Funsy Noise

Funsy Noise

Share

Let your noise sound fancy with Funsy ~!

05/12/2022

funsy လို့ keyboard နဲ့ ရေးကြည့်လိုက်ရင် အောက်မှာ လိုင်းအနီလေးပေါ်နေမယ် dictionary မှာ ရိုက်ရှာကြည့်လိုက်ရင်လည်း ဘာမှတွေ့မှာ မဟုတ်ပါဘူး
အဲ့ဒါဘာကြောင့်လို့ ထင်ကြလဲ
အဖြေကတော့ word play ဖြစ်နေလို့ပါ
funsy ရဲ့ အသံထွက်ကို ရင်းနှီးကြမှာပါ fancy နဲ့ အတူတူပါပဲ ဖန်စီ ပေါ့
ဒီက တင်ဆက်တဲ့ content တွေကိုသုံးပြီး fun and easy နည်းနဲ့လေ့လာရင် စကားပြောတဲ့အချိန် ထွက်လာတဲ့ noise ဟာ fancy ဖြစ်နေမှာမို့ funsy noise ဆိုပြီး ဖြစ်လာတာပါ
ဒါက ကျနော်တို့ရဲ့ page name လေးအကြောင်းပေါ့နော်
Admin တို့က word play လေးတွေကို နှစ်သက်တာမို့လို့ ဒီမှာလည်း ကျနော်တို့ လက်လှမ်းမီသမျှ word play တွေ word play အကြောင်းအရာတွေကိုလည်း ​တင်ဆက်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်ဗျာ
ဒါကြောင့်မို့ word play တွေကို စောင့်ကြည့်လေ့လာချင်တဲ့သူ​ဆိုရင် ကျနော်တို့ အခု page လေးကို like and follow လေးလုပ်ပြီး ကိုယ်ချစ်ခင်ရတဲ့သူတွေဆီကိုလည်း share ပေးကြပါဦးနော်

03/12/2022

ဘာသာစကားတစ်ခု လေ့လာရတာက သင့်ကို ပျော်ရွှင်နေစေတယ်ဆိုရင် အဲ့ဘာသာစကားကို သင်ယူရတာ သင့်အတွက် ပိုပြီးလွယ်ကူနေလိမ့်မယ်။
ဒီ statement အတိုင်း အားလုံးသတိထားမိကြမယ်ထင်တယ် စိတ်ပါနေရင် ပိုတတ်လွယ်တယ်ပေါ့
ဒါပေမယ့် ခင်ဗျားဟာ ကိုယ်စိတ်မဝင်စားတဲ့ ဘာသာရပ်တစ်ခုကို အခြေအနေအရ မဖြစ်မနေ သင်ယူရတော့မယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ
သေချာတာကတော့ ဖိအားတစ်ခုလိုဖြစ်လာမှာပဲ အဲ့လိုဆို ခင်ဗျားအတွက် လေ့လာနေရတာ ခက်ခဲသွားမယ်
ဒီလိုမဖြစ်ဖို့ဆိုရင် ခင်ဗျား ဘယ်လိုနည်းနဲ့လေ့လာနေတာလဲ ဆိုတာက အရေးကြီးလာပြီဗျ
ဒီဘာသာရပ်ကို သင်ယူနေရတယ်ဆိုတာကိုပါ မေ့သွားလောက်အောင်ထိ ပေါ့ပေါ့ပါးပါးပဲ လေ့လာလို့ရနေတယ်ဆို အားလုံးသဘောကျကြမယ်ထင်တယ်
ဟုတ်တာပေါ့ ဘယ်နည်းပဲဖြစ်ဖြစ် တစိုက်မတ်မတ်လုပ်နေဖို့ကတော့ လိုတာပဲလေ
ဆက်ပြောရမယ်ဆိုရင် Fun and Easy ဆိုတဲ့နည်းလမ်းလေးက ခင်ဗျားတို့အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ ကျနော်ယူဆတယ်
ဒီနည်းကို ကျနော် အလကား recommend တာမဟုတ်ဘူးဗျ ကျနော်တစ်ခုပြောပြမယ်နော် ခင်ဗျားတို့ပဲစဥ်းစားကြည့်ပေါ့
ဘာလို့ နိုင်ငံတစ်ခုရဲ့ ဘာသာစကားကိုတတ်ချင်ရင် အဲ့ကလူတစ်ယောက်နဲ့ ရည်းစားထားလိုက်လို့ ပြောတာလဲ
ရည်းစားထားနေရတာ ပူလိုက်လောင်လိုက်နဲ့ Fun ဖြစ်တယ်မလား ဒီကနေပဲ သူပြောတာလေးတွေ စိတ်ဝင်တစား နားထောင်ရင်း ကိုယ်ပါ သူ့ဘာသာစကားကို သီးသန့်ကြီးသင်ယူနေတာမဟုတ်ဘဲ ရင်းနှီးလာတာမျိုးပေါ့ ပြီးရင် ကိုယ်ကပါ သူ့ဘာသာစကားနဲ့ပဲ သူ့ကို ချစ်ကြောင်း ကြိုက်ကြောင်းတွေ ပြောချင်လာကြတာမလား
ဒါက ဘာသာစကားတစ်ခုအတွက် အထောက်အကူအများကြီးဖြစ်တယ် ဒါကြောင့်လည်း အဲ့လိုပြောကြတာဗျ
ဒါဆိုရင် ကိုယ်က အင်္ဂလိပ်စကားပြောတဲ့နိုင်ငံကသူနဲ့ ရည်းစားမဟုတ်ဘူး ရှိတဲ့ရည်းစားကလည်း ဒီကလူပဲဖြစ်နေမယ် ပြီးတော့ ကိုယ်ကလည်း အင်္ဂလိပ်စကားကိုလေ့လာနေတာဆိုရင်တော့ ကျနော်တို့ Funsy Noise က ခင်ဗျားလေးတို့အများစု စိတ်ဝင်စားလောက်မယ့် အကြောင်းအရာတွေနဲ့ ပေါ့ပေါ့ပါးပါးလေ့လာလို့ရမယ့် နေရာလေးတစ်ခုဖြစ်နေမှာဗျ
ဒီ page လေးက အင်္ဂလိပ်ဘာသာစကားအတွက်
✅ enjoy learning ဖြစ်စေမယ့် Fun and Easy နည်းလမ်းနဲ့ tips တွေကို content အစုံနဲ့
✅တစိုက်မတ်မတ်လေ့လာနိုင်အောင် ခင်ဗျားတို့ news feed မှာ ပုံမှန်လေး ရှိနေဖို့အတွက် ဖြစ်ပါတယ်

မကြာမီတင်ဆက်မယ့် content တွေအတွက် ကျနော်တို့ Funsy Noise page လေးကို Like and Follow ပြုလုပ်ထားပေးကြပါဦးနော်

See y'all soon✨

Telephone

Address


Yangon

Alerts

Be the first to know and let us send you an email when Funsy Noise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.