Never Use again
Precious Parenting Knowledge for all.
ဘယ်လောက်ပဲစေတနာမေတ္တာ ပညာနဲ့အလုပ်လုပ်နေပါစေ စေတနာအစော်ကားခံရခြင်းအတွက် အကုသိုလ်စိတ်တွေဖြစ်ရလို့ ဒီ page အပေါ်ထားတဲ့သံယောဇဉ်ကိုဖြတ်လိုက်တော့မယ်။
အကုသိုလ်သမားတွေရဲ့ အကုသိုလ် energy တွေလာရိုက်တဲ့ဒဏ်ကို တော်တော်လေးခံရလို့ ကိုယ့်ထမင်းကိုယ်ာပြီး အကုသိုလ်လဲမဖြစ်ချင်တော့ဘူး။ ကိုယ့်စေတနာ မေတ္တာ ပညာနဲ့မတန်တဲ့သူတွေရဲ့အစော်ကားလဲမခံချင်တော့ဘူး။
ဒီ page ကို ကိုယ်အရမ်းမြတ်နိုးတဲ့ပစ္စည်းလေးတစ်ခု ချီးတွင်းထဲကျသွားသလို မထားရက်လဲ ထားခဲ့တော့မယ်။
ပညာမဲ့လူမိုက်တွေရဲ့ အာသာဖြေဖို့နေရာတစ်ခုအဖြစ်နဲ့ လှူလိုက်တော့မယ်။
ဒီ page ကိုရော ငါ့လူမျိုးတွေတိုးတက်ဖို့ဆိုတဲ့ အပင်ပန်းခံမှုတွေကိုပါ ကျောခိုင်းလိုက်တော့မယ်။
ကျွန်မကိုလေးစားခဲ့တယ်မပြောကြပါနဲ့ အရမ်းရှက်လို့ပါ။
ဒီလိုဆဲဆိုရိုင်းစိုင်းတတ်တဲ့သူတွေရဲ့ လေးစားခဲ့ပါတယ်ဆိုတဲ့စကားကိုမြင်ရတာ အရမ်းရှက်လို့ပါ။
ကျွန်မတန်ဖိုးထားရတဲ့ Page လေးကို အပြီးတိုင်ကျောခိုင်းလိုက်ပါပြီ။ နေရစ်ခဲ့တော့ကွယ်...
ကျွန်မကို ကံက ဘယ်သူလုပ်တာလဲဆိုတဲ့မေးခွန်းအတွက် နဲနဲပြောပြချင်တာလေးတွေရှိလာပါတယ်။
ကျွန်မနိုင်ငံရေးအကြောင်းမရေးချင်ပါဘူး။ ဒါပေမယ့် အပေါ်ကမေးခွန်းအတွက် နဲနဲရေးပါမယ်။
ကျွန်မ (၄) တန်းမှာ ၈၈ အရေးအခင်းနဲ့ကြုံခဲ့ရတယ်။ ကျွန်မမိဘတွေရဲရဲတောက် ဒီမိုကရေစီမို့ ကျွန်မလဲ ရဲရဲတောက် ဒီမိုကရေစီဖြစ်ခဲ့တယ်။ ကျွန်မ ဦးတွေအကုန်တောခိုကြတယ်။ အခုထိလဲ NLD ပါတီဝင်ပဲ။ အဲ့ဒီ ၈၈ အရေးအခင်းပြီးကထဲ စစ်အုပ်ချုပ်ရေးဆိုတာကို ခါးသီးမုန်းတီးခဲ့တဲ့အပြင် အခုကြုံနေရတဲ့မီးပျက်ပါတယ်ဆိုတဲ့ဒဏ်တွေကို တက္ကသိုလ်ရောက်သည်အထိ အလူးအလဲခံစားခဲ့ရတယ်။ စစ်အုပ်ချုပ်ရေး ပျက်သုဉ်းရေးကိုပဲ တစ်ဘဝလုံး ရင်ခွင်ပိုက်ပြီးဖြတ်သန်းလာခဲ့တယ်။
ဒါပေမယ့် ဘဝဆိုတာ အလကားအသက်ကြီးလာတာမဟုတ်ပါဘူး။ အသက်ရလာတာနဲ့အမျှ စီးပွားရေး နိုင်ငံရေး လူမှုရေး ပညာရေးတွေဆိုတာ တစ်ဖြေးဖြေးအမြင်ကျယ်သထက်ကျယ်လာခဲ့တယ်။
