UMG Logistics
UMG Logistics နဲ့ဆို အစစအရာရာ စိတ်ချလိုက်ပါ
28/08/2026
ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)
💐 မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဝါခေါင်လပြည့် နေ့အခါသမယမှာ ခုနှစ်ရက်သားသမီးများအားလုံး မေတ္တာဘာဝနာများ ပွားများအားထုတ်၍ ကိုယ်စိတ်နှလုံး ငြိမ်းအေးချမ်းသာကြပါစေကြောင်း UMG Logistics မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
#ဝါခေါင်လပြည့်နေ့
24/08/2026
🌧️ အခုလိုမိုးရာသီမှာ Warehouse ထဲက ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းကတော့ "စိုထိုင်းဆ" ဖြစ်ပါတယ်။ ဒါကို ဘယ်လိုစနစ်တကျ ထိန်းချုပ်မလဲဆိုတာ အောက်ပါအတိုင်းမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
✔️ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ခြင်း
လေထုငြိမ်နေပါက အစိုဓာတ်ပိုမို ခိုလွယ်တာကြောင့် Exhaust Fan များ၊ Industrial Ceiling Fan များဖြင့် လေထုကို အမြဲအကူးအပြောင်းပြုလုပ်ပေးရပါမယ်။
✔️ အပူဒဏ်နဲ့ အစိုဓာတ်ကို ကာကွယ်ပေးတဲ့အလွှာများတပ်ဆင်ခြင်း
ကြမ်းပြင်မှတက်လာတဲ့အစိုဓာတ်တွေ ကုန်ပစ္စည်းဆီ မရောက်စေရန် Pallet ပေါ်တွင်တင်ဆောင်ခြင်း၊ နံရံနဲ့ အမိုးတို့တွင်အပူဒဏ်နဲ့ အစိုဓာတ်ကို ကာကွယ်ပေးတဲ့အလွှာများ တပ်ဆင်ခြင်းတို့ ပြုလုပ်ရပါမယ်။
✔️ Smart Humidity Sensor များဖြင့် ၂၄ နာရီ စောင့်ကြည့်ခြင်း
လေထုစိုထိုင်းဆပမာဏလွန်ကဲလာပါက Auto Alert ပေးနိုင်တဲ့ Digital Sensor စနစ်များ တပ်ဆင်ထားခြင်းဖြင့် စိုထိုင်းဆမဖြစ်အောင် ဆောင်ရွက်နိုင်ပါတယ်။
💯 UMG Logistics နဲ့ဆို အစစအရာရာ စိတ်ချလိုက်ပါ 💯
Telegram channel link:
https://t.me/umglogisticsmyanmar
☎️ 09977835791
🏣 No. (589/592), Bo Aung Kyaw Street, Yangon- Pathein Highway Road, HlaingThayar Township, Yangon.
29/07/2026
ယနေ့ကျရောက်သော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခါသမယမှာ မိဘပြည်သူအပေါင်း စိတ်ရောကိုယ်ပါ ကျန်းမာ၊ ချမ်းသာပြီး စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအားလုံး အဆင်ပြေချောမွေ့အောင်မြင်ကြပါစေကြောင်း UMG Logistics အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။🙏
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့
19/07/2026
🇲🇲 အာဇာနည်နေ့ 🇲🇲
နှစ်စဉ် ဇူလိုင်လ (၁၉) ရက်နေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲများပြုလုပ်ကျင်းပကြပါသည်။
တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြတဲ့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ကျေးဇူးကို အစဉ်အောက်မေ့သတိရလျက် (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် လေးစားစွာ ဦးညွတ်အလေးပြုအပ်ပါသည်။
