Memory Bar
Drinks bring back all the memories
ကဲ အပိတ်ကို အပြတ်ကဲချင်တာ ထူးဆန်းကို ခေါ်ပေးပါဆိုတဲ့
ထူးဆန်းတဲ့ မကျိတို့အတွက် ဒီနေ့ ထူးဆန်းနဲ့အဖွဲ့လာပါပြီ …
နောက်ဆုံးရက်အထိ အတူတူ လာပျော် လာကဲပေးကြမယ့်
ချစ်ရတဲ့ ကိုကျိတို့ မကျိတို့ အထူးကျေးဇူးတင်လျက်ပါ ..
မကြာမီအချိန်အတွင်း ပိုကောင်းတဲ့ဝန်ဆောင်မှု ပိုလန်းတဲ့နာမည်
ပိုမိုက်တဲ့ အပြင်အဆင် ပိုကြိုက်မယ့် promotion အသစ်တွေနဲ့
ပြန်လာခဲ့မှာမို့ အဲ့ကျရင် အခုလိုပဲ အားပေးကြပါဦးဗျာ …
ဒီနေ့ကတော့ Memory အနေနဲ့ နောက်ဆုံးမို့ စိတ်ညစ်စရာတွေ
အကုန်မေ့ပီး အားလုံးပဲ တူတူကဲကြစို့ဗျာ 🎸🎤🎼
Memory Bar Drinks bring back all the memories
24/07/2023
ကျနော်တို့ရဲ့ Memory Bar ကြီးကို အခုလာမယ့်
ဇူလိုင်လ ၂၆ ရက်နေ့ညမှာ အပြီးပိတ်သိမ်းတော့မှာ
ဖြစ်ပါတယ် ... စဖွင့်စဉ်ကနေ ယနေ့ထိ အစဉ်တစိုက်
အားပေးလာကြတဲ့ တဦးတစ်ယောက်စီတိုင်းကို
ကျနော်တို့က ကျေးဇူးတင်ရှိရပါတယ် ...
လိုအပ်ချက်များ အမှားအယွင်းများ ရှိခဲ့ရင်လဲ
အနူးအညွတ်တောင်းပန်ပါတယ် .... 🙏🙏
မပိတ်ခင်လေး လာကဲကြမယ့် ညီကိုတို့အတွက်
အထူးစပါရှယ်အစီအစဉ်တွေလဲရှိပါတယ် ..
ကျနော်ကတော့ မျှော်နေမှာဗျ... 😊😊
22/07/2023
TGIS Unplugged @ Memory 🎤🎼🎸
TGIF မှာ Unplugged လေး ရုတ်တရက် cancel
ဖြစ်သွားလို့ နားမထောင်လိုက်ရတဲ့ မင်မင် ချစ်သော
ချစ်မတွေအတွက် ဒီနေ့ Unplugged အစီအစဉ်
ရအောင် ဖန်တီးပေးလိုက်ပါပြီဗျာ .. ပြန်လာမယ်
ပြောသွားတာကိုလဲ မှတ်မိနေတာမို့ ဆက်ဆက်
လာအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ 🎤🎼
စနေနေ့ည ၉နာရီထိ သီဆိုဖျော်ဖြေပေးမှာမို့လို့
ချစ်မတို့လာလိုက်ဖို့ပဲ လိုတော့တာဗျ နော် ..😁😁
21/07/2023
ကျနော်တို့ရဲ့ Memory Bar & Restaurant ကို
ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် ဇူလိုင်လကုန်ထိပဲ
ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ် ဩဂုတ်လမှစပြီး
အပြီးပိတ်သိမ်းသွားတော့မှာဖြစ်ကြောင်း ကျနော်တို့ရဲ့
ချစ်ခင်လေးစားရပါသော customer များကို
ဝမ်းနည်းစွာ အသိပေးအပ်ပါတယ်ဗျာ ...အစဉ်တစိုက်
လာရောက်အားပေးခဲ့ကြတဲ့ တဦးတယောက်စီတိုင်းကို
Memory Bar မိသားစုမှ ကျေးဇူးအထူးပဲတင်ရှိရပါတယ်
ဆိုင်ကိုလက်လွှဲယူဖို့ စိတ်ဝင်စားကြသူများအနေဖြင့်
ပစ္စည်းအစုံအလင် လိုင်စင်အမည်ပေါက်အပါ
ငှားခသက်သာစွာဖြင့် လက်တင်ဆက်ဖွင့်နိုင်ပါသဖြင့်
စိတ်ဝင်စားသည့် မည်သူမဆို ပိုင်ရှင်တိုက်ရိုက်
လာရောက်ဆက်သွယ် ညှိနှိုင်းနိုင်ပါတယ်ခင်ဗျာ ....
