NextGen Impact
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NextGen Impact, Nonprofit Organization, Yangon.
Our vision is a world where every young person has access to education, healthcare, and opportunities that allow them to reach their full potential through advocacy, leadership, and education. Through advocacy, leadership, and education, our organization wants
- to encourage young people to get involved in their communities and
- to establish an environment where young people can develop their abilities, work together, and have a positive influence on society.
01/10/2026
21st ရာစု ရဲ့မရှိမဖြစ်Excel ကို အခုမှစလေ့လာမယ့် Beginner တွေအနေနဲ့Intermediate / Advanced Level အထိ တက်ရောက်နိုင်စေဖို့💻
Changemakers × Next Gen Impact တို့ပူးပေါင်းပြီး Excel နဲ့ Data Analysis ကို လက်တွေ့အသုံးချတတ်အောင် လေ့လာနိုင်မယ့် Workshop လေးတစ်ခုကို စီစဉ်ပေးထားပါတယ်။
📌 Workshop မှာ ဘာတွေသင်ကြားမလဲ?
• Excel ရဲ့ အခြေခံအသုံးပြုပုံတွေ
• Data တွေစီမံခန့်ခွဲခြင်းအကြောင်း
• Data Analysis အတွက် အသုံးဝင်တဲ့ Excel Functions & Tools များ
• လက်တွေ့အသုံးချနိုင်မယ့် Practical Projects များအပြင်
• Data တွေကို နားလည်လွယ်အောင် ခွဲခြမ်းစိတ်ဖြာနိုင်ဖို့လေ့လာရမှာဖြစ်ပါတယ်။
📅 Session 1 - Oct 4th, 2026(Sunday)
Time: 6:00 - 10:00 PM
Session 2 - Oct 11th, 2026(Sunday)
Time: 6:00 - 10:00 PM
ဆိုပြီး 2ရက်တာ workshop လေးမှာ
စာတွေချည်းပဲနားထောင်သွားရမှာမဟုတ်ဘဲ Practical Projects တွေကို ကိုယ်တိုင်လုပ်ဆောင်ရမှာဖြစ်လို့ သင်ယူထားတာတွေကို လက်တွေ့ပြန်အသုံးချနိုင်မှာပဲဖြစ်ပါတယ်။ 💡
🎓 Workshop ကို အောင်မြင်စွာပြီးဆုံးသူများအတွက် Certificate လည်း ပေးအပ်သွားမှာဖြစ်လို့
✨ Excel & Data Analysis ကို Skill တစ်ခုအနေနဲ့စတင်လေ့လာချင်တယ်ဆိုရင်တော့ ဒီ Workshop ကနေ စလိုက်ပါနော်!
⏳Register form: https://forms.gle/LgtFxNt1aytF1FgbA
💬 Join the Telegram Group: https://t.me/+bzym-tmaHSkzMjQ9
[English Version]
For Beginners to Intermediate/Advanced Level: Learn Essential Excel Skills for the 21st Century
Changemakers × NextGen Impact are collaborating to organize a workshop designed to help you learn how to practically apply Excel and Data Analysis.
📌 What will you learn in the workshop?
* Basic Excel usage
* Data management
* Useful Excel functions and tools for data analysis
* Practical projects that you can apply in real-world situations
* How to analyze data to make it easier to understand.
📅 Session 1 - Oct 4th, 2026 (Sunday)
Time: 6:00 - 10:00 PM
Session 2 - Oct 11th, 2026 (Sunday)
Time: 6:00 - 10:00 PM
This two-day workshop will not only involve listening to lectures, but also hands-on practical projects, allowing you to apply what you learn. 💡
🎓 Participants who successfully complete the workshop will receive a certificate.
✨ If you're looking to start learning Excel and Data Analysis as a skill, this workshop is a great place to begin!
⏳ Register here: https://forms.gle/LgtFxNt1aytF1FgbA
💬 Join the Telegram Group: https://t.me/+bzym-tmaHSkzMjQ9
27/09/2026
🚗 How Does Grab Work?
