Everyday WITCH
Tarot Reading , Magic Spells & Witchcrafts
04/10/2026
October Falling in Love Reading 🧡🍁🍂✨
Pick A Pile.
01/10/2026
Candle Magic 🕯️✨
Witch tips 🌙
ဖယောင်းတတိုင်က ထွက်တဲ့အငွေ့လေး ဖြတ်ခနဲ လှုပ်သွားတယ်လို့ စိတ်က ထင်မိလိုက်တိုင်း
MONEY COME TO ME လို့ ရွတ်ကြည့်ပါ။
Wallpaper ဆောင်ထားဖို့မလိုပါဘူး ပုံကြည့်ပြီးစိတ်ထဲက လေးနက်စွာရွတ်ပြီး
Money Energy ရယူနိုင်ပါတယ်။
Everyday W I T C H 🌙✨
01/10/2026
October Reading 🎃🍂✨
Pick A Pile.
01/10/2026
Wishing You A
Wealthy & Wonderful October 🍂✨
Everyday W I T C H🌙✨
26/09/2026
အခုတလော ကိုယ်တိုင်အပါအဝင် လူတော်တော်များများမှာ ကိုယ့် Energy ကို ကာကွယ်ချင်စိတ် ပိုဖြစ်လာတာ သတိထားမိပါတယ်။
Personal Tarot မှာလည်း 🧿အမေးများလာကြတယ်။
အပြိုင်အဆိုင်အတိုက်အခိုက်ရှိလို့ မနာလိုသူရှိလို့ ကံမကောင်းလို့ မအောင်မြင်လို့ စတဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်တဲ့ 🧿မျိုးမဟုတ်ပဲ
စိတ်ပိုင်းဆိုင်ရာ Energy ကျနေတဲ့သူတွေအတွက်
လူတချို့ ဘာကြောင့်လိုအပ်နေကြတာများလဲဆိုပြီး ကတ်ဆွဲ ကြည့် လိုက်တော့
Nine of Swords • Five of Cups • Page of Swords တွေကျလာပါတယ်။
Nine of Swords
စိတ်ထဲမှာ မလိုအပ်ဘဲ အတွေးများနေခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ တစ်ယောက်တည်းနေရင်း negative thoughts တွေ ပြန်ပြန်ဝင်လာခြင်း။
အပြင်ကလူတွေရဲ့ စကား၊ အမြင်၊ judgment တွေကိုပါ ကိုယ့်စိတ်ထဲထည့်ထားမိတဲ့ energy ရှိနိုင်တယ်။
Five of Cups
အတိတ်က စိတ်ပျက်စရာ၊ ဆုံးရှုံးမှု၊ နာကျင်မှုတစ်ခုခုကို မလွှတ်နိုင်သေးတဲ့အခြေအနေ။
“ဖြစ်ခဲ့ပြီးသားအရာ” ကို ပြန်တွေးရင်း လက်ရှိမှာရှိနေတဲ့ ကောင်းတဲ့အရာတွေကိုတောင် မမြင်နိုင်တော့တဲ့ emotional drain မျိုး။
Page of Swords
လူတွေက ကိုယ့်ကို စောင့်ကြည့်နေသလိုခံစားရတာ၊ သူများပြောတာကို အာရုံစိုက်လွန်းတာ၊ social media / gossip / comparison / curiosity တွေကြောင့် mental energy က အလွယ်တကူ mental disturb ဖြစ်တာမျိုး ပါ။
ဒီကတ် ၃ကတ် အဟော အတိုင်းလက်ရှိဖြစ်နေတယ် ခံစားနေရတယ် ဆိုရင်တော့
ကိုယ်ရဲ့ Mental space ကို ကာကွယ်ဖို့ Energy protection လုပ်ဖို့လိုနေပါပြီ။
Evil Eye 🧿 ကိုဘယ်လိုကာကွယ်ရမလဲ
🪬ဘာတွေဆောင်ရမလဲ
🙈🙉🙊လူတိုင်းရဲ့အမြင်ကို သိဖို့မလိုဘူး။
လူတိုင်းကို ရှင်းပြဖို့လည်း မလိုဘူး။
ကိုယ့်ဘဝထဲမှာ ဖြစ်နေတဲ့အရာတိုင်းကို လူတိုင်းသိဖို့လည်း မလိုဘူး။
“တစ်ယောက်ယောက်က ကိုယ့်ကို မကောင်းတာလုပ်နေတာကို ကာကွယ်ဖို့ဆိုတဲ့အဓိပ္ပာယ်ထက်
ကိုယ့် energy ကို သူများရဲ့ energy, words, opinions, attention တွေကနေ ခွဲထုတ်ပြီး ကိုယ့် mental space ကို ကာကွယ်ဖို့ဖြစ်ပါတယ်။
တစ်ခါတလေ Protection ဆိုတာ တစ်စုံတစ်ယောက်ကို ကြောက်လို့ မဟုတ်ဘဲ ကိုယ့်ရဲ့ Peace ကို တန်ဖိုးထားလို့ပဲဖြစ်ပါတယ်။
🧿🪬✨
Energy Wallpaper လိုအပ်ရင် ယူ အသုံးပြုနိုင်ပါတယ်။
Everyday W I T C H 🌙✨
20/09/2026
End of September Reading ☘️☘️☘️
Y o u A r e S o L u c k y✨
September လကုန်ခါနီး ကတ်တွေက ကောင်းလွန်းလို့
‘’ဒီနေ့ကနေစပြီး အကုန်ကောင်းပြီဟေ့ လို့’’
တစ်ကြောင်းတည်းပဲ ရေးလိုက်ချင်တာ ပါ။😄
ငွေကြေးကိစ္စ အလုပ် အချစ်ရေးအိမ်ထောင်ရေး
နိုင်ငံခြားကိစ္စတွေ ခရီးကိစ္စတွေ ကုန်သွယ်ရေး အရောင်းအဝယ်ကိစ္စတွေ အကုန်လုံး ကောင်းပါသတဲ့ရှင် 😇🤩
ကိစ္စတိုင်းက ကောင်းဖို့အတွက် ဖြစ်လာမယ်
အပြောင်းအလဲက အကောင်းကံဘက်ကိုဦးတည်ခြင်းဖြစ်တယ်။
စိတ်ထဲအလိုလိုပေါ့ပါး ပျော်လာမယ်။
အကောင်းမြငိစိတ် ထားလေ ကံကောင်းလေဖြစ်မယ်။
၁၀ရက်အတွင်း Unexpected Moneyတွေ Lucky Money တွေရရှိမယ်။
ခရီးတိုလေးတွေ သွားဖြစ်မယ်
မိသားစုဝင် သို့ မိသားစုဝင်ကဲ့သို့သော သူတွေကြောင့်စိတ်ချမ်းသာရမယ်။
သားသမီး အိမ်ထောင်ဘက် ချစ်သူရဲ့
Good Newsကြားရမယ်။
ချော်လည်ခဲ့ရင်တောင် ပိုက်ဆံအထပ်လိုက် ကောက်မိတဲ့ ကံတရားအချိန်မျိုးဖြစ်ပါတယ်
October လကနေ နှစ်ကုန်အထိကံကောင်းခြင်းတွေရရှိတော့ဖြစ်တဲ့အတွက်
Wheel of Fortune (ကံကြမ္မာလှည်းဘီး)က တဖြည်းဖြည်းစတင် လည်ပတ်ပါပြီ
ကောင်းသောကံနဲ့ Wheel စတင် လည်ပတ်ချိန် မို့
Wheel အဆုံးမှာလည်း ကောင်းသောကံနဲ့ အဆုံးသတ်ဖို့
ကောင်းမွန်သော အပြောအဆို
ကောင်းမွန်သောအတွေးအကြံစည်
ကောင်းမွန်သောအပြုအမူတွေ ကို
ကောင်းမွန်သော စိတ်နှလုံးထားဖြင့်
ကျင့်ကြံနေထိုင်နိုင်ကြပါစေရှင်
Everyday W I T C H🌙✨
20/09/2026
Edit ✍️- Reading ရေးပေးထားပါတယ်။
End of September Reading 🌳☘️✨
Sept 21- Sep 30✨
Pick a pile.
17/09/2026
အလုပ်မှာ အခက်အခဲနဲ့ Challenge ရှိနေသူများအတွက် ကတ်ကြည့်ပေးထားပါတယ်။
Timing ⏱️ : September ~October
ရက်ပေါင်း 40အတွင်း
အတိတ်က အလုပ်အခြေအနေ၊ ဆုံးဖြတ်ချက်၊ အလုပ်ပျက်/မရခဲ့တဲ့အခွင့်အရေးတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေတာကနေ လွတ်လာပြီး အလုပ်အခွင့်အရေးအသစ်ဘက်ကို ရွေ့မယ့်
အခြေအနေ ကိုပြနေပါတယ်။
အရင်က မရခဲ့တဲ့အလုပ် / လက်လွတ်ခဲ့တဲ့အခွင့်အရေး တစ်ခုအတွက် စိတ်မကောင်းဖြစ်နေသူတွေ အဲ့ဒီကိစ္စကို ကျော်လွှားနိုင်လာမယ်။
“ငါ့မှာ အရည်အချင်းမရှိလို့လား” ဆိုတဲ့ self-doubt လျော့လာပြီး အသစ်တစ်ခုကို ပြန်စမ်းကြည့်မယ့်အခြေအနေ ရှိနေပါတယ်။
အလုပ်ရှာနေသူဆိုရင် အတိတ်က rejection တစ်ခုနောက်မှာ opportunity အသစ် ပေါ်လာပါမယ်။
လက်ရှိအလုပ်မှာဆိုရင် အရင်ကဖြစ်ခဲ့တဲ့ mistake / conflict တစ်ခုကြောင့် အလုပ်အပေါ် confidence ကျနေတာ ပြန်ကောင်းလာပါမယ်။
တချို့အတွက်တော့ အတိတ်က အလုပ်နေရာ/လုပ်ငန်းတစ်ခုကို စိတ်ထဲက လွှတ်လိုက်ပြီး career direction အသစ်ကို ရွေးချယ်ခြင်း ဖြစ်လာပါမယ်။
Everyday W I T C H 🌙
15/09/2026
September 21ကနေ October လအထိ
Water Signs Cancer ♋️Scorpio ♏️Piscies♓️
တွေက Ace of cup card energy ရရှိနေပါမယ်။
Positive Energy 🪐✨
Universe ရဲ့လက်ဆောင်တစ်ခု
ဖန်တီးမှုဆိုင်ရာတိုးတက်မှု
အလုပ်ကိုဦးစားပေးခြင်း
စိတ်ခံစားမှုအသစ်များ
စိတ်ကိုပိုမိုကောင်းမွန်အောင်ပြောင်းလဲခြင်း
ပေါကြွယ်ဝမှု
အလှူဒါန
အချစ်သစ်
ပျော်ရွှင်မှုကျေနပ်မှုများ
ကိုယ်ဝန်ဆောင်ခြင်း/ကလေးမွေးဖွားခြင်း (မိန်းကလေး)
Negative Energy 🪐✨
မမြဲခြင်း
အထီးကျန်ခြင်း
ကိုယ့်ရဲ့အတ္တကိုဂရုစိုက်ခြင်း
ထိခိုက်လွယ်မှုမရှိခြင်း
ဆက်ဆံရေးပြဿနာများမပြင်ဆင်ခြင်း
နည်းပညာများမလေ့လာခြင်း
ပြန်မပေးဆပ်သောအချစ်
စိတ်ခံစားမှုဆိုင်ရာတင်းမာမှု
နောက်ကျောဘက်က ရန်သူ
