mmec
😊✅Get the achievements of your hospital,
while saving patients' lives.✅😊
06/08/2026
Xray လေး soldout သွားပါပြီနော် 😍😍😍
Shimadzu X-Ray’ Pro (Japan Brand) ကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးခဲ့တဲ့ ဆရာ၊ဆရာမများကို mmec မိသားစုက အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်။🥰🥰
MMEC မှာ Medical Equipment ဝယ်ရင် တစ်သက်တာအာမခံပေးပြီး After Sale Service တွေလည်းရှိပါတယ်။ဂုဏ်သတင်းကောင်းတဲ့ ဆေးရုံ ၊ ဆေးခန်းဖြစ်ဖို့ MMEC ရဲ့ Medical Equipment တွေကိုသာ အားကိုးလိုက်တော့နော်..✅ 💚
01/08/2026
✨ Hitachi HI VISION Avius Ultrasound Installation လုပ်ဆောင်ပေးထားတာလေးပါရှင့် ✨
အမြဲတမ်း ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးကြတဲ့ Customer ဆရာ/ဆရာမများကို MMEC မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ 🙏
Quality စိတ်ချရပြီး Performance ကောင်းမွန်တဲ့ Hitachi HI VISION Avius Ultrasound System ကို Professional Installation နဲ့ Lifetime Service Support အပြည့်အဝပေးထားပါတယ်ရှင့်။ ✔
ဆရာ/ဆရာမတို့ စိတ်ချမ်းသာစွာ Quality စိတ်ချရတဲ့ Medical Equipment တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ MMEC ဆီကို လှမ်းလာခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။ 💚
31/07/2026
🚨 Boscarol OB 2012 Portable Suction Unit 🚨
အရေးပေါ်အခြေအနေများအတွက် ယုံကြည်စိတ်ချရတဲ့ Suction Solution...
လူနာများ၏ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုများ ဖြစ်ပေါ်လာတဲ့အခါ အချိန်မီ စုပ်ထုတ်ပေးနိုင်ဖို့ Portable Suction Unit ဟာ အရေးကြီးတဲ့ Medical Equipment တစ်ခုဖြစ်ပါတယ်ရှင့်။
OB 2012 Portable Suction Unit ကို လူနာ၏ လည်ချောင်း၊ နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်းအတွင်းရှိ အစာအကျန်များ၊ အရည်များနှင့် အခြားအညစ်အကြေးများကို ထိရောက်စွာ စုပ်ထုတ်ပေးနိုင်ရန် အသုံးပြုနိုင်ပါတယ်။
🏥 အသုံးပြုနိုင်သောနေရာများ
✅ ဆေးရုံများ
✅ Clinic များ
✅ Ambulance / Emergency Vehicle များ
✅ အရေးပေါ်ဆေးကုသမှုနေရာများ
✨ Product Features
🔹 High Flow Rate – 30 L/min
🔹 Strong Vacuum Performance – Maximum 800 mbar (80 kPa) ±10%
🔹 Portable Design – လွယ်ကူစွာ သယ်ဆောင်အသုံးပြုနိုင်ခြင်း
🔹 Internal Battery – 12V 4Ah SLA Battery ဖြင့် အသုံးပြုနိုင်ခြင်း
🔹 Maximum Continuous Operation – 60 Minutes
🔹 Patient Protection Type BF & IPX32D Protection
🔹 Medical Device Class IIb
🔹 Standard: ISO 10079-1:1999
အရေးပေါ်အချိန်မှာ လျင်မြန်စွာ အသုံးပြုနိုင်ပြီး လူနာအသက်ရှူလမ်းကြောင်းကို ကူညီပေးနိုင်တဲ့အတွက် Hospital, Ambulance နှင့် Medical Facility များအတွက် မရှိမဖြစ်လိုအပ်တဲ့ Equipment တစ်ခု ဖြစ်ပါတယ်။
📦 Stock ရှိတာမို့ ပစ္စည်းစောင့်စရာမလိုဘဲ ချက်ချင်းမှာယူအသုံးပြုနိုင်ပါတယ်နော်။
📩 Order / စက်အသေးစိတ်ကို Viber Ph:𝟎𝟗 𝟖𝟖𝟔 𝟑𝟑𝟑 𝟑𝟑𝟕 ကိုဆက်သွယ်နိုင်သလို MMEC page chatboxမှာလဲ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။
