B0X

B0X

Share

Bite sized Content for everyone. Support us on YouTube: https://www.youtube.com/@boxmedia.myanmar

Photos from B0X's post 07/04/2023

"This is Barbie, in Myanmar by AI"

Margot Robbie ရဲ့ Barbie character ကို မြန်မာပြည်ကဆိုရင်ဘယ်လိုဖြစ်မလဲကို Midjourney text-to-image AI နဲ့ generate လုပ်ထားတာပါ။

Photos from B0X's post 06/04/2023

"Marvel Avengers with Balenciaga fashion in Myanmar by AI"
------

ဒီ post မှာတင်ထားတဲ့ ပုံအားလုံးက အခုတလော ရေပန်းစားနေတဲ့ Balenciaga meme ကိုအခြေခံပြီး ChatGPT နဲ့ Midjourney ကိုအသုံးပြု၍ generate လုပ်ထားတဲ့ Artwork တွေဖြစ်ပါတယ်။

-----
About ChatGPT and Midjourney
-----

ChatGPT ဆိုတာက AI language model chatbot ပါ။ Text ကလွဲလို့ ကျန်တာ generate မလုပ်ပေးပါဘူး။ Text လို့ generalized လုပ်ပြီးပြော‌ပေမယ့် အမှန်တော့ ChatGPT က content creation, coding support, human like conversation အပြင် အများကြီးလုပ်ပေးနိုင်ပါတယ်။ အခုထိတော့ Text စာ နဲ့ပဲ Prompt ပေးနိုင်သေးတယ်။ နောက်ပိုင်းကျရင် image နဲ့ video တို့ကိုပါအသုံးပြုပြီး prompt ပေးနိုင်မယ်လို့သတင်းထွက်ထားပါတယ်။ ဒါ့အပြင် Midjourney ကတော့ Text-to-Image processor ပါ။ ကိုယ်ရေးလိုက်တဲ့ prompt ပေါ်မူတည်ပြီး artwork အမျိုးမျိုးကို generate လုပ်ပေးပါတယ် ။
-----

Step by Step
-----

Summary အနေနဲ့ပြောရရင် ဒီ artwork အကုန်လုံးကို generate လုပ်တာ စုစုပေါင်း ၁နာရီခွဲလောက်ကြာပါတယ်။ တစ်ခုစဉ်းစားရမှာက ဒီ character တွေကိုဝတ်ခိုင်းမယ့် fashion တွေကို ကျွန်တော် ChatGPT ကို ရေးခိုင်းထားတာပါ။ အရင်ဆုံး ChatGPT ကို နာမည်အကြီးဆုံး Avengers characters တွေကိုပေးပါလို့ တောင်းလိုက်တယ်။ နောက်တော့ ChatGPT ကို Balenciaga fashion designer တစ်ယောက်အနေနဲ့ role play လုပ်ခိုင်းပြီး Myanmar traditional and cultural fashion sense နဲ့ Marvel character တွေရဲ့ trademark suit ကိုပေါင်းခိုင်းပြီး description ရေးခိုင်းပါတယ်။ ပြီးတော့အဲ့ character တွေနဲ့ လိုက်ဖက်မယ့် Myanmar နိုင်ငံက နာမည်ကြီးတဲ့ tourist location တစ်ခုစီ match လုပ်ခိုင်းလိုက်တယ်။ ထွက်လာတဲ့ prompt တွေကို Midjourney မှာသွားထည့်လိုက်တယ်။ ပြီးတော့ Midjourney မှာအကြိုက်တွေ့တဲ့အထိ prompt တွေကို နည်းနည်းပါးပါးပြောင်းပြီး အကြိုက်ဆုံးဟာကို Upscale လုပ်ပါတယ်။

-----
Result and Opinion
-----

ဒီ Case Study မှာ သုဲးခဲ့တဲ့ ChatGPT နဲ့ Midjourney နှစ်ခုလုံးကတော့ Free ပါ။ ဒါပေမယ့် Artwork generate လုပ်တာ ပိုမြန်အောင် Midjourney ကိုတော့တစ်လစာ 10 USD ပေးပြီးလုပ်ခဲ့ပါတယ်။ မဟုတ်ရင် demand များတဲ့အချိန် Free trial ရဖို့ တော်တော်စောင့်ရပါတယ်။

