Winner Education
အောင်မြင်သူတိုင်း၏ အစပျိုးခြင်း Winner Education
12/09/2026
Oct - Nov Intake တန်းခွဲအသစ်များအတွက် ကျောင်းအပ်လက်ခံနေပါပြီ
မိဘများနဲ့ ကျောင်းသား/သူများအတွက် အချိန်မဖြုန်းဘဲ ထိရောက်စွာ လေ့လာနိုင်မယ့် GED၊ Pre-IGCSE နဲ့ IGCSE အွန်လိုင်းတန်းခွဲများကို တန်းခွဲများအလိုက် အနီးကပ် စနစ်တကျ သင်ကြားပေးနေပါပြီ။ ✨
💡 Winner Education ကို ဘာကြောင့် ရွေးချယ်သင့်သလဲ?
ကျူရှင် ထပ်ယူစရာ လုံးဝမလိုဘဲ စာမေးပွဲအထိ အနီးကပ် ထိရောက်စွာ လမ်းညွှန်ပေးခြင်း။
ကျောင်းသားတစ်ဦးချင်းစီ၏ မူလ အခြေခံ ပညာရေးအပေါ် မူတည်၍ လိုအပ်သည့် သင်တန်းကာလကို စနစ်တကျ သတ်မှတ်ပေးခြင်း။
လူဦးရေ ကန့်သတ်ထားသော Group Class များ သို့မဟုတ် အနီးကပ် သီးသန့် သင်ယူနိုင်သော One-by-One Class များကို စိတ်ကြိုက် ရွေးချယ်နိုင်ခြင်း။
📌 Aug - Sept Intake သင်တန်းကြေးနှင့် တန်းခွဲ အသေးစိတ်
🔹 GED Class
10 ယောက် Group Class: 300,000 MMK / 4 Subjects per Month
One-by-One Class: 500,000 MMK / 4 Subjects per Month
🔹 Pre IGCSE Class
10 ယောက် Group Class: 600,000 MMK / 5 Subjects per Month
One-by-One Class: 800,000 MMK / 5 Subjects per Month
🔹 IGCSE Class
10 ယောက် Group Class: 200,000 MMK / 1 Subject per Month
One-by-One Class: 300,000 MMK / 1 Subject per Month
⚠️ မှတ်ချက် - ကျောင်းသားများ တက်ရောက်ခဲ့ဖူးသော အတန်းများအပေါ် မူတည်ပြီး သင်တန်းကာလ ကွာခြားမှု ရှိနိုင်ပါသည်။
⏳ နေရာကန့်သတ်ထားတာမို့ အမြန်ဆုံး စုံစမ်းပြီး ကျောင်းအပ်နှံနိုင်ပါပြီ။
📲 စုံစမ်းမေးမြန်းရန်နှင့် ကျောင်းအပ်ရန်အတွက် Winner Education ရဲ့ Messenger Box မှတစ်ဆင့် စာပို့၍ သော်လည်းကောင်း၊ ဖုန်းတိုက်ရိုက် ဆက်သွယ်၍ သော်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။
🎓 အနာဂတ် ပညာရေးလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ခြေလှမ်းတွေကို Winner Education နဲ့အတူ စတင်လိုက်ပါ 🚀
09/09/2026
Winner Education ရဲ့ကျန်ရှိသေးတဲ့ သားသားမီးမီးတို့ရဲ့ ရလဒ်လေးတွေအတွက် Winner Education မှ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
ကျန်ရှိသေးတဲ့ ပညာရေးလမ်းကြောင်းတွေမှာလည်း ဆက်လက်ပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ကြပါစေ ✨
အောင်မြင်မှုရဲ့အစပျိုးခြင်း WINNER EDUCATION 🎓
21/08/2026
🎯 GED, Pre-IGCSE နဲ့ IGCSE ကို ဘာလို့ Winner Education မှာ တက်သင့်တာလဲ?
