Sports Mail

Sports Mail

Share

မြန်မာပြည်က အာဆင်နယ်ပရိသတ်တွေအတွက် ထူးခြားသတင်းတွေနဲ့ လွမ်းမောဖွယ် အကြောင်းအရာတွေကို စုစည်းခံစားစေနိုင်ဖို့ ရည်ရွယ်ပါတယ်။

Photos from Sports Mail's post 02/09/2026

🔴 အမ်းမရိတ်စ် ခေတ်သစ်ကို စတင်စေခဲ့တဲ့ အိုဇေးလ်ရဲ့ အမှတ်တရ
---------------------------
လွန်ခဲ့တဲ့ ၁၃ နှစ်၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂ ရက် အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် နည်းပြ အာစင် ဝင်းဂါးဟာ ရီးရဲလ် မက်ဒရစ် မှ ဂျာမနီ ကွင်းလယ်ဖန်တီးရှင် အိုဇေးလ် ကို အသင်းစံချိန်တင် ပေါင် ၄၂.၅ သန်းဖြင့် ခေါ်ယူကာ အာဆင်နယ် ပရိသတ်များကို အံ့အားသင့်စေခဲ့ပါတယ်။ အဆိုပါ အပြောင်းအရွှေ့သည် ဟိုက်ဘူရီမှ အမ်းမရိတ်စ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ဘဏ္ဍာရေး အခက်အခဲများကြောင့် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် အာဆင်နယ်၏ ၏ အားဖြည့်မှုဖြစ်ခဲ့ပြီး အသင်း၏ အဆင့်အတန်းနှင့် ရည်မှန်းချက်ကို တစ်ဆစ်ချိုး မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။

အိုဇေးလ် သည် အာဆင်နယ် ကစားသမားဘဝ ပထမဆုံး ရာသီမှာပင် အသင်း၏ ၉ နှစ်ကြာ ဆုဖလား ငတ်မွတ်မှုဝေဒနာကို အဆုံးသတ်ပေးခဲ့ပြီး ၂၀၁၄ FA Cup ဆုဖလားကို ဆွတ်ခူးပေးခဲ့ပါတယ်။ သူ၏ အာဆင်နယ် ကစားသမားဘဝအတွင်း ပွဲပေါင်း ၂၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၄၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၇၇ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သလို FA Cup ဆုဖလား ၄ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ကာ အမ်းမရိတ်စ် ကွင်းအတွင်း အနုပညာဆန်ဆန် ဖန်တီးမှုများစွာကို ပရိသတ်များထံ ချပြသွားခဲ့ပါတယ်။

အထူးသဖြင့် ၂၀၁၅-၁၆ ရာသီတွင် ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိ ပြုလုပ်ကာ လိဂ်သမိုင်းတွင် ထိပ်တန်း စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်များတွင် ရလဒ်ပိုင်းဆိုင်ရာ အတက်အကျများနှင့် ကလပ်အသင်းမှ ခါးခါးသီးသီး ထွက်ခွာခဲ့ရသော်လည်း အိုဇေးလ် ၏ ပါရမီပါသည့် ဘောလုံးပေးပို့မှုများနှင့် ကွင်းလယ် ဖန်တီးမှုပုံစံများမှာ အာဆင်နယ် သမိုင်းတွင် ထာဝရ မေ့ပျောက်နိုင်မည်မဟုတ်သည့် ဂန္ထဝင်မြောက် အမှတ်တရများအဖြစ် ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။

🔴⚪

By : Ko Chan (Sports Mail)

02/09/2026

"ကစားခွင့် မရသေးတဲ့ သူတွေအတွက်တော့ ငါ စိတ်မကောင်းပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ အားလုံးက ပွဲထဲမှာ ပါဝင်ချင်ကြတာကိုး။

ဒါပေမဲ့ တစ်ခါတလေကျရင် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အခြေအနေတွေ ကြောင့် အပြောင်းအလဲတွေ ပြုလုပ်ရတာမျိုး ရှိပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် ကစားချိန်တွေ ရလာမှာပါဆိုတာ ငါ သေချာပေါက် ပြောရဲပါတယ်"။

