတ်နှလုံးအေးချမ်းပြီး လိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း Javelin Engineering မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

13/04/2025

🙏မြန်မာ့နှစ်ဦး တန်ခူးလ မင်္ဂလာရှိတဲ့
သင်္ကြန်နှစ်ကူး အချိန်အခါသမယမှာ

🙏 မြန်မာပြည်သူ ပြည်သား များအားလုံးကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်
ပြည့်စုံပြီး သဘာဝဘေး အန္တရာယ်အမျိုးမျိုးမှ
ကင်းဝေးကြပါစေ..
လိုအင်ဆန္ဒများအားလုံး ပြည့်စုံကြပါစေ...
ကျန်းမာချမ်းသာကြပါစေ ...
အသက်ရှူတိုင်း ဝင်ငွေတွေတိုးပွားကြပါစေ.

🙏ချစ်သော မိသားစု များနှင့်အတူ
ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာယာ ပျော်ရွှင်သော ပိတ်ရက်လေး ဖြစ်ကြပါစေကြောင်း
Javelin Engineering မိသားစုမှ

💦 ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
ခင်ဗျာ 💦

29/01/2025

✨恭喜发财✨
🐍𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 🐍

တရုတ်နှစ်သစ်ကူး (မြွေနှစ်) အခါသမယမှာ မိတ်ဟောင်းမိတ်သစ် မိဘပြည်သူများအားလုံး ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ‌ကံကောင်းခြင်း စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတတ်ကြီးပွားခြင်း တိုဖြင့် ပြည့်စုံ၍
မင်္ဂလာရှိသော တရုတ်နှစ်ကူးဖြစ်ပါစေ‌လို့ Javelin Engineering မိသားစု မှဆုမွန်ကောင်းတောင်းလိုက်ပါသည်။🧧🎉

01/01/2025

🎊 New Year 2025 🎊

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။

✨ခရစ်သက္ကရာဇ် ၂၀၂၄ ကုန်ဆုံး၍ ၂၀၂၅ ခုနှစ်၊ နှစ်သစ်သို့ကူးပြောင်းချိန် အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း Javelin Engineering မိသားစုမှ နှစ်သစ် ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။ 🙏

🙏နှစ်ဟောင်းမှ အဆင်မပြေမှုများကို ချန်ရစ်ပြီး နှစ်သစ်မှာ ရည်မှန်းချက်နှင့်မျှော်မှန်းချက်အသစ်များကို ပျော်ရွှင်စွာဖြင့် အောင်မြင်အောင် ဆောင်ရွက်ရင်း ဘေးရန်ကင်းကွာ၍ စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း ထပ်မံ နှစ်သစ်ဆုတောင်းမေတ္တာများပို့သအပ်ပါသည်။🎊

25/12/2024

🎉Merry Christmas ⛄
ခရစ်စမတ်နေ့လေးမှာ ကျန်းမာ၊ချမ်းသာပြီး မိသားစုလေးနဲ့ အတူပျော်ရွှင်စရာများ ဖန်တီးနိုင်ကြပါစေလို့ Javelin Engineering မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🎉

🎊 Merry, Merry Christmas

✨ Wishing you and your loved ones a joyous and magical Christmas filled with warmth, laughter, and cherished memories. 🎄 May the spirit of the season bring you peace and joy. We are incredibly excited for the New Year. Happy Holidays! 🎊

20/12/2024

🧱 အုတ်စီတဲ့အခါ ဘာလို့ဂျာလီထည့်စီ ခိုင်းရတာလဲ...🤔။

ဒီတိုင်းစီကောမရဘူးလား...❓လို့ ပန်းရံတစ်ယောက်ကမေးလာပါတယ်။


👷 ဟုတ်ကဲ့ ၊အဆောက်အဦးတွေဟာ တည်ဆောက်ပြီးရင် ကျုံ့ခြင်း ဆန့်ခြင်း ဆိုင်ရာ သဘောတရား ပိုင်ဆိုင်ထားပါတယ်။

🌪️ငလျှင်၊ မုန်တိုင်းကဲ့သို့သော သဘာဝဘေးတွေ ခံရနှိုင်ပါသေးတယ်။

🌡️❄️ပူခြင်း၊အေးခြင်းဆိုင်ရာ ရာသီဥတုဒဏ်တွေလဲ ခံရနှိုင်ပြီး ကား ၊ ရထား သွားလာမှု့ကနေလည်း တုန်ခါမှု့ ဒဏ်လဲ ခံရနိုင်ပါတယ် ။

