Pro Intel Myanmar
Reliable Engineering, MEP, Electrical LV/ELV, Civil & Structural Works, and Project Management Services.
21/08/2026
Project Name : One Storeyed Shop House Building, Hlaing Township
မိုးထဲရေထဲမှ Project လေး ၃ ပတ်အတွင်း အဖွဲ့သားတွေရဲ့ တက်ညီလက်ညီလှော်ခတ်ခဲ့လို့ ဒီအခြေအနေအထိရောက်လာခဲ့ပြီ
structure
Inverter
Intel Myanmar
18/08/2026
လှိုင်မြို့နယ် အေးရိပ်မွန်အိမ်ယာမှာ ဆောက်လုပ်ပေးနေတဲ့ F&B Shop House Building တလုံးဖြစ်ပါတယ်
Project Time Line : 1.5 Months
Project Scope :
1. Civil & Structural Work
2. Exterior & Interior Decoration
3. Electrical Installation
4. Plumbing & Sanitary System
09/08/2026
တိုးတက်ပြောင်းလဲချင်ရင် မပျင်းဖို့လိုတယ်၊ အရေးပါတဲ့ဘယ်အရာမဆို လုံလောက်တဲ့အချိန်နဲ့ အားစိုက်ထုတ်မှုမရှိဘဲ ဖြစ်လာမှာ မဟုတ်ဘူး။
အားနေ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်၊ နည်းနည်းဆိုတာနဲ့ စိတ်ဓါတ်ကကျ၊ အဲဒီထဲမှာ ပျင်းပါ ပျင်းသေးဆိုရင် ရစရာတောင် ရှိမှာမဟုတ်ဘူးဆိုတာ သတိရဖို့လိုတယ်။
အရာရာမှာ တန်ရာတန်ကြေးဆိုတာရှိတယ်။ ဘယ်သူမဆို ကိုယ်လိုချင်တာကို သိမယ်၊ အံဒီအတွက် ပေးရမယ့် တန်ရာတန်ကြေးကိုလည်း သိမယ်၊ ပေးလည်း ပေးတယ်ဆိုရင် မအောင်မြင်စရာ အကြောင်း ရှိကို မရှိနိုင်ဘူး။
တိုးတက်ပြောင်းလဲဖို့အတွက် ဒီနေ့ပဲ စတင်ပါ။ ပန်းတိုင်သတ်မှတ်ပါ။ အစီအစဉ်ချပါ။ မသိတာကို သင်ယူပါ။ စလုပ်၊ ဆက်လုပ်၊ ဆုံးအောင်လုပ်ပါ။
Naing Win Aung (CEO Coach)
We are already hired people. Thank you.
📢 WE ARE HIRING – CIVIL SITE ENGINEER
Pro Intel Myanmar Company ၏ New Project များအတွက် Civil Engineer (On-Site) ခေါ်ယူလျက်ရှိပါသည်။
စိတ်ဝင်စားပြီး Site Work အတွေ့အကြုံရှိသော Civil Engineer မောင်နှမများ လျှောက်ထားနိုင်ပါသည်။
Position: Civil Site Engineer
Salary: 12–18 Lakhs MMK
(Based on experience)
Working Hours
Monday to Friday – 8:30 AM to 5:00 PM
Saturday – 8:30 AM to 3:00 PM
Sunday & Public Holidays – Off
Project Locations
Hlaing Township & Kamayut Township, Yangon
စိတ်ဝင်စားသူများအနေဖြင့် မိမိတို့၏ Updated CV ကို အောက်ပါ Email သို့မဟုတ် Viber မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။
📧 Email: [email protected]
📱 Viber: 09 516 5099
12/07/2026
Project Cost Estimate ပြုလုပ်ရာတွင် စဉ်းစားရမည့် အရေးကြီးသောအချက်များ
Project Cost Estimate ဆိုတာ Quantity တွက်ပြီး ဈေးနှုန်းထည့်လိုက်ရုံနဲ့ မပြီးပါဘူး။�တကယ်ကောင်းမွန်တဲ့ Estimate တစ်ခုဖြစ်ဖို့ဆိုရင် Project ရဲ့ အရွယ်အစား၊ အရည်အသွေးတည်နေရာ၊ တည်ဆောက်မည့်အချိန်၊ Market Condition နဲ့ Risk တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
