CAN ARTT

CAN ARTT

Share

Empowering Myanmar's Art Future. 🎬

Professional Film Courses & Kid Summer Acting Classes with practical, industry-focused training.

Acting • Directing • Screenwriting • Cinematography • Editing • VFX & More

Where Talent Meets Skill.

12/09/2026

တချို့စာရွက်တွေ၊ ဓာတ်ပုံတွေ၊ မှတ်တမ်းတွေက ဒီနေ့မှာ ရိုးရိုးအရာတွေလို ထင်ရပေမယ့် နောင်တစ်ချိန်မှာတော့ မြန်မာ့အနုပညာသမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မှတ်တမ်းတွေ ဖြစ်လာနိုင်ပါတယ်။

Can Artt Digital Archive ရဲ့ ရည်ရွယ်ချက်ကတော့ အဲ့ဒီလို တန်ဖိုးရှိတဲ့ မှတ်တမ်းတွေကို စနစ်တကျ ထိန်းသိမ်းပြီး နောင်မျိုးဆက်တွေအထိ လက်ဆင့်ကမ်းပေးနိုင်ဖို့ပါ။ 🎬📚

ကျွန်တော်တို့ရဲ့ အနုပညာသမိုင်းကို အတူတူထိန်းသိမ်းကြရအောင်။ ❤️

12/09/2026

🎬 မြန်မာ့ရုပ်ရှင်အမွေအနှစ်တွေကို အတူတူထိန်းသိမ်းကြမယ်

CAN ARTT Film Academy မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် Digital Archive ပြုလုပ်ရန်အတွက် စတင်ပြင်ဆင်ဆောင်ရွက်နေပါပြီ။

ရုပ်ရှင်နဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ မှတ်တမ်းတွေ၊ အချက်အလက်တွေကို နည်းပညာအသုံးပြုပြီး ဒစ်ဂျစ်တယ်ပုံစံနဲ့ သိမ်းဆည်းထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ 🎞️

မြန်မာ့ရုပ်ရှင်သမိုင်းနဲ့ အနုပညာအမွေအနှစ်တွေကို နောင်လာမယ့် မျိုးဆက်တွေအတွက် ဆက်လက်လေ့လာနိုင်အောင် အတူတကွ ကြိုးစားဆောင်ရွက်သွားကြမယ်။

Preserve the Past. Empower the Future.

03/09/2026

🌱 အနာဂတ်စိုက်ပျိုးရေး 🌱

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး လူငယ်အရင်းအမြစ်တိုးတက်ရေးကော်မတီ နှင့် CAN ARTT ACADEMY တို့ ပူးပေါင်း၍ မြန်မာ့ရုပ်ရှင်အနုပညာနှင့် လူငယ်မျိုးဆက်သစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 🤝🎥

ဒီအလုပ်က တကယ်တော့

“လူငယ်တွေကို သင်တန်းပေးမယ်”

ဆိုတာလောက်နဲ့ မပြီးပါဘူး။

ရုပ်ရှင်ပညာဖွံ့ဖြိုးရေးဆိုတာ

သင်တန်းတစ်ခု၊ Workshop တစ်ခု၊

ပြိုင်ပွဲတစ်ခုနဲ့ ပြီးဆုံးသွားတဲ့အရာ မျိုးထက်ပိုသော

လူငယ်တစ်ယောက်ကို.........

