27 Maths
Singapore Maths and Olympiad Maths
07/09/2026
မင်္ဂလာပါရှင်
2026-27 ပညာသင်နှစ်အတွက် ယခုအချိန်မှစ၍ သင်တန်းအပ်နှံနိုင်ပါပြီရှင်
ယခုနှစ်မှစတင်၍ Secondary 2 သင်တန်းကို တိုးချဲ့ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ Class size သတ်မှတ်ထားတာရှိပြီး အရင်အပ်နှံသူကို ဦးစားပေးလက်ခံမှာ ဖြစ်ပါတယ်ရှင်
0001 တန်းခွဲ၊ အသက်နှင့် သင်တန်းအချိန်
i) Primary 1 (6 to 7+years)
*Sat and Sun 10-11:15am (MMT)
ii) Primary 2 (7 to 8+ years)
*Sat and Sun 3-4:15pm (MMT)
iii) Primary 3 (8 to 10+ years)
*Sat and Sun 8:45-10am (MMT)
iv) Primary 4 (9 to 11+ years)
*Sat and Sun 10:15-11:30am (MMT)
v) Primary 5 (10+ to 13 years)
*Sat and Sun 3:15-4:30pm (MMT)
vi) Primary 6 (11+ to 14 years)
*Sat and Sun 4:45-6pm (MMT)
vii)Secondary 1 (12+ to 15 years)
*Sat and Sun 6:15-7:30pm (MMT)
viii)Secondary 2 (13+ to 16 years)
*Sat and Sun 7:45-9pm (MMT)
ix)Olympiad Maths (10+ to 13 years)
*Sat and Sun 7:40-8:40am (MMT)
0010 သင်တန်းကြေး
Page messenger မှတဆင့် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်
0011 သင်တန်းကာလနှင့် စတင်မည့်ရက်
*P1, P2, P3, P4
၉ လ (Oct’2026 to Jun’2027)
*P5, P6,Sec1, Sec 2
၁၁ လ (Nov’2026 to Sep’2027)
*Olympiad Maths
၈ လ (Nov’2026 to Jun’2027)
ဖြစ်ပါတယ်။
*P1, P2, P3 and P4
**4-Oct-2026 (Sun) တွင် စတင်မည်။
*P5, P6, Sec1 and Sec2
**7-Nov-2026 (Sat) တွင် စတင်မည်။
*Olympiad Maths
**7-Nov-2025 (Sat) တွင် စတင်မည်။
0100 သင်ကြားမည့်စာအုပ်များ
Primary 1 to 6 အထိ ရဲ့ သင်ရိုးကို အသုံးပြုသင်ကြားပေးမှာ ဖြစ်ပါတယ်။
0101 သင်တန်းနေရာ
Zoom online class ဖြစ်ပါတယ်။
0110 Class size
၁၀-၁၅ ဦး ဖြစ်ပါတယ်။
0111 ဘာသာစကား
အင်္ဂလိပ်ဘာသာ ဖြစ်ပါတယ်။
1000 သင်တန်းအပ်နှံရန်အတွက်
သင်တန်းအပ်နှံလိုပါက Page messenger မှတဆင့် ဆက်သွယ်ပေးရန် ဖြစ်ပါတယ်။ Registration form ဖြည့်ရန်လိုအပ်မှာဖြစ်ပြီး Register ပြုလုပ်ပြီးပါက သင်တန်းကြေးပေးသွင်းနိုင်မယ့် Account များကို ပေးပို့ပေးမှာဖြစ်ပါတယ်။
1001 သင်ကြားမည့်ဆရာမ
သင်တန်းအများစုကို သင်ကြားမည့်ဆရာမမှာ စာသင်သက်အနေနဲ့ ၁၅ နှစ် အတွေ့အကြုံရှိပြီး ရရှိထားသောဘွဲ့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Tr Sandar (Tin Htike Sandar)
B.E (Electronics, YTU, Yangon)
M.E (Electronics_Thesis, YTU, Yangon)
M.Sc (Signal Processing, NTU, Singapore)
1010 Evaluation Test
P5, P6, Sec1 or Sec2 သင်တန်းအပ်နှံလိုပါက မှာ P4, P5, P6 and Sec1 မတက်ရောက်ဖူးသူကလေးတွေအနေနဲ့ Test ဖြေရမှာဖြစ်ပြီး Test fee ရှိမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မေးမြန်းစုံစမ်းနိုင်ပါတယ်။
(Singapore တွင် ကျောင်းတက်ရောက်နေသော ကလေးများ Test ဖြေဆိုရန် မလိုအပ်ပဲ အထောက်အထားတစ်ခုခုပြပေးလျှင် ရပါတယ်ရှင်)
1011 ပိတ်ရက်များ
မြန်မာနိုင်ငံ၏ အစိုးရရုံးပိတ်ရက်များနဲ့ 27 Maths ၏ပိတ်ရက်ဖြစ်သော နိုဝင်ဘာ ၁ ရက်နေ့၊ ဒီဇင်ဘာ ၃၁ ရက်နေ့နှင့် ဇန်နဝါရီ ၁ ရက်နေ့မှာ သင်တန်းအားလုံးကို ပိတ်မှာဖြစ်ပါတယ်။
*သိလိုသော အခြားအချက်အလက်များအတွက် 09-78647 1138 သို့ ဆက်သွယ်၍သော်လည်းကောင်း၊ 27 Maths ၏ Page messenger မှသော်လည်းကောင်း ဆက်သွယ်နိုင်ပါတယ်။
မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ယူအက်စ်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ နယ်သာလန်နှင့် ဂျာမနီနိုင်ငံမှကလေးများ မှာ လက်ရှိ တက်ရောက်လျက်ရှိပါတယ်။
မှာ မိမိတို့၏သားသမီးကို သချ်ာသင်တန်းတက်ရောက်စေရန် စိတ်ဝင်စားခြင်း၊ မေးမြန်းစုံစမ်းခြင်းနှင့် အပ်နှံခြင်းအတွက် ကျေးဇူးတင်ရှိပါတယ်ရှင်...