ပထမဆုံးအနေနဲ့ Project Size အကြောင်းပြောကြည့်ရအောင်။
Project အရွယ်အစားဟာ Owner ရဲ့ Requirement ပေါ်မူတည်ပါတယ်။�ဥပမာ Real Estate Project တစ်ခုဆိုရင် Apartment Unit အရေအတွက်၊ Road Project တစ်ခုဆိုရင် လမ်းအရှည် မိုင်နှုန်း စသဖြင့် Project Size ကို အခြေခံပြီး Estimate ပြုလုပ်ရပါတယ်။
Project ကြီးလာလေလေ စုစုပေါင်းကုန်ကျစရိတ် တက်လာနိုင်ပါတယ်။�ဒါပေမယ့် Economy of Scale ကြောင့် Unit Cost အနေနဲ့တော့ လျော့ကျနိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင် Project ကြီးလာတဲ့အခါ လူအင်အား၊ စက်ယန္တရားနဲ့ Material တွေကို ပိုမိုထိရောက်စွာ အသုံးချနိုင်လာပါတယ်။�တူညီတဲ့အလုပ်တွေကို ထပ်ခါထပ်ခါလုပ်လာတဲ့အခါ Labor Productivity လည်း တက်လာပြီး အလုပ်မြန်လာနိုင်ပါတယ်။
ဒုတိယအချက်ကတော့ Project Quality ဖြစ်ပါတယ်။
Owner တစ်ယောက်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး Project Quality Level ကွာခြားနိုင်ပါတယ်။�ဥပမာ Corporate Boardroom, Luxury Residence, Hotel Lobby စတဲ့ Project တွေမှာ အမြင်ပိုင်း၊ Image ပိုင်းနဲ့ Finishing Quality ကို အဆင့်မြင့်လိုအပ်နိုင်ပါတယ်။
တချို့ Project တွေမှာတော့ Safety ကြောင့် Quality Level မြင့်ရပါတယ်။�Power Plant, Energy Facility, Industrial Facility, Public Safety Related Project တွေမှာ Design Standard, Material Quality, Testing နဲ့ Inspection Requirement တွေ ပိုမိုတင်းကျပ်လာပါတယ်။
Quality မြင့်လာတာနဲ့အမျှ Cost လည်း တက်လာပါတယ်။� Material Cost, Skilled Labor Cost, Supervision Cost, Testing Cost နဲ့ Quality Control Cost တွေပါ တိုးလာနိုင်ပါတယ်။
ဒါကြောင့် Project အစောပိုင်းအဆင့်ကတည်းက Owner, Designer, User နဲ့ Relevant Authority တွေနဲ့ Quality Expectation ကို သေချာညှိနှိုင်းထားဖို့ အရေးကြီးပါတယ်။
တတိယအချက်ကတော့ Project Location ဖြစ်ပါတယ်။
Project တည်နေရာဟာ Estimate အပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။�Yangon မှာ ဆောက်လုပ်ရတာနဲ့ Remote Area တစ်ခုမှာ ဆောက်လုပ်ရတာ Cost မတူနိုင်ပါဘူး။
တည်နေရာမတူရင် Labor Cost, Material Availability, Equipment Availability, Transportation Cost, Local Regulation နဲ့ Climate Condition တွေ မတူနိုင်ပါတယ်။
အချို့နေရာတွေမှာ Skilled Worker ရဖို့ခက်နိုင်ပါတယ်။�အချို့နေရာတွေမှာ Material Transport Cost မြင့်နိုင်ပါတယ်။�အချို့နေရာတွေမှာ Local Authority Approval နဲ့ Regulation တွေ ပိုမိုရှုပ်ထွေးနိုင်ပါတယ်။
Climate Condition လည်း အရေးကြီးပါတယ်။�မိုးရာသီမှာ ဆောက်လုပ်မယ်ဆိုရင် Earthwork, Concrete Work, Roofing Work, Painting Work တွေမှာ Delay ဖြစ်နိုင်ပါတယ်။�အရမ်းပူတဲ့ရာသီမှာလည်း Labor Productivity ကျနိုင်ပြီး Concrete Quality Control ကို ပိုဂရုစိုက်ရပါတယ်။
