ATA. Follower
Knowledge page (WELCOME) You kown my page
07/07/2023
ဟေ့! ဘာကြည့်နေတာလဲ😳
28/05/2022
ဟုတ်တယ်မလား🤗
27/08/2021
အဓိက ကမိမိစိတ်ပါပဲ✍✍✍👥
27/08/2021
English လိုသိသင့်တာတေပါ(နေ့စဥ်ဘဝ)🤗🤗
01/08/2021
ပညာ ဆိုတာ ဘာလဲ?
_____________________________
တစ်ခါတုန်းက တက္ကသိုလ်က ဘွဲ့ရပြီး
ပြန်လာတဲ့ တက္ကသိုလ် ကျောင်းတော်သား
ကြီး တစ်ယောက်ဟာ သူ့မိဘများ ရှိရာ
ရွာကိုပြန်တော့ လမ်းမှာ မြစ်တစ်ခုကို
သမ္ဗန်နှင့် ကူးရတယ်တဲ့။ အဲဒီလို မြစ်ပြင်
ကျယ်ကြီးကို သမ္ဗန်နှင့် ကူးခတ်နေတုန်း
မပျ င်းအောင် သမ္ဗန် ခတ်တဲ့ အဘိုးအိုဘက်
ကို မျက်နှာမူပြီး သူကစကားပြောတယ် ။
တက္ကသိုလ်က ဘွဲ့ရလာတယ်ဆိုတော့
ပညာတတ် မာန်ကလေးကလည်း သူ့မှာ
ဝင်လာတယ်။ ပြီးတော့ အဘိုးအို အခုလို
ပင်ပင်ပန်းပန်း တစ်နေကုန် သမ္ဗန် ခတ်ပြီး
အသက်မွေးဝမ်းကျောင်းရတာဟာလည်း
ပညာ မတတ်လို့ဘဲ ဖြစ်မယ်လို့
စဉ်းစားတာလည်းတစ်ကြောင်း သူ့ကိုယ်သူ
ပညာတတ်ဘွဲ့ရတစ်ယောက် ဖြစ်ကြောင်း
ကြွားချင်တာလည်း တစ်ကြောင်းနှင့်
သူက စမေးတယ်။
ဆရာကြီး သမ္ဗန် ခတ်တာ ပင်ပန်းမှာပေါ့နော
ပင်ပန်းတာပ ငါ့တူရာ
တခြားအလုပ်ကို မလုပ်စားဘဲ ဘာဖြစ်လို့
ဒီအလုပျကို လုပျစားတာလဲ အဘ
တခြား အလုပ်ကို လုပ်စားရအောင်
အဘမှာက ငွေကြေး ဥစ္စာ အရင်းအနှီး
ကလည်း မရှိ ပညာကလည်း မရှိဘဲကိုး
ဒါဖြင့် အဘ လုံးလုံး စာမတတ်ဘူးလား
သေစာ ရှင်စာလောက်ကလေးပဲ
တတ်ပါတယ် ငါ့တူရာ
ဒါဖြင့် အဘ အတွက်အချက်ကော
တတ်ရဲ့လား
စျေးတွက် မိန်းမတွက်လောက်တော့
တတ်ပါရဲ့
ဘာဖြစ်လို့လဲ အဘ ငယ်ငယ်က ကျောင်း
မနေခဲ့ရလို့လား
ဘယ်နေရပါ့မလဲ မောင်ရာ အဘတို့
ခေတ်က ကျွန်ခေတ်ဆိုတော့ ငွေမရှိရင်
စာ မသင်နိုင်ဘူးကွယ် ဒါတောင် အဘက
ဆရာဦးကြွက်နီဆီမှာ စီအေတီ ကက်ကို
တစ်နွေလောက် သင့်ခဲ့သေးတာ ခုတော့
ဒါတွေလည်း မရှိတော့ပါဘူး ကျောင်းကို
ပြန်ကြွသွားကြပြီ
သြော် ဒါကြောင့် အဘ သမ္ဗန်ခတ်စားရတာ
ကိုးးးးး