09784848530, 09777280731
သုံးခွက်သောက် ၁ခွက်လက်ဆောင် 🍺🍻➕🍺
Tiger ချစ်သူတွေအတွက် ကျနော်တို့ Memory မှာ
သောကြာ စနေ နဲ့ တနင်္ဂနွေ ၃ရက်တည်း ရမယ့်
Buy 3 Get 1 အစီအစဉ်ရှိပါတယ် … 🍺🍻➕🍺
ပုံမှန်ဆိုဒ်ခွက်သေးမဟုတ်ပဲ လက်ကိုင်းပါခွက်ကြီးကို
Promotion ချပေးထားတာမို့ Tiger ချစ်သူတွေ
လုံး၀ လက်မလွှတ်သင့်တဲ့ အခွင့်အရေးကြီးပဲနော်
TGIF ကို Memory မှာ တန်တန်ကြီး ဖြတ်သန်းဖို့
အခုထဲက လူစုထားလိုက်ပါတော့ဗျာ …
Memory Bar Drinks bring back all the memories
20/07/2023
ဘီယာနဲ့အလိုက်ဖက်ဆုံး မုန်လာဥနီ ဖရီတီတီ
အီတလီနိုင်ငံမှာ ဘီယာနဲ့ တွဲပြီးအစားအများဆုံးဖြစ်တဲ့
ဖရီတီတီကို Memory Bar မှာတော့ မုန်လာဥနီ ဖရီတီတီ
ဆိုပြီး menu အသစ်လေး ဆန်းသစ်ထားပါတယ်
မုန်လာဥရဲ့သဘာ၀အချိုအရသာကိုမှ အပေါ်ကနေ
အဆီနည်းပြီး ကြွပ်ရွတဲ့အရသာက snack အနေနဲ့
ဘီယာနဲ့ တွဲဖက်စားသုံးသင့်တဲ့ အကောင်းဆုံး
အမြည်းတခုပဲပေါ့ဗျာ .. ဒီလို ဆန်းသစ်တဲ့ menu တွေက
ကျနော်တို့ Memory Bar မှာ ရနေပါပြီဗျာ ...
20/07/2023
တယောက်ကို ၈၀၀၀ ကျပ် 𝗠𝗲𝗺𝗼𝗿𝘆 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗦𝗲𝘁
ကဲ တကယ်တန်တဲ့ ရှယ်ပလန်အစီအစဉ်ကြီး လာပါပြီ
၅ယောက်လာမှ ၄သောင်းပဲကျမယ့်အပြင် ရမယ့်
menu တွေက လန်ဒန်က chef ကိုယ်တိုင် သေချာ
အသေးစိတ်ပြင်ဆင်ဖန်တီးထားတဲ့ လက်ရာတွေမို့
ခံတွင်းတွေ့စေမှာတော့ ရဲရဲကြီး အာမခံတယ်ဗျို့
ဟင်းပွဲ ၆ပွဲနဲ့ ဘီယာ ၅ခွက်ကိုမှ ၄သောင်းဆိုတော့
တယောက်မှ ၈၀၀၀ သာ ကျသင့်မယ့် အမိုက်စား
𝗦𝗲𝘁 𝗠𝗲𝗻𝘂 ကြီးကို 𝗠𝗘𝗠𝗢𝗥𝗬 𝗕𝗔𝗥 & 𝗥𝗘𝗦𝗧𝗔𝗨𝗥𝗔𝗡𝗧 မှာ
လာရောက်မြည်းစမ်းကြည့်နိုင်ပါပြီဗျာ 🍻🍺🍻
Memory Special Menu
မိုးအေးအေးမှာ ဘီယာအေးအေးလေးနဲ့ လိုက်ဖက်တဲ့
Menu ဆို Memory ရဲ့ ကန်စွန်းရွက်အကြွပ်ကြော်ကလဲ
မပါမဖြစ်ပါပဲနော် .. ကြွပ်ကြွပ်ရွရွလေးကိုမှ အချဉ်လေးနဲ့တို့
ဘီယာအေးအေးတငုံလောက်နဲ့ဆို ရဲဇားပါမေ့သွားမှာနော်
ရဲဇားကို မေ့မရဖြစ်နေတဲ့သူတွေ လာမြည်းသင့်တဲ့
Menu တခုဆိုလဲ မမှားဘူးပေါ့ဗျာ … ဒီ menu လေးက
promotion ထဲမှာလဲပါတယ်ဆိုတော့ သူ့ချည်းပဲမစားချင်ရင်
Package လိုက်စားရင်တော့ အတန်ဆုံးပဲပေါ့ ..