ကျောင်းနေပျော်၍ စာတော်သော ကျောင်းသား/သူများ ဖြစ်ကြပါစေ။
@3:11pm(7-Sep-2026,Mon)
06/09/2026
မဂ်လာပါရှင်
ကလေးများအနေနဲ့ အချိန်တိုအတွင်း မည်သို့သော ပုစ္ဆာကိုမဆို ဖြေရှင်းနိုင်စေခြင်း အကျင့်ဖြစ်စေရန်အတွက် များများတွက်စေခြင်းနှင့် မြန်မြန်စဉ်းစားစေခြင်းနည်းလမ်းများဖြင့် စာသင်ချိန်အတွင်းမှာ သင်ကြားပေးလျက်ရှိပါတယ်။
သဘောတရားကို နားလည်သဘောပေါက်ရန် အရေးကြီးတာဖြစ်ပြီး ထိုသဘောတရားကို အသုံးချ၍ ဖြေရှင်းရမယ့် မေးခွန်းများကို များများတွက်စေခြင်းဖြင့် ကျင့်သားပြည့်ဝလာကာ မေးလာနိုင်သော မေးခွန်းများနှင့် ရင်းနှီးနေစေရန် ရည်ရွယ်ပါတယ်။
ယနေ့ခေတ်ရဲ့ ကလေးများသည် သင်တန်းများစွာတက်ရောက်ရတာဖြစ်သလို အိမ်မှာပြန်လည်လေ့ကျင့်တာမျိုး မရှိသလောက်ကို ဖြစ်နေကြတဲ့အခါ စာသင်ချိန်အတွင်း စာကိုတစ်ပါတည်းရသွားစေရန်အတွက်လည်း ရည်ရွယ်ပါတယ်။
အနှစ်ချုပ်ရရင်
၁)စာအများကြီး သင်ယူရမှာဖြစ်ပါတယ်၊
၂) ပုစ္ဆာတွေအများကြီး တွက်ရမှာ ဖြစ်ပါတယ်။
၃)သင်ခန်းစာနှင့်ဆက်စပ်သော မှတ်စုများစွာ ရေးရ/မှတ်ရမှာ ဖြစ်ပါတယ်။
၄)အချိန်အလေအလွင့် နည်းနိုင်သလောက်နည်းစေရန်အတွက် နားချိန်ကမရှိသလောက်ဖြစ်ပြီး စာသင်ချိန်အပြည့် စာလုပ်ရမှာဖြစ်ပါတယ်။
နောက်ဆုံးနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းသား/သူများအနေနဲ့ အတန်းမှန်၊ အချိန်မှန်ပြီး စာသင်ချိန်အတွင်း လိုက်ပါဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အတန်းတက်တယ်၊ နောက်ကျနေတယ် သို့မဟုတ် အချိန်မှန်တယ်၊ ရက်မမှန်ပါ သို့မဟုတ် အတန်းလည်းမှန် အချိန်လည်းမှန်သော်လည်း စာသင်ခန်းထဲမှာ အာရုံမစိုက်ပဲ ရှိနေမယ်ဆိုလျှင် တိုးတက်မှုက မရှိသလိုသာ ဖြစ်နေနိုင်ပါတယ်။
သင်ကြားရေးမှာ အခန်းကဏ္ဍတစ်ခုကနေပါဝင်တဲ့ မိဘများအနေဖြင့်လည်း လိုအပ်သော သင်ကြားရေးပစ္စည်းများ ကလေးတွင်ရှိနေစေခြင်းနှင့် အင်တာနက်ကောင်းမွန်စွာရရှိရေးအတွက် ပူးပေါင်းပါဝင် လုပ်ဆောင်ပေးစေပါလိုကြောင်းဖို့ တင်ပြအပ်ပါတယ်ရှင်
(ပုံများမှာ Primary 2, 3 and 4 သင်တန်းများမှာသင်ကြားထားသော Enrichment Question များ ဖြစ်ပါတယ်။)
ချစ်ခင်မှုဖြင့်
Tr Sandar (Tin Htike Sandar)
B.E (Electronics, YTU, Yangon)
M.E (Electronics_Thesis, YTU, Yangon)
M.Sc (Signal Processing, NTU, Singapore)
4:04pm (6-Sep-2026, Sun)
02/09/2026
မဂ်လာပါရှင်
မှာ သချာ်သင်တန်းများဖွင့်လှစ်ခြင်းရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်၊ ကလေးများဘက်က လိုက်ပါဆောင်ရွက်ရန် လိုအပ်မှုများနှင့် မိဘများသိရှိထားရန် လိုအပ်မှုများကို ရှင်းလင်းရေးသားပါရစေရှင်
ရည်ရွယ်ချက်
*************
မည်သို့သောပုစ္ဆာဖြစ်စေကာမူ ကလေးတစ်ယောက် အနေနဲ့ “တွက်ရဲရန်၊ တွက်နိုင်ရန်၊ အချိန်တိုအတွင်း တွက်ချက်ဖြေရှင်းနိုင်စေရန်” ဟူသော ရည်ရွယ်ချက် ထားရှိပါတယ်။
၁)တွက်ရဲတဲ့စိတ်ရှိစေဖို့
လွယ်ကူသောပုစ္ဆာဖြစ်နေပြီး မိမိတွက်တတ်သည်ဟု ယူဆလျှင် ကလေးတွေအနေနဲ့ တွက်လိုစိတ်ရှိတတ်ပါတယ်။ အဆိုပါအခြေအနေနှင့် ပြောင်းပြန်ဖြစ်သည့်အခါတွင်မူ မတွက်ရဲသည့်စိတ်မျိုး ရှိလာနိုင်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရလျှင် မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုမရှိခြင်း ဖြစ်ပါတယ်။