ဟုတ်ပ မောင်ရာ အဘတို့မှာ ပညာပါရမီ
မရှိလေတော့ လက်ရုံးအားကိုး လုပ်စား
နေရတာပဲလေ ဒါထက် နေပါဦး ငါ့တူက
ရေကူးတတ်ရဲ့လား
မတတ်ဘူး အဘ ကျွန်တော်က ခုမှ
တက္ကသိုလ်က ဘွဲ့ရပြီး ပြန်လာတာ
ကျွန်တော် ရေကူးတာလည်း ဝါသနာ
မပါဘူး ခင်ဗျ
ဟေ ဒါဆို မင်းတော့ သေတော့မှာပဲ
ဟိုမှာ ကြည့်စမ်း ရာဟုထောင့်က
လေ ဆင်လာပြီ ဒီလေဟာ တော်တော်
ကြောက်စရာ ကောင်းတဲ့ လေပဲငါ့တူ
အဘိုးအိုရဲ့ စကားဆုံးမှာ ဘွဲ့ရ ဆိုတဲ့
လူဟာ မျက်ပြုးဆန်ပျာ ဖြစ်ပြီး ဘာလုပ်လို့
လုပ်ရမှန်း မသိ ခြေ မကိုင်မိ လက် မကိုင်မိနှင့် ထိတ်လန့်ပြီး ဗျာပါဒ
များနေတော့တယ် ။
ဒီတော့ ပညာ ဆိုတာ ဘာလဲ ဆိုတဲ့
မေးခွန်းကို မေးစရာ ဖြစ်လာပါတယ် ။
ဘဝ ရွှေတောင်တက် ခရီးမှာ
ဆင်ကန်းတောတိုး အဖြစ်မျိုး မရောက်ဖို့
ပညာ ဆိုတဲ့ မျက်စိ အလင်းနှင့် တူတဲ့အရာ
လိုပါတယ် ။
လောကမှာ တက္ကသိုလ် ကျောင်းကြီးတွေက
သင်ကြားပေးလိုက်တဲ့ ဘီအေ အမ်အေ
အောင်ခြင်း ဆိုတာတွေဟာ လူသား
တစ်ယောက် ဘဝခရီးမှာ ရင်ဆိုင်
ကြုံလာမယ့် အခက်အခဲတွေ ဘေးရန်
အန္တရာယ်တွေကို ဖြေရှင်းဖို့ အတွက်ပဲဖြစ်ဖြစ်
တစ်ဝမ်းတစ်ခါး ဝရုံမျှမကဘဲ ဘဝရဲ့
ကြီးပွား တိုးတက်ကြောင်း ဖြစ်တဲ့
အသက်မွေးမှု ကိစ္စအဝဝကို ဖြေရှင်းရေး
အတွက်ပဲဖြစ်ဖြစ် လုံလောက်ပြီလို့
မယူဆသင့်ပါဘူး။
ပြောခဲ့တဲ့ သမ္ဗန်ခတ် အဘိုးအိုနှင့်
တက္ကသိုလ် ဘွဲ့ရတို့ရဲ့ ပုံပြင်ကလေးမှာ
ပညာဆိုတာ တက္ကသိုလ်က ပေးလိုက်တဲ့
ဘွဲ့ မဟုတ်ဘူး ဘဝအရေးအခင်း
အကျပ်အတည်းက လွတ်မြောက်အောင်
ထွက်ပေါက် ရှာပေးနိုင်တဲ့ အရည်အချင်း
ကိုသာ ပညာလို့ ခေါ်တာ
သဘော ပေါက်ပါလိမ့်မယ်ဗျာ။
ပညာဆိုရာမှာလည်း တစ်စုံတစ်ခု
အသက် မွေးမှုနှင့် စပ်ဆိုင်တဲ့ ပညာလည်း
ရှိပါတယ်။ လောက သဘာဝရဲ့ လျှို့ဝှက်
နက်နဲ့တဲ့ တရားတွေကို ထိုးထွင်း သိမြင်တဲ့
ပညာလည်းရှိပါတယ်။ အသက်မွေးမှု
ပညာမျိုးကိုတော့ လူတွေက အတတ်ပညာ
လို့ ခေါ်ကြပါတယ်။ လောကကို ထိုးထွင်း
သိမြင်တဲ့ ပညာကိုတော့ အသိပညာ