ကျောင်းသား/သူတွေနဲ့ မိဘတွေရဲ့ အနာဂတ်ပညာရေးအတွက် ရွေးချယ်မှု မမှားစေဖို့ Winner Education က အကောင်းဆုံး အထောက်အကူပြုပေးနေပါတယ်။
- သက်ဆိုင်ရာ Subject အလိုက် အတွေ့အကြုံရင့် ကျွမ်းကျင်ဆရာ/မများကိုယ်တိုင် စနစ်တကျ သင်ကြားပေးခြင်း
- ကျောင်းသားတစ်ဦးချင်းစီ၏ အားနည်းချက်၊ အားသာချက်ပေါ်မူတည်ပြီး ထိရောက်စွာ Guide လုပ်ပေးခြင်း။
- မေးခွန်းဟောင်းများ၊ အစမ်းစာမေးပွဲများကို စနစ်တကျ လေ့ကျင့်ပေးပြီး စာမေးပွဲအတွက် ၁၀၀% ယုံကြည်မှုရှိစေခြင်း။
- စာသင်ကြားရုံတင်မကဘဲ Critical Thinking နဲ့ Problem Solving Skills များကိုပါ မြှင့်တင်ပေးခြင်း။
- ကျောင်းပြီးပါက တက္ကသိုလ် ဆက်တက်နိုင်ရေးအတွက် ပညာရေးဆိုင်ရာ အကြံဉာဏ်များ အခမဲ့ ကူညီပေးခြင်း တို့အပြင်
- online class ဖြစ်တာကြောင့် ကိုယ်နဲ့ အဆင်ပြေမယ့် အချိန်ကို ညှိယူပြီး သင်ယူတက်ရောက်နိုင်ပါတယ်။
ကျောင်းသားတို့ရဲ့ အနာဂတ်ပန်းတိုင်ကို အတူတူ ပုံဖော်ဖို့ Winner Education မှာ အခုပဲ စုံစမ်းအပ်နှံလိုက်ပါ။
📩 သင်တန်းအသေးစိတ်နှင့် အတန်းချိန်များကို Page Messenger မှတစ်ဆင့် ဖြစ်စေ၊ 09-5051029, 09-250074952 သို့ ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
18/08/2026
Winner Education ရဲ့ သားသားမီးမီးတို့ရဲ့ အောင်မြင်မှု
ဂုဏ်ယူပါတယ် ကလေးတို့
ဘဝမှာ အောင်မြင်မှုများဆက်လက်ရရှိကြပါစေ
ကျန်ရှိသည်များဆက်တင်ပေးပါမည်။
03/08/2026
🎓 အနာဂတ် တက္ကသိုလ်ဝင်ခွင့်အတွက် သေချာတဲ့ ခြေလှမ်းတွေကို Winner Education နဲ့အတူ စတင်လိုက်ပါ 🚀
(Aug - Sept Intake တန်းခွဲအသစ်များအတွက် ကျောင်းအပ်လက်ခံနေပါပြီ)
မိဘများနဲ့ ကျောင်းသား/သူများအတွက် အချိန်မဖြုန်းဘဲ ထိရောက်စွာ လေ့လာနိုင်မယ့် GED၊ Pre-IGCSE နဲ့ IGCSE အွန်လိုင်းတန်းခွဲများကို တန်းခွဲများအလိုက် အနီးကပ် စနစ်တကျ သင်ကြားပေးနေပါပြီ။ ✨
💡 Winner Education ကို ဘာကြောင့် ရွေးချယ်သင့်သလဲ?
