Phoo Creates
From art and crafts to everyday creativity — follow along my journey.✨
ဒီသင်တန်းလေးက တက်ချင်တဲ့သူတွေ လာလာမေးနေလို့ Specially ဖွင့်ပေးထားတာပါရှင်
နောက်တစ်ခါအတွက်က မသေချာလို့ တက်ချင်တယ်ဆို ဒီတစ်ခါမှာ လာJoinနော်
04/07/2026
🎨 Basic to Advance Face Painting Workshop
July 13,14မှာဖွင့်မဲ့ Basic to Advance Face Painting Workshop မှာတော့ Beginner ကနေစပြီး Step by Step သင်ကြားပေးသွားမှာပါ။
ဒီ Workshop က **2 Days Intensive Training** ဖြစ်ပြီး အခြေခံကနေ Advanced Technique အထိ စနစ်တကျ လေ့လာနိုင်ပါတယ်။
📅 Day 1 – Basic Foundation
သင်ယူရမယ့် Designs
🌸 Flower
🕷 Spiderman
🐱 Cat
🐯 Tiger
🖌 Clean Linework
ဒါ့အပြင်...
✨ Brush Control
✨ Sponge Blending
✨ Clean Line Techniques
✨ Face Painting Foundation Skills
---
📅 Day 2 – Advance Techniques
သင်ယူရမယ့် Designs
❄️ Elsa
🐉 Dragon
🐬 Dolphin
👑 Flower Crown
🌈 Rainbow Fantasy
ဒါ့အပြင်...
✨ One Stroke Technique
✨ Layering Techniques
✨ Professional Finishing
✨ Event Workflow & Design Tips
---
ဒီ Workshop ပြီးဆုံးတဲ့အခါ...
💙 Face Painting ရဲ့ အခြေခံကနေ Professional Techniques အထိ စနစ်တကျ နားလည်လာမယ်။
💙 Birthday Party, School Event, Festival နဲ့ Commercial Event တွေအတွက် လူကြိုက်များတဲ့ Design တွေကို ယုံကြည်မှုရှိရှိ ရေးဆွဲနိုင်မယ်။
💙 ကိုယ့်ရဲ့ Creativity ကို Skill အဖြစ် ပြောင်းလဲနိုင်ပြီး Face Painting ကို အလုပ်အကိုင်တစ်ခုအဖြစ် စတင်နိုင်မယ့် Foundation ကို ရရှိသွားမှာပါ။
👥 Only 10 Seats Available
📅July 13,July14
9am to 3pm
📩 Messenger မှာ "FACE" လို့ပို့ပြီး သင်တန်းအသေးစိတ်ကို မေးမြန်းနိုင်ပါတယ်။
Canvas ပေါ်က အနုပညာကို လူတွေရဲ့ အပြုံးပေါ်အထိ ဖန်တီးချင်တဲ့သူတွေအတွက် ဒီ Workshop က သင့်အတွက်ပါ။💙
31/03/2026
နိုင်ငံခြားမှာ Facepainting နဲ့ ပိုက်ဆံဘယ်လောက်ရလဲ?
အလုပ်လုပ်လို့ရော ရလား?
Facepainting သင်တန်းရှိလား ?
မွေးနေ့ပွဲမှာရော လိုက်ဆွဲပေးလား ?
ပစ္စည်းတွေကရော ဘယ်မှာဝယ်ရမလဲ?
