VENUS Mobile
အစုံလင်ဆုံး Mobile Phone အမျိုးအစားများနဲ့ Accessoriesများ စုဝေးရာ
02/06/2026
ဂရုစိုက်လွန်ပြီး ဖုန်းမှန်ပေါ်ကို အယ်လ်ကိုဟော (Alcohol) တွေတိုက်ရိုက် ဖြန်းပြီး သန့်ရှင်းရေးလုပ်နေမိလား ???
ဖုန်းမှာ ပိုးမွှားတွေ စင်ချင်လို့ပဲဖြစ်ဖြစ်၊ သန့်ရှင်းချင်လို့ပဲဖြစ်ဖြစ် Alcohol ပြင်းပြင်းတွေကို ဖုန်းမှန်ပေါ်တိုက်ရိုက် ဖြန်းတာက အန္တရာယ်ရှိပါတယ်။
ဖုန်းမှန်ရဲ့ အပေါ်ယံ အကာအကွယ်လွှာ (Oleophobic Coating) ကို ပျက်စီးစေပြီး ဖုန်းမျက်နှာပြင်မှာ လက်ဗွေရာတွေ ပိုထင်လာတတ်ပါတယ်။ ဒါ့အပြင် ဘေးဘောင်အက်ကြောင်းတွေထဲကနေ အရည်ဝင်ပြီး Touch စနစ်ပါ ပျက်သွားနိုင်ပါတယ်။
ဒါကြောင့် Alocohol ကိုဖုန်းမှန်ပေါ်တိုက်ရိုက်ဖြန်းတာမျိုးမလုပ်ပဲ မျက်မှန်သုတ်တဲ့ အဝတ်ပျော့ (Microfiber) ပေါ်ကိုသာ အရည်အနည်းငယ် ဆွတ်ပြီး အသာအယာ ပွတ်သုတ်ပေးတာပိုသင့်လျော်ပါတယ်။
ကိုယ်ရဲ့အဖိုးတန်ဖုန်းလေး အခြစ်ရာကင်းပြီး သန့်ရှင်းနေစေဖို့ အရည်အသွေးကောင်းတဲ့ Tempered Glass တွေကို VENUS Mobile မှာ စိတ်တိုင်းကျလာရောက်ရွေးချယ်ကပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303
13/05/2026
🪫အပြင်သွားခါနီးမှ ဖုန်းအားကုန်နေပြန်ပြီလား ???
အပြင်သွားခါနီးမှ ဖုန်းအားကုန်နေရင် ၅ မိနစ်အတွင်း အားအား သိသိသာသာ တက်လာစေဖို့ ဒီလိုနည်းလေးတွေနဲ့ ဖုန်းအားသွင်းကြည့်ပါ။
✈️ Airplane Mode ကို ဖွင့်ထားပါ။
အားသွင်းနေချိန်မှာ ဖုန်းရဲ့ Signal ရှာဖွေမှုတွေကို ရပ်တန့်ထားလိုက်တဲ့အတွက် အားသွင်းရတာ ပိုမြန်သွားစေပါတယ်။
⚠️Background Apps တွေ ပိတ်ထားပါ။
အားသွင်းနေတုန်း အနောက်ကနေ အလုပ်လုပ်နေတဲ့ Apps တွေကို ပိတ်ထားပေးပါ၊
🔆အပူမလွန်ပါစေနဲ့
ဖုန်းကို အရမ်းပူတဲ့နေရာမှာ အားမသွင်းပါနဲ့။အပူလွန်ရင် Battery Cell တွေပျက်စီးတတ်တဲ့အတွက် ပုံမှန်အခန်းအပူချိန်မှာပဲအားသွင်းပေးပါ၊
အားအမြန်သွင်းနိုင်တဲ့ အားသွင်းကြိုးနဲ့ ခေါင်းတွေကို အပိုင်ဝယ်ထားချင်တယ်ဆိုရင်တော့ VENUS Mobile ကို သာလှမ်းလာခဲ့လိုက်ပါ " ✨
𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303
12/05/2026
အိပ်ယာမဝင်ခင် ကိုယ့်ဖုန်းလေးကို ဒါလေးတွေလုပ်ဖို့ မမေ့ပါနဲ့ 🌙📱
ကိုယ့်ရဲ့အဖော်မွန် ဖုန်းလေးကို တစ်နေကုန် အပင်ပန်းခံခိုင်းထားပြီးပြီဆိုတော့ ညဘက်မှာ သူလည်း အနားရဖို့ လိုပါတယ်။ ဒါကြောင့် အိပ်ခါနီးအောက်ပါအချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပါနော်