( ဥာဏ်ပညာ ) လို့လည်း ခေါ်ကြပါတယ် ။
အလိမ္မာ ပညာလို့လည်း ခေါ်ကြပါတယ်။
အချူပ်အားဖြင့် ပြောရရင်
ပညာရှိ တွေးရင် ပြေးကြည့်တာထက်
မှန်တယ် ဆိုတဲ့ ရှေးလူကြီးများ စကားဟာ
အနာဂတ်ကို ကြိုတင် သိခြင်း ဆိုတဲ့
ပညာဥာဏ် သဘောကို ဆိုခြင်းပဲ
ဖြစ်ပါတယ် ။
______________________
အကျယ်လေ့လာချင်ပါက
တက္ကသိုလ်ဦးဆန်းလွင်
ရွှေတောင်တက် ဒဿန
လူငယ်များအတွက်
ဘဝ တိုးတက်ရေးအတွက်
အတွေးအမြင် စာအုပ်
နှာ ၂၃၉ ၂၄၀ ၂၄၁ သို့
_______________________ဒါ့ကြောင့်-
ဘယ်အရာပဲလုပ်လုပ်
စနစ်တကျ လုပ်ပါ
________________________________
ဘယ်အလုပ်ဘဲ ဖြစ်ဖြစ်
စနစ်တကျ မလုပ်ခဲ့ရင် အောင်မြင်မှုကို
မရနိုင်ပါဘူး ။
လူတိုင်း လူတိုင်းဟာ အလုပ်တစ်ခုခုကိုတော့ လုပ်ကြရတာပါပဲ ။
ဒါပေမယ့်
ဘာကြောင့် မအောင်မြင်ကြတာလဲ
လူတိုင်း လူတိုင်း အလုပ် လုပ်တဲ့နည်းစနစ်
မတူရင် ရရှိလာတဲ့ အကျိုးကျေးဇူးဟာလည်း ဘယ်လိုနည်းနဲ့မှ
တူလာနိုင်မှာ မဟုတ်ပါဘူး ။
ပညာသင်ယူနေကြတဲ့ သူတွေထဲမှာ
ဥာဏ်ကောင်းတဲ့သူ ထူးချွန်ထက်မြက်တဲ့
သူတွေ အများကြီးရှိပါတယ် ။
ထို့အတူ
သူများထက် ဥာဏ်ရည်မကျ တောင်မှ
မှန်တမ်းလောက်သာ လိုက်နိုင်တဲ့သူတွေလည်း ရှိပါတယ် ။
ဒါပေမယ့်
အသက်အရွယ်ရလာတဲ့အခါမှာ
ဘယ်လိုလူတွေက ကြီးပွားကြပါသလဲ ။
ဘယ်လိုလူတွေက အောင်မြင်မှုပန်းတိုင်ကို
လှမ်းကိုင်နိုင်ပါသလဲ ။
အဓိကတော့
ဥာဏ်ရည်ထက်ပိုပြီး အရေးကြီးတဲ့
နည်းစနစ်က စကားပြောပါတယ်။
အလုပ်ကို နည်းစနစ် မှန်မှန်ကန်ကန်နဲ့
ပြီးဆုံးသည့်အထိ တည်ကြည်စွာ
လုပ်သွားတဲ့သူဟာ ကြီးပွားတိုးတက်
သွားတာပါပဲ။
#အနော်
Credit to original writer &photo
==========================
ဘဝအောင်မြင်ရေး စာပေများကို ဖတ်ရှု့လိုပါက အောက်က Groupလေးကို Joinပေးကြပါအုံးဗျာ
https://www.facebook.com/groups/485762219204131/
31/07/2021
အဆုတ်ထဲ ရေဝင်ခြင်း