ကျူရှင် ထပ်ယူစရာ လုံးဝမလိုဘဲ စာမေးပွဲအထိ အနီးကပ် ထိရောက်စွာ လမ်းညွှန်ပေးခြင်း။
ကျောင်းသားတစ်ဦးချင်းစီ၏ မူလ အခြေခံ ပညာရေးအပေါ် မူတည်၍ လိုအပ်သည့် သင်တန်းကာလကို စနစ်တကျ သတ်မှတ်ပေးခြင်း။
လူဦးရေ ကန့်သတ်ထားသော Group Class များ သို့မဟုတ် အနီးကပ် သီးသန့် သင်ယူနိုင်သော One-by-One Class များကို စိတ်ကြိုက် ရွေးချယ်နိုင်ခြင်း။
📌 Aug - Sept Intake သင်တန်းကြေးနှင့် တန်းခွဲ အသေးစိတ်
🔹 GED Class
10 ယောက် Group Class: 200,000 MMK / 1 Month
One-by-One Class: 500,000 MMK / 1 Month
🔹 Pre IGCSE Class
10 ယောက် Group Class: 300,000 MMK / 1 Month
One-by-One Class: 500,000 MMK / 1 Month
🔹 IGCSE Class
10 ယောက် Group Class: 150,000 MMK / 1 Subject / 1 Month
One-by-One Class: 300,000 MMK / 1 Subject / 1 Month
⚠️ မှတ်ချက် - ကျောင်းသားများ တက်ရောက်ခဲ့ဖူးသော အတန်းများအပေါ် မူတည်ပြီး သင်တန်းကာလ ကွာခြားမှု ရှိနိုင်ပါသည်။
⏳ နေရာကန့်သတ်ထားတာမို့ အမြန်ဆုံး စုံစမ်းပြီး ကျောင်းအပ်နှံနိုင်ပါပြီ။
📲 စုံစမ်းမေးမြန်းရန်နှင့် ကျောင်းအပ်ရန်အတွက် Winner Education ရဲ့ Messenger Box မှတစ်ဆင့် စာပို့၍ သော်လည်းကောင်း၊ ဖုန်းတိုက်ရိုက် ဆက်သွယ်၍ သော်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။
29/07/2026
🙏 ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ 🙏
ဒီနေ့ကျရောက်တဲ့ ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် တရားဦးဓမ္မစကြာကို စတင်ဟောကြားတော်မူခဲ့တဲ့ ထူးခြားမွန်မြတ်လှတဲ့ ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါတယ်။ ✨
မွန်မြတ်လှတဲ့ ဒီလိုရက်မြတ်မှာ
🌸 စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေ။
🌸 ကောင်းမှုကုသိုလ်အပေါင်းကို တိုးပွားအောင် ပွားများအားထုတ်နိုင်ကြပါစေ။
🌸 အခက်အခဲမှန်သမျှကျော်လွှားပြီး အနာဂတ်လမ်းကြောင်းတိုင်းမှာ အောင်မြင်မှုများ ရရှိကြပါစေကြောင်း Winner Education မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့
21/07/2026
GED နဲ့ IGCSE ကို မတက်ရောက်မီ မိဘတိုင်း မဖြစ်မနေ သိထားရမယ့် အဓိက ကွာခြားချက် (၄) ချက်ကို အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်။ ✨
Q1: Online Class နဲ့ ထိရောက်မှု ရှိပါ့မလား?
Live Zoom Interactive Class များ၊ Recorded Video Class များနှင့် Mock Test စာမေးပွဲ လေ့ကျင့်မှုများ ပါဝင်တာကြောင့် အချိန်ကုန်သက်သာပြီး ထိရောက်စွာ လေ့လာနိုင်ပါတယ်။
Q2: GED နဲ့ IGCSE ဘာကွာလဲ?
IGCSE: UK စနစ်ဖြစ်ပြီး ၁၄-၁၆ နှစ်အရွယ် ကျောင်းသားများအတွက် အခြေခံ ပညာရေး လမ်းကြောင်းဖြစ်ပါတယ်။ ဘာသာရပ် ၅ ခုမှ ၇ ခုအထိ အကဲဖြတ် စာမေးပွဲ ဖြေဆိုရပါတယ်။
GED: US စနစ်ဖြစ်ပြီး အသက် ၁၆ နှစ်နှင့်အထက် စာမေးပွဲချက်ချင်း ဖြေဆိုလိုသူများအတွက် အမြန်လမ်းကြောင်း ဖြစ်ပါတယ်။ Major ဘာသာရပ် ၄ ခုပဲ ဖြေဆိုရပါတယ်။
Q3: ဘယ်စနစ်က ပိုမြန်ပြီး ဘယ်စနစ်က ပိုခက်လဲ?