သိလာအောင် သင်ပေးခြင်း

လုပ်ကြည့်နိုင်အောင် အခွင့်အရေးပေးခြင်း

လုပ်ပြီးတဲ့အခါ ပိုကောင်းလာအောင်

Mentoring တွေ လုပ် ပေးမယ့် သဘေားမျိုးပါ

Project တစ်ခုအဖြစ် ဖွံ့ဖြိုးလာအောင်

လုပ်ပေးနိုင်တဲ့ Lab တွေထဲ ပို့ပေးနိုင်အောင်

လိုအပ်တဲ့ Resource တွေ ရရှိအောင်

ကျွန်တော်တို့ ချိတ်ဆက်ပေးတဲ့ သဘော

ရုပ်ရှင်ဇာတ်လမ်းတို တစ်ခု အဖြစ်

အကောင်အထည်ဖော်နိုင်အောင် ထောက်ပံ့ပေးနိုင်မယ့် Opportunity တွေ စတင်ဖန်တီးပေးမည့်အခြေအနေ

ပြီးရင် မြန်မာနိုင်ငံထဲမှာတင်မကဘဲ

နိုင်ငံတကာအထိ ရောက်နိုင်အောင်

လမ်းဖွင့်ပေးတာမျိုးတွေ လုပ်ပေးရမှာလည်း ရှိတယ်။

အဲ့ဒါတွေအကုန်လုံးပါဝင်အောင်

တည်ဆောက်ထားတဲ့ Development Pathway တစ်ခု ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ လည်း လိုအပ်တယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ပထမဆုံး ခြေလှမ်းအနေဖြင့်

လူငယ်တွေကို ၃ ရက်တာ Workshop တစ်ခုအတွင်း ဇာတ်လမ်းတစ်ခုကို စိတ်ကူးကနေစပြီး Short Film တစ်ကားအဖြစ် ကိုယ်တိုင် အပြီးသတ်ဖန်တီးနိုင်အောင် လမ်းညွှန်ပေးမှာဖြစ်ပါတယ်။

ဒါပေမယ့် Workshop ပြီးတာနဲ့

အဲ့ဒီလူငယ်တွေကို ထားခဲ့မှာ မဟုတ်ပါဘူး။

Workshop ကနေ ပေါ်ထွက်လာတဲ့

လူငယ်တွေကို ဆက်ပြီး ချိတ်ဆက်ထားတဲ့

Network တစ်ခုကို ဖန်တီးပေးမယ်။

သူတို့ရဲ့ လက်ရာတွေကို မှတ်တမ်းတင်မယ်။

သူတို့ရဲ့ တိုးတက်မှုကို စောင့်ကြည့်မယ်။

သူတို့ထဲက ဆက်ပြီးလုပ်ချင်တဲ့သူတွေကို

နောက်ထပ် Development Opportunities တွေနဲ့ တတ်နိုင်သမျှ

လူငယ်ရင်မြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ မှ

ချိတ်ဆက်ပေးမယ်။

ပြီးတော့............

Film Development Lab လိုမျိုး

အခင်းအကျင်းတစ်ခုကို တည်ဆောက်သွားမယ်။

လူငယ်တွေက သူတို့ရိုက်ချင်တဲ့

Short Film Project တွေကို

တင်ပြနိုင်မယ့် Lab မျိုးပေါ့။

ရွေးချယ်ခံရတဲ့ Project တွေကို

သက်ဆိုင်ရာ Professional Mentor တွေက

Story Development၊ Directing၊ Producing၊

Visual Approach၊ Production Planning၊

Budget၊ Project Dossier နဲ့

Festival Strategy တွေအထိ

စနစ်တကျ ဖွဲ့ဖြိုးတိုးတက်အောင်

ချဲ့ထွင်နိုင်အောင် အကူအညီပေးမယ်။

Project ကောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့............