ဒါကြောင့် Estimate ပြုလုပ်ရာမှာ Location Factor ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါတယ်။
နောက်တစ်ချက်ကတော့ Time and Market Conditions ဖြစ်ပါတယ်။
Estimate ကို ဒီနေ့တွက်ထားပေမယ့် တကယ် Procurement လုပ်မယ့်အချိန်၊ Site Construction စမယ့်အချိန်က လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်အကြာ ဖြစ်နိုင်ပါတယ်။
အဲဒီအချိန်အတွင်း Material Price, Labor Cost, Fuel Cost, Transportation Cost တွေ ပြောင်းလဲနိုင်ပါတယ်။�ဒါကြောင့် Price Escalation ကို ထည့်တွက်ထားဖို့ လိုပါတယ်။
Market Condition ကလည်း အရေးကြီးပါတယ်။
Market မှာ Project နည်းနေတဲ့အချိန် Contractor တွေက Staff ထိန်းထားဖို့နဲ့ Overhead Cover လုပ်ဖို့ Profit နည်းနည်းနဲ့ Bid ဝင်နိုင်ပါတယ်။
Market ကောင်းနေတဲ့အချိန်၊ Contractor တွေ အလုပ်များနေတဲ့အချိန်မှာတော့ Bid Price မြင့်နိုင်ပါတယ်။�အထူးသဖြင့် Project Risk မြင့်တယ်၊ Owner နဲ့ Designer က Decision Making နှေးတယ်၊ Variation များနိုင်တယ်ဆိုရင် Contractor တွေက Risk Cover ဖြစ်အောင် Price မြင့်မြင့်နဲ့ Bid ဝင်တတ်ပါတယ်။
ဒီလိုအချက်တွေဟာ တိတိကျကျတွက်ဖို့ ခက်ခဲပေမယ့် Final Estimate ထဲမှာ Overhead, Profit, Contingency, Risk Allowance အနေနဲ့ ထည့်သွင်းစဉ်းစားရပါတယ်။
နောက်ဆုံးအနေနဲ့ Real-World Case Study တစ်ခုကို ပြောချင်ပါတယ်။
Vietnam War ကာလအစပိုင်းမှာ Military Airbase တည်ဆောက်ဖို့ လိုအပ်ခဲ့ပါတယ်။�Aircraft တွေ ဆင်းသက်နိုင်ဖို့ Runway လိုအပ်ပါတယ်။�ပုံမှန် Runway ဆိုတာ Concrete နဲ့ တည်ဆောက်ကြပါတယ်။
ဒါပေမယ့် အဲဒီအချိန်မှာ Cement Supply မလုံလောက်သေးပါဘူး။�Concrete Runway တည်ဆောက်ဖို့ Material မရှိသေးတဲ့အခြေအနေမှာ Project Team က Creative Solution တစ်ခု အသုံးပြုခဲ့ပါတယ်။
အဲဒါကတော့ Aluminum Plank တွေကို အသုံးပြုပြီး Temporary Runway တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
မြေပြင်ကို သေချာ Grading လုပ်ပြီး Aluminum Plank တွေ ခင်းကာ Aircraft တွေ ဆင်းသက်နိုင်အောင် ပြုလုပ်ခဲ့ပါတယ်။�အဲဒီ Temporary Runway ကနေတစ်ဆင့် Cement နဲ့ Construction Material တွေကို Air Transport နဲ့ သယ်ယူနိုင်လာပါတယ်။
နောက်ပိုင်း Material Supply ရလာတဲ့အခါ Concrete Runway ကို ဆက်လက်တည်ဆောက်နိုင်ခဲ့ပါတယ်။
ဒီ Case Study ကနေ သင်ခန်းစာယူရမယ့်အချက်က Construction Project တစ်ခုမှာ Material Shortage, Market Limitation, Logistic Problem တွေ ကြုံလာတဲ့အခါ Estimate နဲ့ Project Planning ကို Flexible ဖြစ်အောင် စဉ်းစားဖို့ လိုတယ်ဆိုတာပါ။
