Manabu Japanese Language Class
ပြည်ပမှာပဲဖြစ်ဖြစ် မြန်မာပြည်မှာပဲဖြစ်ဖြစ် ဂျပန်စာကို အိမ်မှာပဲ လွယ်ကူသက်သာစွာလေ့လာနိုင်ပါပြီ👩🏻💻💯 🎌 ^°^zoom online class^°^
23/09/2026
✴️ N1 単語 P.4 ✴️
61. 女優 (じょゆう) [名]
မင်းသမီး (ရုပ်ရှင်/ပြဇာတ်)
古典芸能の歌舞伎に(女優)はおらず、女性の役も男性の「女形」が演じる。
ရှေးဟောင်းရိုးရာအနုပညာဖြစ်သော ကဘူကီတွင် (မင်းသမီး) မရှိဘဲ အမျိုးသမီးဇာတ်ရုပ်ကိုလည်း အမျိုးသားများ၏ "အမျိုးသမီးဇာတ်ရုပ်ဆောင်" က သရုပ်ဆောင်သည်။
62. 出身 (しゅっしん) [名]
ဇာတိ / မွေးရပ်မြေ
わたしは福岡県北九州市(出身)です。
ကျွန်မသည် ဖုကုအိုခခရိုင် ခိတခယူးရှူးမြို့ (ဇာတိ) ဖြစ်သည်။
63. 事業 (じぎょう) [名]
စီးပွားရေးလုပ်ငန်း / လူမှုရေးလုပ်ငန်း
彼はビジネスで成功したら、次に社会(事業)に関心を持った。
သူသည် စီးပွားရေးတွင် အောင်မြင်ပြီးနောက် နောက်ထပ် လူမှုအကျိုးပြု (လုပ်ငန်း) ကို စိတ်ဝင်စားလာခဲ့သည်။
64. 詩人 (しじん) [名]
ကဗျာဆရာ
(詩人)の力強い言葉が、わたしを勇気づけてくれた。
(ကဗျာဆရာ) ၏ ခွန်အားရှိသော စကားလုံးများက ကျွန်မကို ခွန်အားပေးခဲ့သည်။
65. 鬼 (おに) [名]
ဘီလူး / သရဲရဲ
日本の昔話には、「(鬼)」という暴れ者がよく出てくる。
ဂျပန်ရှေးဟောင်းပုံပြင်များတွင် "(ဘီလူး)" ဟုခေါ်သော သောင်းကျန်းသူ မကြာခဏ ပါဝင်လေ့ရှိသည်။
66. 削減 (さくげん) [する] [名] [動]
လျှော့ချခြင်း
予算が(削減)されても、大学教育の質は落とせない。
ဘတ်ဂျက် (လျှော့ချ) ခံရသော်လည်း တက္ကသိုလ်ပညာရေး၏ အရည်အသွေးကို လျှော့ချ၍ မရပါ။
67. ~派 (~は) [接尾]
ဂိုဏ်း / အုပ်စု / အနုပညာစတိုင်
多くの流派の中でも、印象(派)の絵は親しみやすい。
ဂိုဏ်းခွဲများစွာထဲတွင်မှ အင်ပါရက်ရှင်နစ် (စတိုင်) ပန်းချီကားများသည် ရင်းနှီးလွယ်သည်။
68. 華やか (はなやか) [ナ形]
တောက်ပလှပသော / စက်ဆန်းသော
今日は(華やか)なドレスを着て行こう。 / (華やか)な人生の裏にもいろいろな苦労がある。
ဒီနေ့တော့ (တောက်ပလှပသော) ဂေါင်းအင်္ကျီကို ဝတ်သွားကြစို့။ / (တောက်ပဆန်းပြားသော) ဘဝ၏ နောက်ကွယ်တွင်လည်း အမျိုးမျိုးသော အခက်အခဲများ ရှိကြသည်။
69. 未熟 (みじゅく) [名] [ナ形]
မကျွမ်းကျင်သေးသော / အတွေ့အကြုံမရှိသေးသော
彼の技術はまだ(未熟)なので、こんな難しい仕事は無理だ。
သူ၏ နည်းပညာသည် (မကျွမ်းကျင်သေး) သောကြောင့် ဒီလို ခက်ခဲသော အလုပ်သည် မဖြစ်နိုင်ပါ။
70. パジャマ [名]
ညဝတ်အင်္ကျီ