“မင်းရိုက်ချင်ရင် မင်းကိုယ်တိုင် ရိုက်” ဆိုတာမျိုး မဟုတ်ဘဲ လိုအပ်တဲ့ ငွေကြေး၊

Equipment၊ Production Support၊

Post-production Support နဲ့

Festival Support တွေကို ရရှိနိုင်အောင်

Partnership တွေကနေတစ်ဆင့်

ဖြည်းဖြည်းချင်း အခွင့်အလမ်းတွေ

ဆက်လက်ဖန်တီးသွားနိုင်မယ့်

Patway တစ်ခုကိုတည်ဆောက်ပေးမယ်။

အဲ့ဒီကနေ ထွက်လာတဲ့ ရုပ်ရှင်တွေကို

မြန်မာနိုင်ငံအတွင်း ပြသနိုင်ရုံတင်မကဘဲ၊

သင့်တော်တဲ့ Project တွေကို Regional နဲ့

International Film Festival တွေ၊

Film Labs တွေ၊ Residency တွေ၊

Fellowship တွေနဲ့ ချိတ်ဆက်နိုင်အောင်လည်း လမ်းကြောင်းဖော်ပေးသွားမယ်။

ဒီလို လုပ်ပေးရင် ဘာ Impact ရှိမှာလဲ?

ကျွန်တော်တို့ ရည်ရွယ်တာက Workshop အရေအတွက်များလာဖို့

လူငယ်အရေအတွက်များလာဖို့ ဆိုတာထက်

လူငယ်တစ်ယောက်က ရုပ်ရှင် တစ်ကားကို

စိတ်ကူးကနေ သူ့ရဲ့ ကိုယ်ပိုင် Vision အတိုင် အကောင်အထည်ဖော် အပြီးသတ်နိုင်လာဖို့။

နောက်တစ်ကားကို ပိုကောင်းအောင် လုပ်နိုင်လာဖို့။

အဲ့ဒီ့ကနေတစ်ဆင့် Industry ထဲမှာ

Professional တစ်ယောက်အဖြစ် အလုပ်လုပ်နိုင်လာဖို့။

သူကနေ တစ်ဆင့် သူ့နောက်က လူငယ်မျိုးဆက်ကို ပြန်လည်ပျိုးထောင်ပေးနိုင်လာဖို့။

ဒီလို လူတစ်ယောက်ချင်းစီရဲ့

ဖွံ့ဖြိုးမှုကနေ နောက်ဆုံးမှာ

Film Industry တစ်ခုလုံးရဲ့

Human Resource Development ဖြစ်လာဖို့

ရည်ရွယ်ထားတာဖြစ်ပါတယ်။

အနာဂတ်မှာတော့ ဒီအလုပ်တွေကနေ Film Education၊ Film Archive၊ Film Research၊ Regional Film Development၊ International Relations နဲ့ Creative Economy စတဲ့ ပိုမိုကျယ်ပြန့်တဲ့ ရုပ်ရှင်ဖွံ့ဖြိုးရေးကဏ္ဍတွေအထိ တဖြည်းဖြည်း ချဲ့ထွင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ရုပ်ရှင်ဆိုတာ.........