Grab ကိုတော့ အားလုံးနီးပါး ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ကားခေါ်လိုက်တာနဲ့ Driver ပေါ်လာတာ၊ တစ်ခါတလေ ဈေးနှုန်းတွေ ပြောင်းသွားတာ၊ Promo ပေးတာတွေရဲ့ နောက်ကွယ်မှာ ဘယ်လို အလုပ်လုပ်နေလဲဆိုတာကို စဉ်းစားဖူးကြလား? 👀
🚕 Grab အစပြုလာပုံ
Grab စတင်ခဲ့တဲ့အချိန်မှာ Taxi စီးရတာနဲ့ပတ်သက်ပြီး အခက်အခဲတွေ ရှိနေခဲ့ပါတယ်
ခရီးသည်တွေဘက်ကဆိုရင်
🔸 Taxi ရှာရတာ မလွယ်ကူတာတွေ
🔸 ခရီးစဉ်ဈေးနှုန်း တိတိကျကျမသိတာတွေ
🔸 ယာဉ်မောင်းနဲ့ ခရီးသည်ကြား ယုံကြည်မှုလိုအပ်တာတွေ…စတဲ့ အခက်အခက်တွေရှိကြပါတယ်
ယာဉ်မောင်းတွေဘက်မှာဆိုရင်လည်း ခရီးသည်ရှာရတာ၊ ခရီးစဉ်ရရှိဖို စောင့်ရတာတွေ ရှိပါတယ်။
ဒီလိုပြဿနာတွေကို ကြည့်ပြီး Grab က ခရီးသည်နဲ့ ယာဉ်မောင်းကို “ပိုလွယ်ကူတဲ့နည်းလမ်းနဲ့ ချိတ်ဆက်ပေးနိုင်ရင် ဘယ်လိုလဲ?” ဆိုတဲ့ အကြံဉာဏ်နဲ့ စတင်ခဲ့တာပဲ ဖြစ်ပါတယ်💡
📍 ခရီးသည်နဲ့ Driver ကို ချိတ်ဆက်ပေးတဲ့ စနစ်
Grab ရဲ့ အဓိကအလုပ်ကတော့ ခရီးသည်နဲ့ Driver ကို ချိတ်ဆက်ပေးတာပါ 🤝
ကိုယ်ရှိတဲ့နေရာနဲ့ အနီးနားက Driver တွေကို ချိတ်ဆက်ပေးတာကြောင့် ခရီးသည်များလာရင် Driver တွေအတွက် ခရီးစဉ်ရဖို ပိုလွယ်လာသလို၊ Driver များလာရင်လည်း ခရီးသည်တွေအတွက် ကားရဖို ပိုအဆင်ပြေလာပါတယ်။
ဒီလိုမျိုး နှစ်ဦးနှစ်ဖက် အပြန်အလှန် လိုအပ်နေတဲ့ ပုံစံက Grab လို Service တွေ ကြီးလာရတဲ့ အဓိက သော့ချက်တစ်ခုပါပဲ 🔄
🎟 Promo Code နဲ့ Bonus တွေရဲ့ ရည်ရွယ်ချက်
အစပိုင်းမှာ လူတွေ စမ်းသုံးကြည့်လာအောင် Discount နဲ့ Promo တွေ ပေးသလို၊ Driver တွေ ပါဝင်လာအောင်လည်း Bonus တွေ ပေးပါတယ် 🎁
ဘာလို့လဲဆိုတော့ ခရီးသည်တစ်ဖက်တည်း များနေရုံနဲ့ မလုံလောက်ပါဘူး။ ခရီးသည်နဲ့ Driver နှစ်ဖက်စလုံး ရှိနေမှ Service က အဆင်ပြေပြေ လည်ပတ်နိုင်တာမို့ပါ ⚖️
📊 ဈေးနှုန်း အပြောင်းအလဲဖြစ်ရတဲ့ အကြောင်းရင်း
Grab ရဲ့ ဈေးနှုန်းက အမြဲတမ်း တစ်သတ်မတ်တည်း မဟုတ်ပါဘူး။