昔は浴衣の寝巻き、今は(パジャマ)で寝る人が多い。
ဟိုးယခင်က ယုခါသ ညဝတ်အင်္ကျီ၊ ယခုအခါ (ညဝတ်အင်္ကျီ) ဖြင့် အိပ်သူ များပြားသည်။
71. 生かす (いかす) [動]
အသက်ချမ်းသာပေးသည် / အသုံးချသည်
珍しい魚だから、(生かし)とおこう。 / この仕事なら、あなたの経験が(生かせ)ますよ。
ရှားပါးငါး ဖြစ်သောကြောင့် (အသက်ချမ်းသာပေး) ထားကြစို့။ / ဒီအလုပ်ဆိုလျှင် သင်၏ အတွေ့အကြုံကို (အသုံးချ) နိုင်ပါလိမ့်မည်။
72. 積む (つむ) [動]
စုဆောင်းသည် / အတွေ့အကြုံယူသည်
経験を(積んだ)漁師は、あしたの天気が分かる。
အတွေ့အကြုံ (စုဆောင်းထားသော) တံငါသည်သည် မနက်ဖြန်၏ ရာသီဥတုကို သိရှိသည်။
73. 減少 (げんしょう) [する] [名] [動]
လျော့နည်းသွားခြင်း
先生方の指導のおかげで、遅刻する生徒の数が(減少)しました。
ဆရာ/မများ၏ ဆုံးမညွှန်ပြမှုကြောင့် နောက်ကျသော ကျောင်းသားအရေအတွက် (လျော့နည်း) သွားခဲ့သည်။
74. 行為 (こうい) [名]
ပြုမူဆောင်ရွက်ချက် / အပြုအမူ
人のためにした(行為)は、いつか自分に返ってくるだろう。
သူတစ်ပါးအတွက် ပြုလုပ်ပေးခဲ့သော (အပြုအမူ) သည် တစ်နေ့နေ့တွင် မိမိထံ ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။
75. 塔 (とう) [名]
မျှော်စင် / စေတီပုထိုး
日本の古いお寺には、五重の(塔)を持つものが多い။
ဂျပန်နိုင်ငံ၏ ရှေးဟောင်းဘုန်းကြီးကျောင်းများတွင် ငါးထပ် (မျှော်စင်/စေတီ) ရှိသော ကျောင်းများ များပြားသည်။
76. 倫理 (りんり) [名]
ကျင့်ဝတ်
彼は良い悪いを判断する、(倫理)的な基準をよくわきまえている。
သူသည် အကောင်းအဆိုးကို ဆုံးဖြတ်သည့် (ကျင့်ဝတ်) ဆိုင်ရာ စံနှုန်းများကို သေချာစွာ နားလည်ထားသည်။
77. 診断 (しんだん) [する] [名] [動]
ရောဂါရှာဖွေစစ်ဆေးခြင်း
わたしは定期的に健康(診断)を受け、病気には気をつけている。
ကျွန်မသည် ပုံမှန် ကျန်းမာရေး (စစ်ဆေးမှု) ခံယူပြီး ရောဂါများကို ဂရုစိုက်နေသည်။
78. 分担 (ぶんたん) [する] [名] [動]
ဝေမျှတာဝန်ယူခြင်း
忙しい時の家事は、家族で(分担)してやろう。
အလုပ်ရှုပ်နေချိန်တွင် အိမ်အလုပ်များကို မိသားစုလိုက် (ခွဲဝေတာဝန်ယူ) လုပ်ဆောင်ကြစို့။
79. 嗜好品 (しこうひん) [名]
အာသာပြေ အစားအစာ (ကော်ဖီ၊ အရက် စသည်)
コーヒーやお酒などの(嗜好品)は、少々高くても自分の好みの物を選んでいる。
ကော်ဖီနှင့် အရက်ကဲ့သို့သော (အာသာပြေအစားအစာများ) ကို အနည်းငယ် ဈေးကြီးသော်လည်း မိမိနှစ်သက်ရာကို ရွေးချယ်လေ့ရှိသည်။
80. 政策 (せいさく) [名]
မူဝါဒ / ပေါ်လစီ
農業(政策)は、世界の人口や食料の問題にかかわる大切な分野である。