🌀Restart
တစ်ပတ်မှာ တစ်ကြိမ်လောက် ဖုန်းကို Restart ချပေးတာက System Errors တွေကို ရှင်းထုတ်ပေးနိုင်တဲ့အတွက် ဖုန်းကိုပေါ့ပါးစေပါတယ်။
♻️Auto Update
ညဘက် Wi-Fi ရှိတုန်း Software Update တွေကို အလိုအလျောက် တင်ထားနိုင်ဖို့ Setting ချိန်ထားပါ။
👁️Eye Comfort
ညဘက်ဖုန်းကြည့်ရင် မျက်လုံးမထိခိုက်အောင် Blue Light Filter ကို Schedule နဲ့ ဖွင့်ထားပါ။
ဒီအချက်လေးတွေ ညတိုင်းလုပ်ပေးမယ်ဆိုရင် ပေါ့ပါးသွက်လက်တဲ့ဖုန်းလေးကို သက်တမ်းကြာကြာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ 🌙
💓အရည်အသွေးကောင်း၊အမျိုးအစားမှန်ကန်တဲ့ ဖုန်းအမျိုးအစားပေါင်းများစွာကိုစိတ်တိုင်းကျရွေးချယ်ဝယ်ယူချင်တယ်ဆိုရင် VENUS Mobile ကိုသာသတိရလိုက်ပါ ...
𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303
11/05/2026
💸ဖုန်းဝယ်တဲ့အခါ စျေးနှုန်းပဲကြည့်ဝယ်နေတုန်းလား ???
📱တကယ်တော့ဖုန်းဝယ်မယ်ဆိုရင် ကိုယ့်ရဲ့ Daily Life နဲ့ ကိုက်ညီဖို့က ပိုအရေးကြီးပါတယ်။
✅အကယ်၍ သင်က ကျောင်းသားတစ်ယောက် ရုံးတက်နေရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်မယ်ဆိုရင် Multi-tasking ကောင်းကောင်းလုပ်နိုင်ပြီး Screen ကြည်လင်တဲ့ ဖုန်းမျိုးရွေးချယ်သင့်ပါတယ်။
✅အကယ်၍ သင်က Content Creator တစ်ယောက်ဖြစ်မယ်ဆိုရင် Storage များများနဲ့ Video Quality ကောင်းတဲ့ ဖုန်းမျိုးရွေးချယ်သင့်ပါတယ်။
✅အကယ်၍ လူကြီးမိဘတွေအတွက်ဝယ်မှာဆိုရင်တော့ စာဖတ်ရတာ၊ Video ကြည့်ရတာ အဆင်ပြေအောင် Screen Size ကြီးကြီးနဲ့ Battery ခံတာမျိုးကိုရွေးဝယ်နိုင်ပါတယ်။
ကိုယ်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီမယ့် ဖုန်းရွေးချယ်ဖို့ ဝေခွဲမရဖြစ်နေရင် VENUS Mobile ကိုသာ လှမ်းလာခဲ့ပါ။ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် ဖုန်းကို စိတ်ရှည်လက်ရှည် အကြံပေးဖို့စောင့်ကြိုနေပါတယ်။
ဖုန်းအသစ်ဝယ်မယ်ဆိုရင် ရည်အသွေးကောင်း၊ ပစ္စည်းမှန်၊ ဈေးတန်တဲ့ ဖုန်းအမျိုးအစားများစွာကိုတစ်နေရာတည်းမှာစိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်မယ့် VENUS Mobile ကိုသတိရလိုက်ပါ။
𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303
10/05/2026
💓💓 Happy Mother's Day 💓💓
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာအမေများနေ့ - Happy Mother's Day အား ဂုဏ်ပြုကြိုဆိုပါ၏ .. 🤱