အချိန်၊ နေရာ၊ ကားခေါ်တဲ့သူ အရေအတွက်နဲ့ အဲ့ဒီအချိန်မှာ ရှိနေတဲ့ Driver အရေအတွက်တွေက ဈေးနှုန်းအပေါ် သက်ရောက်နိုင်ပါတယ် 💸
ဥပမာ - မိုးရွာတဲ့အချိန်၊ ရုံးတက်ရုံးဆင်းလို အချိန်တွေမှာ လူအများကြီး တစ်ပြိုင်နက်တည်း ကားခေါ်ကြတဲ့အခါ ခရီးသည်လိုအပ်ချက် များလာတာကြောင့် ဈေးနှုန်းလည်း ပြောင်းလဲလာနိုင်ပါတယ်။
📦 Ride Service ကနေ ဝန်ဆောင်မှုတွေ တိုးချဲ့လာခြင်း
Grab က Ride Service တစ်ခုတည်းကနေ Food Delivery နဲ့ အခြား Service တွေဆီပါ တဖြည်းဖြည်း တိုးချဲ့လာခဲ့ပါတယ်။
ဝန်ဆောင်မှုတွေ မတူပေမဲ့…..“လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့” ဆိုတဲ့ အခြေခံအယူအဆကတော့ တူတူပါပဲ✨
💼 Driver တွေနဲ့ Grab ရဲ့ လက်တွဲမှု ပုံစံ
Grab Driver တွေက ပုံမှန် Office Employee တစ်ယောက်လို မဟုတ်ဘဲ ကိုယ့်အချိန်နဲ့ကိုယ် Service ပေးတဲ့ Partner ပုံစံမျိုးနဲ့ ပိုနီးစပ်ပါတယ်။
ဒါကြောင့် ကိုယ့်အချိန်ကို ကိုယ်စီမံနိုင်တဲ့ အားသာချက်ရှိပေမဲ့ ပုံမှန်ဝန်ထမ်းတစ်ယောက်ရဲ့ အကျိုးခံစားခွင့်တွေနဲ့တော့ မတူပါဘူး။
🌱 Grab ရဲ့ Story လေးကနေ ရလာတဲ့ Lesson လေးကတော့
Grab ကို စတင်ခဲ့တဲ့အကြောင်းကို ကြည့်မယ်ဆိုရင် Idea ကြီးကြီးမားမားတစ်ခုကနေ စခဲ့တာမဟုတ်ဘဲ
“လူတွေ နေ့တိုင်းကြုံနေရတဲ့ အဆင်မပြေမှုကို ဘယ်လို ပိုလွယ်ကူအောင် လုပ်ပေးနိုင်မလဲ?” ဆိုတဲ့အတွေးကနေ စတင်ခဲ့တာကို တွေ့ရပါတယ်
လူငယ်တွေအနေနဲ့လည်း Project တစ်ခု ဒါမှမဟုတ် ကိုယ်ပိုင် Idea တစ်ခု စလုပ်တော့မယ်ဆိုရင်
“ဘာအသစ်အဆန်းတွေ လုပ်မလဲ?” ဆိုတာထက်
“လူတွေ ဘာအခက်အခဲ ကြုံနေရလဲ၊ အဲ့ဒါကို ဘယ်လို ပိုကောင်းအောင် လုပ်ပေးနိုင်မလဲ?”
ဆိုပြီး စဉ်းစားကြည့်တာက ကောင်းတဲ့အစတစ်ခု ဖြစ်နိုင်ပါတယ် 💕
တစ်ခါတလေ Ideaကောင်း ဆိုတာ အသစ်အဆန်းကြီး ဖြစ်နေဖို့ မလိုပါဘူး။ ရှိပြီးသား ပြဿနာတစ်ခုကို ရိုးရိုးရှင်းရှင်းနဲ့ အသုံးဝင်အောင် ဖြေရှင်းပေးနိုင်တာလည်း Idea ကောင်းတစ်ခု ဖြစ်နိုင်ပါတယ် 💡
💬 Astronauts လေးတို့ရော ဘယ်လိုထင်လဲ?