ကျွန်တော်တို့ လူ့ခန္ဓာကိုယ် မှာ ရှူ သွင်းလိုက်တဲ့ လေကို သန့်စင်ဖို့ရာအတွက် အဆုတ်ဟာ မရှိမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီ အဆုတ်ကို ကာရံထားတဲ့ အဆုတ်အမြှေးပါးလေး ရှိပါတယ်။ အဲ့ အဆုတ်အမြှေးပါးလေးကို အဆုတ်နဲ့ ကပ်နေတဲ့ အလွှာ (visceral pleura) တစ်နည်းအားဖြင့် အတွင်းလွှာ နဲ့ နံရိုးနဲ့ကပ်တဲ့ အလွှာ (parietal pleura) တစ်နည်းအားဖြင့် အပြင်လွှာ ဆိုပီး ၂ မျိုးခွဲလို့ရပါတယ်။
အဲ့ အလွှာ ၂ခုကြားမှာ အကြမ်းအားဖြင့် အရည် ၁၀ ကနေ ၂၀ စီစီ လောက် ရှိ ပါတယ်။ အဲဒါထက် ပိုများသွားရင်တော့ အဆုပ်ထဲ ရေဝင် တယ်လို့ ခေါ်ပါတယ်။
ရင်ဘတ် ဓာတ်မှန်ထဲမှာ မြင်ဖို့ ဆိုရင်တော့ အနည်းဆုံး ၂၅၀ စီစီ(ရေသန့်ဘူး လေးပုံတစ်ပုံ)လောက်ရှိမှ ရပါတယ်။ ရောဂါ လက္ခဏာ တွေပြဖို့ ဆိုရင်တော့ ၅၀၀ စီစီ (ရေသန့်ဘူးတစ်ဝက်$လောက် ရှိရပါမယ်။
အဆုတ်ထဲရေဝင်တာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ထဲမှာရှိတဲ့ အရည် အမျိုးအစားပေါ် မူတည်ပီး
၁) အရည် အကြည် (transudate) နဲ့
၂)အရည်အနောက် (exudative) ဆိုပီး ၂ မျိုး ထက်ခွဲ နိုင်ပါတယ်။
အရည် အကြည် အမျိုး အစားဟာ အများအားဖြင့်
- နှလုံးရောဂါ၊
-အသည်းရောဂါ၊
- ကျောက်ကပ်ရောဂါ စတာတွေရဲ့ နောက်ဆက်တွဲ လက္ခဏာ တွေဖြစ်ပီး
အရည် အနောက် အမျိုးအစားကတော့
- ရောဂါပိုးဝင်တာ၊
- ကင်ဆာရောဂါ တို့မှာ အဖြစ်များ တတ်ပါတယ်။
အဆုတ်ထဲမှ ရေကို ဆေးထိုးအပ် နဲ့ အနည်းငယ် စုပ်ယူပီး ဘာအမျိုးအစား ဖြစ်တာလဲ ဆိုတာ ဓာတ်ခွဲ စမ်းသပ်လို့ ရပါတယ်။
လူနာ တစ်ယောက်ဟာ အဆုတ်ထဲ ရေဝင်ပီ ဆိုရင်
၁။ ရင်ဘတ်အောင့်တာ
၂။ မောတာ
၃။ အသက်ရှူ မဝတာ
၄။ ချောင်းဆိုးတာ
၅။ ချောင်းဆိုး သွေးပါတာ စတဲ့ လက္ခဏာတွေကို ခံစားရနိုင် ပါတယ်။
ဘရောဂါ ပိုးကြောင့် ဖြစ်တဲ့ အဆုတ်ထဲ ရေဝင်တာ ဆိုရင်တော့ ဖျားတာ၊ အချမ်းတက်တာ၊ အစားအသောက်ပျက်တာ စတဲ့ လက္ခဏာ များပါ ခံစားရနိုင်ပါတယ်။
ဒီလို လက္ခဏာ တွေခံစားနေရပီဆိုရင်တော့
တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် တွေနဲ့ တိုင်ပင်ပီး ရင်ဘတ်ဓာတ်မှန်ရိုက်တာ၊ သလိပ်စစ်တာတွေ လုပ်ရပါလိမ့်မယ်။ လိုအပ်မယ်ဆိုရင်တော့ CT ဓာတ်မှန်ရိုက်တာ အာထရာစောင်း ရိုက်တာတွေပါ လုပ်ရပါမယ်။
အဆုတ်ထဲ ရေဝင်တာ သေချာပီဆိုရင်တော့ ရေ အနည်းအများပေါ် မူတည်ပီး ရေစုပ်ထုတ်တာ ဒါမှမဟုတ် အဆုပ်ထဲ ပိုက်တပ်တာတွေကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ လုပ်ရပါမယ်။
ရေစုပ်ထုတ်တာ ကတော့ အဆုတ်ထဲမှာ ရေသိပ်မများရင်လုပ်ရတာပါ။ လူနာ အနေအထားပေါ် မူတည်ပီး တစ်နေ့ကို ၁ လီတာ ကနေ ၂ လီတာ လောက်ပဲ ထုတ်လို့ရပါတယ်။ အဆုတ်ထဲမှာ ရေ အရမ်းများနေမယ် ဆိုရင်တော့ ရေစုပ်ထုတ်တာထက် အဆုတ်ထဲ တိုက်ရိုက် ပိုက်တပ်ထားတာ ပို သင့်တော်ပါတယ်။
ရက်အနည်းငယ် ပိုက်တပ်ထားပီး ရေတွေ ကုန်သွားမယ်ဆိုရင်တော့ ပိုက်ကို ပြန်ဖြုတ်လို့ရပါတယ်။
အရည်တွေ ခဏ ခဏ ပြန်ပြန် ပြည့်လာမယ်ဆိုရင် (ဥပမာ ကင်ဆာရောဂါကြောင့် ဖြစ်တဲ့ အဆုတ်ထဲ ရေဝင်တာ) မျိုး ဆိုရင်တော့ bleomycin, tetracycline အစရှိ တဲ့ ဆေးရည်များကို အမြှေးပါး ၂ လွှာကြားထဲ ထိုးထဲ့ပီး အမြှေးပါး ၂ လွှာ ကို ကပ်သွား အောင်လည်း လုပ်လို့ရ ပါတယ်။
အထက် မှာဖော်ပြ ပေးထားတာတွေကတော့ စာဖတ်သူများအတွက် အဆုတ်ထဲရေဝင်တယ်ဆိုတာ ဘာလဲ? အဆုတ်ထဲရေဝင်လာရင် ဘာတွေခံစားရမလဲ? ဘာတွေ စမ်းသပ်စစ်ဆေးရမလဲ နဲ့ ဘယ်လိုကုထုံးတွေ ရှိလဲ ဆိုတာ ကို အကြမ်းအားဖြင့် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ
အရဟံသမြားနီဆေးကြီး
09258002442
09268855590
31/07/2021
သေခါနီး လူတစ်ယောက်ကို
ဖက်ပြီး မငိုကြပါနဲ့
လူတစ်ယောက်ဟာ
သေခါနီးဖြစ်နေတဲ့ အချိန်မှာ
နှလုံးမခုန်တော့ပါဘူး။
သွေးကြောလေးတွေ
အလုပ်မလုပ်တော့ပါဘူး။
ခြေ လက်တွေ
တကိုယ်လုံး ဘာမှမလှုပ်ရှားတော့ဘူး။
အဲဒီအချိန်မှာ
လူတွေက သေပြီလို့ ဆုံးဖြတ်ကြတယ်။
မိသားစုဝင်တွေက အော်ငိုကြတယ်။