#ဆေးရုံဆေးခန်းသုံး
30/07/2026
လူတော်တော်များများက အသုံးမလိုဘူးလို့ ထင်မှတ်ထားပြီး ခွဲစိတ်ဆရာဝန်တွေပါ အလွယ်တကူ ဖြတ်ထုတ်လေ့ရှိတဲ့ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတစ်ခုကို ဖယ်ရှားလိုက်ရင် ကင်ဆာဖြစ်နိုင်ခြေ နှစ်ဆနဲ့ အသက်သေဆုံးနိုင်ခြေ သုံးဆအထိ မြင့်တက်သွားနိုင်တယ်ဆိုတာ သင်သိပါသလား။
ဒီအချက်က ဆေးပညာလောကကို ကိုင်လှုပ်သွားစေတဲ့ ဟားဗတ်တက္ကသိုလ် (Harvard University) ရဲ့ သုတေသနအသစ်တစ်ခုပဲ ဖြစ်ပါတယ်။
💡 "အသုံးမဝင်တော့ဘူး" လို့ ထင်မှတ်ခံခဲ့ရတဲ့ သိုင်းမတ်စ် (Thymus) ဂလင်း
ရင်ညွန့်ရိုးရဲ့ အနောက်တည့်တည့်မှာရှိတဲ့ သိုင်းမတ်စ် (Thymus)ဆိုတဲ့ ဂလင်းသေးသေးလေးဟာ ငယ်စဉ်ကလေးဘဝမှာတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်အတွက် အရေးပါတဲ့ T-Cells (သွေးဖြူဥတစ်မျိုး) တွေကို ထုတ်လုပ်ပေးပါတယ်။ ဒါပေမဲ့ လူကြီးဘဝရောက်လာတဲ့အခါ ဒီဂလင်းက သေးငယ်သွားပြီး ဘာမှအသုံးမဝင်တော့ဘူး (Vestigial) လို့ ဆေးပညာလောကက ဆယ်စုနှစ်ပေါင်းများစွာ ယူဆခဲ့ကြပါတယ်။
ဒါကြောင့်မို့လို့ နှလုံးနဲ့ ရင်ဘတ်ခွဲစိတ်မှုတွေ လုပ်တဲ့အခါ ခွဲစိတ်ဆရာဝန်တွေဟာ ဒီဂလင်းကို အလွယ်တကူပဲ ဖြတ်ထုတ်ပစ်လေ့ ရှိကြပါတယ်။
🚨 လေ့လာတွေ့ရှိချက်အသစ်က ဘာကြောင့် ထိတ်လန့်ဖို့ကောင်းတာလဲ ဆိုရင်တော့
ကမ္ဘာ့အကျော်ကြားဆုံး The New England Journal of Medicine မှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ လေ့လာမှုအရ သိုင်းမတ်စ်ဂလင်းကို ဖြတ်ထုတ်လိုက်ရတဲ့ လူကြီးတွေဟာ ဂလင်းမဖြတ်ထုတ်ထားတဲ့သူတွေနဲ့ ယှဉ်ရင်-
ကင်ဆာဖြစ်ပွားနိုင်ခြေ (၂) ဆ နီးပါး ပိုများလာပါတယ်။
၅ နှစ်တာကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေ (၃) ဆအထိ ပိုမြင့်မားသွားပါတယ်။
🛡️ လူကြီးဘဝမှာလည်း သူက အရေးပါနေတုန်းပဲ!
သိုင်းမတ်စ်ဂလင်းက အသက်ကြီးလာရင် ကျုံ့သွားတတ်ပေမဲ့ လုံးဝအသုံးမဝင်တော့တာ မဟုတ်ပါဘူး။ သူက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ပုံမှန်လည်ပတ်ဖို့နဲ့ ရောဂါပိုးမွှားတွေ၊ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးမယ့် T-Cells အသစ်တွေကို ဆက်လက်ပံ့ပိုးပေးနေဆဲ ဖြစ်ပါတယ်။
ဒီဂလင်းကို ဖယ်ရှားလိုက်တဲ့အခါ T-Cells ထွက်ရှိမှု သိသိသာသာ လျော့နည်းသွားပြီး ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုတွေ ပိုများလာကာ ခုခံအားကျဆင်းသွားတတ်ပါတယ်။ ဒါကြောင့်ပဲ ကင်ဆာနဲ့ အခြားရောဂါတွေကို အလွယ်တကူ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။
"ခုခံအားစနစ်ကို ကာကွယ်ဖို့အတွက် နောင်နောင်မှာ ဖြစ်နိုင်ရင် သိုင်းမတ်စ်ဂလင်းကို မဖြတ်ထုတ်ဘဲ ထိန်းသိမ်းထားဖို့က ဆေးပညာလောကရဲ့ ဦးစားပေးအဆင့် ဖြစ်လာသင့်ပါပြီ" လို့ သုတေသီတွေက အကြံပြုထားပါတယ်။
ခန္ဓာကိုယ်ထဲမှာ သဘာဝတရားက ပေးထားတဲ့အရာ တိုင်းဟာ အကြောင်းမဲ့ ဖြစ်မလာဘူးဆိုတာ ဒီသုတေသနက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
🌐 Source & References: Kooshesh, K. A., Foy, B. H., Sykes, D. B., Gustafsson, K., & Scadden, D. T. Health Consequences of Thymus Removal in Adults. The New England Journal of Medicine, 389(5), 406-417.