လူတစ်မျိုးရဲ့ မှတ်ဉာဏ်၊

ယဉ်ကျေးမှု၊

သမိုင်း၊

ဘဝ၊

တန်ဖိုးထားမှု၊

အတွေးအခေါ်နဲ့

သူတို့ရဲ့ ကမ္ဘာကို ကြည့်တဲ့အမြင်

တွေကို မှတ်တမ်းတင်ထားနိုင်တဲ့ အနုပညာတစ်ရပ်ပါ။

ဒါကြောင့် မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးဟာ

ရုပ်ရှင်သမားတွေအတွက်ပဲ မဟုတ်ပါဘူး။

နောက်မျိုးဆက်အတွက်

မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့အတွေ့အကြုံတွေကို

ဘယ်လိုပြောပြမလဲဆိုတဲ့

မေးခွန်းနဲ့လည်း ဆက်စပ်နေပါတယ်။

ကျွန်တော်တို့မှာ ရုပ်ရှင်ရိုက်ချင်တဲ့

လူငယ်တွေ ရှိပါတယ်။

Talent ရှိတဲ့ လူငယ်တွေ ရှိပါတယ်။

အတွေးအခေါ်အသစ်တွေ ရှိပါတယ်။

ဒါပေမယ့် သူတို့ကို လမ်းကြောင်းတစ်ခု၊

အခွင့်အရေးတစ်ခု၊ Mentor တစ်ယောက်၊

Resource တစ်ခုနဲ့ Network တစ်ခု

အမြဲတမ်း ရရှိနေအောင်

ဘယ်လိုလုပ်ပေးမလဲဆိုတာက ပိုအရေးကြီးပါတယ်။

ဒီနေ့ MOU က အဲ့ဒီမေးခွန်းအတွက်

အဖြေတစ်ခုကို လက်တွေ့စတင်နိုင်ဖို့

အခွင့်အခင်းတစ်ခု ဖွင့်ပေးလိုက်တာလို့

ကျွန်တော်မြင်ပါတယ်။

ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကတော့

ဒီအစီအစဉ်တွေကို အခက်အခဲတွေကြားထဲက အောင်မြင်ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့နဲ့ တကယ့် Professional တွေ ပေါ်ထွက်လာအောင် ပျိုးထောင်နိုင်တဲ့ Development Environment တစ်ခု ဖြစ်လာအောင် ဆောင်ရွက်သွားဖို့ပါ။

ဒီအစီအစဉ်ကနေ ထွက်လာတဲ့လူငယ်တွေဟာ

မြန်မာ့အနုပညာကနေတစ်ဆင့်

မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုဘဝ၊

မြန်မာ့တန်ဖိုးနဲ့ မြန်မာတွေရဲ့

အတွေ့အကြုံတွေကို

ကမ္ဘာကို ပြန်လည်ပြောပြနိုင်တဲ့

မျိုးဆက်တစ်ခု ဖြစ်လာစေချင်ပါတယ်။

ဒီနေ့ MOU လက်မှတ်ထိုးလိုက်တာဟာ

ပြီးဆုံးခြင်း မဟုတ်သော

စတင်ခြင်းပါ။

Photos from CAN ARTT's post 02/09/2026

🎬 အမွေအနှစ်မှ အနာဂတ်ဆီသို့ မြန်မာ့ရုပ်ရှင်အတွက် အတူတကွ

မြန်မာ့ရုပ်ရှင်လောက၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ချိတ်ဆက်ပေးနိုင်ရန်အတွက်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး လူငယ်အရင်းအမြစ်တိုးတက်ရေးကော်မတီ နှင့် CAN ARTT ACADEMY တို့ ပူးပေါင်း၍ မြန်မာ့ရုပ်ရှင်အနုပညာနှင့် လူငယ်မျိုးဆက်သစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 🤝🎥

ဒီပူးပေါင်းမှုဟာ

🎞️ မြန်မာ့ရုပ်ရှင်သမိုင်းနှင့် အနုပညာအမွေအနှစ်များကို မှတ်တမ်းတင်ထိန်းသိမ်းရန်

🌱 မျိုးဆက်သစ် လူငယ်ရုပ်ရှင်ဖန်တီးသူများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်

🎬 အနုပညာရှင်များ၏ အနုပညာအမွေများကို ဆက်လက်ဖော်ထုတ်မျှဝေရန်

🚀 မြန်မာ့ရုပ်ရှင်အနာဂတ်အတွက် အခွင့်အလမ်းသစ်များ ဖန်တီးရန်

ရည်ရွယ်ပါသည်။

သမိုင်းကို မှတ်တမ်းတင်မယ်။
အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းမယ်။
လူငယ်တွေရဲ့ အရည်အချင်းကို မြှင့်တင်မယ်။
မြန်မာ့ရုပ်ရှင်အနာဂတ်ကို အတူတကွ တည်ဆောက်မယ်။ 🇲🇲🎬

Our Heritage. Our Talent. Our Future.


#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
#လူငယ်အရင်းအမြစ်တိုးတက်ရေးကော်မတီ

22/08/2026

🎭 သင့်ရဲ့ Talent ကို Performance အဖြစ် ပြောင်းလဲလိုက်ပါ!

