KBTC - Language School

KBTC - Language School

Share

Brighten Your Future With KBTC Language School

14/08/2026

ကြိုတင်ကာကွယ် ပြင်းထန် ဝမ်းပျက်၊ဝမ်းလျှောရောဂါ အန္တရာယ်🥰✨

ဒီနေ့မှာတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်လို့ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။

မိုးရာသီကို ရောက်ရှိလာပြီဖြစ်တာကြောင့် ရာသီတုပ်ကွေးရောဂါအပြင် လတ်တလော မှာဆိုရင် ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ပြင်းထန်စွာ ဖြစ်ပွါးလျက်ရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွါးနိုင်တဲ့ ဒီ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အစားအသောက်များမှ တစ်ဆင့်လည်း ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာကြောင့် သန့်ရှင်းမှုအားနည်းသော အစားအသောက်များနှင့် ရေများကို တတ်နိုင်စွာ မစားသောက်မိစေဖို့ သတိပြုရှောင်ရှားရမှာပဲ ဖြစ်ပါတယ်။
ဝမ်းပျက်ဝမ်းလျောရောဂါဟာ ရာသီမရွေးဖြစ်ပွာတတ်တဲ့ ‌ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် မိုးဦးကာလနှင့် မိုးအကုန်ဆောင်းအကူးကာလများတွင်ဖြစ်ပွားတတ်ပါတယ်။

ရောဂါပိုးပါဝင်သည့် ဝမ်းအညစ်အကြေးများရှိနေသော ရောဂါပိုးမွှားများက ယင်ကောင်များမှ တစ်ဆင့်လည်းကောင်း၊ မသန့်ရှင်းသော လက်များမှတစ်ဆင့်လည်းကောင်း ၊ မိလ္လာ‌ေပါက်ခြင်း၊ အညစ်အကြေးမြေသြဇာအသုံးပြုခြင်းတို့မှ တစ်ဆင့် အစားအစာ ‌သောက်သုံးရေများထဲသို့ တိုက်ရိုက်ရောက်ရှိကာ စားသုံးသူများကို ကူးဆက်စေပြီး ထိုမှတစ်ဆင့် တစ်ဦးမှတစ်ဦးသို့ ရောဂါကို ဆက်လက်ကူးစက်စေပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျောရဲ့ ရောဂါလက္ခဏာများမှာ
🔰အရည်ဝမ်းများသွားခြင်း၊
🔰ငါးညှီနံ့နံသော ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း၊
🔰အော့အန်ခြင်း၊
🔰နှလုံးခုန်နှုန်းမြန်ခြင်း၊
🔰အ‌ရေပြားကြုံ့နိုင်ဆန့်နိုင်အား လျော့နည်းလာြခင်း၊
🔰မျက်တွင်းချိုင့်ဝင်ခြင်း၊
🔰ခံတွင်း၊လျှာနှင့် နှုတ်ခမ်းများခြောက်သွေ့ခြင်း၊
🔰ကြွက်တက်ခြင်းနှင့် သတိလစ်ခြင်းတို့ပဲဖြစ်ပါတယ်။

အထူးသဖြင့် ဝမ်းလျှောတာများလာတဲ့အခါ ခန္ဓာကိုယ်က ရေနဲ့ ဆားဓာတ်တွေ အလွန်အကျွံဆုံးရှုံးနိုင်ပြီး ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်
🔹အစာမစားမီနှင့် အစားအစာမပြင်ဆင်မီအချိန်၊ အညစ်အကြေးနှင့် အမှိုက်သရိုက်များ ကိုင်တွယ်ပြီးချိန်နှင့် အိမ်သာမှ ဆင်းပြီးချိန်များတွင် လက်ကိုဆပ်ပြာနှင့် သေချာဆေးကြောပါ။
🔹တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုစိုက်ပါ။
🔹ယင်လုံအိမ်သာကို ရာနှုန်းပြည့်သုံးစွဲပါ။
🔹ရေကို ကြိုချက်သောက်သုံးပါ။
🔹အစားအစာများကို ကျက်သည်အထိ သေချာချက်ပြုတ်စားသုံးပါ။
🔹ယင်နားစာများ စားသုံးခြင်းကို ရှောင်ကြဥ်ပြီး
🔹မိမိပတ်ဝန်းကျင်တွင် ခြင်၊ယင်မပေါက်ပွားစေရန် ပတ်ဝန်းကျင်ကို အထူးသေချာ သန့်ရှင်းအောင် ဂရုပြုဖို့ လိုအပ်ပါသည်။