စိုက်ပျိုးရေး (မူဝါဒ) သည် ကမ္ဘာ့လူဦးရေနှင့် အာဟာရပြဿနာများနှင့် သက်ဆိုင်သော အရေးကြီးသော နယ်ပယ်ဖြစ်သည်။
22/09/2026
✴️N1 単語 P.3 ✴️
41. 保険 (ほけん) [名]
အာမခံ
もしもの場合に備えて、海外旅行(保険)に加入しておこう。
မတော်တဆ ဖြစ်ရပ်များအတွက် ပြင်ဆင်သည့်အနေဖြင့် နိုင်ငံခြားခရီးသွား (အာမခံ) ဝင်ထားကြရအောင်။
42. 層 (そう) [名]
အလွှာ
水と油は混ぜようとしても、二つの(層)に分かれる。
ရေနှင့် ဆီသည် ရောနှောရန် ကြိုးစားသော်လည်း အလွှာနှစ်ခု ခွဲထွက်သွားသည်။
43. 電流 (でんりゅう) [名]
လျှပ်စီးကြောင်း
送電線には高い圧力の(電流)が流れている。 / 驚きで体に(電流)が走った。
ဓာတ်အားလိုင်းများတွင် မြင့်မားသော ဖိအားရှိသည့် (လျှပ်စီးကြောင်း) စီးဆင်းနေသည်။ / အံ့အားသင့်မှုကြောင့် ခန္ဓာကိုယ်ထဲတွင် (လျှပ်စီးကြောင်း) ဖြတ်စီးသွားသလို ခံစားလိုက်ရသည်။
44. 発展 (はってん) [する] [名] [動]
ဖွံ့ဖြိုးတိုးတက်ခြင်း
地域が(発展)するためには、住民たちの協力がどうしても必要だ。
ဒေသတစ်ခု (ဖွံ့ဖြိုးတိုးတက်) ရန်အတွက် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် မဖြစ်မနေ လိုအပ်သည်။
45. 過程 (かてい) [名]
လုပ်ငန်းစဉ် / ဖြစ်စဉ်
自動車を造る(過程)で多くの電気を使われる。
မော်တော်ယာဉ် ထုတ်လုပ်သည့် (လုပ်ငန်းစဉ်) တွင် လျှပ်စစ်ဓာတ်အားများစွာ အသုံးပြုသည်။
46. 原則 (げんそく) [名]
မူဝါဒ / အခြေခံစည်းမျဉ်း
民主主義には、多数決で物事を決める(原則)がある。
ဒီမိုကရေစီတွင် မဲဆန္ဒအများစုဖြင့် ကိစ္စရပ်များကို ဆုံးဖြတ်သည့် (အခြေခံစည်းမျဉ်း) ရှိသည်။
47.応募 (おうぼ) [する] [名] [動]
လျှောက်ထားခြင်း / ပါဝင်ယှဉ်ပြိုင်ခြင်း
先生に勧められて、読書感想文のコンクールに(応募)した。
ဆရာမ၏ တိုက်တွန်းချက်ကြောင့် စာဖတ်အတိုချုပ်စာစီစာကုံး ပြိုင်ပွဲသို့ (ပါဝင်ယှဉ်ပြိုင်) ခဲ့သည်။
48. 規制 (きせい) [する] [名] [動]
ကန့်သတ်ခြင်း / စည်းကမ်းချက်
外国製品の輸入には、様々な(規制)がかけられている。
နိုင်ငံခြားထုတ်ကုန်များ တင်သွင်းမှုတွင် အမျိုးမျိုးသော (ကန့်သတ်ချက်များ) ပါဝင်သည်။
49. 現象 (げんしょう) [名]
ဖြစ်စဉ် / ဖြစ်ရပ်
様々な(現象)のすべてが科学で説明できるとは限らない。
အမျိုးမျိုးသော (ဖြစ်စဉ်) အားလုံးကို သိပ္ပံနည်းကျ ရှင်းပြနိုင်သည်ဟု တပ်အပ်မပြောနိုင်ပါ။
50. 幽霊 (ゆうれい) [名]
တစ္ဆေ / သရဲ
お墓に(幽霊)が出た。 / あの人は生気がなくて、まるで(幽霊)みたいだ。