ဘယ်လိုအကြောင်းကြောင့် မတွက်ရဲရသနည်းကို သုံးသပ်ကြည့်လျှင် ကလေးအနေဖြင့် “ငါတွက်လို့ မရနိုင်လောက်ဘူး” ဟူသောစိတ်က အခြေခံနေနိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရသနည်းဟုဆိုလျှင် ကလေးအနေနဲ့ ခက်ခဲသောပုစ္ဆာများကို မသင်ယူဖူး၍သော်လည်းကောင်း၊ သင်ယူဖူးသော်လည်း တစ်ခါတရံမျှသာဖြစ်ခြင်းကြောင့် ကလေးအနေနဲ့ ကျင့်သားပြည့်ဝမနေခြင်းဟု သုံးသပ်မိပါတယ်။
၂)တွက်ရဲနိုင်စေဖို့
“Practice Makes Perfect” လို့ အဆိုရှိတာကြောင့် ကလေးတွေပျော်စေမယ့် လွယ်ကူသောမေးခွန်းများကို များများလေ့ကျင့်နေခြင်းမှ ပြောင်းလဲ၍ ကလေးတွေအတွက် Challenging ဖြစ်မယ့်မေးခွန်းမျိုးတွေကို စဉ်ဆက်မပြတ်သင်ယူနေစေဖို့ လိုအပ်ပါတယ်။
Challenging questions သင်ရလို့ ကလေးအနေနဲ့ သင်တန်းတက်ရတာ မပျော်ရွှင်နိုင်တာမျိုး ရှိနိုင်မှာ ဖြစ်ပါတယ်။ ကလေးပျော်အောင်၊ သင်တန်းမှာ ကျောင်းသားများအောင် ကလေးအလိုက်ဆောင်မယ်၊ လွယ်တာလေးတွေပဲ သင်နေမယ်ဆိုရင် ကလေးအနေနဲ့ သူ့အရွယ်မှာ တတ်သင့်တာမသင်ယူလိုက်ရလို့ နစ်နာလှသလို ကလေးမိဘအတွက်လည်း ငွေကြေးဆုံးရှုံးတယ်လို့ သုံးသပ်ပါတယ်။
၏ရည်ရွယ်ချက်မှာ မည်သည့်မေးခွန်းမျိုးမဆို အချိန်တိုအတွင်း မှန်ကန်စွာတွက်ချက်ဖြေရှင်းနိုင်ခြင်းဖြစ်တာကြောင့် ကလေးပျော်ခြင်း၊ မပျော်ခြင်းဆိုသည်ကို ဦးစားမပေးပဲ စာရဖို့ကိုသာ ဦးစားပေးလျက်ရှိပါတယ်။
ကလေးလည်းပျော်ပြီး စာလည်းရနိုင်တဲ့နည်းလမ်းဆိုလျှင် ရှိပါတယ်ဟုဖြေမှာဖြစ်ပြီး ထိုသို့ဖြစ်ဖို့အတွက် အချိန်ကြာမြင့်စွာလိုအပ်မှာ ဖြစ်ပါတယ်။
၃)အချိန်တိုအတွင်း တွက်ချက်ဖြေရှင်းနိုင်စေဖို့
“ကလေးက နားလည်တယ်၊ တွက်နိုင်တယ်၊ သို့သော် အချိန်မလောက်ငှပါ” ဟူသော အချင်းအရာကို ကလေးရဲ့လိုအပ်မှုဟုသာ သတ်မှတ်ပါတယ်။ ဒီလိုစာမေးပွဲမှာ မှန်ဖို့သာမက မြန်ဖို့လည်း လိုအပ်တယ်ဆိုတာကို သိရှိထားပြီးဖြစ်လျှင် ကလေးအနေနဲ့ အချိန်မီပြီးစီးနိုင်ဖို့ ပြင်ဆင်လေ့ကျင့်ထားရမှာဖြစ်ပါတယ်။
“အကျင့်ဆိုတာ လုပ်ယူရတယ်” လို့ ခံယူထားတာကြောင့် ကလေးတစ်ယောက်က နှေးနေတယ်ဆိုရင် မြန်လာအောင် ကျင့်ယူဖို့လိုအပ်ပါတယ်။ ပြိုင်ဆိုင်တာမျိုးမဟုတ်ပဲ ‘တစ်ပါးသူတောင်ပြီးရင် ငါလည်းပြီးအောင်လုပ်မယ်’ ဆိုတဲ့စိတ်သွင်းပြီး ကလေးတွေကို ကြိုးစားစေလိုပါတယ်။
အောင်မြင်မှုတိုင်းမှာ ကြိုးစားမှုက အခြေခံဖြစ်ပြီး အရေးကြီးတာဖြစ်လို့ ကလေးအနေနဲ့ Challenging questions မတွက်ရဲ/နိုင်သေးလျှင်၊ စာရေးတာနှေးနေလျှင် “ငါတော့ မရလောက်ဘူး” ဆိုတဲ့အတွေးနဲ့ နောက်ဆုတ်မယ့်အစား “ငါလည်း ရတဲ့သူတွေထဲက တစ်ယောက်ဖြစ်အောင်လုပ်မယ်” ဆိုတဲ့စိတ်သွင်းဖို့ အကြံပြုလိုပါတယ်။
တောင်ပေါ်တက်ဖို့ ဖြတ်သန်းရတဲ့ခရီးက ကြမ်းတမ်း၊ ပင်ပန်းတာချည်းပဲ ဖြစ်ပါတယ်။ ခက်ခဲပင်ပန်းပေမယ့် လက်မလျှော့ပဲ ဆက်လက်ကြိုးစားမယ်ဆိုရင် တောင်ထိပ်ကနေ မြင်တွေ့ရမယ့်မြင်ကွင်းကို ခံစားနိုင်ခြင်းနဲ့အတူ တောင်ထိပ်အထိ တက်နိုင်ခဲ့တဲ့သူတွေထဲကတစ်ယောက်ဆိုတဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုပါတိုးလာပြီး ငါလုပ်နိုင်ခဲ့တယ်ဆိုတဲ့ စိတ်ကျေနပ်မှုကိုလည်း ရရှိမှာဖြစ်ပါတယ်။ တောင်ဆိုရာမှာလည်း တစ်လုံးနဲ့တစ်လုံး အနိမ့်အမြင့် မတူကြတာကြောင့် ပိုမြင့်တဲ့တောင်ပေါ်ရောက်ဖို့ ပိုမိုခက်ခဲမှာဖြစ်သလို တောင်ပေါ်ရောက်တဲ့အခါ မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ စိတ်ကျေနပ်ခံစားမှုကလည်း ကွဲပြားနေမှာ ဖြစ်ပါတယ်။