အာတီတာ

Photos from Sports Mail's post 02/09/2026

🎙️ မိုက်ကယ် အိုဝင်

" ချဲလ်ဆီး နဲ့ ပွဲမှာ အက်ဇေး တစ်ယောက် ပွဲထွက်ခွင့် နေရာကို ဆက်လက် ထိန်းသိမ်းသွားနိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။ ကျွန်တော့် အမြင်ကို ပြောရရင်တော့ သူ ပွဲထွက်လာနိုင်ခြေ ပိုများပါတယ်။

သူဟာ ဒီနေ့ပွဲမှာ ဇိုလစ်စ် ထက်ပိုပြီး သိသိသာသာ စွမ်းဆောင်နိုင်ခဲ့တာ သေချာပါတယ်။ ဒါကြောင့် ရာသီအဖွင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ့် ချဲလ်ဆီး နဲ့ ပွဲမှာ အက်ဇေး အနေနဲ့ ပွဲထွက် နေရာ ရရှိဖို့ အခွင့်အရေး ပိုများနေပြီလို့ ထင်ပါတယ်။"

🔴⚪

By : Ko Chan (Sports Mail)

02/09/2026

"အာဆင်နယ်ဟာ သူတို့ရဲ့ တိုက်စစ် အဆင့်အတန်းကို ပိုမို အဆင့်မြှင့်တင်ပေးနိုင်မယ့် ကစားသမားမျိုးကို လိုအပ်ခဲ့သလို ခေါ်ယူချင်ခဲ့ကြတာပါ။ ဇိုလစ်စ်က ထရော့ဆက်ဒ်ရဲ့ နေရာအတွက် အစားထိုးအဖြစ် ရောက်ရှိလာခဲ့ပေမဲ့ မာတီနယ်လီရဲ့ နေရာအတွက်တော့ အစားထိုးမှု မလုပ်ရသေးပါဘူး။ ဝမ်နယ်ရီကလည်း ဒေါ့မွန် ထံ အငှားနဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ဗီနီရှပ်စ်ဟာ အထူးသဖြင့် အာတီတာ အတွက် အဓိက ပစ်မှတ်ဖြစ်ခဲ့ပြီး အသင်းရဲ့ ဘုတ်အဖွဲ့ကလည်း ဒီအပြောင်းအရွှေ့အတွက် ငွေကြေးအရ မြောက်မြားစွာ ထောက်ပံ့ပေးဖို့ ပြင်ဆင်ထားခဲ့ကြတာပါ။ အယ်လ်ဗာရက်ဇ်ဟာလည်း ရေရှည် ပစ်မှတ်တစ်ခု ဖြစ်ခဲ့ပေမဲ့ ဒီကစားသမား နှစ်ယောက်စလုံးကို ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

ဖိုဖာနာနဲ့ ပတ်သက်လို့ကတော့ အာဆင်နယ် က သူ့ကို အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု၊ ပြုစုပျိုးထောင်သွားနိုင်မယ့် ကစားသမားတစ်ဦးအဖြစ်ပဲ ရှုမြင်ခဲ့တာပါ။ ဈေးကွက်ထဲမှာ ရွေးချယ်စရာ နည်းပါးတာကြောင့် အာဆင်နယ် အနေနဲ့ ဇန်နဝါရီ သို့မဟုတ် လာမယ့် နွေရာသီအထိ စောင့်ဆိုင်းပြီး လက်ရှိ ကစားသမားအုပ်စုအပေါ်ပဲ အားကိုးသွားဖို့ ဆုံးဖြတ်ခဲ့ပုံ ရပါတယ်။

ဒါဟာ အာဆင်နယ် မှာ တိုက်စစ် ရွေးချယ်စရာ နည်းပါးနေတယ်လို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ ဒါပေမဲ့ ဒီလို နာမည်ကြီး ကစားသမားတွေကို ကြိုးပမ်းခဲ့တာကတော့ သူတို့အနေနဲ့ တိုက်စစ် အားဖြည့်ဖို့ လိုအပ်နေတယ်ဆိုတာကို သိရှိနေကြောင်း ပြသနေတာပါ။ သို့သော်လည်း မကြာမီ နှစ်တွေအတွင်း အသုံးစရိတ် မြောက်မြားစွာ သုံးစွဲခဲ့ပြီးနောက်မှာ ဒီလို အပြောင်းအရွှေ့တွေကို အကောင်အထည်ဖော်ဖို့၊ အထူးသဖြင့် ငွေကြေးပိုင်းအရ ဆောင်ရွက်ဖို့က ခက်ခဲပါတယ်။