စတဲ့မေးခွန်းတွေ ခုရက်ပိုင်း များကြီး လာမေးကြပါတယ်
အဲ့တာတွေ အကုန်လုံး သေချာဖြေပေးသွားမယ်နော်
ခုကတော့ နိုင်ငံပြောင်းဖို့ လုပ်နေတာနဲ့ Video မတင်ဖြစ်သေးဘူးရယ်
မကြာခင် သေချာလေးဖြေပေးသွားပါမယ်နော်
See you soon 💙💛
26/03/2026
မြန်မာမှုလေးဆွဲချင်လို့ ပစ်တိုင်းထောင်လေးကို Face painting လေးနဲ့ဆွဲထားတယ်
ဒါလေးဆို ပါးနေရာလေးမှာဆို ချစ်ဖို့ကောင်းမှာ 💙💛
ဝါသနာပါတာလုပ်နေရင် အေးချမ်းတယ် 💛🤍
ချစ်ဖို့ကောင်းရင် Follow ထားနော်
ဒါလေး ဆွဲနည်း အရှည်လေးတင်ပေးမှာမို့💙💛
23/03/2026
ဒီနေ့ လုံးဝကို “Aha! Moment” တစ်ခု ရသွားတာ... တကယ်ကို အရမ်းပျော်နေတာပါ။💡
အရင်နေ့က သင်တန်းတစ်ခုမှာ Dopamine Level အကြောင်း ပြောတုန်းက... လူတစ်ယောက်ဟာ Enlightenment (နားလည်သဘောပေါက်မှု) ဖြစ်သွားတဲ့အခါ ပျော်ရွှင်မှုကို အမြင့်ဆုံး ခံစားရတယ်တဲ့။ ဒီနေ့ အဲဒါကို လက်တွေ့ကြီးကို ထိထိမိမိ ခံစားလိုက်ရတာပါ။
အရင်ကတည်းက Personal Branding အတွက် ကိုယ့်ဘာသာ လိုချင်တာလေးတွေ ရှိပေမဲ့... အဲဒါကို စနစ်တကျနဲ့ System တစ်ခုအဖြစ် မထုတ်နိုင်ခဲ့ဘူး။ ဖြစ်ချင်တာ ၃/၄ ခုက ခေါင်းထဲမှာ ရောထွေးနေတာလေ။ကိုယ့်ဘာသာတစ်ယောက်ထဲရှုပ်နေတာပေါ့ 😅
ဒါပေမဲ့ ဒီနေ့ ထိုင်နေရင်းနဲ့ ရုတ်တရက် "ဒုန်း" ဆိုပြီး ကိုယ်လုပ်ချင်တဲ့ Target က ခေါင်းထဲ ရှင်းရှင်းကြီး ဝင်လာပါလေရော။တစ်ခါတစ်လေလဲ ထူးဆန်းတယ်နော် ဘာမှ မစဉ်းစားနေတော့မှ လိုချင်တဲ့အဖြေက ထွက်လာတာ 🫢
အဲဒီ Clarity ရသွားတဲ့ ခံစားချက်က ဘာနဲ့မှ မလဲနိုင်အောင် Amazing ဖြစ်လွန်းလို့...
ချက်ချင်းပဲ Notes တွေ မှတ်ပြီး အကုန်ချရေးလိုက်တာ၊
လပေါင်းများစွာ Confuse ဖြစ်နေတဲ့ System တစ်ခုက Clear ဖြစ်သွားပါပြီ။ 🤩✨
အခုဆိုရင်တော့ ကျွန်မရဲ့ Personal Branding လေးကို သေချာ စတင်နိုင်တော့မယ်။ ဘာလို့ဆို ကိုယ့်ရဲ့ Vision, Mission နဲ့ Value တွေက ခိုင်မာသွားပြီလေ။ 💛💙
Clear ဖြစ်သွားတဲ့ System နဲ့ Personal branding အကြောင်းလေးကိုတော့ နောက်ဆက်ပီး Sharing လုပ်ပေးသွားပါမယ်ရှင်
အဲ့လိုမျိုး ခေါင်းထဲမှာ အရာအားလုံး ရှင်းသွားတဲ့ Aha Moment မျိုး ကြုံဖူးလား?
Comment မှာရေးပေးသွားပါဦး 💛💙
22/03/2026
အခုတလော ဒီအကောင်လေးကို ချစ်နေတာ 😍
Face paint နဲ့ လက်မှာဆွဲပြထားတာလေးပါ
နောက်နေ့ video လေးတင်မယ်နော် 💛💙
Fox design
🦊 ၅မိနစ် Fox Design
Orange 🍊 + White 🤍 + Black 🖤
colour 3 မျိုးနဲ့တင် လှလှလေး နဲ့မြန်မြန်ဆွဲလို့ရတဲ့ Design လေး
မွေးနေ့ပွဲတွေမှာ ကလေးတွေက တန်းဆီနေတတ်တော့
မြန်မြန်နဲ့လှလှလေးဆွဲလို့ရတာလေးတွေပိုသဘောကျတာရယ် 🧡
ဒါဆွဲတာလေး နောက်ရက်တင်ပေးမယ်နော် ☺️
Category
Contact the business
Telephone
Website
Address
Yangon
000000
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when Phoo Creates posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.