တစ်ခုစဉ်စားမိတာက ဒီ project ကို graphic designer တစ်ယောက်အပ်လိုက်မယ်ဆိုရင်ဘာကွာမလဲပေါ့။ ကွာတော့ကွာမှာပါ။ First ကတော့ ကြာချိန် နဲ့ feedback loop ပေါ့။ AI နဲ့လုပ်တာ တစ်နာရီခွဲလောက်ပဲကြာပေမယ့် တကယ့် Artist/graphic designer နဲ့အလုပ်အပ်မယ်ဆိုရင် အနည်းဆုံး first draft ရဖို့ ၁ ရက် သို့ ၂ ရက် တော့စောင့်ရပါမယ်။ feedback ဆိုရင်လည်း AI ကတော့ instant နီးပါးပေါ့၊ မကြိုက်မချင်းပြင်လို့ရတယ်။ နောက်တစ်ခုကတော့ ဈေး။ Human expert ကတော့ ပိုပေးရတာ ဖြစ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုပြီး Accurate ဖြစ်တယ်။ ကိုယ်လိုချင်တာကို တိတိကျကျ ပြန်ပြင်ပေးနိုင်တယ်။ လိုချင်တဲ့ brief တိုင်းရတယ်။

ဒါပေမယ့် ChatGPT နဲ့ Midjourney တို့ကို လုပ်ငန်းခွင်အတွက် အကျိုးမဝင်ဘူးလို့ပြောရင် မှားပါလိမ့်မယ်။ အခုဆိုရင် ChatGPT က API ထွက်ပြီ။ မကြာခင်မှာ တခြား third party app နဲ့ website တွေနဲ့ပူးတွဲသုံးတဲ့အချိန်ကျရင်တော်တော် powerful ဖြစ်လာမှာပါ။ လက်ရှိ free သုံးလို့ရတဲ့ ChatGPT ကတော့ real time database ကိုသုံးတာတော့မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံမှာတော့ထင်သလောက် use case တွေမရှိပေမယ့် တခြားနိုင်ငံတွေမှာ ChatGPT က ထုတ်ပေးတဲ့ marketing copy, script generation, coding support တို့ကို မှီညမ်းပြီး သုံးနေကျပါပြီ။ Midjourney ဆိုရင်လည်း ဥပမာပြောရရင် လက်ရှိလုပ်ငန်းခွင်ဘယ်နေရာမှာ အသုံးဝင်မလဲဆိုရင် ကြေညာတစ်ခု production မလုပ်ခင် storyboarding အဆင့်ရှိပါတယ်။ Storyboarding ဆိုတာက ကိုယ်ရိုက်မယ့် character, scene, dialogue နဲ့ technical အကြောင်းတွေကို ကြိုဆွဲထားတာပါ။ ဒီ stage ကို ChatGPT ကို script ရေးခိုင်းပြီး ဒါမှမဟုတ် ကိုယ်တိုင်ရေးပြီးသား script ကို scene by scene Midjourney ထဲကို prompt ထည့်ပြီး storyboard generate လုပ်လို့ရပါတယ်။ အချိန်သက်သာတဲ့အပြင် Midjourney ရဲ့အားသားချက်က internet မှာရှိပြီးသား photo style, artwork style တွေကို adapt လုပ်နိုင်တဲ့အပြင် ကိုယ့်ထည့်တဲ့ prompt နဲ့လည်းပေါင်းပေးပါတယ်။ တခြား use case တွေလည်းအများကြီးရှိပါသေးတယ်။

ကယ်နောက်ဆုံးပြောရမှာတော့ Copyright အကြောင်းပေါ့။ ပြောရမှာနည်းနည်းများတော့ နောက် post တစ်ခုမှာပဲ case study အသစ်တစ်ခုနဲ့ ဝေမျှပေးပါမယ်။ အခုတော့ Marvel character တွေ မြန်မာပြည်မှာရှိခဲ့မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ ကြည့်လိုက်ကျပါတော့။ ပုံတစ်ခုချင်းစီရဲ့အောက်မှာလည်း prompt လေးတွေရေးထားပေးပါတယ်။ နောက်ထပ်ကျွန်တော်တို့ကို test လုပ်ခိုင်းချင်တဲ့ idea လေးတွေရှိရင်လည်း ဒါမှမဟုတ် Midjourney မှာ generate လုပ်ချင်တဲ့ ပေါက်ကရ idea တွေရှိရင် messenger သို့ comment မှာရေးပေးခဲ့ပါဗျာ။ AI အပေါ်ထင်မြင်ချက်လေးတွေကိုလည်း ဝေမျှပေးဖို့တိုက်တွန်းပါတယ်။
-----
ChatGPT: https://chat.openai.com/
Midjourney: https://www.midjourney.com/app/

-----
Jerry

05/04/2023

Lee Kwang-soo လိုမျိုးကောင်လေးလိုချင်တဲ့ ကောင်မလေး၊ Night-out သွားတာကိုလုံးဝစိတ်မဝင်စားတဲ့ကောင်မလေးနဲ့ Game လုံးဝမဆော့တဲ့ကောင်မလေးထဲက ဘယ်သူ့ကိုရွေးဖြစ်မလဲ?

Video အပြည့်ကို BOX ရဲ့ YouTube မှာကြည့်လို့ရပါပြီ။

YouTube: bit.ly/3zuXk4L
TikTok: bit.ly/40ZltMy
Instagram: bit.ly/434fEz8

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon