Myanmar News Complement

Myanmar News Complement

Share

political , economic , celebrity

20/11/2023

တွဲဖက်ရွှေကျင်သာသနာပိုင်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ ဟာ နိုဝင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲ အချိန်က ခန္ဓာဝန်ချပျံလွန်‌တော်မူခဲ့ပြီဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ ပျံလွန်‌တော်မူချိန်မှာ သက်တော် ၈၅ နှစ် ၊ဝါတော် ၆၆ ဝါရှိပြီဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ အန္တိမဈာပနအခမ်းအနားကို လာမယ့် နိုဝင်ဘာ ၂၃ ရက် မှာပြုလုပ်ဖို့ရှိပြီး အခုလက်ရှိတော့ ရုပ်ကလာပ်ကို ဝိသုဒ္ဓါရုံတိုက်သစ် အောင်မြေသာစည် အလယ်တိုက်ကြီးမှာအပူဇော်ခံထားရှိထားပါတယ်။

20/11/2023

#အဆုတ်ကင်ဆာကဘယ်လိုလက္ခဏာ​တွေပြတတ်သလဲ ?
#ဘယ်လို​တွေခံစားရလို့ဆရာဝန်ဆီပြဖြစ်တာလဲ ?

သိချင်တဲ့သူတချို့က ​မေးကြတယ် ။

" စ သတိထားမိတာက "

ဘယ်ဘက်ရင်ဘတ် ( နှလုံး​နေရာ နားက )
အပ်နဲ့ထိုးသလို စူးစူး ​လေး ​အောင့်တာပါ ။

မခံမရပ်နိုင်​အောင် ​အောင့်တာမျိုးလည်း မဟုတ်ဘူး။

​လေး ငါး ချက်​လောက် ​အောင့်လိုက်
​လေတက်ရင် ​​ပျောက်သွားလိုက်နဲ့ ဆို​တော့ ​
လေထိုးတာ လို့ ထင်မိတယ် ။

၃ / ၄ လကြာတဲ့ ​နောက်​တော့
နာတဲ့ အကြိမ်​ရေက ပို စိပ်လာတယ် ။

တလမှာ သုံး ​လေးကြိမ်​လောက်ပဲ ဖြစ်ရာက​နေ
တရက်မှာ ​လေး ငါး ကြိမ်ထိ ဖြစ်လာ​တော့

( နှလုံး ​နေရာနားက ​အောင့်တာမို့ )
နှလုံး​သွေး​ကြော ပိတ်လို့ ​အောင့်တာထင်ပြီး
နှလုံး အထူးကုဆီ သွားပြတယ် ။

နှလုံးအထူးကုက ရင်ဘတ်ဓါတ်မှန် ရိုက်ခိုင်း​တော့
အဆုတ်ထဲက အကျိတ်ကို ​တွေ့​တော့တာပါပဲ။

#( တကယ်​တော့ အဲဒါမတိုင်ခင် ၆ လ ​လောက်ကတည်းက မနက်​စော​စော အိပ်ယာ နိုးစမှာ ဘယ်ဘက်ကို​စောင်းလိုက်ရင် ​​နောက်ကျောက​အောင့်တယ် ၊ အ​ပေါ့အပါး ထသွားလို့ ပြန်အိပ်ရင်လည်း ဘာမှ မဖြစ်​တော့ဘူး ​ )

☆ ​နောက်​ကျော​အောင့်တာက
အဆုတ်ကင်ဆာရဲ့ အဓိက လက္ခဏာ တခုဖြစ်ပါတယ် ၊ ဒါကို ဖြစ်ပြီးမှ သိလာခဲ့တာပါ ။

​နောက်ထပ်သိသာတဲ့ လက္ခဏာ တခုဖြစ်တဲ့ ​
ခြောင်းဆိုးတာဆို လုံးဝ မဖြစ်ခဲ့ဘူး ။
ရက်ရှည် မ​ပြောနဲ့ တရက်တ​လေ​တောင်မဆိုးဖူးဘူး ။

ဆို​တော့ ကျွန်​တော့မှာ
ရောဂါလက္ခဏာ ကြီးကြီးမားမား မပြခဲ့ပါဘူး။

ဒါ​ကြောင့်လည်း ကင်ဆာမှန်းနောက်ကျမှ
သိခဲ့ရတာပါ ။

ဒီ Post ကို ဖတ်မိသူတိုင်းလည်း
သတိထားနိုင်ကြပါ​စေ။

Photos from Myanmar News Complement's post 19/11/2023

သားဦးရတနာလေး ခွဲစိတ်မွေးဖွားခဲ့တဲ့

သရုပ်ဆောင် ပိုးကြာဖြူခင်

19/11/2023

အဲဗာတန်အသင်းဟာ ယခင်လျော့ချထားတဲ့ ရမှတ်
၁၀ မှတ်အပါအဝင် နောက်ထပ်ရမှတ် ၉ ကိုပါ လျော့ချခံရဖွယ် ရှိနေပါတယ်။ အကြောင်းကတော့ အဲဗာတန်အသင်းဟာ လက်စတာ လိဒ် ဘန်လေ စတဲ့ အသင်းတွေနဲ့ ကစားသမား အပြောင်းအရွှေ့တွေပြုလုပ်ရာမှာ ပေါင်သန်း ၃၀၀ ပေးချေရန် ပျက်ကွက်တာတွေ တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