ဒါပေမဲ့လည်း အာဆင်နယ် ရဲ့ အခြေအနေဟာ ဆိုးရွားတဲ့ အနေအထားမှာ ရှိနေတယ်လို့ ကျွန်တော် မထင်ပါဘူး၊ သူတို့အနေနဲ့ လက်ရှိ လူစာရင်းနဲ့တင် အဆင်ပြေပြေ ဖြတ်သန်းသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်"

David Ornstein

(ပုံကတော့ အဆင်ပြေသလိုလေး ထည့်ပေးလိုက်တာပါ။)
By : Ko Chan (Sports Mail)

02/09/2026

ဗီလာ ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ အာတီတာက ပွဲချိန် ၇၉ မိနစ်မှာ လူစားလဲခံခဲ့ရတဲ့ နောက်ခံလူ ခရစ်စတီယန် မော့စကဲရားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲမှာ မော့စကဲရား အစား အာဆင်နယ် အသင်းသစ် ကစားသမား အက်ဇရီ ကွန်ဆာဟာသူ့ရဲ့အသင်းဟောင်း ဗီလာ ရဲ့ အိမ်ကွင်း Villa Park မှာ အာဆင်နယ် ကစားသမားဘဝ ပထမဆုံးအကြိမ် ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ်။

🎙️ မီကေလ် အာတီတာ ၏ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်

"သူ (မော့စကဲရား) အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်ခုခု ဒဏ်ရာ ရတော့မလို ခံစားနေရတယ်လို့ ပြောတာကြောင့် သူ့ကို ဆက်မစွန့်စားဘဲ လူစားလဲခဲ့တာပါ။ ဒါကြောင့်လည်း ငါတို့မှာ ဒီလို အရန်ခုံတန်း အင်အား ရှိနေရတာဖြစ်ပြီး အက်ဇရီ ကွန်ဆာ ကို ထည့်သွင်း ကစားစေခဲ့တာ ဖြစ်ပါတယ်"

မော့စကဲရား ဟာ ဗီလာ ကို အနိုင်ရသည့် ပွဲစဉ်တွင် ၇၉ မိနစ်အထိ ပါဝင်ကစားခဲ့ပြီးနောက် ကြွက်သား ဒဏ်ရာ မရရှိစေရန် အာတီတာ က ကြိုတင်ကာကွယ်သည့် အနေဖြင့် လူစားလဲခဲ့ခြင်းဖြစ်ပါတယ်။ ယူရို ၅၅ သန်းဖြင့် အက်စတွန် ဗီလာ မှ ပြောင်းရွှေ့လာခဲ့သည့် အသက် ၂၈ နှစ်အရွယ် အင်္ဂလန် ခံစစ်မှူး အက်ဇရီ ကွန်ဆာ အတွက်မူ အသင်းဟောင်း ပရိသတ်များရှေ့တွင် အာဆင်နယ် ပွဲဦးထွက် ကစားခွင့် ရရှိခဲ့သည့် ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဝီလီယံ ဆာလီဘာ ဒဏ်ရာကြောင့် အနားယူနေရချိန်နှင့် ဂျူရီယန် တင်းဘာ အနားယူနေရချိန်များတွင် ခံစစ်ပိုင်း အခက်အခဲ မရှိစေရန်အတွက် အာဆင်နယ် ဘုတ်အဖွဲ့အနေဖြင့် ကွန်ဆာ ကို အချိန်မီ ဖြည့်တင်းထားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အာတီတာ က အသင်းအနေဖြင့် ပြိုင်ပွဲ ၄ ခုစလုံးတွင် စိန်ခေါ်နိုင်ရန်အတွက် ခံစစ် ပိုမို ခိုင်မာရန် လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။

By : Ko Chan (Sports Mail)

02/09/2026

ဒီနွေဈေးကွက်ကတော့ တကယ့် အဆန်းကြီးဟေ့။ တိုက်စစ်ပိုင်းက လေးယောက်ထွက်တယ်။ သုံးယောက်က အပြီးသတ်၊ တစ်ယောက်က အငှား။