GED က သင်ယူချိန် ပိုတိုပြီး ချက်ချင်း ဖြေဆိုနိုင်လို့ ပိုမြန်ပါတယ်။
IGCSE က ဘာသာရပ် ပိုများပြီး အသေးစိတ် လေ့လာရတာမို့ ပိုမို ကျယ်ပြန့်ပါတယ်။
Q4: တက္ကသိုလ် တက်ရောက်တဲ့နေရာမှာ ရရှိနိုင်တဲ့ အခွင့်အလမ်း?
နှစ်ခုစလုံးသည် နိုင်ငံတကာ တက္ကသိုလ် အများစု၏ လက်ခံအသိအမှတ်ပြုမှုကို ရရှိထားပါတယ်။
UK, UK curriculum သုံးသော နိုင်ငံများနှင့် Foundation/A-Level လမ်းကြောင်းအတွက် IGCSE က ပိုမို အံဝင်ခွင်ကျဖြစ်ပြီး၊ US, Canada နှင့် ချက်ချင်း Degree လျှောက်လိုသူများအတွက် GED က သင့်တော်ပါတယ်။
သားသားမီးမီးတို့အတွက် ဘယ်လမ်းကြောင်းက အသင့်တော်ဆုံးလဲဆိုတာ အခမဲ့ ဆွေးနွေးတိုင်ပင်ချင်ရင် Winner Education Message Box ကနေ အခုပဲ ဆက်သွယ်လိုက်တော့နော် 📩
16/07/2026
တက္ကသိုလ် ဆက်တက်ဖို့ဖြစ်ဖြစ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက်ဖြစ်ဖြစ် High School လက်မှတ်တစ်ခုခု လိုအပ်နေပြီလား?
အချိန်နဲ့ ငွေကြေးကို အထိရောက်ဆုံး သုံးပြီး အနာဂတ်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ GED (General Educational Development) က အကောင်းဆုံး လမ်းကြောင်းတစ်ခုပါပဲ။
ဘာကြောင့် GED ကို ရွေးချယ်သင့်လဲဆိုရင်တော့...?
⏱️ အချိန်အများကြီး ပေးစရာမလိုဘဲ ဆယ်တန်းတွေ၊ အခြားသင်တန်းတွေမှာ နှစ်နဲ့ချီ အချိန်ကုန်မခံချင်ဘူးဆိုရင် GED က လပိုင်းအတွင်းတင် မြန်မြန်ဆန်ဆန် အောင်မြင်နိုင်ပြီး အထက်တန်းအဆင့်မီ လက်မှတ်ကို ရယူနိုင်ပါတယ်။
🌍 နိုင်ငံတကာ တက္ကသိုလ်တွေက အသိအမှတ်ပြုတဲ့ GED အောင်ထားရင် အမေရိကန်၊ ကနေဒါ အပါအဝင် ကမ္ဘာတစ်ဝန်းက နိုင်ငံတကာ ကောလိပ်နဲ့ တက္ကသိုလ်အများစုကို တရားဝင် တက်ရောက်ခွင့်ရမှာ ဖြစ်လို့ ပြည်ပကျောင်းထွက်ချင်သူတွေအတွက် အဆင်ပြေဆုံးဖြစ်နေမှာပါ။
💡 Flexible ဖြစ်ဖြစ်နဲ့ မိမိအဆင်ပြေမယ့်အချိန်မှာ ဘာသာရပ် ၄ ခုကို တစ်ဘာသာချင်းစီ ခွဲဖြေလို့ရတာကြောင့် စာမေးပွဲဖိအားကို နည်းစေပါတယ်။
🎯 လက်တွေ့ဘဝအတွက် လိုအပ်တဲ့ ဗဟုသုတနဲ့ အသုံးချနိုင်တာတွေကိုပဲ သင်ယူရတာဖြစ်လို့ ဘာသာရပ်တွေ အများကြီး ကျက်နေစရာ မလိုပါဘူး။ Math, Science, Social Studies နဲ့ RLA (Language Arts) ဆိုတဲ့ အဓိက ဘာသာရပ် (၄) ခုတည်းကိုပဲ Critical Thinking ကောင်းကောင်းနဲ့ ဖြေဆိုရမှာပါ။
✨ ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် ဖြေလို့ရတာကြောင့် အားလုံးကို တစ်ပြိုင်တည်း ဖြေစရာမလိုဘဲ ကိုယ်အဆင်ပြေတဲ့ အချိန်မှာ တစ်ဘာသာချင်းစီ ခွဲဖြေလို့ရသလို၊ Exam Schedule ကိုလည်း ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။
အချိန်တိုတိုအတွင်းမှာ ပညာရေး လမ်းကြောင်းသစ်ကို ခြေလှမ်းချင်တယ်ဆိုရင် GED က သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။ မိမိရဲ့ အနာဂတ်ကို ပိုမိုမြန်ဆန်တဲ့ ခြေလှမ်းတွေနဲ့ စတင်ချင်တယ်ဆိုရင်တော့ GED ကို ခုပဲ လေ့လာစတင်လိုက်ပါ။
📥 မိမိရဲ့ လက်ရှိ ပညာရေးအခြေအနေနဲ့ ဘယ်လို Plan ဆွဲပြီး တက်သင့်လဲဆိုတာ အသေးစိတ် သိချင်ရင်တော့ Page Messenger မှာ အခုပဲ လာရောက်ဆွေးနွေး တိုင်ပင်နိုင်ပါတယ်နော်။
06/07/2026
တက္ကသိုလ် ဆက်တက်ဖို့အတွက် နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်တစ်ခုခု ယူတော့မယ်ဆိုရင် ကျောင်းသားတွေနဲ့ မိဘတွေအမြဲ ခေါင်းခဲရတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ "GED က ပိုမြန်တယ် ပြောကြတယ်"၊ "IGCSE ကကျတော့ ပိုခိုင်မာတယ် ဆိုလား" နဲ့ ဘယ်လမ်းကြောင်းကို ရွေးရမှန်း ဝေခွဲမရဖြစ်နေသူတွေအတွက် အချိန်မဖြုန်းဘဲ အမြန်ဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ အဓိကအချက်တွေကို နှိုင်းယှဉ်ပြပေးလိုက်ပါတယ်။
ပထမဆုံး GED ကတော့ အချိန်သိပ်မပေးချင်ဘဲ အချိန်တိုအတွင်း တက္ကသိုလ်အမြန်တက်ချင်တဲ့ ကျောင်းသားတွေအတွက် အကိုက်ညီဆုံးပါ။ ဘာသာရပ် (၄) မျိုးဖြစ်တဲ့ Maths, Science, Social Studies နဲ့ English ပဲ ပါဝင်ပြီး တစ်နေ့စာတစ်နေ့ မှန်မှန်လေ့လာသွားရင် (၃) လကနေ (၆) လအတွင်း မြန်မာနိုင်ငံပညာရေး ၁၂ တန်းနဲ့ ညီမျှတဲ့ အထက်တန်းပြီးဆုံးကြောင်း လက်မှတ်ကို ရရှိနိုင်ပါတယ်။ စာမေးပွဲပုံစံကလည်း Multiple Choice (အမေးအဖြေရွေးချယ်မှု) အဓိကဖြစ်ပြီး Logic & Critical Thinking ကို ပိုဦးစားပေးထားပါတယ်။ ဒါကြောင့် အချိန်ကုန်မခံဘဲ တက္ကသိုလ်အမြန်တက်ချင်သူတွေ၊ အလုပ်ခွင်ဝင်ဖို့ စိတ်ကူးရှိသူတွေနဲ့ ထိုင်းနိုင်ငံ သို့မဟုတ် အမေရိကန်ဘက်မှာ ကျောင်းဆက်တက်ချင်သူတွေအတွက် အဆင်ပြေဆုံး လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