သင်္ချိုင်းတွင် (သရဲ) ထွက်ခဲ့သည်။ / ထိုသူသည် အသက်ဝိညာဉ်မရှိသလို ဖြစ်နေပြီး ကွက်တိ (သရဲ) နှင့် တူနေသည်။
51. とっさに [副]
ချက်ချင်း / ရုတ်တရက်
小さい子供が転んだので、(とっさに)助けに走った。
ကလေးငယ် လဲကျသွားသည့်အတွက် (ရုတ်တရက်) ကူညီရန် ပြေးသွားခဲ့သည်။
52. 臭い (くさい) [イ形]
နံသော
この川は、ご子が多くて(臭い)。
ဒီမြစ်သည် အမှိုက်များပြီး (နံသည်)။
53. ポイント [名]
အဓိကအချက် / သော့ချက်
みそを入れる前に、火を止めるのが(ポイント)です。
ဂျပန်တွင်းထွက် မီဆို စွပ်ပြုတ်မထည့်မီ မီးပိတ်ရန်မှာ (အဓိကအချက်) ဖြစ်သည်။
54. 博士 (はかせ / はくし) [名]
ပါမောက္ခ / ဒေါက်တာ
佐藤さんは大学院で、修士、(博士)と学位を続けて取った。
ဆာတိုးစံသည် တက္ကသိုလ်ဘွဲ့လွန်တွင် မဟာဘွဲ့၊ (ဒေါက်တာဘွဲ့) များကို ဆက်တိုက် ရရှိခဲ့သည်။
55. 指摘 (してき) [する] [名] [動]
ထောက်ပြခြင်း
会社の経営に関するいろいろな問題が(指摘)された。
ကုမ္ပဏီ စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အမျိုးမျိုးသော ပြဿနာများကို (ထောက်ပြ) ခဲ့ကြသည်။
56. 上司 (じょうし) [名]
အထက်လူကြီး
わたしは優しい(上司)に恵まれ、幸せだ。
ကျွန်မသည် ကြင်နာတတ်သော (အထက်လူကြီး) ကို ရရှိခဲ့သည့်အတွက် ကံကောင်းပါသည်။
57. いじめ [名]
အနိုင်ကျင့်ခြင်း
人を尊ばない「(いじめ)」は、今、大きな社会問題になっている。
လူကို မလေးစားသော 「(အနိုင်ကျင့်ခြင်း)」 သည် ယခုအခါ ကြီးမားသော လူမှုရေးပြဿနာ ဖြစ်လာနေသည်။
58.物質 (ぶっしつ) [名]
ရုပ်ဝတ္ထု
現代は物があふれ、(物質)的には豊かであるが、精神的な豊かさも欲しい。
ခေတ်သစ်တွင် ပစ္စည်းများ ပေါများပြီး (ရုပ်ဝတ္ထု) ပိုင်းဆိုင်ရာ ကြွယ်ဝသော်လည်း စိတ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုကိုလည်း လိုချင်သည်။
59. 活性 (かっせい) [名]
တက်ကြွလှုပ်ရှားမှု
各地で「村おこし」という、地域を(活性)化する動きが盛んだ。
နေရာအနှံ့အပြားတွင် "ကျေးရွာဖွံ့ဖြိုးရေး" ဟုခေါ်သော ဒေသကို (တက်ကြွလှုပ်ရှား) စေသည့် လှုပ်ရှားမှုများ ရေပန်းစားနေသည်။
60. 巣 (す) [名]
အသိုက်
スズメは人家の近くに(巣)を作り、人間にも親しみのある鳥だ。
စာကလေးသည် လူအိမ်များ အနီးတွင် (အသိုက်) ဆောက်လုပ်လေ့ရှိပြီး လူများနှင့် ရင်းနှီးသော ငှက်ဖြစ်သည်။
#日本語 #言葉メモ
#日本語単語
21/09/2026
✴️N1 単語 P.2 ✴️
[21] 察する (さっする) စာနာထောက်ထားသည် / ခန့်မှန်းနားလည်သည်
母が亡くなったの。わたしの気持ちを(察し)て下さい。