“Everyone is Special” ဖြစ်တာကြောင့် “I Can Do It” ဆိုတဲ့စိတ်နဲ့ ကြိုးစားလျှင် သချာ်ဘာသာရပ်မှာသာမက အခြားသောနယ်ပယ်များတွင်လည်း အောင်မြင်သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
မှာ အစဉ်တစိုက်တက်လာသော ကလေးများအနေနဲ့ သင်ခန်းစာတစ်ခုကိုရှင်းပြထားပြီးပြီဆိုလျှင်မည်သို့သော မေးခွန်းဖြစ်စေကာမူ ကိုယ်တိုင်တွက်ချက်နိုင်သောမေးခွန်းများက ၈၀% ဝန်းကျင်ရှိပြီး အဆိုပါကလေးများက P5 and P6 သင်တန်းများမှာ အတန်းတစ်ဝက်မကတာဖြစ်လို့ အဆိုပါကလေးတို့အတွက် အမြဲတမ်းဝမ်းသာဂုဏ်ယူလျက်ရှိပါတယ်။
ကျန်သော ၂ ချက်ကို နောက်ပို့စ်များမှာ ရေးသားပါမယ်ရှင်
(ပုံများမှာ Primary 5 and Primary 6 သင်တန်းများမှာသင်ကြားထားသော Enrichment Question များ ဖြစ်ပါတယ်။)
ချစ်ခင်မှုဖြင့်
Tr Sandar (Tin Htike Sandar)
B.E (Electronics, YTU, Yangon)
M.E (Electronics_Thesis, YTU, Yangon)
M.Sc (Signal Processing, NTU, Singapore)
4:44pm (2-Sep-2026, Wed)
31/08/2026
မဂ်လာပါရှင်
၂၀၂၆-၂၇ ပညာသင်နှစ်အတွက် Primary 1 to Primary 6, Secondary 1 and 2 သင်တန်းများကို အောက်တိုဘာ/ နိုဝင်ဘာလများတွင် စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်ရှင်
Page စတင်ဖွင့်လှစ် အသုံးပြုခြင်း မတိုင်ခင်ကတည်းကနေ ယခုအထိ အစဉ်တစိုက်တက်ရောက်လာသော ကလေးများ၊ Page စတင်ပြီးမှ သိရှိပြီး တက်ရောက်သော ကလေးများနှင့် ယုံကြည်အပ်နှံပေးကြသော မိဘများကို ချစ်ခင်စွာ ကျေးဇူးတင်ရှိပါတယ်။
မှာ သင်တန်းများကို အောက်တိုဘာနှင့် မတ်လများမှာ တစ်ကြိမ်စီ ဖွင့်လှစ်ပါတယ်။ စင်ကာပူနိုင်ငံမှလွဲပြီး အခြားသောနိုင်ငံများအတွက်ဆိုလျှင် မည်သည့်အချိန်တွင် ဖွင့်လှစ်သောသင်တန်းဖြစ်ဖြစ် အဆင်ပြေနိုင်သော်လည်း စင်ကာပူနိုင်ငံတွင် ကျောင်းတက်ရောက်လျက်ရှိသော ကလေးများအတွက်ဆိုရင် အောက်တိုဘာမှာဖွင့်လှစ်သောသင်တန်းကို တက်ရောက်ဖို့ အကြံပြုအပ်ပါတယ်။
Primary 1 to Primary 4 သင်တန်းများအတွက် လျာထားကာလမှာ October to June (Next year) ဖြစ်တာကြောင့် June လပြီးလျှင် နောက်သင်တန်းတစ်ခုအတွက် ကြားတွင် ၃ လမျှ သင်ကြားမှုနှင့်ဝေးကွာသွားသလို ဖြစ်သွားပါတယ်။ ထိုသို့မဖြစ်စေရန်အတွက် October မှာစတင်သော Regular class တွင် တက်ရောက်ပြီးသွားသော ကလေးများအတွက် Enrichment Class (P2, P3 and P4) ကို July to Sep မှာ တက်ရောက်နိုင်ပါတယ်။
Primary 5 and 6, Secondary 1 and 2 သင်တန်းများအတွက် သင်တန်းကာလမှာ ၁၁ လဖြစ်ပြီး လျာထားသောအချိန်များမှာ စနေနှင့်တနဂ်နွေနေ့များ၏ နေ့လယ်နှောင်းပိုင်းမှ ညနေနှောင်းပိုင်းအထိ ဖြစ်ကြပါတယ်။
Olympiad Maths ကိုသင်ယူဖူးသော အသက် ၁၀/၁၁ နှစ်အထက် ကလေးများအတွက် Olympiad Maths တစ်တန်းကို စနေနှင့်တနဂ်နွေ မနက်ပိုင်းတွင် ဖွင့်လှစ်ရန် လျာထားပါတယ်။
သင်တန်းအချိန်များနှင့် ရက်များပါရှိသောပို့စ်တစ်ခု ကို စက်တင်ဘာလအတွင်းမှာ တင်ရန်ရှိပြီး အဆိုပါအချိန်မှစ၍ သင်တန်းအပ်လက်ခံမှာ ဖြစ်ပါတယ်။
မှာ မိမိတို့၏ကလေးကို သင်္ချာသင်တန်းတက်ရောက်စေရန် စိတ်ဝင်းစားခြင်း၊ စုံစမ်းခြင်းနှင့် အပ်နှံခြင်းအတွက် ကျေးဇူးတင်ရှိပါတယ်။