အဝင်က တစ်ယောက်တည်းပဲ။ တစ်ခုရှိတာက ဘာလဲဆိုတော့ မနှစ်က ပွဲကစားခွင့်နည်းခဲ့တဲ့ အက်ဇေးအတွက် ပွဲကစားချိန် အများကြီး ရလာနိုင်တယ်။ နောက်တစ်ခုက မက်ဇ်ဒေါမန်းလေးအတွက်လည်း ပိုပြီး ကစားခွင့်ရလာမယ်ပေါ့လေ။

ဒါပေမဲ့ တခြားအသင်းတွေက သန်း ၃၀၀ နဲ့အထက် သုံးပြီး စိန်ခေါ်ဖို့ ကြိုးစားလာကြချိန်မှာ ဒီလောက်နဲ့ပဲ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ လွယ်ပါ့မလားဆိုတဲ့ သံသယ မေးခွန်းတွေကလည်း ရှိနေခဲ့ပြီဖြစ်ပါတယ်။

02/09/2026

ပရီးမီးယားလိဂ်ကနေ ပြန်လည်ကြိုဆိုပါတယ် ငါ့ကောင်ရေ... မနေ့ကပဲ ရုံးက သူငယ်ချင်းနဲ့ သူ့အကြောင်း ပြောဖြစ်ကြသေးတယ်။ ပင်နယ်တီ ကန်တာ အရမ်းစိတ်ချရတယ်။ အထာကျတယ်ဆိုတာပေါ့။

အခုတော့ အာဆင်နယ်ကနေ ထွက်ခွာပြီးနောက်မှာ ရိုးမား၊ လိုင်ယွန်တို့လို အီတလီနဲ့ ပြင်သစ်လိဂ်က ထိပ်သီးအသင်းတေွနဲ့ ဖြတ်သန်းခဲ့ပြီး အဲဗာတန်ဆီ အပြီးသတ်ရောက်လာခဲ့ပါပြီ။ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ မာဆေးဆိုဒ်မှာ အကောင်းဆုံးခြေစွမ်းတေွ ပြန်ရပါစေကွာ။

01/09/2026

ဒေါ့မွန်ဆီ တစ်ရာသီ အငှားနဲ့ ပြောင်းကစားမယ့် အီသန် ဝမ်နယ်ရီ
-------------------------------
အာဆင်နယ် အသင်းရဲ့ အသက် ၁၉ နှစ်အရွယ် အင်္ဂလန် လူငယ် ကွင်းလယ်တိုက်စစ်ကစားသမား အီသန် ဝမ်နယ်ရီဟာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ အာဆင်နယ် အသင်းတွင် ပုံမှန် ပွဲထွက်ခွင့်နှင့် ပွဲချိန် ရရှိရေးအတွက် နည်းပြ အာတီတာ နှင့် အဖွဲ့က လူငယ်ကစားသမားများကို မြှင့်တင်ပေးရာတွင် အောင်မြင်သည့် သမိုင်းကြောင်းရှိသော ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန် သို့ ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ အငှားစာချုပ်တွင် အပြီးသတ် ဝယ်ယူခွင့်ပါဝင်မည် မဟုတ်ဘဲ ဝမ်နယ်ရီ အနေဖြင့် ဂျာမနီတွင် ဘွန်ဒက်စ်လီဂါ နှင့် ချန်ပီယံလိဂ် အတွေ့အကြုံများ ရယူပြီးပါက အာဆင်နယ် ပထမအသင်းကြီးသို့ ပြန်လည် ပူးပေါင်းရမည် ဖြစ်ပါတယ်။ ဂျူဒ် ဘယ်လင်ဂမ် နှင့် ဂျေဒန် ဆန်ချို တို့ကဲ့သို့ အင်္ဂလန် လူငယ်ကြယ်ပွင့်များကို ထိပ်တန်းအဆင့်သို့ မြှင့်တင်ပေးခဲ့သည့် ဒေါ့မွန် အသင်း၏ ပတ်ဝန်းကျင်သည် ဝမ်နယ်ရီ ၏ ကစားသမားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး လမ်းကြောင်းတစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

🏴󠁧󠁢󠁥ᱸ🇬🇪🔴

By : Ko Chan (Sports Mail)

01/09/2026

"မင်းဟာ အာဆင်နယ် အသင်းကနေ ထွက်ခွာသွားနိုင်ပေမဲ့ ဒီအသင်းရဲ့ DNA ကိုတော့ ဘယ်တော့မှ မေ့လို့ ရမှာ မဟုတ်ပါဘူး။