အမေ ဆုံးပါးသွားခဲ့တာပါ။ ကျွန်မ၏ ခံစားချက်ကို (စာနာနားလည်) ပေးပါ။
[22] 在籍 (ざいせき) ကျောင်းသား/ဝန်ထမ်းအဖြစ် စာရင်းပါဝင်သည်
佐藤さんは文学部に(在籍)し、現代小説を研究している。
ဆာတိုးစံသည် စာပေဌာနတွင် (စာရင်းပါဝင်) ပြီး ခေတ်ပြိုင်ဝတ္ထုကို သုတေသနပြုနေသည်။
[23] 数値 (すうち) ကိန်းဂဏန်းတန်ဖိုး
景気を探るには、お金の動きを示す(数値)が目安になる。
စီးပွားရေးအခြေအနေကို စုံစမ်းရန်အတွက် ငွေကြေးစီးဆင်းမှုကို ပြသသော (ကိန်းဂဏန်းတန်ဖိုး) က စံညွှန်းဖြစ်သည်။
[24] 配置 (はいち) [する] ] နေရာချထားခြင်း
掃除のついでに、家具の(配置)を変えました。
သန့်ရှင်းရေးလုပ်ရင်းနှင့် ပရိဘောဂများ၏ (နေရာချထားမှု) ကို ပြောင်းလဲခဲ့သည်။
[25] 拡大 (かくだい) [する] ချဲ့ထွင်ခြင်း / တိုးချဲ့ခြင်း
人気の商品が飛ぶように売れて、会社の利益も(拡大)した。
ရေပန်းစားသော ကုန်ပစ္စည်းသည် အလွန်ရောင်းကောင်းပြီး ကုမ္ပဏီ၏ အမြတ်အစွန်းလည်း (တိုးတက်/ချဲ့ထွင်) လာခဲ့သည်။
[26] 発生 (はっせい) [する] ဖြစ်ပွားခြင်း / ပေါ်ပေါက်ခြင်း
その事件が(発生)したのは、昨日の深夜だった。
ထိုဖြစ်စဉ် (ဖြစ်ပွား) ခဲ့သည်မှာ မနေ့က သန်းခေါင်ယံအချိန် ဖြစ်သည်။
[27] ~致す (~いたす ပြုလုပ်သည် (ယဉ်ကျေးစကား)
そのことについては、調べて、のちほどご連絡(致し)ます。
ထိုအကြောင်းအရာနှင့် ပတ်သက်၍ စုံစမ်းပြီး နောက်မှ ဆက်သွယ် (ပြုလုပ်) ပါမည်။
[28] 認識 (にんしき) [する] အသိအမှတ်ပြုခြင်း / သဘောပေါက်နားလည်ခြင်း
わたしたちは、自然の大切さを改めて(認識)した。
ကျွန်ုပ်တို့သည် သဘာဝတရား၏ အရေးပါမှုကို တစ်ဖန် ပြန်လည် (သဘောပေါက်အသိအမှတ်ပြု) ခဲ့ကြသည်။
[29] 工場 (こうじょう) စက်ရုံ
東大阪市には、高い技術を持った(工場)がたくさんある。
ဟိဂါရှီ အိုဆာကာ မြို့တွင် အဆင့်မြင့် နည်းပညာရှိသော (စက်ရုံ) များစွာရှိသည်။
[30] 仕組み (しくみ) ဖွဲ့စည်း တည်ဆောက်ပုံ / လုပ်ဆောင်ပုံယန္တရား
時計の(仕組み)は複雑で、多くの部品が必要だ。
နာရီ၏ (တည်ဆောက်ပုံ) သည် ရှုပ်ထွေးပြီး အစိတ်အပိုင်းများစွာ လိုအပ်သည်။
[31] 相当 (そうとう) [する] ညီမျှသည် / တော်တော်လေး
お正月に、5千円(相当)の福袋を買った。
နှစ်သစ်ကူးတွင် ၅ထောင်ယန်းတန် (ညီမျှသော) ကံစမ်းအိတ်ကို ဝယ်ခဲ့သည်။
[32] マニュアル လက်စွဲစာအုပ်
操作が分からないときは、この(マニュアル)を見て下さい。
မောင်းနှင်အသုံးပြုပုံ မသိသည့်အခါ ဒီ (လက်စွဲစာအုပ်) ကို ကြည့်ပါ။
[33] 商店 (しょうてん) ဆိုင် / စီးပွားရေးဆိုင်