သရုပ်ဆောင်မှုကို စိတ်ဝင်စားပြီး ကိုယ့်ရဲ့ Talent နဲ့ Passion ကို ပိုမိုတိုးတက်အောင် လေ့လာချင်သူများအတွက်

🎬 CAN ARTT Basic Acting Class – Phase 1 Batch 3
📅 Enrollment Opens This October

အခြေခံသရုပ်ဆောင်ပညာမှစတင်ပြီး ကိုယ့်ရဲ့ Acting Skill နဲ့ Performance ကို ပိုမိုကောင်းမွန်လာစေဖို့ CAN ARTT မှ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Talent ရှိရုံနဲ့ မလုံလောက်ပါဘူး။
Skill နဲ့ လေ့ကျင့်မှုက သင့် Talent ကို Performance အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ 🎬

📩 အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် သင်တန်းအပ်နှံရန်

💬 Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
📞 09 660 001 660 | 09 365 000 33
📍 CAN ARTT Academy
No. 2D-9, နှင်းဆီမြိုင်လမ်း၊ Snow Garden 2၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

Photos from CAN ARTT's post 14/08/2026

🎬 ရုပ်ရှင်လောကကို လက်တွေ့လေ့လာခဲ့တဲ့ CAN ARTT ကျောင်းသား/ကျောင်းသူများရဲ့ အမှတ်တရနေ့တစ်နေ့။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သို့ သွားရောက်လေ့လာရင်း ရုပ်ရှင်နဲ့ အနုပညာလောကအကြောင်း လက်တွေ့အတွေ့အကြုံကောင်းများ ရရှိခဲ့တဲ့ အမှတ်တရပုံရိပ်များ။ 🎥✨

#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

14/08/2026

🎬 ရုပ်ရှင်လောကကို လက်တွေ့လေ့လာခဲ့တဲ့ CAN ARTT ကျောင်းသား/ကျောင်းသူများရဲ့ အမှတ်တရနေ့တစ်နေ့

ယနေ့မှာ CAN ARTT Academy မှ ကျောင်းသား/ကျောင်းသူများဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ သွားရောက်လေ့လာခဲ့ကြပြီး ရုပ်ရှင်နှင့် အနုပညာလောကအကြောင်းကို လက်တွေ့အတွေ့အကြုံများနဲ့အတူ လေ့လာခွင့်ရရှိခဲ့ကြပါတယ်။ 🎥✨

စာသင်ခန်းထဲမှာ သီအိုရီတွေကို လေ့လာရုံသာမက လက်တွေ့နယ်ပယ်ထဲက အတွေ့အကြုံတွေကိုပါ ကိုယ်တိုင်လေ့လာခံစားနိုင်ခြင်းက အနုပညာရှင်တစ်ယောက်အဖြစ် တိုးတက်လာဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဒီလို လက်တွေ့လေ့လာမှုတွေနဲ့အတူ ကျောင်းသား/ကျောင်းသူများအတွက် အနုပညာနယ်ပယ်ကို ပိုမိုနားလည်ပြီး ကိုယ့်ရဲ့အနုပညာခရီးလမ်းအတွက် အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ CAN ARTT Academy မှ ဆက်လက်ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ 🎭

Learn. Experience. Create. 🎬

10/08/2026

😆 CAN ARTT ရဲ့ Fun Questions Challenge လာပါပြီ!

မထင်မှတ်ထားတဲ့ အဖြေတွေ၊ ရယ်စရာ Reaction တွေနဲ့ Video ထဲမှာ ကြည့်လိုက်ပါ! 🤭🎬

💬 သင်အကြိုက်ဆုံး အဖြေက ဘာလဲ? Comment မှာ မျှဝေပေးခဲ့နော်! 👇
🎭 CAN ARTT Academy

08/08/2026

🎬 CAN ARTT Basic Acting Class
Phase 1 | Batch 3
📅 Opening This October

သရုပ်ဆောင်အနုပညာကို အခြေခံကနေ စတင်လေ့လာချင်သူတွေအတွက် CAN ARTT Basic Acting Class – Phase 1 | Batch 3 ကို ယခု အောက်တိုဘာလတွင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ✨