အားလုံးအတွက် ကောင်းသောနေ့လေး ဖြစ်ကြပါစေရှင်
လေးစားမှုဖြင့်
Tr Sandar (Tin Htike Sandar)
B.E (Electronics, YTU, Yangon)
M.E (Electronics_Thesis, YTU, Yangon)
M.Sc (Signal Processing, NTU, Singapore)
7:11pm (31-Aug-2026, Mon)
31/07/2026
မဂ်လာပါရှင်
Primary 2, Primary 3 and Primary 4_Singapore Maths ကိုသင်ယူပြီး/ဖူးသော ကလေးများအတွက် Enrichment Class ကို 8-Aug-2026 to 27-Sep-2026 အထိ ဖွင့်လှစ်မှာဖြစ်ပြီး Primary 6 (or) PSLE ကျောင်းသားများအတွက် စာမေးပွဲမတိုင်မီ မေးခွန်းများဖြေဆိုလေ့ကျင့်ခြင်းအတန်းကို 8-Aug-2026 to 20-Sep-2026 အထိ ဖွင့်လှစ်မှာ ဖြစ်ပါတယ်ရှင်
Primary 2, 3 and 4 အတွက် Saturday only (or) Sunday only (or) Saturday and Sunday သင်တန်းများရှိမှာဖြစ်ပါတယ်။
Primary 2
Sat and Sun 9-10am MMT
Primary 3
Sat and Sun 10:15-11:15am MMT
Primary 4
Sat and Sun 7:45-8:45am MMT
Primary 6 (or) PSLE
Sat and Sun 6:20-7:35pm MMT ဖြစ်ပါတယ်ရှင်
Tuition fees နှင့် အခြားသိလိုသော အချက်အလက်များအတွက် Page messenger မှာ မေးမြန်းနိုင်သလို တိုင်ပင်ဆွေးနွေးလိုသော မိဘများကိုလည်း ကြိုဆိုလျက်ရှိပြီး ပွင့်လင်းရင်းနှီးစွာ အကြံပြုပေးလျက်ရှိပါတယ်။
ရယ်လို့ ရပ်တည်နိုင်အောင် ယုံကြည်အပ်နှံကြတဲ့ မိဘများနဲ့ လိုက်ပါကြိုးစားပေးကြတဲ့ ကျောင်းသား/သူများကို ကျေးဇူးတင်ရှိပါတယ်။
အားလုံးအတွက် ကောင်းသောနေ့လေး ဖြစ်ပါစေရှင်
Tr Sandar (Tin Htike Sandar)
B.E (Electronics, YTU, Yangon)
M.E (Electronics_Thesis, YTU, Yangon)
M.Sc (Signal Processing, NTU, Singapore)
19/06/2026
မဂ်လာပါရှင်
2027 Academic Year in Singapore အတွက် 2026 September မှာဖြေရမယ့် Preparation Class for AEIS Exam ကို July လထဲမှာ စတင်တော့မှာဖြစ်ပါတယ်။
ပြီးခဲ့သောလများအတွင်း မမျှော်လင့်ထားခဲ့သော အခြေအနေကြောင့် Regular Class များတွင် အချိန်ပိုသင်ရန် ဖြစ်လာပါသဖြင့် အခြားသော AEIS တန်းခွဲများဖွင့်ရန် ယခင်ကကဲ့သို့ အချိန်မပေးနိုင် ဖြစ်သွားရပါတယ်။
သို့အတွက် P1 for P2 Admission တစ်တန်းသာ ဖွင့်လှစ်မှာဖြစ်ပြီး ယခင်နှစ်များနဲ့မတူတဲ့ အချက်အနေနဲ့ တစ်ပါတ်မှာ စာသင်ချိန် ၅ ချိန်ရှိမှာဖြစ်ပါတယ်။
P1 for P2 Admission
01)Time
Sat 3:30-4:30pm MMT
Sun 3:30-4:30pm MMT
Mon 5-6pm MMT
Tue 5-6pm MMT
Wed 5-6pm MMT
10)Duration (10 weeks : 50 hrs)
4-Jul-2026 (Sat) to 12-Sep-2026 (Sat)
*စာမေးပွဲရက်သည် သတ်မှတ်ထားသော နောက်ဆုံးရက်ထက် စောခဲ့ပါလျှင် စာမေးပွဲမတိုင်မီတစ်ရက်သည် စာသင်ရက်နောက်ဆုံးနေ့ဖြစ်ပါမယ်ရှင်
11)Teaching Platform
Zoom မှတဆင့် ဖြစ်ပါတယ်။
Tuition fees နှင့် အခြားသိလိုသော အချက်အလက်များအတွက် Page messenger မှာ မေးမြန်းနိုင်သလို တိုင်ပင်ဆွေးနွေးလိုသော မိဘများကိုလည်း နွေးထွေးစွာကြိုဆိုလျက်ရှိပြီး ပွင့်လင်းရင်းနှီးစွာ အကြံပြုပေးလျက်ရှိပါတယ်။
ရယ်လို့ ရပ်တည်နိုင်အောင် ယုံကြည်အပ်နှံကြတဲ့ မိဘများနဲ့ လိုက်ပါကြိုးစားပေးကြတဲ့ ကျောင်းသား/သူများကို ကျေးဇူးတင်ရှိပါတယ်။
အားလုံးအတွက် ကောင်းသောနေ့လေး ဖြစ်ပါစေရှင်
Tr Sandar (Tin Htike Sandar)