30/04/2026
🙋♂️🛠️အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့
2026 ခုနှစ်၊ မေလ(1)ရက် (သောကြာနေ့)သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်ပါသည်။ နိုင်ငံအသီးသီးရှိ လုပ်သားများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းများပို့သအပ်ပါသည်။
#အလုပ်သမားနေ့
29/04/2026
🌕 ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော "ကဆုန်လပြည့်နေ့" တွင် ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ် 🙏🏻🙏🏻🙏
#ကဆုန်လပြည့်
17/04/2026
🙏နှစ်ဆန်းတစ်ရက်နေ့ဆုတောင်း 🙏
၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့လေးမှာ ဘေးဘယာများဝေးကွာပြီး စိတ်ကြည်နူးချမ်းမြေ့စွာ ကုသိုလ်ကောင်းမှုများပြုလုပ်နိုင်ကြပါစေလို့ VENUS Mobile မှ ဆုတောင်းမေတ္တာများပို့သအပ်ပါတယ် 💓💓
#နှစ်ဆန်းတစ်ရက် #သင်္ကြန်
12/04/2026
💦အတာသင်္ကြန်ဆုတောင်း💦
နှစ်ဟောင်းကုန်လို့နှစ်သစ်ကူးချိန် ပျော်ရွှင်စရာ သင်္ကြန်ရက်လေးများကို ချစ်ခင်ရသူများနဲ့ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်ဖြတ်သန်းနိုင်ပါစေကြောင်း VENUS Moblie မှ ဆုမွန်ကောင်းများတောင်းအပ်ပါသည်။ 🙏🙏🙏
#သင်္ကြန်
10/04/2026
💦သင်္ကြန်မှာ ကိုယ့်ရဲ့ အမိုက်စား Moment တွေကို မှတ်တမ်းတင်ဖို့
သင်္ကြန်မှာကိုယ့်ရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ရိုက်ကူးဖို့အတွက် ဆိုရင်တော့ High-Quality Camera ပါတဲ့ ဖုန်းလေးတွေက အဓိကပဲပေါ့။📱
💓Slow-motion နဲ့ ရေပက်တဲ့ပုံလေးတွေ ရိုက်မလား?
💓Padauk ပန်းလေးနဲ့ အလှပြင်ထားတဲ့ Portrait လေးတွေ ရိုက်မလား?
VENUS Mobile မှာ ကင်မရာ အလန်းစား ဖုန်းမျိုးစုံကို စျေးနှုန်းအလိုက် ရွေးချယ်နိုင်လို့ သင်္ကြန်မတိုင်ခင် အမြန်ဆုံး လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ...
သင်္ကြန်မှာ အလှဆုံးဓာတ်ပုံရိုက်ပေးမယ့် သူရောရှိနေပြီလား mention လေးနဲ့ သတိပေးလိုက်ပါဦးနော် ...
𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 1/2, Pyay Road, ODan Ward, Taikkyi
Yangon
11382
Opening Hours
| Monday | 08:00 - 18:00 |
| Tuesday | 08:00 - 18:00 |
| Wednesday | 08:00 - 18:00 |
| Thursday | 08:00 - 18:00 |
| Friday | 08:00 - 18:00 |
| Saturday | 08:00 - 18:00 |
| Sunday | 08:00 - 18:00 |