ဒီသင်တန်းမှာ
🎭 Basic Acting Techniques
🎤 Voice & Speech Training
😊 Emotion & Expression Training
🎬 Camera Acting Basics
🤝 Teamwork & Performance Exercises
🌟 Confidence Building

စတဲ့ သရုပ်ဆောင်တစ်ယောက်အတွက် လိုအပ်တဲ့ အခြေခံစွမ်းရည်များကို လက်တွေ့လေ့ကျင့်မှုများနှင့်အတူ စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
အိပ်မက်ကို စတင်ဖို့ အချိန်က အခုပါပဲ။

သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ စိတ်အားထက်သန်မှုအပြင် မှန်ကန်တဲ့ လေ့ကျင့်မှုနဲ့ လမ်းညွှန်မှုကလည်း အရေးကြီးပါတယ်။

📩 အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် သင်တန်းအပ်နှံရန်
💬 Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
📞 09 660 001 660 | 09 365 000 33
📍 CAN ARTT Academy
No. 2D-9, နှင်းဆီမြိုင်လမ်း၊ Snow Garden 2၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

✨ Phase 1 | Batch 3 တွင် ပါဝင်ပြီး သင့်ရဲ့ သရုပ်ဆောင်ခရီးကို CAN ARTT နဲ့အတူ စတင်လိုက်ပါ။

06/08/2026

🎭 Every lesson creates a new perspective.

ကိုယ့်ကိုယ်ကို နားလည်မှု၊ အမြဲတမ်းလေ့လာသင်ယူမှုနဲ့ မှန်ကန်တဲ့ အတွေးအမြင်တွေက Artist တစ်ယောက်ရဲ့ တိုးတက်မှုကို ပုံဖော်ပေးတဲ့ အခြေခံအရာတွေ ဖြစ်ပါတယ်။

ဒီ Education Tips Interview မှာ ဆရာ ဘသာ က အနုပညာသင်ကြားရေးအပေါ် သူ့ရဲ့အတွေ့အကြုံတွေ၊ ယုံကြည်ချက်တွေနဲ့ ကျောင်းသားတွေအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေကို မျှဝေပေးထားပါတယ်။

Artist တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ စိတ်ဓာတ်၊ လေ့ကျင့်မှုရဲ့ တန်ဖိုးနဲ့ ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေရဲ့ တိုးတက်မှုကို မြင်တွေ့ရတဲ့ အတွေ့အကြုံတွေအပြင်

🎬 Acting ကို လေ့လာရာမှာ အခြေခံကျတဲ့ အချက်များ
🌱 Student တစ်ယောက်ရဲ့ Growth အတွက် လိုအပ်တဲ့ အရာများ
🤖 ခေတ်သစ်နည်းပညာတွေနဲ့အတူ ပြောင်းလဲလာမယ့် Acting Education
🚀 CAN ARTT ရဲ့ Vision နဲ့ အနာဂတ်အမြင်များ

တို့ကို ဆရာ ဘသာ ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့အတူ ရိုးသားစွာ မျှဝေပေးထားပါတယ်။

အနုပညာလမ်းကြောင်းကို စတင်ချင်သူတွေအတွက်ဖြစ်စေ၊ ကိုယ့်ရဲ့ အရည်အချင်းကို ပိုမိုတိုးတက်ချင်သူတွေအတွက်ဖြစ်စေ ဒီ Interview ဟာ သင်ယူစရာ၊ စဉ်းစားစရာနဲ့ လှုံ့ဆော်မှုများ ပေးနိုင်မယ့် အခိုက်အတန့်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

🎥 Watch the full Education Tips Interview.

Category

Address


No. 2D-9, Hnin Si Myaing Street, (A) Ward, Snow Garden 2, Thingangyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00