စတဲ့ Ace of cup ရဲ့ Positive Negative Energy တွေကို ရရှိမဲ့ အချိန်ကာလမလို့ Energy Balance မျှအောင် ထိန်းညိှပေးနိုင်ရင် အကောင်းဆုံးပါ။
Everyday W I T C H 🌙✨
13/09/2026
Sept 14-Sept 20☘️✨
Middle of September Reading
Feeling Nostalgic Energy 💛
အတိတ်ငယ်ဘဝကို လွမ်းဆွတ်ခြင်း
“အချိန်ကာလတခု ဖြတ်သန်းလာပြီးနောက်မှာ
အဲ့တုန်းက ငါလုပ်ခဲ့တာမှန်တယ်” ဆိုတဲ့ခံစားချက် လက်ရှိမှာဖြစ်ပေါ်နေပါမယ်။
အတိတ်ကလူ၊ အတိတ်ကအခွင့်အရေး၊ ပြန်ဆက်သွယ်မှု သို့မဟုတ် အရင်ကစောင့်မျှော်နေတဲ့ကိစ္စ ပြန်လာနိုင်ပါတယ်။
စောင့်နေတဲ့ကိစ္စမှာ positive response ရပြီး ကိုယ့်အတွက် ဂုဏ်ယူစရာ result တစ်ခုလည်းရလာပါမယ်။
စိတ်ထဲကလိုချင်တဲ့အဖြေ ရလာခြင်း၊
နားလည်မှု၊ ချစ်ခြင်းနဲ့ နူးညံ့တဲ့ ဆက်ဆံရေးပြန်
ရရှိပါမယ်။
ကိုကိုတွေ မမတွေရဲ့ နွေးထွေးသော ဂရုစိုက်မှုရရှိနေပါမယ်။
6နှစ်တာ ကာလမှာ ကိုယ်ပြုခဲ့တဲ့ ကောင်းသောအကြောင်းတရားရဲ့ အကျိုးကို ပြန်လည်ခံစားရပါမယ်။
အရင်ကလို အတိတ်က ဒဏ်ရာတွေကိုပဲ ပြန်
သတိရနာကျင်နေတော့တာမဟုတ်ပဲ ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေကို ပါ ပြန်ထည့်တွေးမိပြီး Healing လုပ်နေမိပါမယ်။
အလုပ်ဟောင်း ပတ်ဝန်းကျင်ဟောင်း မှလူတွေ ရဲ့အသိအမှတ်ပြု ချီးကျူးစကား ပြန်ကြားရမယ်။
ရေခြားမြေခြား နယ်ခြားအဝေးရောက်နေသူများ
အိမ်လွမ်း ဝေဒနာ ပြင်းပြင်းပြပြခံစားနေရမယ်
မွေးရပ်မြေ /ဇာတိမြေကို အကြောင်းကိစ္စတခုဖြင့် ပြန်သွားရောက်ဖြစ်မယ်။
မိတ်ဆွေဟောင်း /ငယ်သူငယ်ချင်းဟောင်းတစ်ယောက်ဆီ က လက်ဆောင် (သို့)စားစရာတခုခု
ရရှိခဲ့ပါက ၆ရက် ၆ပတ် ၆လ အတွင်း မထင်မှတ်သော ငွေတွေ ဝင်လာပါမယ်။
ငယ်ဘဝ ကာလ ကိုပြန်တွေး ပြန်ပြောကြမိတဲ့အခါ ပျော်ရွှင်ကြည်နူးစရာ အချိန်တွေကိုသာ ပြန်သတိရရင်း inner child ရဲ့ positive energy ကို ရယူနိုင်ပါတယ်။
😇🧡
Everyday W I T C H🌙✨
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Everyday WITCH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.