ဝမ်းပျက်၊ဝမ်းလျောရောဂါဆိုတာ ပေါ့ဆသင့်တဲ့ ရောဂါမဟုတ်တဲ့အတွက် သံသယရှိပါက အချိန်မီ ကုသမှုခံယူနိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ကုသသင့်ပါတယ်။

28/07/2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏🏻

ယနေ့ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်မှ တရားဦးဓမ္မစကြာကို ဟောကြားတော်မူသော ဝါဆိုလပြည့်နေ့ ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မြန်မာလူမျိုးတို့ဟာ သံဃာတော်များကို ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းပြီး ကုသိုလ်ယူကြတဲ့ ဝါတွင်းသုံးလကို စတင်ရာရက်လည်း ဖြစ်ပါတယ်။

မြန်မာပြက္ခဒိန်၏ စတုတ္ထမြောက် လတစ်လဖြစ်တဲ့ ဝါဆိုလရဲ့ လပြည့်နေ့မှစပြီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻


#ဝါဆိုလပြည့်
#ဓမ္မစကြာနေ့

18/07/2026

အာဇာနည်နေ့ တို့မမေ့ 🤩

ယနေ့ (၁၉.၇.၂၀၂၆) တွင်ကျရောက်သော ၇၉ကြိမ်မြောက်အာဇာနည်နေ့ အား လွမ်းဆွတ်တမ်းတစွာဖြင့် 𝐊𝐁𝐓𝐂 မှရိုသေလေးစားစွာ ဂါရဝပြုလိုက်ရပါတယ် 🥰



#အာဇာနည်နေ့

Photos from KBTC - Language School's post 08/07/2026

𝐁𝐢𝐠 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧 𝐭𝐨 𝐎𝐮𝐫 𝐎𝐮𝐭𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 🎓🎉

နိုင်ငံတကာအဆင့်မီသင်ကြားမှုပုံစံများဖြင့် စနစ်တကျသင်ကြားပေးပြီး နှစ်စဥ်ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုမွေးထုတ်ပေးလျက်ရှိတဲ့
𝐊𝐁𝐓𝐂 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 မှ စာသင်နှစ်(၅) နှစ်ကျော်သက်တမ်းရှိပြီး 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 အတွေ့အကြုံပြည့်ဝတဲ့ ဆရာ၊ ဆရာမများရဲ့ စနစ်တကျ သင်ကြားပြသပို့ချပေးမှုများနှင့်အတူ ကျောင်းသား၊ ကျောင်းသူတို့ရဲ့ စနစ်တကျကြိုးစားအားထုတ်မှုတို့ကြောင့်𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐄𝐱𝐚𝐦 ( 𝐒𝐭𝐚𝐫𝐭𝐞𝐫𝐬 နှင့် 𝐊𝐄𝐓 ) 𝐋𝐞𝐯𝐞𝐥တို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြပါတယ်။ အခုလိုထူးချွန်စွာ အောင်မြင်အောင် ကြိုးစားခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတို့ကို 𝐊𝐁𝐓𝐂 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 မှ အထူးဝမ်းမြောက်စွာဖြင့် အမှတ်တရဖြစ်ဖွယ် ဂုဏ်ပြုတင်ဆက်ပေးလိုက်ရပါတယ် 🥰❤