街の中心にある(商店)の売り上げは、郊外の大型店に押され気味だ。
မြို့လယ်ရှိ (ဆိုင်) များ၏ ရောင်းအားသည် မြို့ပြင်ရှိ စတိုးဆိုင်ကြီးများ၏ ဖိအားပေးမှုကို ခံနေရပုံရသည်။
[34] 事態 (じたい) အခြေအနေ / ဖြစ်စဉ်
こんな困った(事態)になろうとは、夢にも思わなかった。
ဒီလို အခက်တွေ့ရသည့် (အခြေအနေ) ဖြစ်လာလိမ့်မည်ဟု အိမ်မက်တောင် မမက်ခဲ့ဖူးပါ။
[35] 達成 (たっせい) [する] အောင်မြင်ခြင်း / ပြီးမြောက်ခြင်း
みんなで頑張ったおかげで、今月の売り上げ目標を(達成)することができた。
အားလုံး ကြိုးစားခဲ့ကြသည့်အတွက် ဒီလ၏ ရောင်းအားရည်မှန်းချက်ကို (အောင်မြင်အောင်) လုပ်ဆောင်နိုင်ခဲ့သည်။
[36] 業績 (ぎょうせき) လုပ်ဆောင်ချက် / စွမ်းဆောင်ရည်
我が社は今年、新製品がよく売れて(業績)が上がった。
ကျွန်ုပ်တို့ကုမ္ပဏီသည် ဒီနှစ်တွင် ထုတ်ကုန်သစ်များ အရောင်းသွက်ပြီး (စွမ်းဆောင်ရည်ရလဒ်) တက်လာခဲ့သည်။
[37] 列車 (れっしゃ) ရထား
長距離を走る(列車)には食堂車もあり、楽しい旅が約束されている。
ခရီးရှည်သွားသော (ရထား) တွင် စားသောက်ဆိုင်တွဲလည်း ပါဝင်ပြီး ပျော်ရွှင်စရာ ခရီးစဉ်ဖြစ်ရန် သေချာစေသည်။
[38] 体験 (たいけん) ကိုယ်တွေ့အတွေ့အကြုံ
彼女は、子供の頃の不思議な(体験)について語った。
သူမသည် ငယ်စဉ်က ဆန်းကြယ်သော (ကိုယ်တွေ့အတွေ့အကြုံ) အကြောင်း ပြောပြခဲ့သည်။
[39] きちっと [する] သပ်သပ်ရပ်ရပ် / သေချာကျနစွာ
毎朝、家事を(きちっと)してから会社に行く。
မနက်တိုင်း အိမ်အလုပ်များကို (သေချာကျနစွာ) လုပ်ပြီးမှ ကုမ္ပဏီသို့ သွားသည်။
[40] 忠実 (ちゅうじつ) သစ္စာရှိသော
犬は、昔から人間におとなしく(忠実)な動物だった。
ခွေးသည် ရှေးယခင်ကတည်းက လူသားများအပေါ် လိမ္မာပြီး (သစ္စာရှိသော) သတ္တဝါဖြစ်သည်။
#日本語勉強 #言葉 #日本語単語
20/09/2026
✴️N1 単語 P.1 ✴️
①像 (ぞう) = ရုပ်တု / ပုံရိပ်
有名な政治家をたたえて、銅像が造られた。
ထင်ရှားကျော်ကြားသော နိုင်ငံရေးသမားကို ဂုဏ်ပြုသောအားဖြင့် ကြေးရုပ်တုကို ပြုလုပ်ခဲ့သည်။
② 開発 (かいはつ) [する] = တီထွင်ဖန်တီးခြင်း / ထုတ်လုပ်ခြင်း
我が社は、オリンピックに合わせて新製品を開発した。
ကျွန်ုပ်တို့ကုမ္ပဏီသည် အိုလံပစ်ပွဲတော်နှင့်အညီ ထုတ်ကုန်သစ်ကို ဖန်တီးထုတ်လုပ်ခဲ့သည်။
③個性 (こせい) = ကိုယ်ပိုင်စရိုက်လက္ခဏာ
今年の新入生は、個性の強い学生たちばかりだ。
ယခုနှစ် ကျောင်းသားသစ်များသည် ကိုယ်ပိုင်စရိုက်လက္ခဏာ ထင်ရှားသော ကျောင်းသားများချည်း ဖြစ်သည်။