သွေးခုန်နှုန်း ရပ်သွားတော့
သေသွားပြီ ထင်လို့လေ။
အဲဒီအချိန်မှာ
တကယ်မသေတာက ကြားစိတ်ပါ။
ကြားစိတ်က
နှလုံး သွေးခုန်နှုန်း
ရပ်သွားတာတောင်
( ၃ )မိနစ် ( ၅ )မိနစ်လောက်
ရှင်သန်နေပါသေးတယ်။
တချို့လူတွေက
သေခါနီးလူကို
အသက်မထွက်သေးဘူး။
လူမစုံသေးလို့
ဟိုလူ့ကို စောင့်နေတယ်
ဒီလူ့ကို စောင့်နေတယ်လို့
ပြောကြတယ်။
မိသားစုဝင် ရောက်လာတော့
ဖက်ပြီး ငိုကြတယ်။
အဲဒါက သေခါနီးလူတစ်ယောက်ကို
အပါယ်ဘုံရောက်အောင် ပို့လိုက်တာပါပဲ။
တကယ်တော့
သူဟာ မိသားစုဝင်ကိုစောင့်နေတာ
မဟုတ်ပါဘူး။
သူပြုခဲ့တဲ့
ကုသိုလျကံ အကုသိုလျကံက
အားနည်းနေတယ်။
ဝိပဿနာတရားကလည်း
အားထုတ်ဘူးတာ မရှိဘူး။
အဲဒါကြောင့်
သူဟာ အသက်ထွက်ဖို့
ဘဝကူးဖို့
သူရဲ့ ကြားသိတဲ့စိတ်က ရှာနေတာပါ။
( အဖေ အမေ သားရောက်ပြီ
သမီးရောက်ပြီ
ဘယ်သူဘယ်ဝါ ရောက်ပြီလို့
ပြောလိုက်တဲ့အသံ ကြားတာနဲ့
ချက်ချင်း ဘဝကူးသွားတတ်ပါတယ်။)
အဲဒီအချိန်
အနားမှာရှိတဲ့ မိသားစုဝင်တွေ
အရမ်းကို သတိရှိပြီး
လိမ္မာပါးနပ်ဖို့ လိုပါတယ်။
အပြောအဆို ဆင်ခြင်ရပါမယ်။
အနားမှာရှိတဲ့ မိသားစုက
ဖက်ပြီး ငိုနေမယ်ဆိုရင်
သေခါနီး လူကို
မကောင်းတဲ့ အပါယ်ဒုဂ္ဂတိဘုံသို့
ရောက်အောင် ပို့လိုက်တာပါပဲ။
အနားမှာရှိတဲ့ မိသားစုက
တရားခွေ ဖွင့်ထားပေးမယ်။
သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို
ပြောပြမယ်
ဝိပဿနာတရားတွေ
ဟောပြော ပြသပေးနေမယ်ဆိုရင်
ကောင်းသော
သုဂတိဘုံဘဝကို ရောက်အောင်
ပို့ပေးတာပါပဲ။
သေခါနီး လူတစ်ယောက်ကို
တကယ် ချစ်ရင်
တကယ် တန်ဖိုးထားရင်
ကောင်းမွန်တဲ့ဘုံဘဝကို ရောက်စေချင်ရင်
နောက်ဆုံးအချိန်လေးမှာ မငိုကြပါနှင့်။
အရှင်ပုည( ဝကုန်း )
ဗဟုသုတစာပေများအား ဖတ်ရှုလိုပါက အောက်ပါ Groupကို Join လိုက်ပါရှင်😍😍😍😍
https://www.facebook.com/groups/3509680529257792/?ref=share
31/07/2021
#မန်ဘာဝင်တိုင်းသို့
စာချစ်သူအားလုံး မင်္ဂလာပါခင်ဗျာ