B.E (Electronics, YTU, Yangon)
M.E (Electronics_Thesis, YTU, Yangon)
M.Sc (Signal Processing, NTU, Singapore)
@1:11pm MMT (19-Jun-2026, Fri)
29/04/2026
Sec 1 အတန်းမှာ သင်ခဲ့တာလေး ဖြစ်ပါတယ်။
ပေးထားတဲ့ ညီမျှခြင်းကနေ မျဉ်းဖြောင့်တွေဆွဲလိုက်တယ်ဆိုတာမျိုးထက် ပိုသိနေအောင် ပြင်ပလောကမှာ ဆက်စပ်တာတွေကတဆင့် ဒီလိုတွေဖြစ်လာတာပါဆိုတာကို တစ်ဆင့်ချင်းစီ ရှင်းပြရင်း Graph မှာဆွဲထားတဲ့ မျဉ်းတစ်ကြောင်းကို အဓိပ္ပါယ်ဖော်တဲ့အခါ ဘယ်ဟာဆိုဘယ်လို၊ ဘယ်လိုကြောင့် ဘာဖြစ်တယ်ဆိုတာတွေ ရှင်းပြဖြစ်ပါတယ်။
နားလည်သဘောပေါက်အောင် ရှင်းပြရင်း ဥပမာပေးလိုက်တာ Mask Singer လည်း တစ်ခုအပါအဝင် ဖြစ်သွားပါတယ်။
Sec 1 မှာ အခြေခံနားလည်ကျွမ်းကျင်မှ အတန်းကြီးလာတဲ့အခါ တစ်ခုကနေနောက်တစ်ခုသို့ အဆင့်ဆင့်ပြောင်းလဲပုံကို သေချာနားလည်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် မျဉ်းကြောင်းတွေဆွဲနေတယ်လို့ပဲ ကလေးက သိသွားမှာဖြစ်ပါတယ်။
P6 ပြီးလို့ Sec1 ကို မပေါ့လိုက်ပါနဲ့.. ကလေးက အခြေခံသေချာနားမလည်ရင် မျဉ်းကြောင်းတွေနဲ့ ပစောက် ဂငယ်တွေကို ဘာကြောင့်ဆွဲမှန်းမသိဘူးလို့ပဲ နားလည်ပြီး သချာ်ကို မနှစ်သက်တာ/ စိတ်ကုန်တာ ဖြစ်သွားပါလိမ့်မယ်။
ဘယ်အရာမှာမဆို အခြေခံကောင်းဖို့ အရေးကြီးတာဖြစ်လို့ အခြေခံကျတဲ့ Primary 1 and Secondary 1 အတန်းတွေမှာ ကလေးတွေအနေနဲ့ သေချာနားလည်သဘောပေါက်အောင် သင်ယူဖို့လိုအပ်ပြီး ကျန်အတန်းတွေမှာလည်း သိထားတဲ့အတွေးအခေါ်တွေ ပိုမိုတိုးတက်မြင့်မားလာစေရန် လေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေမှာဖြစ်ပါတယ်။
ကျောင်းနေပျော်၍ စာတော်သော ကျောင်းသား/သူများ ဖြစ်ကြပါစေ။
1:50pm on 29-Apr-2026 (Wed)
24/04/2026
CONGRATULATIONS!
မှာ AEIS Preparation Course တက်ရောက်ခဲ့ပြီး ယနေ့ (24-Apr-2026) မှာထွက်ရှိတဲ့ SAEIS Result အရ Successful ဖြစ်ပြီး ကျောင်းဝင်ခွင့်ရရှိတဲ့ ကလေးများအတွက် ဝမ်းသာဂုဏ်ယူအပ်ပါတယ်ရှင်
"အောင်မြင်မှုဆိုတာ ကြိုးစားခြင်းရဲ့ရလဒ်" ဖြစ်တာကြောင့် ယခုကဲ့သို့ ကျောင်းဝင်ခွင့်ရရှိသလို နောင်များမှာလည်း ဘာသာရပ်အသီးသီးနဲ့ ကဏ္ဍအစုံမှာ ထူးချွန်အောင်မြင်မှုတွေ ရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်
24-Apr-2026 @9:07pm (MMT)
27/02/2026
Continuous Learning
*********************
ဘာသာရပ်တစ်ခုခုကို သင်ယူရာမှာ ကျွမ်းကျင်စေဖို့အတွက် အတန်းမှန်၊ အချိန်မှန်၊ ပြန်လည်လေ့ကျင့်ရုံသာမက စဉ်ဆက်မပြတ်လေ့လာနေဖို့ကလည်း အရေးကြီးလှပါတယ်။
ဆရာများစွာရှိကြတာကြောင့် သင်ကြားပေးတဲ့ပုံစံတွေကလည်း ကွဲပြားနေမှာဖြစ်ပါတယ်။ ကလေးရဲ့အခြေအနေပေါ်မူတည်ပြီး လေးပိုင်းခွဲကာ တင်ပြပါရစေ။
၁)ကလေးက နားလည်လက်ခံနိုင်မှု မြင့်မားမြန်ဆန်ခြင်း
က)SG Maths ကို မသင်ယူဖူးသော ကလေးများ
********************************************
တချို့သောကလေးတွေက နားလည်လွယ်တာကြောင့် လျင်မြန်စွာ သဘောပေါက်သွားသလို စိတ်ဝင်စားမှုပါတွဲလျက်ရှိနေပါလျှင် သင်လိုက်တဲ့စာကို အကုန်နီးပါးရသွားတယ်လို့ ယူဆလို့ရမှာဖြစ်ပါတယ်။
ခ)SG Maths ကို သင်ယူဖူးသောကလေးများ