ဒါတွေကြောင့် မိမိတို့အုတ်စီနံရံတွေဟာ တုန်ခါပြီးး ကွဲအက်လာတက်ပါတယ်။

ဒါကြောင့် ဂျာလီကို လေးလွှားတစ်ခါထည့်စီခိုင်းတာပါ ။

ဂျာလီ(Exmet) သူကလေ အုတ်နံရံတွေရဲ့ တုန်ခါမှု့ကို အဓိကထိန်းကြောင်းပေးပြီး အက်ကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

ဂျာလီထည့်စီခြင်းအားဖြင့် နံရံများပြိုလဲကျ အက်ကွဲကြောင်းများဖြစ်ချင်းမှ ကာကွယ်ပေးလို့ခိုင်ခံ့တဲ့နံရံတစ်ခု ပိုင်ဆိုင်မှာ ဖြစ်ပြီး အရည်အသွေးမှီတဲ့ အဆောက်အဦးတစ်ခု ဖြစ်လာမှာပါ ။

ဒါ့ကြောင့် လေလွှားတစ်ခါ ဂျာလီထည့်စီခိုင်းတာပါလို့ ရှင်းပြခဲ့ပါတယ်။

🛠️ Javelin Engineering နှင့်အတူ လူကြီးမင်းတို့ရဲ့ နေအိမ်၊ရုံးခန်းများကို အကောင်းဆုံးဖန်တီး တည်ဆောက်လိုက်ပါ! 🏢
📞 09753004334
📧 [email protected]

Photos from Javelin Engineering's post 16/12/2024

🏗️ လူကြီးမင်းတို့စိတ်တိုင်းကျ အဆောက်အဦး Project နေအိမ် များအား အကောင်းဆုံး အလှအပဆုံး ဆောင်ရွက်ပေးလျက်ရှိပြီး

လူကြီးမင်းတို့အတွက် တိကျမှု၊ ခိုင်ခံ့မှု၊ ရေရှည်ခံမှုတို့ကို Javelin Engineering Company မှ တာ၀န်ယူ သယ်ဆောင်လာပေးမှာဖြစ်ပါတယ်ခင်ဗျာ🏠

ဆက်သွယ်ရန်..
📱 09 795004334
📱 09 768200246

Photos from Javelin Engineering's post 03/12/2024

ကွန်ကရစ် ကြမ်းခင်း (Slab) လောင်းရာမှာ လိုက်နာရမည့် အချက်များ ....⬇

🏗️ ကောင်းမွန်တဲ့ Concrete Slab ရရှိဖို့ဆိုရင် လုပ်ငန်းစဥ် (၃) ရပ်ကို စနစ်တကျပြုလုပ်သင့်ပါတယ်။
1. ပုံစံခွက်၊ ထောက်၊ ငြမ်းဆင်ခြင်း လုပ်ငန်း
2. သံချည်၊ သံကွေး လုပ်ငန်း
3. ကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်း တို့ပဲ ဖြစ်ပါတယ်။

🏗️ ပုံစံခွက်၊ ထောက်၊ ငြမ်းဆင်ခြင်း လုပ်ငန်းကိုပြုလုပ်တော့မယ်ဆိုရင်
• တည်နေရာမှန်ကန်ရပါမယ်။
• အတိုင်းအတာ အနေအထား မှန်ကန်ရပါမယ်။
• နောက်တစ်ချက်က ရေလုံရပါမယ်။

🏗️ သံချည်သံကွေး လုပ်ငန်းပိုင်းမှာဆိုရင် deform bar (အရစ်ပါ သံချောင်း) တွေက bond strength တွေ တက်လာစေတဲ့အတွက် tension strength တွေ၊ compression strength တွေပါ တက်လာစေပါတယ်။ အဲဒါကြောင့် deform bar ကိုသာ အသုံးပြုသင့်ပါတယ်။
rebar spacing တွေကို design အတိုင်းဆင်ပေးရပါမယ်

🛠️ Javelin Engineering နှင့်အတူ လူကြီးမင်းတို့ရဲ့ နေအိမ်၊ရုံးခန်းများကို အကောင်းဆုံးဖန်တီး တည်ဆောက်လိုက်ပါ! 🏢
📞 09753004334
📧 [email protected]