Memory Bar Drinks bring back all the memories
Menu အသစ်တွေကိုမှ မြည်းစမ်းကြည့်ချင်နေတဲ့
Food Lover တွေအတွက် Memory Bar မှာ
လန်ဒန်က Chef ရောက်နေတာမို့ chef ကိုယ်တိုင်
စိတ်ကြိုက်ဖန်တီးထားတဲ့ menu တွေကို
အခုလို မိုးရာသီမှာ ဘီယာနဲ့အတူ အရသာရှိရှိ
လာရောက်မြည်းစမ်းကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်ဗျာ
ပုံမြင်လိုက်တာနဲ့ ချက်ချင်းလာစားချင်သွားမယ့်
ဟင်းပွဲပုံတွေလဲ မကြာခင် Page ကနေ Launch
လုပ်ပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦးဗျာ
Memory Bar Drinks bring back all the memories
18/07/2023
အိမ်ထမင်းအိမ်ဟင်းတွေစားရတာ ရိုးနေပြီဆို
Memory ရဲ့ ထမင်းကြော်ပြောင်းစားကြည့်ပါလား
ဒီအတိုင်းပဲစားစား ဘီယာနဲ့ပဲ တွဲစားစား
အိုကေမှာ စိုပြေနေသော်နော် ... နေ့လည်ခင်း
အိမ်မှာနေရင်း သင်တန်းတက်ရင်း ဗိုက်ဆာပြီဆို
Foodpanda ကနေ click လိုက်ရုံပါပဲ .. ၁၅ မိနစ်အတွင်း
အရောက်လာပို့ပေးမှာပါ ... ကဲ Lunch Time မှာ
ဗိုက်တွေအဆာမခံကြနဲ့နော် .. foodpnada ကနေ
Memory ကို အခုပဲ click လိုက်လို့ရပါပြီဗျ ...
Chang တခွက် ၁၂၀၀ ကျပ် 🍺🍻🍺
Chang မှ Chang .. Chang ပဲသောက်ချင်တာဆိုတဲ့
ညိုကီတို့အတွက် 𝗠𝗘𝗠𝗢𝗥𝗬 မှာလည်း 𝗖𝗵𝗮𝗻𝗴 𝗕𝗲𝗲𝗿
ရနေပါပြီ ... Beer ချည်းပဲမသောက်ချင်ပါဘူးကွာ
အမြည်းကောင်းကောင်းပါစားချင်တာဆိုတဲ့ သူတွေအတွက်
အထူးစပါယ်ရှယ် နံနံခြားက chef ကိုယ်တိုင် ပြင်ဆင်
ချက်ပြုတ်ကြော်လှော်ပေးနေတာမို့ တပွဲဆို ဆိုသလောက်
စားပြီး ဆွေမျိုးမေ့သွားမှာနော် ... 😋🤤 😋🤤
ကဲ ပြောနေကြာတယ် စဉ်းစားနေရင် သူများစားလို့
ကုန်သွားမယ်နော် ... ညနေကျ လာခဲ့တော့ဗျို့ 🤗
Memory Bar Drinks bring back all the memories
14/07/2023
TGIF with Unplugged
သောကြာ စနေမှာ ဘာအစီအစဉ်မှ မရှိဘူးလားဆိုတဲ့
ညိုကီတို့အတွက် Unplugged အစီအစဉ် ရှိပါ့ဗျာ
ဒါပဲလားဆိုတော့ မဟုတ်ပါဘူး Tiger Promotion လေးပါ
ထပ်ထည့်ပေးတာဆိုတော့ ဒီသောကြာကတော့
ရုံးဆင်းရင် အိမ်ပြန်ကွေးမနေကြပဲ အေးဆေး chill ဖို့
Memory မှာ ဒိတ်ကြစို့ ညိုကီတို့ ...
Click here to claim your Sponsored Listing.
Category
Contact the establishment
Telephone
Website
Address
No. 77 , Bo Hmu Ba Htoo Road, 43 Ward, North Dagon
Yangon
11421
Opening Hours
| Monday | 14:00 - 23:00 |
| Tuesday | 14:00 - 23:00 |
| Wednesday | 14:00 - 23:00 |
| Thursday | 14:00 - 23:00 |
| Friday | 14:00 - 23:00 |
| Saturday | 14:00 - 23:00 |
| Sunday | 14:00 - 23:00 |