အထူးသဖြင့် ၂၀၁၅ မှာ တစ်ဘဝလုံးအားကိုးခဲ့တဲ့ NLD ကိုမဲပေးပြီးချိန်မှာ မြန်မာ့နိုင်ငံရေးဘာဆိုတာ သေသေချာချာသိသွားခဲ့တယ်။
ကံကိုဘယ်သူလုပ်တာလဲလို့မေးခွန်းအတွက် အဖြေပေးမယ်နော်။ ကိုယ့်တာဝန်ကိုယ်မယူတတ်တဲ့သူတွေ ကိုယ့်တာဝန်ကိုယ်ကျေအောင် ပြည်သူအတွက်အလုပ်မလုပ်ပေးတဲ့သူတွေ ကိုယ့်တာဝန်ဘာဆိုတာမသိတဲ့သူတွေလုပ်တာလို့ပဲဖြေချင်တယ်။
ကျွန်မတို့နိုင်ငံမှာ ခေါင်းဆောင်မဖြစ်သင့်ဘဲ ခေါင်းဆောင်နေရာကိုယူခဲ့ကြတဲ့သူတွေကြောင့် တိုင်းပြည်ဒုက္ခရောက်ရတယ်။
စစ်တပ်မှာလဲ ကိုယ့်တာဝန်ကိုယ်ပြည်သူအတွက် စစ်စစ်မှန်မှန်မယူပေးတဲ့သူတွေဒုနဲ့ဒေး၊ နိုင်ငံရဲ့ဝန်ကြီးဌာနတွေမှာ ပြည်သူအတွက် အလုပ်မလုပ်ပေးတဲ့ဝန်ကြီးတွေကဒုနဲ့ဒေး၊ ပြည်သူတွေထဲမှာ ပြည်သူ့တာဝန်ဘာဆိုတာနားမလည်တဲ့သူတွေကဒုနဲ့ဒေး၊ လုပ်ငန်းရှင်တွေထဲမှာ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေတဲ့လုပ်ငန်းရှင်တွေဒုနဲ့ဒေး အဲ့လိုကံတရားတွေစုပေါင်းသွားတဲ့အချိန်မှာ ဒီနေ့တိုင်းပြည်ရဲ့အခြေအနေတွေကို ရင်ဆိုင်ရတာပါပဲ။
ကျွန်မကိုလေးစားတယ်သာပြောကြတာပါ။ တကယ်တမ်း ကျွန်မနိုင်ငံရေးခံယူချက်ဘာဆိုတာ သူတို့သဲသဲကွဲကွဲနားမလည်ကြပါဘူး။ ကျွန်မရဲ့ရပ်တည်ချက် ကျွန်မရဲ့တန်ဖိုးထားမှုဘာဆိုတာ သဘောမပေါက်ကြပါဘူး။
ကျွန်မလုပ်ခဲ့တဲ့အလုပ်တိုင်း ရေးခဲ့တဲ့စာတစ်လုံးတိုင်းက ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ကလေးတွေအတွက် ကောင်းစေချင်တဲ့စေတနာသီးသန့်ပဲရှိတယ်။ ကျွန်မဘဝကျွန်မပညာ ကျွန်မလုပ်နိုင်စွမ်းနဲ့ကျွန်မရပ်တည်နေတာပါ။ online ပေါ်မှာ cele ဖြစ်မှ attention ရမှ ကျွန်မဘဝရပ်တည်နိုင်တာမဟုတ်ပါဘူး။ ကျွန်မကိုလေးစားမှုရအောင် ရေးနေတဲ့စာလဲတစ်လုံးမှမရှိဘူး။ ကျွန်မ knowledge တွေပဲပေးနေတာ။ ကျွန်မမှာဘာအရောင်မှမရှိဘူး။ အမှန်တရားအရောင်ကိုပဲမြင်တယ်။
