Grammar Corner

Grammar Corner

Share

London နှင့် Bangkok တို့ရှိ Teacher Training Center များတွင် Grammar ဆည်းပူးလေ့လာခဲ့သော ဆရာမမှ ဦးဆောင်သင်ကြားပေးသည်။

Photos from Grammar Corner's post 22/09/2026

Reading တိုးတက်စေဖို့ စာဖတ်ကြရအောင် 📚

Short Reading: Upper-Intermediate Level

အင်္ဂလိပ်စာ ဖတ်ချင်တဲ့သူလေးတွေအတွက် GC ကအပတ်စဥ် အစဥ်အမြဲတင်ပေးနေကြ Reading လေးတွေကို တင်ပေးလိုက်ပါတယ်ခင်ဗျ။

စာဖတ်ခြင်းအားဖြင့် 📖🌟

✅ ဉာဏ်ရည်တိုးစေတယ်၊ မှတ်ဉာဏ် ကောင်းစေတယ်
✅ Vocabulary အသစ်တွေသိရတယ်
✅ ဗဟုသုတ ရတယ်
✅ Sentence တည်ဆောက်ပုံတွေ၊ Grammar အသုံးလေးတွေ လေ့လာနိုင်တယ်
✅ လက်တွေ့အပြင်မှာ ပြန်အသုံးချလို့ရတယ်
✅ Writing & Speaking အတွက် Idea တွေရစေတယ်

စသဖြင့် အကျိုးကျေးဇူး တွေအများကြီး ရရှိစေတာဖြစ်လို့ ဖတ်ဖြစ်အောင် ဖတ်ကြည့်နော် 😍🌟

အခုလို Reading လေးတွေကို အပတ်စဥ်တိုင်း တင်ပေးသွားမှာဖြစ်လို့ ပုံမှန် ဖတ်ရှူလေ့လာဖို့ မမေ့နဲ့နော် 😉❤

21/09/2026

Education is the power to think clearly, act wisely, and never be dependent on the opinions of others.
​
ပညာရေးဆိုတာ ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်ဖို့၊ ပညာရှိစွာ လုပ်ဆောင်နိုင်ဖို့နဲ့ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေအပေါ် မှီခိုမနေဖို့ ခွန်အားပေးတဲ့ အရာဖြစ်ပါတယ်။

20/09/2026

သင့်ရဲ့ကလေးက စာရေးပြီဆိုရင် ခေါင်းကုတ်နေတယ်၊ ဘယ်ကဘယ်လိုစရေးရမှန်းမသိဘူး ဖြစ်နေတယ်...🤔

​ကလေးတွေအနေနဲ့ Sentence တွေကို ကိုယ်တိုင် မဖန်တီးနိုင်ရတဲ့ အဓိကအကြောင်းရင်း ၃ ချက်ကိုဒီနေ့မှာ မျှဝေပေးပါရစေခင်ဗျာ။

​၁။ Vocabulary တွေကို သီးသန့်စီ ကျက်မှတ်ထားခြင်း 🗣

ဥပမာ - "Delicious" ဆိုတဲ့ စာလုံးကို သိပေမဲ့ ဘယ်နေရာမှာ ထည့်သုံးရမလဲဆိုတဲ့ Pattern ကို မသိတာမျိုးပါ။

​၂။ မြန်မာလို အရင်စဉ်းစားပြီး အင်္ဂလိပ်လို ပြန်ဆိုခြင်း 🙅‍♂

မြန်မာနဲ့ အင်္ဂလိပ် သဒ္ဒါ Word Order မတူတာကြောင့် ဝါကျဖွဲ့တဲ့အခါ ရှုပ်ထွေးသွားရတာဖြစ်ပါတယ်။

​၃။ Sentence Frames လေ့ကျင့်မှု အားနည်းခြင်း 💁‍♂

ဒီအချက်အတွက်ဆိုရင်တော့ ယခုလို Building Blocks နည်းလမ်းကို သုံးပြီးလေ့ကျင့်ပေးလို့ရပါတယ်။

​ကလေးကို စာကြောင်းအရှည်ကြီးတွေ ရေးခိုင်းမည့်အစား အခုလိုမျိုး တဆင့်ချင်းစီ စဉ်းစားခိုင်းကြည့်ပါ။

ဥပမာ - Who? (The boy)
Did what? (kicked)
What? (the ball)
Where? (in the park)

The boy kicked the ball in the park.

​ဒီလိုမျိုး သူ့အပိုင်းနဲ့သူ စဉ်းစားတတ်သွားရင် ကလေးအတွက် ဝါကျတွေဖန်တီးရတာ ပိုမို လွယ်ကူသွားပါလိမ့်မယ်။

​GC ရဲ့ အတန်းတွေမှာတော့ အခြေခံကနေ အဆင့်မြင့်ထိ စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး English-to-English သာအသုံးပြုသင်ကြားပေးတာဖြစ်လို့ Grammar နဲ့ Writing တင်သာမက တခြားသော Skills တွေပါ အဖက်ဖက်က တိုးတက်ကျွမ်းကျင်လာစေမှာ ဖြစ်ပါတယ်ခင်ဗျာ။

သင့်ရဲ့ ကလေးအတွက် Grammar နဲ့ Writing တို့မှာ အခက်အခဲရှိနေတယ်ဆိုရင်တော့ Oct လ ၇ ရက်နေ့မှာစတင်မည့် Young Learners Grammar + Writing အတန်းများအတွက် Page chat box မှာ အခုပဲ စာရင်းပေးအပ်နှံနိုင်ပါပြီခင်ဗျာ။ 📬

18/09/2026

ကလေးရဲ့ တိုးတက်မှုကို လက်တွေ့မြင်တွေ့ရလို့ အရမ်းဝမ်းသာရပါတယ်... 💯😍

​Grammar Corner ကို ယုံကြည်စွာ ရွေးချယ် အပ်နှံပေးထားကြတဲ့ မိဘများဆီက ရရှိထားတဲ့ 100% Honest feedback စကားသံလေးများ ဖြစ်ပါတယ်ခင်ဗျာ။

The heartwarming clip from our recent Parent-Teacher Meeting 👨‍👩‍👦

လက်ရှိ YLE English Grammar + Writing Gold Level Class အတန်းမှာ တက်ရောက်နေသော သားလေး Zaid Zaid ၏ မေမေထံမှ စကားသံတစ်ချို့ 🗣✅

ကလေး၏ တိုးတက်မှုနှင့် ဆက်လက်လုပ်ဆောင်ရမည့် အကြောင်းအရာတွေကိုလည်း အခုလိုပဲ မိဘတစ်ဦးချင်းစီနှင့် အေးအေးဆေးဆေး ဆွေးနွေးပေးလျက်ရှိပါတယ်။

Grammar Corner က ကလေးတွေက ဆရာမ၏ နွေးထွေးမှုနှင့်စည်းကမ်းကြောင့် 👩‍🏫

✅ ပို‌ပျော်စေရမယ်
✅ ပိုယုံကြည်မှုရှိစေရမယ်
✅ ပိုတိုးတက်စေရပါမယ်

ကလေးတွေအတွက် Language ပိုင်းအတွက်တင်သာမက Academic ပိုင်းအတွက်ပါ အကျိုးရှိစေမယ့် Grammar + Writing အတန်းသစ်များလည်း Oct လမှာ Batch အသစ်ပြန်လည်စတင်မှာဖြစ်ပါတယ်။

အတန်းတိုင်းမှာဆိုလျှင်ကျောင်းသားဦးရေ အနည်းငယ်နှင့် တစ်နှစ်မှာ ၂ ကြိမ်သာ ဖွင့်လှစ်ပေးလျက်ရှိပါတယ်ခင်ဗျာ။

ဒါကြောင့် နောက်မကျခင် အခုပဲ Page chat box မှာစုံစမ်းစာရင်းပေး အတန်းအပ်နှံနိုင်ပါပြီခင်ဗျာ။

17/09/2026

Reading Skill တိုးတက်ချင်ရင် အင်္ဂလိပ်စာအုပ်လေးတွေ ဖတ်ပါ 📚

Reading Skill ကိုပိုပြီးကောင်းချင်တယ်၊ Vocabulary တွေပိုပြီး ကြွယ်ဝချင်တယ်၊ စာဖတ်ရင်း Grammar အသုံးပြုပုံတွေကိုလဲ လေ့လာချင်တယ်ဆိုရင်

English Graded Reader စာအုပ်တွေကို ဖတ်ပြီး အပေါ်က Skills တွေကို တိုးတက်အောင်ပြုလုပ်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် 💁‍♂️

✅ ကိုယ့်ရဲ့ Level အလိုက်စာအုပ်လေးတွေကို ရွေးချယ်ဖတ်ရှုနိုင်ခြင်းကြောင့် စာဖတ်ရတာ တအားမခက်ခဲတော့ပဲ Reading ကောင်းအောင် လေ့လာနိုင်ခြင်း။

✅ စကားလုံးတွေကို သတ်မှတ် Level အလိုက် ထည့်သွင်းပေးထားခြင်းကြောင့် ကိုယ်မသိတဲ့ စကားလုံးတွေကို ဖတ်မှတ်လေ့လာနိုင်ခြင်းကြောင့် ဝေါဟာရ ကြွယ်ဝစေခြင်း။

✅ စာအုပ်ထဲက Sentence Structure တည်ဆောက်ပုံတွေကို Grammar နည်းလမ်းမှန်ကန်စွာ ဘယ်လို ရေးသားထားသလဲဆိုတာ လေ့လာနိုင်ခြင်းကလဲ ကိုယ့်​Grammar skill ကိုတိုးတက်စေခြင်း။

✅ ပုံပြင်ထဲက အကြောင်းအရာတွေ၊ မတူညီတဲ့ ဓလေ့တွေကို စာအုပ်ဖတ်ရင်း လေ့လာစူးစမ်းနိုင်ခြင်း ကြောင့်ဗဟုသုတ ကြွယ်ဝစေခြင်း။

✅ ကိုယ့်ရဲ့စာဖတ် အရည်အချင်းတိုးတက်လာတာနဲ့အမျှ English စာအရည်အချင်းပါ တိုးတက်လာစေနိုင်တဲ့အတွက် ဗဟုသုတလဲရ၊ English စာလဲတိုးတက်လာနိုင်စေခြင်း။

ဒါဆို ဘာကြောင့်ဖတ်သင့်သလဲဆိုတာ သိလောက်ပြီထင်တယ်နော် ✨

ယခု စာအုပ်လေးကတော့
Intermediate Level အဆင့်ရှိတဲ့ စာအုပ်လေးဖြစ်ပါတယ် 📖

စာအုပ်အလွယ်တကူ အခမဲ့ဒေါင်းလုပ် ရယူနိုင်ရန် ကောမန့်မှာ တင်ပေးထားပါတယ်ခင်ဗျာ 💝

16/09/2026

⏰ အလုပ်များလို့ အတန်းချိန်အဆင်မပြေလို့ Zoom Class ပုံမှန် မတက်နိုင်သူများအတွက် အချိန်မရွေး လေ့လာနိုင်မယ့် Special English Grammar Video Classes 💁‍♂💻

​အလုပ်တစ်ဖက်၊ စာမေးပွဲတစ်ဖက်နဲ့ အချိန်မရလို့ Zoom Class တွေ မတက်နိုင်ပေမဲ့ အင်္ဂလိပ်စာကို အခြေခံကနေ စနစ်တကျ Level Up လုပ်ချင်ပါသလား....?

ဒါဆိုရင်တော့ ​Grammar Corner ရဲ့ တစ်ခါအပ်ပြီး အမြဲတမ်းလေ့လာနိုင်မည့် Video Class အတန်းများမှာ ထိရောက်တဲ့ သင်ကြားရေးနည်းလမ်းများအတိုင်း လေ့လာနိုင်မည့် Special English Grammar Video Classes အတန်းများကို Level အလိုက်တက်ရောက်လေ့လာ နိုင်ပါတယ်ခင်ဗျာ။

​📚 ဖွင့်လှစ်ထားသော Video Class သင်တန်းများ

𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐆𝐫𝐚𝐦𝐦𝐚𝐫
𝐕𝐢𝐝𝐞𝐨 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐬𝐢𝐜 𝐋𝐞𝐯𝐞𝐥)

Class Type - Video Class
Platform - Telegram
Class Fees - 35,000 Ks (အပြီးအစီးဖြင့် တစ်ခါအပ်ပြီးတာနဲ့ အမြဲတမ်းလေ့လာနိုင်မှာဖြစ်ပါသည်)

𝐋𝐞𝐯𝐞𝐥 - 𝟏 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐕𝐢𝐝𝐞𝐨 𝐂𝐥𝐚𝐬𝐬 (𝐏𝐫𝐞-𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐭𝐨 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞)

Class type - Video Class
Platform - Telegram
Class Fees - 35,000 Ks (အပြီးအစီးဖြင့် တစ်ခါအပ်ပြီးတာနဲ့ အမြဲတမ်းလေ့လာနိုင်မှာ ဖြစ်ပါသည်)