အကျဉ်းချုပ်ပြောရရင် Project Cost Estimate ပြုလုပ်ရာမှာ အဓိကစဉ်းစားရမယ့်အချက်တွေက—
Project Size,�Project Quality,�Project Location,�Time and Market Conditions,�Labor and Material Escalation,�Risk, Overhead, Profit and Contingency�တို့ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ Estimate တစ်ခုဆိုတာ Quantity တွက်ထားတာတင်မဟုတ်ပါဘူး။�Project Reality ကို နားလည်ပြီး Owner Requirement, Site Condition, Market Situation နဲ့ Risk တွေကိုပါ ထည့်သွင်းစဉ်းစားထားတဲ့ Estimate ဖြစ်ရပါမယ်။
ဒါကြောင့် Construction & Engineering လုပ်ငန်းတွေမှာ Cost Estimate ကို Technical Calculation တစ်ခုအဖြစ်သာ မမြင်ဘဲ Business Decision တစ်ခုအဖြစ်ပါ မြင်ဖို့လိုပါတယ်။
ဒီနေ့အကြောင်းအရာက Project Cost Estimating ကို လေ့လာနေသူများ၊ Site Engineer များ၊ Project Manager များနဲ့ Construction Business လုပ်ကိုင်နေသူများအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Reference: Construction Project Management by UMD
Estimates
Management
12/07/2026
# Electrical & ELV Project Successfully Completed
မကြာသေးမီက ဆောင်ရွက်ခဲ့သော Aesthetic Center တခု၏ Electrical နှင့် ELV Installation Project ကို အောင်မြင်စွာ ပြီးစီးအပ်နှံနိုင်ခဲ့ပါသည်။
Project တွင်—
✅ Lighting & Decorative Lighting Installation
✅ Concealed Electrical Wiring
✅ Switches & Socket Outlets Installation
✅ Ceiling Cove Light System
✅ CCTV & ELV System Installation
✅ Testing, Inspection & Commissioning
တို့ကို နေရာအလိုက် သင့်တော်သော Lighting Arrangement၊ သပ်ရပ်သော Installation နှင့် အသုံးပြုသူများအတွက် လုံခြုံမှု၊ အဆင်ပြေမှုနှင့် ရေရှည်တည်ငြိမ်မှု ကို အဓိကထား၍ ဆောင်ရွက်ပေးခဲ့ပါသည်။
မိမိတို့အား ယုံကြည်စွာ လုပ်ငန်းအပ်နှံပေးခဲ့သော Client အား အထူးကျေးဇူးတင်ရှိပါသည်။
Pro Intel Myanmar – Engineering & Construction
Electrical LV | MEP | ELV | Civil & Structural Works
05/07/2026
"အပြင်ပန်း ဘယ်လောက်လှလှ... အထဲက လျှပ်စစ်စနစ် မကောင်းရင် အချိန်မရွေး ဒုက္ခပေးနိုင်ပါတယ်။ အဆောက်အအုံတစ်ခုရဲ့ လျှပ်စစ်ပိုင်းမှာ မဖြစ်မနေ စနစ်တကျ ရှိရမယ့် အချက်များ
၁။ လူတော်တော်များများက အိမ်တစ်လုံး၊ ဆိုင်တစ်ဆိုင် ဆောက်ရင် Interior ဒီဇိုင်းနဲ့ ဆေးအရောင်ကိုပဲ အဓိက အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမဲ့ ရေရှည်မှာ စိတ်အေးရဖို့နဲ့ အသက်အန္တရာယ် ကင်းရှင်းဖို့ဆိုရင် နံရံတွေ၊ မျက်နှာကြက်တွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ Building Electrical System က စံချိန်စံညွှန်းပြည့်မီဖို့ ပိုအရေးကြီးပါတယ်။