ဒီဂရုလေးရဲ့ရည်ရွယ်ချက်ကတော့ ကိုယ်သာလျှင်ကိုယ့်ရဲ့အားကိုးရာကိုသိစေဖို့ဖြစ်ပြီး အသိပညာဗဟုသုတရဖို့ ရည်ရွယ်ထူထောင်ထားတဲ့ဂရုပါ။
လူပေါင်းစုံ နေရာဒေသပေါင်းစုံ၊အသက်အရွယ်အားဖြင့် အကြီး၊အငယ်၊အရွယ်၊အလတ်၊လူမျိုးအစုံ၊ယုံကြည်မှုမျိုးစုံရှိနေပါတယ်။
အဲဒီတော့ ကိုယ်လိုချင်တာကိုပဲယူပါ၊အမြင်မတူရင်ရန်သူမသတ်မှတ်ပါနဲ့၊အပြုသဘောဆောင်တဲ့မန့်တွေဆွေးနွေးလို့ရပါတယ်။
#နိုင်ငံရေးပိုစ့်တွေလက်မခံပါ၊
#ကောင်လေးထားသွားလို့၊ကောင်မလေးထားသွားလို့၊လာမ Feel ပါနဲ့။
*x ပိုစ့်၊လက်မခံပါ၊
#စျေးဗန်းခင်းဖို့လည်းခွင့်မပြုပါ။
3D လက်မခံပါ။
#အလှူငွေရချင် ညာဘက်က join ကိုနှိပ်ထားဆိုသောပိုစ့်များလက်မခံပါ။
#သူများထီပေါက်တဲ့ပုံတွေနဲ့လှူ မယ်ဆိုတဲ့ပိုစ့်တွေ လက်မခံပါ။
#ဟာသများကိုပညာနဲ့ရေးထားလျှင်စဉ်းစားပေးသည်။
#စျေးရောင်း၊စျေးဝယ်ပိုစ့်များ၊ကံစမ်းမဲပိုစ့်များ မရှယ်ပါနဲ့ခင်ဗျာ။
#မိမိတင်လိုက်သောပိုစ့်သည် မိမိအဆင့်အတန်းကို တနည်းဖော်ပြနေပါတယ်။
#တွေ့ရှိပါကတစ်ခါတည်းဘလော့မည်ဖြစ်ပါကြောင်း
#အချင်းချင်းအပြန်အလှန်လေးစားချစ်ခင်ပါ။
#အဲ့တော့နားလည်ပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်။
အဲ့တော့အပြန်အလှန်ဗဟုသုတတွေမျှဝေရင်း စာပေမိတ်ဆွေဖြစ်ချင်ပါတယ်ခင်ဗျာ။
ဒီဂရုလေးရေရှည်တည်တံ့ဖို့ ဗဟုသုတရမယ့်စာပေလေးတွေကိုသာ တင်ပေးဖို့ကြိုးစားပေးလျက်ရှိပါတယ်ခင်ဗျာ။
ပို့စ်တစ်ခုချင်းစီရဲ့ အောက်မှာလည်း မိမိအထင်နဲ့အမြင်ကို အပြုသဘောနဲ့ ဆွေးနွေးပေးခဲ့ကြဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။
#အားလုံး
#ကိုယ်စိတ်နှစ်ဖြာ၊
#ကျန်းမာ၊ချမ်းသာကြပါစေခင်ဗျာ
#အက်မင်
ဗဟုသုတ စာပေလေးများကို
ဖတ်ချင်လိုပါက အောက်ပါ Group linkကို
Joinပေးကြပါအုံးဗျ
😘😘😘😘😘😘😘😘😘😘😘😘
https://www.facebook.com/groups/817696192333644/?ref=share.
Category
Website
Address
Yangon