ဒုတိယလမ်းကြောင်းဖြစ်တဲ့ IGCSE ကတော့ GED နဲ့ ပြောင်းပြန်ဖြစ်ပြီး၊ အခြေခံကို သေချာပိုင်နိုင်စွာ တည်ဆောက်ပြီးမှ နိုင်ငံတကာတက္ကသိုလ်ကြီးတွေမှာ တက်ရောက်လိုသူတွေအတွက် ပိုကိုက်ညီပါတယ်။ ကိုယ်သွားမယ့် Major အလိုက် ဘာသာရပ်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး၊ ပုံမှန်အားဖြင့် (၁) နှစ်ကနေ (၂) နှစ်အထိ သေချာအချိန်ပေးရပါတယ်။ UK ရဲ့ ပညာရေးစနစ်အတိုင်း Essay ရေးရတာတွေ၊ စာတွေကို သေချာကျက်မှတ်လေ့လာပြီး အသေးစိတ်ဖြေဆိုရတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဆေးပညာ (Medicine) နဲ့ အင်ဂျင်နီယာ (Engineering) အပြင် အခြားသော အသက်မွေးဝမ်းကျောင်း ဘာသာရပ်တွေကို စိတ်ဝင်စားသူတွေ၊ UK၊ Singapore၊ Australia စတဲ့ နိုင်ငံကြီးတွေမှာ ကျောင်းတက်ချင်သူတွေအတွက် အကောင်းဆုံး ပြင်ဆင်မှု လမ်းကြောင်းပဲ ဖြစ်ပါတယ်။
သားသားမီးမီးတို့အတွက်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် GED နဲ့ IGCSE ဘယ်တစ်ခုကို တက်ရမလဲ ဝေခွဲမရဖြစ်နေရင်... အခုပဲ Winner Education Center ကို လာရောက်ဆွေးနွေးပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို အတူတူ တည်ဆောက်ကြဖို့ Page Chat Box မှာ Hello လိုက်တော့နော်။
17/04/2026
နှစ်သစ်မှာ WINNER ရဲ့ မေတ္တာ
IGCSE, GED, ..... INTERNATIONAL EDUCATION ကို ကူးပြောင်းသင်ယူသည့် ကလေးများ ဘာသာရပ်များ သင်ယူရာတွင် အခက်အခဲ မရှိ စေရေးအတွက် ဆိုင်ရာပို့ချချက်များကို မှ တင်ပေးသွားပါမယ်
WINNER PAGE ကို LIKE & FOLLOWလုပ်ခြင်းဖြင့်လေ့လာနိုင်ပါတယ်။
💯ကျူ ရှင်တက်စရာမလို တဲ့ ONLINE LEARNING သင်ကြားလိုသောကလေးများ MAY INTAKE ကို JOIN လိုက်နော်
❤️ မ'ဂ်လာနှစ်သစ်ဖြစ်ကြပါစေ
☑️ဘာသာရပ် (၆) ခုထက် ပိုမိုဖြေဆိုထားရင်တော့ Top Ranked University scholarship လျှောက်တဲ့အခါမျိုးမှာ ပိုအခွင့်အရေးများပါတယ်။
🗓️ MAY Intake အတွက် ကျောင်းသားကျောင်းသူဦးရေကန့်သတ်ထားပါတယ်။
သင်တန်းပုံစံအနေဖြင့် Single နဲ့ Group ခွဲထားပါတယ်။ ဈေးနှုန်းလေးတွေကတော့ page Messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်
နိုင်ငံတကာအသိအမှတ်ပြုပညာရေး ကို အောင်အောင်မြင်မြင်နဲ့ လျှောက်လှမ်းချင်တယ်ဆိုရင် တော့ Winner Education မှာ ကန့်သတ်ဦးရေ မပြည့်ခင် အမြန်ဆုံးစာရင်းပေးလိုက်ကြရအောင်။
🧾ဘာသာရပ်တွေနဲ့ပက်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ Page Messenger မှာ လာရောက်ဆက်သွယ်၍ဖြစ်စေ၊ ဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်။
ဆက်သွယ်ရန်
095051029
09 681 373 238
[email protected]
Category
Contact the school
Telephone
Website
Address
Yangon