𝐋𝐞𝐯𝐞𝐥 - 𝟐 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐕𝐢𝐝𝐞𝐨 𝐂𝐥𝐚𝐬𝐬 (𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐭𝐨 𝐔𝐩𝐩𝐞𝐫-𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞)

Class type - Video Class
Platform - Telegram
Class Fees - 35,000 Ks (အပြီးအစီးဖြင့် တစ်ခါအပ်ပြီးတာနဲ့အမြဲတမ်း ​လေ့လာနိုင်မှာဖြစ်ပါသည်)

Video Class တက်ရောက်ခြင်း၏ အားသာချက်များ 📲

​✅ Telegram Group တွင် သင်ခန်းစာ ဗီဒီယိုများကို စနစ်တကျ တင်ပေးထားပြီးသားဖြစ်တာကြောင့် မိမိ အားလပ်သည့် အချိန်/နေရာမှ စိတ်ကြိုက် ဝင်ရောက် လေ့လာနိုင်ခြင်း။

✅ သင်ခန်းစာ လေ့ကျင့်ခန်းများ၊ assignments များနှင့် ပတ်သက်၍ မရှင်းလင်းသည်များကို ပြန်လည် မေးမြန်းနိုင်ခြင်း။

✅ လေ့လာခဲ့သော သင်ခန်းစာတိုင်းအတွက် Unit Test ဖြေဆိုရခြင်းကြောင့် စာများကို ပိုမိုမှတ်မိပြီး လက်တွေ့ အသုံးချနိုင်ခြင်း။

✅ တစ်ခါတက်ရောက်ထားရုံဖြင့် သင်ခန်းစာများကို လိုအပ်သလို ပြန်လည်ကြည့်ရှု လေ့ကျင့်နိုင်ခြင်း။

စတဲ့အကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

ယခု September လ မှာ Early Bird Discount အစောဆုံး အပ်နှံသူ (၉) ဦးအတွက် အထူးအစီအစဉ် အနေဖြင့် 🌟🌟

1⃣ Video Class ဘယ်အတန်းပဲ အပ်အပ် Special English Vocabulary Video Class (Basic Level မှ Advanced Level) အထိ အင်္ဂလိပ် Vocabulary အတန်းကို ''အခမဲ့'' လက်ဆောင် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

2⃣ 𝐁𝐚𝐬𝐢𝐜 မှ 𝐔𝐩𝐩𝐞𝐫-𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 ထိသုံးတန်းစလုံးတစ်ခါတည်းအပ်မည့်သူများအတွက်လည်း စုစုပေါင်းသင်တန်းကြေး 105,000 ကျပ်ကိုမှ 𝐂𝐚𝐬𝐡 𝐁𝐚𝐜𝐤 40,000 ကျပ် Discount ပေးအပ်သွားမှာဖြစ်လို့ 65,000 ကျပ်သာ အပြီးအစီး ကျသင့်မှာဖြစ်ပါတယ်။

ယခုအစီစဥ်လေးကတော့ အစောဆုံးအပ်နှံသူ (၉) ဦးအတွက် ပဲဖြစ်တာမလို့ နောက်မကျခင် အခုပဲ Page cb မှာစာရင်းပေးအပ်နှံ နိုင်ပါတယ်ခင်ဗျာ။

Photos from Grammar Corner's post 15/09/2026

Reading တိုးတက်စေဖို့ စာဖတ်ကြရအောင် 📚

Short Reading: Advanced Level

အင်္ဂလိပ်စာ ဖတ်ချင်တဲ့သူလေးတွေအတွက် GC ကအပတ်စဥ် အစဥ်အမြဲတင်ပေးနေကြ Reading လေးတွေကို တင်ပေးလိုက်ပါတယ်ခင်ဗျ။

စာဖတ်ခြင်းအားဖြင့် 📖🌟

✅ ဉာဏ်ရည်တိုးစေတယ်၊ မှတ်ဉာဏ် ကောင်းစေတယ်
✅ Vocabulary အသစ်တွေသိရတယ်
✅ ဗဟုသုတ ရတယ်
✅ Sentence တည်ဆောက်ပုံတွေ၊ Grammar အသုံးလေးတွေ လေ့လာနိုင်တယ်
✅ လက်တွေ့အပြင်မှာ ပြန်အသုံးချလို့ရတယ်
✅ Writing & Speaking အတွက် Idea တွေရစေတယ်

စသဖြင့် အကျိုးကျေးဇူး တွေအများကြီး ရရှိစေတာဖြစ်လို့ ဖတ်ဖြစ်အောင် ဖတ်ကြည့်နော် 😍🌟

အခုလို Reading လေးတွေကို အပတ်စဥ်တိုင်း တင်ပေးသွားမှာဖြစ်လို့ ပုံမှန် ဖတ်ရှူလေ့လာဖို့ မမေ့နဲ့နော် 😉❤

14/09/2026

Every day may not be good, but there's something good in every day.