ကျွန်တော်ဟာ ချန်ပီယံတစ်ယောက်အဖြစ်ရော၊ ဒီကလပ်အသင်းရဲ့ အောင်မြင်မှုအတွက် ပေးဆပ်စွမ်းဆောင်ခဲ့တဲ့ စစ်မှန်တဲ့ Gooner တစ်ယောက်အဖြစ်ပါ ထွက်ခွာသွားတာပါ။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်၊ အသင်းရဲ့ စံချိန်စံညွှန်းတွေကို မြှင့်တင်ခဲ့ကြတယ်၊ နောက်မျိုးဆက်တွေအတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။ အခုတော့ အာဆင်နယ်ကို ဒီထက်မက ပိုပြီး အဝေးကြီး ရောက်အောင် ခေါ်ဆောင်သွားဖို့က သူတို့ရဲ့ စိန်ခေါ်မှု ဖြစ်သွားပါပြီ။

ကျွန်တော်တို့ ဒီမှာ အတူတကူ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေနဲ့ ပတ်သက်လို့ စာအုပ်တစ်အုပ်လုံး ပြည့်အောင်တောင် ရေးလို့ရပါတယ်။ အာဆင်နယ်ကို သူ့နေရာမှန်ဆီ ပြန်ရောက်အောင် ကျွန်တော်တို့ ကူညီနိုင်ခဲ့ကြတယ်။ အနိုင်ရလိုစိတ်ကို ပြန်လည် ဖော်ဆောင်နိုင်ခဲ့ကြတယ်၊ အဓိက ဆုဖလားကြီးတွေကို စတင် ပြိုင်ဆိုင်နိုင်ခဲ့ကြတယ်၊ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အချိန်တွေမှာတောင်မှ ပြန်လည် ယုံကြည်မှုတွေ ရရှိခဲ့ကြတယ်။ ဒီနေ့မှာတော့ အာဆင်နယ်ရဲ့ သမိုင်းကြောင်းဟာ ပြောင်းလဲသွားခဲ့ပါပြီ။

အာဆင်နယ်ဟာ ကျွန်တော့်အတွက် အမြဲတမ်း အိမ်လိုမျိုး ဖြစ်နေမှာပါ။ မန်စီးတီး မှာ ပွဲထွက်ခွင့် ပုံမှန် မရတော့ဘဲ ကျွန်တော့်ရဲ့ ကစားသမားဘဝ ခက်ခဲနေတဲ့ အချိန်မှာ ဒီအသင်းဆီ ကျွန်တော် ရောက်လာခဲ့တာပါ။ ကျွန်တော် ကြံ့ခိုင်မှု ပြည့်ဝနေချိန်မှာတောင် ကစားခွင့် မရခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အာဆင်နယ် က ကျွန်တော့်ရဲ့ သမိုင်းကို ပြောင်းလဲပေးခဲ့ပါတယ်။

မီကေလ် အာတီတာ ဟာ ကျွန်တော့်ကို ယုံကြည်ပေးခဲ့တယ်၊ ဘောလုံး ပြန်ကစားဖို့ အခွင့်အရေး ပေးခဲ့တယ်၊ ထူးခြားတဲ့ အရာတွေကို ပြသပေးခဲ့တယ်။ အဲဒီအတွက် ကျွန်တော် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။

အာဆင်နယ် ပရိသတ်တစ်ဦးစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့အတွက် အကောင်းဆုံးတွေပဲ ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်ဟာ ထာဝရ Gooner တစ်ယောက် ဖြစ်နေမှာပါ။

ခင် ဗျားတို့အားလုံးကို ချစ်ပါတယ်။ မျှော်လင့်တာကတော့ တစ်နေ့နေ့မှာ ကျွန်တော်တို့ ပြန်လည် ဆုံတွေ့ကြဦးမှာပါ။ ကျွန်တော် ပြန်လာခဲ့ပါမယ်"

ဂါဘရီယယ်လ် ဂျေးဇူး

By : Ko Chan (Sports Mail)

Website

Address


No. 127, Moe Kaung Str
Yangon

Alerts

Be the first to know and let us send you an email when Sports Mail posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.