********************************************
မူလအခြေခံလည်းရှိထားတာဖြစ်ပြီး နားလည်လက်ခံနိုင်မှုပါ မြင့်မားနေတဲ့အပြင် စိတ်ဝင်စားမှုပါ တွဲလျက်ရှိနေပါလျှင် ထူးချွန်သောကလေးများဖြစ်သွားကြတာ ယခုအုပ်စုထဲက ဖြစ်ပါတယ်။
၂)ကလေးက နားလည်သဘောပေါက်ရန် အချိန်တစ်ခုယူရန် လိုအပ်ခြင်း
က)SG Maths ကို မသင်ယူဖူးသော ကလေးများ
********************************************
ကလေးအနေနဲ့ သချာ်မှာ အားနည်းနေတာ၊ စိတ်မဝင်စားတာ၊ တခြားသင်ရိုးတစ်ခုကနေ ပြောင်းလဲသင်ယူရတဲ့အခါ ပိုမိုခက်ခဲတာဖြစ်လို့ စိတ်ထဲမှာ သင်ယူလိုစိတ်အားနည်းနေသော်လည်း မိဘကတက်စေလို၍ တက်ရတဲ့အခါ အချိန်သာကုန်သွားသော်လည်း တိုးတက်မှုနည်းလွန်းသော/ မူလကထက် သိသာသောတိုးတက်မှုကို မတွေ့ရတာ ယခုအုပ်စုထဲကဖြစ်ပါတယ်။
ခ)SG Maths ကို သင်ယူဖူးသောကလေးများ
********************************************
ကလေးအနေနဲ့ အခြေခံသဘောတရားတွေနဲ့ သင်ရိုးကိုအတန်အသင့်ရင်းနှီးပြီးသားဖြစ်လို့ မူလအခြေခံအားနည်းသော်လည်း ကြိုးစားလေ့ကျင့်မယ်ဆိုရင် အပိုဒ် ၁(က) ထဲက ကလေးများကဲ့သို့ ဖြစ်သွားနိုင်ပါတယ်။
ယခုဖော်ပြပါ အုပ်စု ၄ ခုထဲမှာ အပိုဒ် ၁(ခ) ကလေးများသည်း အထူးချွန်ဆုံးကလေးများဖြစ်သော်လည်း အဆိုပါကလေးများအနေနဲ့ ဘာသာရပ်တစ်ခုမှာ အားနည်းသွားစေတဲ့ အကြောင်းအရင်းက ကာလတစ်ခုကြာ သင်ယူမှုကို ရပ်တန့်လိုက်ခြင်းဖြစ်ပါတယ်။
ယနေ့ခေတ်ကလေးများအနေနဲ့ တက်ရသောသင်တန်းများစွာ ရှိနေတာကြောင့် မှာ အိမ်စာပေးခြင်းကို မပြုလုပ်သလောက်ဖြစ်ပြီး အတန်းတွင်းမှာ ပုစ္ဆာပေါင်းများစွာ တွက်စေပါတယ်။ အလေ့အကျင့်ဖြစ်စေရန်သာမက အချိန်တိုအတွင်း Challenging question များကိုလည်း တွက်စေရန် ရည်ရွယ်တာကြောင့် သင်တန်းများအားလုံးမှာ ကလေးများအနေနဲ့ အတန်းတက် လိုက်ကူးရုံသာမဟုတ်ပဲ ကိုယ်တိုင်တွက်ချက်မှုကိုလည်း ပြုလုပ်စေတာ ဖြစ်ပါတယ်။
ထိုသို့သော အလေ့အကျင့်မျိုးရထားသော ကလေးတစ်ဦးက အချိန်ကာလတစ်ခုကြာ ထိုအလေ့အကျင့်မျိုးနှင့် ပြတ်တောက်သွားပြီး ပြန်လည်လုပ်ဆောင်ရသည့်အခါ အပိုဒ် ၁(ခ) ထဲက ကလေးများအတွက် အချိန်မကြာလှသော်လည်း တခြားကလေးများအတွက်မူ အစကနေပြန်လည်လေ့ကျင့်ရတာမျိုး ဖြစ်သွားတတ်ပါတယ်။
“ချွေးထွက်များမှ သွေးထွက်နည်းသည်” ဆိုသလို များများလေ့ကျင့်ထားတာကြောင့် မည်သည့်မေးခွန်းမျိုးမဆိုကို မြန်မြန်လုပ်ဆောင်နိုင်သော ကလေးတစ်ယောက်အတွက် ဘာသာရပ်တစ်ခုက လွယ်ကူသွားတာမျိုး ဖြစ်နေတတ်ပါတယ်။
မိမိတို့ကလေးက စာရေးတာနှေးပါတယ်ဆိုသည်အတွက် အကြံပြုဖြစ်တာက “အကျင့်ဆိုတာ လုပ်ယူရတယ်” ဆိုတာ ဖြစ်ပါတယ်။ နှေးတာကို မြန်စေရန် လေ့ကျင့်စေတာမျိုးအစား နှေးခြင်းကိုသာ လက်ခံပေးလိုက်ရင် ကလေးက တခြားကလေးများနည်းတူ မြန်လာစေရန် မကြိုးစားတော့မှာပဲ ဖြစ်ပါတယ်။ ကလေး ၁၀ ယောက်တွင် ၁ ယောက် သို့မဟုတ် ၂ ယောက်သည် စာရေးတာနှေးလို့ အမြဲနောက်ကျနေပါလျှင် ထိုကလေးသည် နှေးလွန်းနေတာဟု သုံးသပ်မိပါတယ်။
အနှစ်ချုပ်ရလျှင် ဘာသာရပ်တစ်ခုမှာ ကျွမ်းကျင်ပြီးသာမန်အထက်မှာရှိနေစေဖို့အတွက် သက်တောင့်သက်သာ သွားနေလို့မရပဲ လိုအပ်သောပြင်ဆင်မှု၊ လေ့ကျင့်မှုအပြင် စဉ်ဆက်မပြတ်သင်ယူမှုကလည်း အရေးကြီးလှပါကြောင်းကို တင်ပြလိုက်ပါတယ်။
@7:37pm on 27-Feb-2026 (Friday)
07/02/2026
မင်္ဂလာပါရှင်
၂၀၂၆ ပညာသင်နှစ်အတွက် Primary 1 to Primary 5 (Section B.)တန်းခွဲများတွင် မိမိတို့၏ကလေးများ တက်ရောက်စေရန်အတွက် ယခုအချိန်မှစ၍ သင်တန်းအပ်နှံနိုင်ပါပြီရှင်