အမှန်တရားဆိုတာလဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ကိုယ်စားပြုထားတာမဟုတ်ဘူး။ ဗုဒ္ဓဟောထားတဲ့တရားတွေကိုပဲ လက်ကိုင်ထားတယ်။ တရားနဲ့ပဲချိန်ထိုးတယ်။
ကျွန်မစစ်တပ်ကိုမကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့တိုင်းပြည်ကို စစ်မှန်တဲ့အုပ်ချုပ်ရေး တရားစီရင်ရေး နိုင်ငံကာကွယ်ရေးတွေမပေးနိုင်ခဲ့လို့ နောင်လဲပေးနိုင်လိမ့်မယ်လို့မယုံကြည်ဘူး။
ကျွန်မ NLD အစိုးရကိုလဲမကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မလက်သန်းမှင်အစွန်းခံမဲပေးခဲ့တာ ကျွန်မတိုင်းပြည်က ကလေးတွေပညာရေးတိုးတက်ဖို့ ကျွန်မတိုင်းပြည်က အခြေခံလူတန်းစားတွေဘဝ တိုးတက်ဖို့။ ၅ နှစ်တာသာအခ်ျိန်ကုန်သွားတယ် ကျွန်မမျှော်လင့်ချက်အတွက် ရောင်နီတောင်သန်းခွင့်မရလိုက်ဘူး။ နှစ်ပေါင်းများစွာတိုင်းပြည်အပေါ်သက်ရောက်နေတဲ့ စစ်အာဏာဆိုတဲ့အရိပ်အငွေ့တွေကိုတောင်မဖယ်ရှားပေးနိုင်ခဲ့ဘူး။
ကျွန်မတိုင်းပြည်အတွက် စေတာနာထားအလုပ်မလုပ်ပေးကြတဲ့သူတွေရန်ပွဲထဲ ကျွန်မဝင်မပါတာ ကျွန်မအပြစ်လား။ ဝင်ပါတဲ့သူတွေကရော နိုင်ငံကြီးသားစိတ်ဓာတ်တွေရှိကြလို့လား။ အဆင့်အတန်းရှိရှိဝင်ပါကြတယ်ဆိုရင် ကျွန်မလဲအားတက်သရောဝင်ပါမိမှာပါ။ အခုက နိုင်ငံတကာအဆင့်အတန်းနဲ့လဲတန်းမညီ ပညာဆိုတဲ့အသိလဲတစ်လုံးမှမပါတဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ထောက်ခံဖို့ဆိုတာ ကျွန်မရှာဖွေလေ့လာကျင့်ကြံနေတဲ့ အခြေအနေနဲ့ အရမ်းအလှမ်းဝေးလွန်းနေတယ်။
ကျွန်မကို မလေးစားတာ ဆဲတာဆိုတာတွေလုပ်လို့ ကျွန်မဘာမှဖြစ်မသွားဘူး။ ဒါပေမယ့် ကျွန်မဆိုတဲ့မြန်မာတစ်ယောက်ရဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် ကလေးတွေအတွက် မျှဝေပေးမှုတွေရပ်တန့်သွားခြင်းတွေဆုံးရှုံးသွားတာ တန်မယ်ထင်ရင်တော့ဆက်လုပ်ကြပါလို့ပဲပြောချင်ပါတယ်။
Category
Website
Address
Yangon
11211
Alerts
Be the first to know and let us send you an email when Never Use again posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.