#အာဇာနည်နေ့ #၁၉ဇူလိုင်
#၇၉နှစ်မြောက်အာဇာနည်နေ့
07/07/2026
မိုးရာသီရောက်ပြီဆိုရင် Warehouse မှာ စိုထိုင်းဆကြောင့် ကုန်ပစ္စည်းတွေ၊ ကတ်ထူဗူးတွေ မှိုတက်တာ၊ အနံ့အသက်မကောင်းတာနဲ့ ဆုံးရှုံးပျက်စီးတာမျိုးတွေ အလွယ်တကူဖြစ်တတ်ပါတယ်။ ဒါကြောင့်ကုန်စည်တွေကို စိုထိုင်းဆမဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းကောင်း (၃) ချက်ကို မျှဝေပေးလိုက်ပါတယ်။
✔️ ကုန်ပစ္စည်းတွေကို ကုန်တင်ပြားပေါ်မှာတင်ပါ။
ကုန်စည်တွေကို ဂိုဒေါင်ကြမ်းပြင်နဲ့ တိုက်ရိုက်ထိမထားပါနဲ့။ မိုးတွင်းမှာ ကြမ်းပြင်ကနေ အစိုဓာတ်တွေ တက်လာတတ်လို့ သစ်သား (သို့) ပလတ်စတစ်ပြားတွေပေါ်မှာပဲ စနစ်တကျစီထားခြင်းက အစိုဓာတ်ကိုကာကွယ်ပေးနိုင်ပါတယ်။
✔️ လေဝင်လေထွက် ကောင်းအောင်လုပ်ပါ။
ဂိုဒေါင်ကို လုံးဝပိတ်လှောင်မထားဘဲ လေအေးနဲ့ လေပူ မျှတစွာလည်ပတ်နိုင်ဖို့ လေစုပ်ပန်ကာတွေတပ်ဆင်ပေးပါ။ လေဝင်လေထွက်ကောင်းမွန်ခြင်းက စိုထိုင်းဆကို အလိုအလျောက်လျော့နည်းသွားစေပါတယ်။
✔️ နံရံနဲ့ ကုန်ပစ္စည်းကြား အကွာအဝေးတစ်ခုထားပါ။
ကုန်ပစ္စည်းတွေကို နံရံနဲ့ ကပ်ပြီးမစီပါနဲ့။ နံရံကနေတစ်ဆင့် မိုးရေစိမ့်ဝင်မှုနဲ့ အစိုဓာတ်တွေ ကူးစက်တတ်လို့ နံရံနဲ့ ကုန်ပစ္စည်းကြားမှာ အနည်းဆုံး (၂) ပေခန့်အကွာအဝေး (သို့) လမ်းကြောင်းချန်ထားပေးရပါမယ်။
💯 UMG Logistics နဲ့ဆို အစစအရာရာ စိတ်ချလိုက်ပါ 💯
Telegram channel link:
https://t.me/umglogisticsmyanmar
☎️ 09977835791
🌀 No. (589/592), Bo Aung Kyaw Street, Yangon- Pathein Highway Road, HlaingThayar Township, Yangon.
02/07/2026
စီးပွားရေးလုပ်ငန်းရှင်တော်တော်များများဟာ ကုန်ပစ္စည်းတွေ သိုလှောင်ဖို့အတွက် ကိုယ်ပိုင်ဂိုဒေါင်ကြီးတွေ အကုန်အကျခံဆောက်လုပ်မဲ့အစား စနစ်ကျတဲ့ ပြင်ပဂိုဒေါင်ဝန်ဆောင်မှုတွေကို ပိုမိုရွေးချယ်လာကြပါတယ်။
ဘာကြောင့် ကိုယ်ပိုင်ဆောက်တာထက် ဂိုဒေါင်ငှားသုံးတာက သင့်စီးပွားရေးအတွက် ပိုပြီးတွက်ခြေကိုက်စေတာလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။
🌀 ကုန်ကျစရိတ်သက်သာခြင်း
မြေနေရာဝယ်ရမဲ့စရိတ်၊ ဂိုဒေါင်အဆောက်အဦး ဆောက်လုပ်ရမဲ့စရိတ်တွေ မလိုတော့တဲ့အတွက် လုပ်ငန်းစတင်ချိန်မှာ ငွေအလုံးအရင်းစိုက်ထုတ်စရာမလိုဘဲ ထိုငွေတွေကိုအရောင်းမြှင့်တင်ရေးပိုင်းမှာ ပိုမိုထိရောက်စွာ သုံးစွဲနိုင်ပါတယ်။
🌀 နေရာအကျယ်အဝန်းကို အတိုးအလျှော့လုပ်နိုင်ခြင်း
ရာသီအလိုက် ကုန်ပစ္စည်းအဝင်များတဲ့အချိန်မှာ နေရာပိုငှားပြီး၊ ကုန်ပစ္စည်းနည်းတဲ့အချိန်မှာတော့ နေရာလျှော့ငှားလို့ ရပါတယ်။
🌀 စီမံခန့်ခွဲမှုအတွက် ခေါင်းခဲစရာမလိုဘဲ Professional စနစ်ကိုရရှိခြင်း