02/12/2024

အုတ်ကျင်းတွက်နည်း
~~~~~~~~~~~~~~~

အုတ်ကျင်းတွက်နည်းအမျိုးမျိုးရှိတဲ့အထဲကနေ
တစ်ခုကို အရင်တွက်ပြပါမယ် ..

ပထမဦးစွာစိတ်ထဲမှတ်ရမှာက အလျားxအနံxအမြင့်
မြှောက်မယ်ဆိုတာပါဘဲ ..

နောက်တစ်ခုက ပေ နဲ့ လက်မ နှစ်ခုရှိရင် ပေဆိုရင်ပေ
လက်မဆိုလက်မချင်းပဲ မြှောက်မှရပါမယ် ..

ဒီမှာတော့ ကုဗပေ ကိုရှာမှာဖြစ်လို့
အကုန်လုံးကို ပေ နဲ့တွက်ပါမယ်

အလျား 10' , အမြင့် 10' ရှိတဲ့ အုတ်ရိုးတစ်ခုကို
မြင်ယောင်ကြည့်လိုက်ပါ
အဲ့အုတ်ရိုးကို 4.5" အုတ်ရိုးလို့တွေးလိုက်ပါ

ဒါဆို အဲ့အုတ်ရိုးမှာကုန်မဲ့
ပစ္စည်းလက်ခတွေကို
Yellow Book အတိုင်း
တွက်ကြည့်လိုက်ရအောင် ...

Detail Measurement ( အတိုင်းအတာထုတ်ခြင်း )
အုတ်ရိုးအလျား x အုတ်ရိုးအနံ x အုတ်ရိုးအမြင့်
= 10' x 4.5" x 10'
~ရှေ့မှာပြောထားသလို ပေနဲ့လက်မဖြစ်နေလို့
~ 4.5" ကို ပေ ပြောင်းပါမယ်
~ 12 လက်မ = 1 ပေ ရှိတာမလို့
~ 4.5÷12 = 0.375 ပေ

အုတ်ရိုးအလျား x အုတ်ရိုးအနံ x အုတ်ရိုးအမြင့်
= 10' x 0.375" x 10'
= 37.5 ကုဗပေ #

ဒီအဆင့်မှာ 37.5 ကုဗပေကိုရပီဆိုရင်
Yellow Book (Page 34. No 6 )Formula
မှာအစားသွင်းပါမယ် ...
♻️37.5 နေရာပဲပြောင်းပီးကျန်တဲ့နေရာတွေ
ပုံသေ ဖော်မြူလာအတိုင်းထည့်ပါမယ် ...

6.Brick Work 1st Class in 1:4 Cement Mortar
( for 100 Cft ) 1:4 အချိုးနဲ့အုတ်စီသော်

အုတ် - ( 37.5 x 1350 ) ÷ 100 = 506.25 ချပ်
ဘိလပ် - ( 37.5 x 630 ) ÷ 100 ÷ 112 = 2.11 အိတ်
သဲ - ( 37.5 x 28 ) ÷ 100 ÷ 100 = 0.11 ကျင်း
ပန်းရံ - ( 37.5 x 4 ) ÷ 100 = 1.5 ယောက်
နောက်လိုက် - ( 37.5 x 6 ) ÷ 100 = 2.25 ယောက်

အလျား 10' , အမြင့် 10' ရှိတဲ့ 4.5" အုတ်ရိုးတစ်ခုကို
အုတ်စီမယ်ဆိုရင်
အုတ် - 506.25 ချပ်
ဘိလပ် - 2.11 အိတ်
သဲ - 0.11 ကျင်း
ပန်းရံ - 1.5 ယောက်
နောက်လိုက် - 2.25 ယောက် ကုန်ကျပါမယ် #

🔰ဒီ formula ထဲကို ကိုယ်စီမဲ့အုတ်ရိုးအတိုင်းအတာ
ထည့်ပီး တွက်နိုင်ပါတယ် ...




ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ထပ်ဖတ်ချင်တယ်ဆိုရင်တော့ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်🙋‍♀️🙋‍♂️

🏠🏠🏠 လူကြီးမင်းတို့ စိတ်ကူးနှင့်လက်တွေ့
တစ်ထပ်တည်းကျစေရန်သင့်တော်သော
Construction Co.,Ltd. ကို ရှာဖွေနေပါသလား👇

ဒါဆိုရင်တော့ တိကျသေသပ်ပြီး ရေရှည်တည်တံ့
ခိုင်မြဲရေးကိုသာဦးစားပေးတည်ဆောက်ကြသည့်