0001 တန်းခွဲ၊ အသက်နှင့် သင်တန်းအချိန်
i) Primary 1 (6 to 7+years)
*Thur and Fri 5-6:15pm (MMT)
ii) Primary 2 (7 to 8+ years)
*Tue and Wed 4:45-6pm (MMT)
iii) Primary 3 (8 to 10+ years)
*Thur and Fri 4:45-6pm (MMT)
iv) Primary 4 (9 to 11+ years)
* Thur and Fri 6:05-7:20pm (MMT)
v) Primary 5 (10+ to 13+ years)
* Tue and Wed 6:05-7:20pm (MMT)
0010 သင်တန်းကြေး
Page messenger မှတဆင့် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်
0011 သင်တန်းကာလနှင့် စတင်မည့်ရက်
သင်တန်းအားလုံးအတွက် သင်တန်းကာလမှာ ၉ လဖြစ်ပါတယ်။
*P1, P3 and P4
**5-Mar-2026 (Thur) တွင် စတင်မည်။
*P2 and P5
**4-Mar-2026 (Wed)တွင် စတင်မည်။
0100 သင်ကြားမည့်စာအုပ်များ
သင်တန်းများအားလုံးမှာ ရဲ့ သင်ရိုးကို အသုံးပြုသင်ကြားပေးမှာ ဖြစ်ပါတယ်။
0101 သင်တန်းနေရာ
Zoom online class ဖြစ်ပါတယ်။
0110 Class size
၁၀-၁၅ ဦး ဖြစ်ပါတယ်။
0111 ဘာသာစကား
အင်္ဂလိပ်ဘာသာ ဖြစ်ပါတယ်။
1000 သင်တန်းအပ်နှံရန်အတွက်
သင်တန်းအပ်နှံလိုပါက Page messenger မှတဆင့် ဆက်သွယ်ပေးရန် ဖြစ်ပါတယ်။ Registration form ဖြည့်ရန်လိုအပ်မှာဖြစ်ပြီး Register ပြုလုပ်ပြီးမြောက်ပါက သင်တန်းကြေးပေးသွင်းနိုင်မယ့် Account များကို ပေးပို့ပေးမှာဖြစ်ပါတယ်။
1001 သင်ကြားမည့်ဆရာမ
စာသင်သက်အနေနဲ့ ၁၅ နှစ်နီးပါး အတွေ့အကြုံရှိပြီး ရရှိထားသောဘွဲ့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Tr Sandar (Tin Htike Sandar)
B.E (Electronics, YTU, Yangon)
M.E (Electronics_Thesis, YTU, Yangon)
M.Sc (Signal Processing, NTU, Singapore)
၂၀၂၅-၂၆ ပညာသင်နှစ်မှစ၍ Primary 1 ရဲ့ စာသင်ချိန်က်ို ယခင်နှစ်များကဲ့သို့ ၁ နာရီမဟုတ်ပဲ ၁ ချိန်လျှင် ၁ နာရီ ၁၅ မိနစ်ဖြင့် တိုးမြှင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။ အဆိုပါ P1 သင်တန်းကို မှာ Training ပြီးမြောက်ပြီး သင်ကြားမှုအတွေ့အကြုံရှိသော Teacher မှ သင်ကြားပေးမှာဖြစ်ပါတယ်။
1010 No Evaluation Test for Primary 5
October 2025 တွင်ဖွင့်လှစ်သော Primary 5 နှင့် March 2026 တွင်ဖွင့်လှစ်မည့် Primary 5 သင်ရိုးမှာ ၁၀% ခန့် ကွာခြားမှုရှိမှာဖြစ်ပြီး ယခု March လတွင်စတင်မည့် Primary 5 အတန်းကိုတက်ရောက်လိုပါက Test ဖြေဆိုရန် မလိုအပ်ပါဘူးရှင်
1011 ပိတ်ရက်များ
မြန်မာနိုင်ငံ၏ အများပြည်သူအနားယူသည့် ပိတ်ရက်များနဲ့ 27 Maths ၏ပိတ်ရက်ဖြစ်သော နိုဝင်ဘာ ၁ ရက်နေ့မှာ သင်တန်းအားလုံးကို ပိတ်မှာဖြစ်ပါတယ်။
*သိလိုသော အခြားအချက်အလက်များအတွက် 09-78647 1138 သို့ ဆက်သွယ်၍သော်လည်းကောင်း၊ 27 Maths ၏ Page messenger မှသော်လည်းကောင်း ဆက်သွယ်နိုင်ပါတယ်။
မှာ မိမိတို့၏သားသမီးကို သချ်ာသင်တန်းတက်ရောက်စေရန် စိတ်ဝင်စားခြင်း၊ မေးမြန်းစုံစမ်းခြင်းနှင့် အပ်နှံခြင်းအတွက် ကျေးဇူးတင်ရှိပါတယ်ရှင်...
ကျောင်းနေပျော်၍ စာတော်သော ကျောင်းသား/သူများ ဖြစ်ကြပါစေ။
@10:37pm (7-Feb-2026, Saturday)
Category
Contact the school
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when 27 Maths posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.