ဂိုဒေါင်ထဲက ကုန်ပစ္စည်းတွေ ပျောက်မသွားအောင် စောင့်မဲ့ လုံခြုံရေးအင်အား၊ ကုန်တင်ကုန်ချလုပ်မဲ့ Forklift နဲ့ ဝန်ထမ်းအင်အား၊ မီးဘေးအန္တရာယ် ကာကွယ်ရေးစနစ်တွေအပြင် မိုးတွင်းမှာ ကြွက်နဲ့ ပိုးမွှားကာကွယ်ရေးတွေကိုပါ ဂိုဒေါင်ဝန်ဆောင်မှုကုမ္ပဏီက တာဝန်ယူပေးထားလို့ လုပ်ငန်းရှင်အနေနဲ့ ခေါင်းအေးအေးထားနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဂိုဒေါင်ငှားသုံးခြင်းဟာ ကုန်ကျစရိတ်ကို အထိရောက်ဆုံးလျှော့ချပေးနိုင်ရုံသာမက သင့်လုပ်ငန်းလည်ပတ်မှုကိုပါ ပိုမိုပေါ့ပါးမြန်ဆန်လာစေမှာ ဖြစ်ပါတယ်။
💯 UMG Logistics နဲ့ဆို အစစအရာရာ စိတ်ချလိုက်ပါ 💯
Telegram channel link:
https://t.me/umglogisticsmyanmar
☎️ 09977835791
🏣 No. (589/592), Bo Aung Kyaw Street, Yangon- Pathein Highway Road, HlaingThayar Township, Yangon.
30/05/2026
နယုန်လပြည့်နေ့
ယနေ့ကျရောက်တဲ့ နယုန်လပြည့် (မဟာသမယအခါတော်နေ့)မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာ၊ ချမ်းသာခြင်းတွေနဲ့ပြည့်စုံပြီး ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း UMG Logistics မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
#နယုန်လပြည့်နေ့ #မဟာသမယအခါတော်နေ့
01/05/2026
ယနေ့ကျရောက်သော မေလ (၁) ရက်အလုပ်သမားနေ့မှာ ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားထုတစ်ရပ်လုံး အလုပ်သမားအခွင့်အရေးများ တန်းတူညီမျှရရှိပြီး အလုပ်အကိုင်များအဆင်ပြေချောမွေ့ကြပါစေကြောင်း UMG Logisticsမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
30/04/2026
ကဆုန်လပြည့်နေ့
ယနေ့ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) မှာ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာ၊ ချမ်းသာပြီး ဘေးဘယာကင်းဝေး၍ အေးချမ်းကြပါစေကြောင်း UMG Logistics မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
17/04/2026
💦 မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ 💦
🌷✨ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်အခါသမယမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကျန်းမာ၊ ပျော်ရွှင်ကြပါစေကြောင်း UMG Logistics မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
#နှစ်ဆန်းတစ်ရက်နေ့
Category
Contact the business
Telephone
Website
Address
No. (589/592), Bo Aung Kyaw Street, Yangon/Pathein Highway Road, Hlaing Thar Yar Township, Yangon
Yangon
111111
Opening Hours
| Monday | 08:00 - 21:30 |
| Tuesday | 08:00 - 21:30 |
| Wednesday | 08:00 - 21:30 |
| Thursday | 08:00 - 21:30 |
| Friday | 08:00 - 21:30 |
| Saturday | 08:00 - 21:30 |
| Sunday | 08:00 - 21:30 |
Alerts
Be the first to know and let us send you an email when UMG Logistics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.