Astronauts လေးတို့သာ လူတွေရဲ့ နေ့စဉ်ဘဝထဲက ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် ဘာကို ရွေးချင်လဲ? 🤔
Comment မှာ ကိုယ့် Idea လေးတွေကို ဝင်ရောက်မျှဝေပေးခဲ့ကြဦးနော် ✨
25/09/2026
📢 NextGen Impact × Ar Yu International Hospital — Medical Treatment Service Agreement
💙 NextGen Impact ရှိ volunteer များအတွက် သတင်းကောင်းလာပါပြီ 🎉
🧡 NextGen Impact Organizationနဲ့ Ar Yu International Hospital တို့က Medical Treatment Service Agreement (ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုသဘောတူညီချက်)စာချုပ်ကို တရားဝင် ချုပ်ဆိုထားပြီ ဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်ရှင့် 🏥💙
အဆိုပါ သဘောတူညီချက်အရ
NextGen Impact organization တွင် (အနည်းဆုံး) ၄လ volunteer သက်တမ်းရှိသူတိုင်း ကိုင်ဆောင်နိုင်သည့် NGI Volunteer card ဖြင့် အောက်ပါ အထူးခံစားခွင့်များကို ရရှိနိုင်မည် ဖြစ်ပါသည်။
🏥 ရရှိနိုင်မည့် အထူးခံစားခွင့်များ-
• ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ
• ပြင်ပလူနာဌာန ဝန်ဆောင်မှုများ (OPD Services)
• အတွင်းလူနာဌာန ဝန်ဆောင်မှုများ (IPD Services)
• အရေးပေါ်ဌာန ဝန်ဆောင်မှုများ (Emergency Services)
• လူနာတင်ယာဉ် ဝန်ဆောင်မှု (Ambulance Service) (အနည်းဆုံး ၃ နာရီ ကြိုတင် ဘိုကင်လုပ်ရန် လိုအပ်ပါသည်)
💰 Special 10% Discounts (အထူးလျော့ဈေးများ)
• ဓာတ်ခွဲခန်း ဝန်ဆောင်မှုများအတွက် 10% Discount (အပြင်ဓာတ်ခွဲစမ်းသပ်မှုများ
မပါဝင်ပါ)
• အတွင်းလူနာ အခန်းခများအတွက် 10% Discount (အခန်းခ သီးသန့်အတွက်သာ)
• ဓာတ်မှန်နှင့် ပုံရိပ်ဖော် စမ်းသပ်စစ်ဆေးမှုများ (Imaging procedures) အတွက် 10% Discount
📍 Service Area- Yangon, Myanmar Only
⚠️ အထူးလျှော့စျေးများသည် ဆေးကုသမှု package များနှင့် COVID Wardဝန်ဆောင်မှုများအတွက် အကျုံးမဝင်ပါ။
24/09/2026
"ဒီအိတ်က ဘာလို့ ဒီလောက်တောင် ဈေးကြီးနေတာလဲ?”
"အင်္ကျီကလဲဈေးကြီးလိုက်တာ။ဘာအသားနဲ့ချုပ်ထားတာမလို့လဲ”
တစ်ခါတလေ Luxury Brand တွေရဲ့ဈေးနှုန်းကိုကြည့်ပြီး
“ပစ္စည်းတစ်ခုတည်းကို ဒီလောက်ပိုပေးနေရတာ ဘာကြောင့်လဲ”လို့ တွေးဖူးကြမှာပါ။ 🤔
လက်ကိုင်အိတ်လေးတစ်ခုဝယ်တာအဲလောက်ဈေးကြီးပေးဝယ်ရလား။ပိုက်ဆံထည့်ရတော်ပြီပေါ့”
😁
စသဖြင့်ထင်တဲ့သူရှိကြလား။
Why!