အတွေ့အကြုံ ရင့်ကျက်သောပညာရှင်များ ၊
စည်းစနစ်ကျပြီး စွမ်းဆောင်ရည်အပြည့်အဝရှိ
သောကျွမ်းကျင်ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့်
Javelin Engineering Co.,Ltd. ကိုသာ
ရွေးချယ်လိုက်ပါ... 💁‍♂️💁‍♂️💁‍♂️
သင့်တင့်သောစျေးနှုန်း ပြည့်ဝသောအရည်အသွေး ဖြင့်
မှန်ကန်မြန်ဆန်စွာ ဆောက်လုပ်ပေးနေသည်မို့ အမြန်ဆုံး
ဆက်သွယ်လိုက်တော့နော်🤗🤗🤗

📞 09753004334

🙏🙏🙏 မိတ်ဆွေများအားလုံး သာယာပျော်ရွှင်ဖွယ်ကောင်းသော နေ့သစ်များပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

Photos from Javelin Engineering's post 30/11/2024

📝လှေကားများကို သစ်သား သံ သံကူကွန်ကရစ် အုတ်တို့ဖြင့်ဆောက်လုပ်နိုင်သည်။

✍️မည်သည့် ပစ္စည်းဖြင့်ဆောက်လုပ်စေကာမူ
အဓိကအစိတ်ပိုင်းများရှိသည်။-၄င်းတို့မှာ
(1) လှေကားပြေး ( Flight)
(2) လှေကားပေါင် (Stringer)
(3)လှေကားထစ် (Step)
(4)လှေကာ်းခြေကျော်(Rise)
(5)လှေကားထစ်ပိတ်(Riser)
(6)လှေကားခြေနင်း(Tread)
(7)နှာစွန်(Nosing)
(8)လှေကားခုံ(Landing)
(9)လှေကားလက်ကတုံးတိုင်(Newel Post)
(10)လှေကားလက်ရန်း(Hand Rail)
(11)လှေကားလက်ရန်းတိုင်(Baluster)
(12)ကြောင်လိမ်အနင်း(Winder) တို့ရှိကြသည်။

"လှေကားတပ်ဆင်လျှင် စဉ်းစားသင့်သည့်အချက်များ"
🔨🔨🔨🔨🔨🔨🔨🔨🔨🔨🔨🔨🔨🔨

👉သတ်မှတ်ချက်မရှိလျှင် အနည်းဆုံး 3'ပေ
အကျယ်ထိ ထားသင့်သည်။
👉လှေကားအစောင်းမှာ (45 °)ဒီဂရီ ထက်ပို၍
မက်စောက်ခြင်းမရှိသင့်
(25 °)ဒီဂရီထက်လည်း မနည်း သင့်ပါ။
👉ခြေနင်းနှင့်ခြေကျော်တို့၏ အချိုးအစားမှာ
(a) 2×ခြေကျော် + ခြေနင်း = 23" (or) 24"
(b) ခြေကျော် × ခြေနင်း = 66"
(c) ခြေနင်း 12" နှင့် ခြေကျော် 5 1/2" မူတည်၍
ခြေနင်း 1"လျော့တိုင်း ခြေကျော် 1/2" တိုးယူပါ။
👉(လှေကားထစ်အရေအတွက်ကို
ရှေးမြန်မာဓလေ့ထုံးတမ်းတစ်ခုအရ
ဗဟုသုတဖြစ်သိစေရန် ဖော်ပြပေးပါမည်)
- ရာဇ 🔨 1, 4, 7, 10
-မရဏ🔨 2, 5, 8, 11
-လာဘ🔨3, 6, 9, 1📝

Javelin Engineering နှင့်အတူ လူကြီးမင်းတို့ရဲ့ နေအိမ်၊ရုံးခန်းများကို အကောင်းဆုံးဖန်တီး တည်ဆောက်လိုက်ပါ! 🏢
📞 09753004334
📧 [email protected]

Website

Address


6A/No-387/Thudhhama Road
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00

Alerts

Be the first to know and let us send you an email when Javelin Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.