21/06/2026

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 👨🏻

ယနေ့ ကျရောက်တဲ့ အဖေများနေ့မှစ၍ မိသားစုတာဝန်များကို ထမ်းပိုးပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖခင်များအားလုံး သက်ရှည်ကျန်းမာကြပါစေလို့ 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 👨🏻❤



#2026

27/05/2026

𝐇𝐚𝐩𝐩𝐲 𝐄𝐢𝐝 𝐌𝐮𝐛𝐚𝐫𝐚𝐤 🥰

ယနေ့ ကျရောက်တဲ့ အိဒ်ပွဲတော်နေ့လေးမှာ မိတ်ဆွေများ မိသားစုများ အားလုံးအတွက် ငြိမ်းချမ်းခြင်း ၊ ပျော်ရွှင်ခြင်း နှင့် အောင်မြင်ခြင်းများ ကို ယူဆောင်လာပေးသော နေ့ထူးနေ့မြတ်ချိန်ခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ “𝐊𝐁𝐓𝐂” မိသားစုမှ ဆန္ဒပြု ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 🥰❤



-adha

09/05/2026

အမေများနေ့ ဆုမွန်ကောင်း 🙏🏻

မနက်ဖြန်မှာ မေလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာလုံးဆိုင်ရာ အမေများနေ့မှစ၍ ကမ္ဘာပေါ်ရှိမိခင်များအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻🤍



#2026

08/05/2026

𝐊𝐁𝐓𝐂 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 မှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ဖျော်ဖြေမှု 🥰

မတ်လအတွင်းက ကျင်းပခဲ့တဲ့ 𝐊𝐁𝐓𝐂 ကျောင်းတော်ကြီးရဲ့ 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬’ 𝐃𝐚𝐲 ပွဲကြီးမှာဆိုရင် 𝐂𝐚𝐦𝐩𝐮𝐬 အသီးသီးမှ ‌ကျောင်းသား၊ ကျောင်းသူလေးများက သူမတူတဲ့ ဖျော်ဖြေမှုများနဲ့ ကိုယ်စီ ဖျော်ဖြေခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူလေးတို့အတွက် နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာရပ်ကို စနစ်တကျသင်ကြားပေးလျက်ရှိတဲ့ 𝐊𝐁𝐓𝐂 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 မှလည်း အဆိုပါပွဲကြီးအတွင်းမှာ ပါဝင်ဖျော်ဖြေခဲ့ကြတာဖြစ်ပြီး ဘယ်လိုဖျော်ဖြေမှုမျိုးနဲ့ ဖျော်ဖြေခဲ့ကြလည်းဆိုတာကို 𝐕𝐢𝐝𝐞𝐨 လေးကို အတူတူကြည့်ရှုလိုက်ကြရအောင်နော် 🤩

Photos from KBTC - Language School's post 08/05/2026

𝐊𝐁𝐓𝐂 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 ၏ ပျော်ရွှင်စရာ 𝐅𝐢𝐞𝐥𝐝 𝐓𝐫𝐢𝐩 🤩

ကျောင်းစာတွေနဲ့ပဲ လုံးပန်းထားရလို့ ပင်ပန်းနေကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေအတွက် အပန်းလည်းပြေ၊ ဗဟုသုတတွေလည်း ရရှိနိုင်အောင် 𝐊𝐁𝐓𝐂 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 မှ 𝐌𝐲 𝐝𝐫𝐞𝐚𝐦 𝐠𝐚𝐫𝐝𝐞𝐧 သို့ လေ့လာရေးခရီးစဥ်လေးတစ်ခု စီစဥ်ပို့ဆောင်ပေးခဲ့ရာ လိုက်ပါခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ အမှတ်တရပုံရိပ်လေးများကို တင်ဆက်ပေးလိုက်ရပါတယ် 🤗

30/04/2026

အလုပ်သမားနေ့ 🎉

ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့အား 𝐊𝐁𝐓𝐂 မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ☺

Category

Telephone

Address


No/287, Pyay Road (Near Myaynigone Bus Stop), Sanchaung Township
Yangon
11041