ဒါဘာကြောင့်လဲ။ဘာကွာခြားတာလဲ။
🤔
တကယ်တော့ Luxury Brand တစ်ခုရဲ့ ဈေးနှုန်းကပစ္စည်းတန်ဖိုးတစ်ခုတည်း ပါတာမဟုတ်ပါဘူး။
အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေကိုရွေးချယ်ပြီးအသုံးပြုကြတယ်။
ပစ္စည်းတစ်ခုကို အလွယ်တကူထုတ်လုပ်တာမဟုတ်ဘဲ ချုပ်လုပ်ပုံ၊ Finishing နဲ့ အသေးစိတ်အပိုင်းတွေကို အချိန်ယူပြီး အာရုံစိုက်ထုတ်လုပ်လို့ပစ္စည်းတန်ဖိုးကမြင့်တာဖြစ်ပါတယ်။
နောက်တစ်ခုက Brand ရဲ့ သမိုင်းနဲ့ နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ Brand ရဲ့ နာမည်၊ ဒီဇိုင်းနဲ့ Reputation တွေကလည်း တန်ဖိုးတစ်ခုဖြစ်လာစေပါတယ်။
“လူတိုင်းမှာမရှိနိုင်ဘူး” ဆိုတဲ့ ရှားပါးမှုကလည်း Brand ရဲ့ တန်ဖိုးကို မြင့်တက်စေပါတယ်။ဒါကြောင့်အချို့ပစ္စည်းတွေကအကန့်အသက်နဲ့ပဲထုတ်လုပ်ကြတာဖြစ်ပါတယ်။
ဒါကြောင့် Luxury Brand တစ်ခုကို ဝယ်တဲ့အခါ
ပစ္စည်းတစ်ခုတည်းကို ဝယ်တာမဟုတ်ဘဲ အရည်အသွေး+ လက်ရာကျွမ်းကျင်မှု+ Brand သမိုင်းကြောင်း + ရှားပါးမှု + Brand Experience တွေကိုပါ ဝယ်ယူနေရတာဖြစ်ပါတယ်။ ✨
ဒါပေမယ့် Luxury Brand တိုင်းရဲ့ ပစ္စည်းတိုင်းက အကန့်အသတ်နဲ့ထုတ်တာတော့ မဟုတ်ပါဘူး။ Limited Edition တွေလည်းရှိသလို ပုံမှန် Collection တွေလည်း ရှိပါတယ်။
Brand ကိုဘယ်လိုလူတွေသုံးကြလဲ?🤔
Brand ဆိုတာ ချမ်းသာတဲ့သူတွေပဲ သုံးတာမဟုတ်ပါဘူး။ လူတိုင်းနီးပါး Brand တွေကို သုံးကြပါတယ်။ ကွာတာက ဘယ် Brand၊ ဘာကြောင့်ရွေးသုံးလဲ ဆိုတာပါ။
👕 ပုံမှန်အသုံးအဆောင်ဖြစ်တဲ့ fashion brand တွေ
👟 အားကစားဝါသနာရှင်တွေ က Nike, Adidas စတဲ့ sports brand တွေ
💻 နည်းပညာသုံးစွဲသူတွေအတွက်Apple, Samsung စတဲ့ tech brand တွေ
💎 Luxury ပစ္စည်းကို စိတ်ဝင်စားသူတွေ ကChanel, Gucci, Louis Vuitton စတဲ့ luxury brand တွေကို ရွေးသုံးနိုင်ပါတယ်
ဥပမာ “Nike” လို့ပြောလိုက်တာနဲ့ လူတော်တော်များများက အားကစား၊ Sneaker၊ Swoosh Logo စတာတွေဆိုတာချက်ချင်းတွေးမိကြမှာပါ။
💭 ဒါကြောင့် Luxury Brand တစ်ခုရဲ့ ဈေးနှုန်းကိုကြည့်တဲ့အခါ
“ပစ္စည်းတန်ဖိုး ဘယ်လောက်?”ဆိုတာထက်
“ဒီဈေးနှုန်းထဲမှာ ဘယ်လိုတန်ဖိုးတွေ ပါဝင်နေလဲ?”
ဆိုတာကိုပါ စဉ်းစားကြည့်နိုင်ပါတယ်။
ကဲ Astronaut တို့ရောကိုယ်တိုင်brandသုံးနေတဲ့သူတွေလား။?😍
ကိုယ်အရင်ကbrandတွေသုံးနေတာကိုမသိလိုက်တဲ့သူရှိကြလား🤭ဘယ်လိုLuxury Brand တွေသုံးလဲမျှဝေခဲ့အုံးနော်
15/09/2026
𝗥𝗲𝗱 𝗖𝗿𝗼𝘀𝘀 𝗕𝗙𝗔 𝗕𝗮𝘁𝗰𝗵 (𝟱) သင်တန်းဖွင့်ဖို့ (၂) ရက်ပဲ ကျန်ပါတော့တယ်။
🚀 Astronauts လေးတို့ရေ...