Photos from Myanmar News Complement's post 19/11/2023

အင်းစိန် သံမဏိစက်ရုံအနောက်ဘက် ကမ်းကပ်ထားသော သင်္ဘော မီးလောင်

၁၉.၁၁.၂၀၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ သံမဏိစက်ရုံအနောက်ဘက်တွင် ကမ်းကပ်ထားသော သင်္ဘောမီးလောင်မှု ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

သင်္ဘောမှာ ၃ ထပ်သင်္ဘောဖြစ်ပြီး ကုန်းပတ်ပေါ်တွင် မီးလောင်နေခြင်းဖြစ်ကြောင်း အဆိုပါ မီးလောင်မှုမှာ မွန်းလွဲ ၁၂ နာရီ ၃၀ တွင် မီးငြိမ်းသွားကြောင်း ကနဦး သိရသည်။

သင်္ဘောမီးလောင်မှုကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာ​ငြှိမ်းသတ်ခဲ့ကြသည်။

#သင်္ဘော #မီးလောင် #အင်းစိန် #သံမဏိစက်ရုံ

17/11/2023

YBS 92 ဘရိတ်ပေါက်ပြီး အလှူခံ မဏ္ဍပ်အားဝင်တိုက်၊ တစ်ဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရ

နိုဝင်ဘာလ ၁၇ ရက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားမှတ်တိုင်အနီး၊ ယနေ့(နိုဝင်ဘာ ၁၇ရက်)၊ နေ့လယ် ၁၁နာရီခန့်တွင် YBS 92 တစ်စီးသည် ဘရိတ်ပေါက်ပြီး ကထိန်အလှူခံ မဏ္ဍပ်ကို ဝင်တိုက်ခဲ့မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

"မဏ္ဏပ်က ကားလမ်းဘေးမှာ တစ်ပေ နှစ်ပေ မခြားဘဲကပ်နေတာ၊ မဏ္ဍပ်ဘေးမှာက အောင်မင်္ဂလာအဝေးပြေးကနေ မြို့ထဲသွားတဲ့ ကားဂိတ်ရှိတယ်။ ရောက်တဲ့အချိန် အလှူခံမဏ္ဍပ်ထဲမှာ အမျိုးသားတစ်ဦးက ကားအောက်ထဲမှာသေ နေတာ ၊ ကားရဲ့ ရှော့ဘားပြုတ်ပြီးတော့ အဲ့ဒီအောက်မှာ သေဆုံးခဲ့တဲ့ ဦးလေးက ညှပ်နေတာ"ဟု ပုလဲ အရန်မီးသတ် တပ်ဖွဲ့ မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဘရိတ်ပေါက်ခဲ့သည့် YBS 92သည် အလှူခံမဏ္ဍပ်ကို ဝင်တိုက်ခဲ့သည့်အပြင် တက္ကစီတစ်စီးနှင့် ဖုန်းတိုင်ကိုပါ တိုက်ခဲ့ကြောင်းလည်း အောင်မင်္ဂလာအဝေးပြေးရှိ တက္ကစီယာဉ်မောင်းတစ်ဦးထံမှကြားသိရပါသည်

17/11/2023

လွိုင်ကော်မြို့ တရားရုံးမီးလောင်နေပါတယ်

17-11-2023

17/11/2023

#နှလုံးခွဲစိပ်ကုသမူအောင်မြင်သွားပါပြီ..
ခွဲစိပ်ကုသမူတွက် ပုံမှန် သွေးလိုအပ်သာ်လည်း..

ပုံမှန်မဟုတ်သော ကုထုံးAV(artrioventricular) Node Ablation.

ပုံမှန်မဟုတ်ပဲ မြန်သောနှလုံးခုန်ခြင်း ကုသမူ ဖြစ်ပြီး နှလုံး၏ အထက်နှင့် အောက်ခန်းများကြားရှိ တစ်ရှူးအနည်းငယ်ကို ဖျက်ဆီးရန် အပူ (ရေဒီယိုသတ္တိကြွ) စွမ်းအင်ကို အသုံးပြုခြင်းဖြစ်သည်ဟု သိရသည်။

ခွဲစိပ်ပီးနောက်တွင်လည်း သွေးအားပြည့်ရန် စင်္ကာပူဆေးရုံ၌ ရက်အနည်းငယ်သီတင်းသုံးမည်ဟု သိရ။

17/11/2023

နောက်ဆုံးရသတင်းလေးတွေ

နေ့စဥ်ပုံမှန် ပြန်လည်တင်ပေးပါမည်

21/04/2023

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Myanmar News Complement posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.