🌐 Source & References: curiosity box
(လူကြီးများတွင် သိုင်းမတ်စ်ဂလင်း ဖယ်ရှားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း လေ့လာချက်)
#ဆေးပညာဗဟုသုတ
28/07/2026
🙏 ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယ 🙏
မြတ်စွာဘုရားရှင်၏ ပထမဆုံးသော ဓမ္မစကြာတရားတော် ဟောကြားတော်မူခဲ့သည့်
နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့ တွင်...
မေတ္တာတရားများ ထွန်းကားပြီး
စိတ်အေးချမ်းမှုများ ကိန်းဝပ်ကာ
ကျန်းမာခြင်း၊ ချမ်းသာခြင်းနှင့်
ကောင်းကျိုးမင်္ဂလာအပေါင်းတို့ကို
မိသားစုတိုင်း ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း
MMEC Family မှ
လေးစားစွာဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🤍
🌕 မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ဖြစ်ပါစေ။
#ဝါဆိုလပြည့် #ဓမ္မစကြာနေ့
28/07/2026
🫀 RMS Vesta 301i (3-Channel) ECG – Instock ရှိတုန်း အခုပဲမှာယူထားလိုက်တော့နော်! 🥰
ဆေးခန်း၊ ဆေးရုံများအတွက် ယုံကြည်စိတ်ချရပြီး အသုံးပြုရလွယ်ကူသော RMS Vesta 301i ECG Machine ကို Instock ထပ်ရောက်ထားပါတယ်ရှင့်။
✨ Key Features
✅ 12-Lead Simultaneous Acquisition
✅ 3.5-inch Color TFT Display – Real-time ECG Monitoring
✅ Automatic Measurements & Interpretation
✅ Full Alphanumeric Keypad
✅ Paper Out Indication
✅ Multiple Printing Options
✅ Isolation Protection Against Defibrillation
✅ Patient Memory Storage (50 Patients)
✅ USB Storage (Optional)
✅ Direct A4 ECG Printing (Optional)
✅ PC Connectivity (Optional)
💙 RMS Vesta 301i သည် တိကျမြန်ဆန်သော ECG ရလဒ်များကို ပေးစွမ်းနိုင်ပြီး နေ့စဉ် Clinical အသုံးပြုမှုအတွက် အထူးသင့်တော်သော ECG Machine တစ်လုံးဖြစ်ပါတယ်ရှင့်။
📦 Instock အရေအတွက် အများကြီးမပါတာကြောင့် အမြန်ဆုံးမှာယူလိုက်တော့နော်။
📩 Order / အသေးစိတ်စုံစမ်းရန်
📱 Viber – 09 886 333 337 သို့မဟုတ် MMEC Page Chatbox မှတဆင့်လည်း အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။
✨ MMEC မှာ အရည်အသွေးမြင့် Medical Equipment များကို ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါသည်။✨
27/07/2026
Hitachi C-arm (DHF-105CX) Installation လုပ်ပေးထားတာလေးပါရှင့်💚
အမြဲတမ်း ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးတဲ့ cutomer ဆရာ/ဆရာမများကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 🙏
ဆရာ/ဆရာမတို့ စိတ်ချမ်းသာစွာ Quality စိတ်ချရတဲ့ Equipments တွေဝယ်ယူချင်တယ်ဆိုရင်တော့ MMEC ဆီလှမ်းလာခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်နော်✔
20/07/2026
Detailed photos and specifications of the OLYMPUS OER-4 Endoscope Reprocessor will be uploaded soon – stay tuned! 😍
Enhance your endoscope reprocessing workflow with the OLYMPUS OER-4. Designed to save time, reduce manual handling, help prevent cross-contamination, and deliver faster, more standardized reprocessing for consistent and reliable results.
📞 For more information, please contact us:
☎️ +959 886 333 337 | +959 886 333 338
18/07/2026
Detailed photos and specifications of the ISUZU Laboratory Incubator will be uploaded soon – stay tuned! 😍
🌡️ Precise Temperature Control
🔥 Uniform Heating Performance
✅ Reliable Quality
🛡️ Safe & Durable Design
Perfect for laboratories, research centers, hospitals, and educational institutions, the ISUZU Laboratory Incubator delivers stable temperature control for reliable incubation results.
📞 For more information, please contact us:
☎️ +959 886 333 337 | +959 886 333 338
ဆရာဝန်နဲ့ မပြမှီ လူနာတွေ ထိုင်စောင့်ရတဲ့ အချိန်မှာ သက်သောင့်သက်သာ ဖြစ်စေဖို့ Japan made ဆေးရုံသုံး ဒိီလိုခုံလေးတွေ ဆောင်ထားသင့်တယ်နော်။
📩 Order / အသေးစိတ်ကို
Viber Ph:𝟎𝟗 𝟖𝟖𝟔 𝟑𝟑𝟑 𝟑𝟑𝟕 ကိုဆက်သွယ်နိုင်သလို MMEC page chatboxမှာလဲ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။
#ဆေးရုံထိုင်ခုံ #ဆေးရုံဆေးခန်းသုံးပစ္စည်း #ခုံတန်းရှည် #ဆိုဖာခုံ
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Banyar Dala Street
Yangon
11221
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:30 |