④成果 (せいか) = အောင်မြင်မှုရလဒ်
朴さんは、言語学研究で大きな成果を収めた。
မာဆန်သည် ဘာသာဗေဒသုတေသနတွင် ကြီးမားသော အောင်မြင်မှုရလဒ်ကို ရရှိခဲ့သည်။
⑤世代 (せだい) = မျိုးဆက်
この歌は、世代を越えて誰からも愛されている。
ဒီသီချင်းသည် မျိုးဆက်အဆက်ဆက်ကို ကျော်လွန်၍ မည်သူမဆို ချစ်ခင်နှစ်သက်ကြသည်။
⑥学部 (がくぶ) = တက္ကသိုလ်မဟာဌာန
学部で現代文学を学びましたが、大学院では古典文学を研究することにしました。
တက္ကသိုလ်မဟာဌာနတွင် ခေတ်ပြိုင်စာပေကို သင်ယူခဲ့သော်လည်း၊ မဟာတန်းတွင်မူ ရှေးဟောင်းခေတ်စာပေကို သုတေသနပြုရန် ဆုံးဖြတ်ခဲ့သည်။
⑦〜系 (けい) = ~ မေဂျာလိုင်း / ~ အုပ်စု
わたしの高校では、2年生から文系と理系の二つのコースに分かれます。
ကျွန်မ၏ အထက်တန်းကျောင်းတွင် ဒုတိယနှစ်မှစ၍ ဝိဇ္ဇာလိုင်းနှင့် သိပ္ပံလိုင်း ဟူ၍ သင်တန်းနှစ်ခု ခွဲခြားထားသည်။
⑧微生物 (びせいぶつ) = အဏုဇီဝသက်ရှိ
酒造りには、様々な微生物が利用される。
အရက်ချက်လုပ်ခြင်းတွင် အမျိုးမျိုးသော အဏုဇီဝသက်ရှိများကို အသုံးပြုကြသည်။
⑨予想 (よそう) [する] = ခန့်မှန်းချက် / တွက်ဆချက်
人々の予想に反して、そのチームは試合に負けてしまった。
လူတွေ၏ ခန့်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ထိုအသင်းသည် ပြိုင်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည်။
⑩デザイン (する) = ဒီဇိုင်း / ပုံစံဖော်ခြင်း
古いビルだけれど、明治時代を感じさせるデザインで貴重だ。
အဆောက်အဦအဟောင်း ဖြစ်သော်လည်း mejiခေတ်၏ အငွေ့အသက်ကို ခံစားရစေသော ဒီဇိုင်းဖြစ်သောကြောင့် တန်ဖိုးရှိလှသည်။
⑪機能 (きのう) [する] = လုပ်ဆောင်ချက် / စွမ်းဆောင်ရည်
携帯電話には、通話以外の機能もたくさん付いている。
ဖုန်းများတွင် ဖုန်းပြောခြင်းအပြင် အခြားသော လုပ်ဆောင်ချက်များစွာ ပါဝင်သည်။
⑫乳児 (にゅうじ) = နို့စို့အရွယ်ကလေး
生まれたばかりの乳児には、大人の愛情が必要だ。
မွေးကင်းစ နို့စို့အရွယ်ကလေးအတွက် လူကြီးများ၏ မေတ္တာကရုဏာ လိုအပ်သည်။
⑬把握 (はあく) [する] = သဘောပေါက်နားလည်ခြင်း
事故防止は、事故の原因を把握することから始まる。
မတော်တဆမှု တားဆီးကာကွယ်ရေးသည် မတော်တဆမှု၏ အကြောင်းရင်းကို သေချာစွာ သိရှိနားလည်ခြင်းမှ စတင်သည်။
⑭年次 (ねんじ) = နှစ်အလိုက် / နှစ်စဉ်
新しいプロジェクトの5年分の年次計画が立てられた。
စီမံကိန်းအသစ်အတွက် ၅ နှစ်စာ နှစ်အလိုက် အစီအစဉ် ရေးဆွဲခဲ့သည်။
⑮部下 (ぶか) = လက်အောက်ဝန်ထမ်း
部下から結婚式のスピーチを頼まれた。