နေ့ရက်တိုင်းဟာ ကောင်းချင်မှ ကောင်းနိုင်လိမ့်မယ်၊ ဒါပေမဲ့နေ့ရက်တိုင်းမှာတော့ ကောင်းတဲ့ အချက်ကလေးတွေ ရှိနေဆဲပါပဲ။

Photos from Grammar Corner's post 13/09/2026

Grammar Corner ရဲ့ YLE Grammar + Writing (Batch-4) အတန်းများ အောင်မြင်စွာ ပြီးမြောက်
ခဲ့ပါပြီခင်ဗျာ 🤩🎉

​အတန်းချိန်ကာလ တစ်လျှောက်လုံး
တစိုက်တမတ်ဖြင့် တက်ရောက် စာကြိုးစားခဲ့ကြတဲ့ ကလေးများ၏ တိုးတက်မှုများနှင့်အတူ
အတန်းလေးပြီးဆုံးခဲ့ပါပြီ။ 🥰

​ယခုအခါမှာတော့ Grammar Corner ၏

✅ YLE Grammar + Writing
✅ Academic Essay Writing Level - 1
✅ Academic Essay Writing Level - 2

အတန်းများ တက်ရောက်ခဲ့ကြသော ကလေးတို့၏ မေမေ၊ ဖေဖေ၊ ဒေါ်ဒေါ်များနှင့် သင်တန်းသူ/သားများ၏ Feedback စကားသံလေးများ ကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 💌❣

​📚 ယခုလာမည့် October လတွင် စတင်မည့် အတန်းသစ်များမှာတော့
​
𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 𝐂𝐥𝐚𝐬𝐬𝐞𝐬 (ကလေးသီးသန့် Zoom အတန်းများ)

​✏️ Silver Level Grammar + Writing (Batch - 5)
​✏️ Gold Level Grammar + Writing (Batch - 5)
​✍️ Academic Essay Writing Level - 1
​✍️ Academic Essay Writing Level - 2

​ကလေးများ၏ တိုးတက်မှု ရလဒ်နှင့် အနီးကပ် သေချာစိစစ်ပေးနိုင်ရန်အတွက် တစ်တန်းလျှင် လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားပေးပါသည်ခင်ဗျာ။

𝐀𝐝𝐮𝐥𝐭 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 (လူကြီးသီးသန့်) Zoom Class များကတော့ စတင်ပြီးဖြစ်လို့ Video Class အတန်းများ တက်ရောက်နိုင်ပါတယ်ခင်ဗျာ။

​💡 English Grammar Foundation Level Video Class
​💡 English Grammar Level - 1 Video Class
​💡 English Grammar Level - 2 Video Class

Grammar Corner ကို ဘာကြောင့် ရွေးချယ်သင့်သလဲ?

ကျွန်တော်တို့ အတန်းများမှာ သင်ကြားရေး
အပြင် ကလေးတစ်ယောက်ချင်းစီ၏ နားလည်မှု
ကို ပြန်လည်စစ်ဆေးသည့် Formative Assessment & Detailed Feedback အပိုင်းကိုပါ အထူးအလေးပေးသောကြောင့် မိဘများနှင့် သင်တန်းသူ/သားများ၏ စိတ်ကျေနပ်မှုနှင့် ယုံကြည်မှု အပြည့် ရရှိထားသော အတန်းများ
ဖြစ်ပါတယ်ခင်ဗျာ။ 💯🎉

​📮 October အတန်းသစ်များအတွက် စာရင်းပေးသွင်းရန် သို့မဟုတ် အတန်းအသေးစိတ်ကို စုံစမ်းသိရှိလိုပါက Page Messenger တွင်ယခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

11/09/2026

Quiz For You 💁‍♂

အင်္ဂလိပ် စာအတူတူ လေ့ကျင့်ကြမယ် အဖြေမှန်လေးက ဘာဖြစ်မလဲ....🔍

Category

Telephone

Website

Address


Yangon