👩🏻⚕️ NGI က BFA ( Basic First Aid ) သင်တန်းကို ပို့ချပေးနေတာ အခုဆို Batch (5) ကိုတောင် ရောက်ရှိလို့လာပါပြီနော်။
📆 ဒါ့အပြင် သင်တန်းကာလက 3 ရက်တာ ကြာမြင့်မှာဖြစ်ပြီး စာတွေ့၊ လက်တွေ့ စာမေးပွဲတွေ ဖြေဆိုရမှာပါ။ ဖြေဆိုအောင်မြင်သူတွေကိုလဲ Trophy နဲ့ Digital Certificate တွေလဲ ပေးအပ်သွားမှာဖြစ်ပါတယ် 📄
👉 ဒါကြောင့် ဒီလိုလက်လွှတ်မခံသင့်တဲ့ BFA training class လေးကို မလွတ်တမ်း တက်ရောက်နိုင်ဖို့ အခုပဲ Register လာလုပ်လိုက်တော့နော်
Batch (5) Registration Form
https://forms.gle/TQH4dRdPx38jfhCT8
NextGen Impact Telegram Gp
https://t.me/nextgenimpact/995
NextGen Impact Tiktok
https://www.tiktok.com/?_r=1&_t=ZS-992Eb2Wt0qm
BFA သင်တန်းတက်ပြီးဆုတွေတက်ယူဖိုအဆင်သင့်ဖြစ်ပြီလား ...
ဒါဆိုရင်တော့ BFA Batch(5) လေးဖွင့်လှစ်ဖိုအတွက် (၈)ရက်ပဲလိုပါတော့တယ်ရှင့်။ သင်တန်းသားဦးရေကလည်းမကြာမှီ ပြည့်တော့မှာမို register form လေးမပိတ်ခင် စာရင်းပေးသွင်းလိုက်ပါတယ်ရှင့်
https://forms.gle/TQH4dRdPx38jfhCT8
Batch 2 သင်တန်းသားလေးတွေရဲ့ Feedback နဲ့အတူ သင်ကြားမှုပုံစံလေးတွေကိုလည်းရှင်းပြပေးထားတာမလို့ video လေးကိုအဆုံးထိကြည့်ပြီး စိတ်ဝင်စားတယ်ဆိုရင်စာရင်းပေးသွင်းလိုက်ပါတော့နော် 🗯️
10/09/2026
🚨 Online Scam လို့ပြောလိုက်ပြီဆိုတာနဲ့ ဘာကိုအရင်မြင်ယောင်မိလဲ?🤔
“လူကြီးမင်းသည် ဆုရရှိထားပါတယ်။ 💰 ”ဆိုပြီးကိုယ့်ရဲ့အချက်အလက်ကိုလာတောင်းတဲ့
Message မျိုးလား?
ဒါမှမဟုတ် အခြားကိုယ်မသိတဲ့သူက Link တစ်ခုကို နှိပ်ပြီး Login ဝင်ခိုင်းတာမျိုးလား? 🤔
ကျွန်တော်တို့ လူငယ်တော်တော်များများက Online Scam အကြောင်း သိပြီးသားဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်း သိထားရုံနဲ့တော့ မလုံလောက်သေးပါဘူး။
ဒါကြောင့် ဒီနေ့မှာ Online Scam တွေမှာ မကြာခဏတွေ့ရတဲ့အွန်လိုင်းလိမ်လည်မှုပုံစံ ၃ မျိုး အကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ 🤗
နံပါတ် 1️⃣
လူရဲ့စိတ်ကိုအလျင်အမြန်ဆုံးဖြတ်အောင် ဖိအားပေးခြင်း 🚨
“ကံစမ်းမဲအစီအစဥ်မှာပါဝင်ဖို့အခုချက်ချင်း ငွေလွှဲလိုက်ပါ”
“လူကြီးမင်းအတွက်ဒီနေ့ နောက်ဆုံးအခွင့်အရေးဖြစ်ပါတယ်”
“ကံစမ်းခွင့်အတွက် အောက်ပါ link ကနေ