လက်အောက်ဝန်ထမ်းထံမှ မင်္ဂလာဆောင်တွင် နှုတ်ခွန်းဆက်စကား ပြောကြားပေးရန် အကူအညီတောင်းခံခဲ့ရသည်။
⑯市場 (しじょう) = ဈေးကွက်
金融市場は、世界経済の影響を強く受ける。
ဘဏ္ဍာရေးဈေးကွက်သည် ကမ္ဘာ့စီးပွားရေး၏ ရိုက်ခတ်မှုကို ပြင်းထန်စွာ ခံစားရသည်။
⑰悪臭 (あくしゅう) = အနံ့ဆိုး
家庭で使った水が池に溜まって、悪臭が漂っている。
အိမ်သုံးရေဆိုးများ ရေကန်ထဲတွင် စုပုံနေပြီး အနံ့ဆိုးများ ထွက်ပေါ်နေသည်။
⑱怪談 (かいだん) = သရဲပုံပြင်
怪談にはお化けや恐ろしいものが出てくるので、聞くと夏でも涼しくなる。
သရဲပုံပြင်များတွင် ကြောက်စရာကောင်းသော အရာများ ပါဝင်သောကြောင့် နားထောင်ပါက နွေရာသီတွင်ပင် စိမ့်ခနဲ အေးစက်သွားစေသည်။
⑲若者 (わかもの) = လူငယ်
おばあさんがバスに乗ろうとしたら、若者が優しく手を差し出した。
အဘွားအို ဘတ်စ်ကားပေါ် တက်ရန် ပြုစဉ် လူငယ်တစ်ဦးက ကြင်နာစွာဖြင့် ကူညီတွဲကူပေးခဲ့သည်။
⑳投票 (とうひょう) [する] = မဲပေးခြင်း
選挙のときには、できるだけ投票に行きましょう。
ရွေးကောက်ပွဲကျင်းပချိန်တွင် တတ်နိုင်သမျှ မဲပေးရန် သွားကြပါစို့။
✴️P.2✴️
https://www.facebook.com/share/p/1FtN7TohD1/?mibextid=wwXIfr
✴️P.3✴️
https://www.facebook.com/share/p/1H5m19Pquk/?mibextid=wwXIfr
✴️P.4✴️
https://www.facebook.com/share/p/1DNpvEoSyZ/?mibextid=wwXIfr
#日本語 #言葉メモ
日本の料理によく使われる野菜の名前を一緒に勉強しましょう!🥦🍄
#日本語 #日本語勉強 #日本語単語 #野菜
次の6種類の生き物も覚えていきましょう! 🐾
マグロ (တူနာငါး)
さけ (ဆယ်လ်မွန်ငါး)
#ဂျပန်စာလေ့လာကြမယ်
#ဂျပန်စာ
#ဂျပန်စကား
#日本語
#日本語勉強
#日本語学習
#日本語初心者
#6匹の名前
「6匹の名前を楽しく覚えよう!」
#ဂျပန်စာလေ့လာကြမယ်
#ဂျပန်စာ
#ဂျပန်စကား
#日本語
#日本語勉強
#日本語学習
#日本語初心者
#6匹の名前
အဖြစ်တူတဲ့သူတွေရှိကြလား🤧🤧
他人が代わりに幸せにしてくれるわけじゃない。自分の幸せは自分で掴み取ろう!💪🔥
အခြားသူက ကိုယ့်အစား ပျော်ရွှင်အောင် လုပ်ပေးမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ်တိုင်ပဲ အရယူကြရအောင်။
#幸せ # 自分の人生 # モチベーション # 今日も頑張ろう # 幸せになりたい # ポジティブ
COE မရသေးလို့ စိတ်ညစ်နေသူတွေ ကျော်သူနဲ့ရန်အောင်တို့လောက်ကော ပြောတတ်နေကြပြီလား 🤧🤧
Category
Contact the school
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Manabu Japanese Language Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.