ဒါကြောင့် လျှပ်စစ်စနစ်တစ်ခုမှာ ဒီအချက်တွေ ကောင်းမွန်ဖို့ လိုအပ်ပါတယ် -
၂။ စနစ်တကျ Load Calculation ပြုလုပ်ခြင်း (Design Planning):
အဆောက်အအုံအတွင်းမှာ သုံးမယ့် Aircon, Inverter, ရေတင်မော်တာ နဲ့ တခြား Appliances တွေရဲ့ အသုံးပြမှုကို သေချာတွက်ချက်ပြီးမှ ကေဘယ်ကြိုး Size တွေ၊ Main Breaker Size တွေကို ရွေးချယ်ရပါမယ်။ လိုတာထက် သေးနေရင် ကြိုးပူပြီး လျှပ်စစ်အန္တရာယ် ဖြစ်နိုင်သလို၊ ပိုနေရင်လည်း အပိုကုန်ကျစရိတ်တွေ များစေပါတယ်။
၃။ပြီးပြည့်စုံတဲ့ ကာကွယ်ရေးစနစ် (Protection & Safety):
Distribution Board (DB) ဘောက်စ်ထဲမှာ Circuit Breaker (MCB) တွေတင်မကဘဲ ဓါတ်လိုက်ခြင်းကနေ ကာကွယ်ပေးတဲ့ RCCB (Residual Current Circuit Breaker) နဲ့ မိုးကြိုးပစ်တာ၊ လျှပ်စစ်ဗို့အား ရုတ်တရက် တက်လာတာတွေကနေ အဖိုးတန် အီလက်ထရောနစ် ပစ္စည်းတွေကို ကာကွယ်ပေးမယ့် SPD (Surge Protective Device) တွေကို စနစ်တကျ ထည့်သွင်း တပ်ဆင်ရပါမယ်။
စံချိန်မီ Earthing (မြေစိုက်စနစ်):
ဒါက အသက်ကယ်တဲ့ စနစ်ပါ။ အိမ်သုံးပစ္စည်းတွေကနေ လျှပ်စစ်ယိုစိမ့်မှု (Leakage) ဖြစ်လာရင် လူဆီမလာဘဲ မြေကြီးထဲကို ဘေးကင်းစွာ စီးဆင်းသွားဖို့ Earth Resistance (မြေခံနိုင်ရည်) ကို သေချာတိုင်းတာပြီး စနစ်တကျ မြေစိုက်ထားဖို့ လိုအပ်ပါတယ်
#
29/06/2026
MCB, RCCB, RCBO — ဘာတွေကွာသလဲ?
🔵 MCB (Miniature Circuit Breaker)
• Overcurrent — Overload နဲ့ Short Circuit) ကို ကာကွယ်တယ်။
• Earth Leakage (လျှပ်စစ်ယိုစိမ့်မှု) ကိုတော့ မကာကွယ်ပါ။
• လူကို electric shock ကနေ ကာကွယ်ဖို့ မလုံလောက်ပါ။
🟢 RCCB (Residual Current Circuit Breaker)
• Earth Leakage ကိုပဲ အထူးကာကွယ်တယ်။
• လျှပ်စစ်ယိုစိမ့်လို့ လူ shock မိတာ၊ မီးလောင်တာတွေကနေ ကာကွယ်ပေးတယ်။
• ဒါပေမဲ့ Overload/Short Circuit ကို မကာကွယ်ပါ — MCB နဲ့ တွဲသုံးရတယ်။
• 30mA Sensitivity = လူအသက်အန္တရာယ်အတွက် အကောင်းဆုံး။
🟡 RCBO (Residual Current Breaker with Overcurrent)
• MCB + RCCB ကို တစ်လုံးတည်းမှာ ပေါင်းထားတာ။
• Overload + Short Circuit + Earth Leakage — သုံးမျိုးလုံး ကာကွယ်ပေးတယ်။
• Circuit တစ်ခုစီကို သီးခြားကာကွယ်နိုင်လို့ fault ဖြစ်တဲ့လိုင်းပဲ ပိတ်တယ်
━━━━━━━━━━━━━━━
👉 Pro Intel Myanmar (PIM)
⚡ LV Electrical | ELV | Solar PV | EV Charging
Website
Address
Maung Makan Kannthar Road, 17 Ward, South Dagon Twp
Yangon
11421
Opening Hours
| Monday | 08:45 - 17:15 |
| Tuesday | 08:45 - 17:15 |
| Wednesday | 08:45 - 17:15 |
| Thursday | 08:45 - 17:15 |
| Friday | 08:45 - 17:15 |
| Saturday | 08:45 - 12:45 |
Alerts
Be the first to know and let us send you an email when Pro Intel Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.