အချက်အလက်တွေဖြည့်လိုက်ပါ။”
စသဖြင့် တစ်ဖက်လူရဲ့စိတ်ကို အလျင်စလိုဖြစ်အောင် ဖိအားပေးတဲ့အခါ သေချာစဉ်းစားဖို့လိုပါတယ်။
ဒါကြောင့် ငွေကြေး ဒါမှမဟုတ် အချက်အလက်တွေဖြည့်မယ်ဆိုရင် သေချာစုံစမ်းပြီးမှဖြည့်သင့်ပါတယ်။
နံပါတ် 2️⃣
အကျိုးအမြတ်ကို အလွန်အကျွံ အာမခံခြင်း 💰
“ငွေပမာဏဘယ်လောက်ထည့်ရုံနဲ့ အမြတ်က ဘယ်လောက်သေချာရပါမယ်”
“ဆုံးရှုံးမှု လုံးဝမရှိစေရပါဘူး”
“အချိန်တိုအတွင်း ငွေအများကြီးကိုပြန်ရမှာဖြစ်ပါတယ်”
ဒီလို ပြောလာတဲ့အခါ သတိထားဖို့လိုပါတယ်။
👉 လွယ်လွယ်နဲ့ အမြတ်အများကြီးရမယ်ဆိုတဲ့ ကတိတွေကို မယုံခင် သေချာစစ်ဆေးကြည့်သင့်ပါတယ်။
3️⃣ ကိုယ်ရေးအချက်အလက်တွေ တောင်းခြင်း 🔐
Phone Number, Password, OTPနဲ့ ဘဏ်အချက်အလက်တွေလိုမျိုး အရေးကြီးတဲ့ကိုယ်ရေးအချက်အလက်တွေကို တောင်းလာတာမျိုးလဲရှိပါတယ်။
ဒါ့အပြင် 🧐 အတည်ပြုလို့မရတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ အလုပ်အကိုင် ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အခွင့်အရေးတွေကို သေချာမစစ်ဆေးဘဲ
ကိုယ့်ရဲ့ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံနဲ့ အခြားကိုယ်ရေးအချက်အလက်တွေကို မပေးဖို့နဲ့ ကိုယ်မသိတဲ့ link 🔗 တွေကိုဝင်ရောက်ခြင်းမှရှောင်ကြည်ဖို့လိုပါတယ်🔎
ဒီအကြောင်းတွေကကိုယ်တိုင်သိထားရုံနဲ့ မပြီးသေးဘူးနော်။
အွန်လိုင်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံနည်းသေးတဲ့ မိဘတွေ၊ လူကြီးတွေနဲ့ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း Scam တွေနဲ့ပတ်သက်ပြီးဘယ်လိုသတိထားရမယ်ဆိုတာ ကိုမျှဝေပေးဖို့ကြဖို့လဲလိုပါတယ်နော်။ ❤️
💬 ခုAstronaut တို့ရော ဘယ်လို Online Scam မျိုးတွေနဲ့ တွေ့ဖူးခဲ့လဲဆိုတာ
Comment မှာ မျှဝေပေးခဲ့ကြအုံးနော်။🥰 👇
06/09/2026
🎵 MUSIC QUIZ TIME! 🎧🔥
သီချင်းချစ်တဲ့ Astronauts လေးတို့ရေ 👀
ဒီနေ့တော့ ပေါ့ပေါ့ပါးပါး Music Quiz ၃ ခု ဖြေကြည့်ရအောင် 🎶
ကိုယ်က Music Lover အစစ်လားဆိုတာ စမ်းကြည့်ပြီး အဖြေကို Comment မှာ ရေးပေးခဲ့ဦးနော် 👇
🎶 Quiz 1 — Guess the Singer
ဒီ Artist ကိုတော့ တော်တော်များများ သိကြမယ်ထင်တယ် 🫣
“Shape of You” နဲ့ “Perfect” ဆိုတဲ့ Hit Song တွေကို သီဆိုထားတဲ့သူက ဘယ်သူဖြစ်မလဲ?
A. Bruno Mars
B. Ed Sheeran
C. Justin Bieber
D. Shawn Mendes
Astronauts လေးတွေရဲ့ အဖြေက? 👀
🎤 Quiz 2 — Guess the Song
ဒီတစ်ခါတော့ နည်းနည်းစဉ်းစားရမယ်နော် 🤔
ဒီသီချင်းက Bruno Mars ရဲ့ နာမည်ကြီး Romantic Song တစ်ပုဒ်ဖြစ်ပြီး
ချစ်ရသူအတွက် ကိုယ့်ဘက်က ဘာမဆို လုပ်ပေးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ပါဝင်ပါတယ် ❤️
A. Treasure
B. Gr***de
C. Locked Out of Heaven
D. Uptown Funk
ဒီတစ်ခါရော Song Title ကို မှန်အောင်ရွေးနိုင်မလား? 🎧
🎼 Quiz 3 — Music Knowledge
နောက်ဆုံးတစ်ခုကတော့ Music Knowledge နဲ့ ပတ်သက်တာလေးဖြစ်ပါတယ်။ အောက်က Instrument တွေထဲမှာ 88 Keys ရှိတဲ့ Instrument က ဘာလဲ?
A. Guitar 🎸
B. Violin 🎻
C. Piano 🎹
D. Drum 🥁
ဒီတစ်ခုကတော့ Music Lover အစစ်ဆို လွယ်မယ်နော် 😎
🔥 Astronauts လေးတွေ Score ဘယ်လောက်ရကြလဲ?
3/3 — Music Expert 🏆
2/3 — Music Lover 🎶
1/3 — Keep Listening 🎧
Comment မှာ “1-B, 2-?, 3-?” ဆိုပြီး အဖြေလေးတွေ ရေးပေးခဲ့အုံးနော်🎵✨
31/08/2026
Astronauts လေးတို့ရေ...🚀
ဒီနေ့မှာတော့ NextGen Impact (NGI) က စီစဉ်ကျင်းပခဲ့တဲ့ “Project Management Skills for Youth” Skill Training Webinar လေးကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ✨
ဒီ Session မှာတော့ NGI Founder ဖြစ်သူ Ms. Shin Thant Shwe Eain (မရှင်းသန့်ရွှေအိမ်) မှ Project တစ်ခုကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်တဲ့ Knowledge နဲ့ လက်တွေ့အတွေ့အကြုံတွေကို လူငယ်တွေအတွက် မျှဝေပေးခဲ့တာပါ။
လူငယ်တွေဆိုတာ idea ကောင်းတစ်ခုရှိရုံနဲ့ မလုံလောက်ဘဲ အဲဒီ Idea ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ Project Management Skills တွေလဲ လိုအပ်တာဖြစ်လို့ ဒီ Training Session လေးဟာ လူငယ်အကျိုးပြု Training လေးဆိုလဲ မမှားနိုင်ပါဘူး။
ဒီ Class လေးကို အကျိုးရှိရှိတက်ရောက်ပေးခဲ့ကြတဲ့ Participants တွေရဲ့ အတွေ့အကြုံနဲ့ အမြင်လေးတွေကိုလဲ အောက်မှာပုံနဲ့တကွ ပြသပေးမှာဖြသ်လို့ အတူတူကြည့်ရှုလိုက်ရအောင်။ 💙
တက်ရောက်ပေးခဲ့ကြသူများနဲ့ Session ဖြစ်မြောက်အောင် ပါဝင်ပေးခဲ့ကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ 🤝🏻
29/08/2026
Dream Education X NextGen Impact
Dream Education မှပြုလုပ်တဲ့ ရေဘေး campaign တွင် ကျနော်တို့ NextGen Impact အနေဖြင့် လိုအပ်နေသူများအတွက် အကူအညီများပေးနိုင်ရန် Main Partnership အနေနဲ့ ပူးပေါင်းပါဝင်ပေးသွားမှာပဲဖြစ်ပါတယ်။
🌊 When the water rises, let humanity rise higher.
ရေဘေးအခက်အခဲများကြားမှာ လူသားချင်းစာနာမှုနဲ့ အတူတကွကူညီပေးခြင်းက အရေးကြီးဆုံးပါ။ 💙
Category
Contact the school
Website
Address
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |
Alerts
Be the first to know and let us send you an email when NextGen Impact posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.