Perfect Educatum

Perfect Educatum

Share

Welcome to Perfect Educatum International School! � Explore a bright future with us.

29/07/2026

ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့ အခါသမယတွင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး
- စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ၊
- ပညာရေးနယ်ပယ်တွင် ထူးချွန်ပြောင်မြောက်ပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို အထမြောက်အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေ၊
- အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံကာ အနာဂတ်တွင် နိုင်ငံနှင့်လူမျိုးအတွက် အားကိုးအားထားပြုရမည့် သားကောင်းသမီးမြတ်များ ဖြစ်ကြပါစေကြောင်း Perfect Educatum International School မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

19/07/2026

ယနေ့ကျရောက်သော (၇၉)နှစ်မြောက် အာဇာနည်နေ့တွင် Perfect Educatum International School အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကိုယ်ကျိုးစွန့် အသက်ပေးလှူသွားခဲ့ကြသော အမျိုးသားခေါင်းဆောင်ကြီးများအား အထူးပင် လေးစားဂုဏ်ပြုအပ်ပါသည်။

Photos from Perfect Educatum's post 04/07/2026

🐾 Into the Wild with Year 4! 🌿

This week’s spotlight at perfect EDUCATUM International School is on our incredible Year 4 students! They took the stage for some truly amazing presentations all about wild animals.
Students shared insightful details on wild animals, focusing on their habitats, diets, types of consumers, physical appearances, and fascinating facts. We extend our sincere appreciation for this valuable contribution.
🦁🐘

28/05/2026

ယနေ့ကျရောက်သော Eid Al-adha (အစ်ဒုလ်အဿွဟာ) နေ့မြတ်အတွက် ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းများနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာ သင့်တင့်ကျရောက်ပါစေကြောင်း Perfect Educatum International School မှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ အားလုံးပဲ ပျော်ရွှင်စရာ အိဒ်နေ့ရက်လေး ဖြစ်ပါစေ။

"Wishing you a blessed and joyful Eid Al-adha filled with love, peace, and prosperity from the Perfect Educatum International School Family!

11/05/2026

perfect EDUCATUM International School သည်ပညာရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့်ဖွင့်လှစ်ထားပြီး UK နိုင်ငံ၏ပညာသင်ကြားရေးသင်ရိုးတစ်ခုဖြစ်သော Pearson Edexcel ၏ official Teaching School တစ်ခုဖြစ်ပါတယ်။ မိမိတို့ကျောင်းသည် စာသင်ကြားခြင်းတစ်ခုတည်းဦးတည်၍သင်ကြားခြင်းမျိုးမဟုတ်ပဲ ကလေးငယ်တို့၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်သင်ကြားပေးနေတဲ့ကျောင်းတစ်ခုဖြစ်ပါတယ်။
Innovative Teaching, Student Success နှင့် Holistic Development အစရှိသည့် ရည်မှန်းချက်များဟာ perfect EDUCATUM International School က သားသားမီးမီးတိုင်းအတွက်ထားရှိတဲ့ Key indicators များပင်ဖြစ်ပါတယ်။ ပြောင်းလဲနေသော ပါတ်ဝန်းကျင်မှာ အောင်မြင်စွာရပ်တည်နိုင်ဖို့ မရှိမဖြစ်လိုအပ်သည့် Creativity နှင့် Critical Thinking Skills များတိုးတက်လာအောင် သားသားမီးမီးလေးတစ်ဦးချင်းစီ၏လိုအပ်ချက်အလိုက်ဂရုတစိုက်သင်ကြားပေးနေသောကျောင်းတစ်ကျောင်းအဖြစ်လည်းမြင်တွေ့ရမှာဖြစ်ပါတယ်။

လာမည့် ပညာသင်နှစ် အတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်ပါ၍ သားသားမီးမီးတို့ရဲ့ပညာရေးအသီးအပွင့်များခံစားနိုင်ဖို့ယခုပင် ဆရာမများနှင့်တိုင်ပင်ဆွေးနွေး စုံစမ်းအပ်နှံနိုင်ပါတယ်။

📞 09 266 871 513
📧 [email protected]
🏘️ No.14, Okkalar Thiri St, North Okkalapa Tsp. (Near Mingalar Cinema)

01/05/2026

"မေလ(၁)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်သမားထုတစ်ရပ်လုံးနှင့်အတူ အနာဂတ်မျိုးဆက်သစ်များကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးနေကြသည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံးကို Perfect Educatum International School မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။ ပညာရေးကဏ္ဍတွင် ကိုယ်စီတာဝန်အသီးသီးကို ကြိုးပမ်းထမ်းဆောင်နေကြသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။"

30/04/2026

သဗ္ဗညုမြတ်စွာဘုရားရှင်၏ ဖွား၊ ပွင့်၊ စံ ဆိုသည့် သံဝေဇနိယထူးခြားချက်များနှင့် ပြည့်စုံသော ယနေ့ကဲ့သို့ နေ့ထူးနေ့မြတ်တွင် Perfect Educatum International School မိသားစုနှင့်တကွ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဗုဒ္ဓမြတ်စွာ၏ မေတ္တာရိပ်တွင် အေးချမ်းသာယာပြီး ဗဟုသုတအလင်းတိုင်များ တိုးပွားနိုင်ကြပါစေ။

17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာအခါသမယတွင် Perfect Educatum International School မှ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများနှင့် မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နှစ်သစ်မှာ အသိပညာဗဟုသုတများ တိုးပွားပြီး၊ အောင်မြင်မှုအသစ်များစွာကို ပျော်ရွှင်စွာ ဆွတ်ခူးနိုင်ကြပါစေ။

13/04/2026

မြန်မာပြည်သူပြည်သားအားလုံး မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်အခါသမယမှာ သင်္ကြန်ရေအေးအေးနဲ့အတူ စိတ်နှလုံးကြည်လင်အေးမြပါစေ။
နှစ်ဟောင်းက အညစ်အကြေးတွေ၊ အပူအပင်တွေအားလုံး သင်္ကြန်ရေနဲ့အတူ မျောပါသွားပါစေ။
နှစ်သစ်မှာ ကျန်းမာချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းတွေ အပြည့်အဝရရှိပါစေကြောင်း
Perfect Educatum International School မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

16/03/2026

‎Assistant Teacher ဖြစ်ဖို့ အခွင့်အလမ်း✨
‎ကလေးတွေကို ချစ်တတ်ပြီး ပညာရေးလောကထဲကို ခြေလှမ်းစချင်နေတဲ့ ဆရာမငယ်များကို perfect EDUCATUM International School မှာ ပူးပေါင်းဝင်‌ရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်❤️ အတွေ့အကြုံမရှိသေးပေမယ့် သင်ယူလိုစိတ်ရှိရင် ကြိုဆိုနေမှာပါ။ 🤝
‎🌟 ဘာကြောင့် မိမိတို့ရဲ့‌ေကျာင်း မှာ အလုပ်လုပ်သင့်တာလဲ?
‎✅ ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တဲ့ လစာကို မျှော်မှန်းနိုင်ပါတယ်။
‎ ✅ စိတ်အေးချမ်းတဲ့ လုပ်ငန်းခွင်: ဖိအားတွေမရှိဘဲ မိသားစုလို နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရမှာပါ။
‎✅ သင်ယူမှုအခွင့်အလမ်း: Career အသစ်စမယ့်သူတွေအတွက် လက်တွေ့သင်ယူနိုင်မယ့် အခွင့်အရေးကောင်းတွေ ရှိပါတယ်။
‎• နေရာ: မြောက်ဥက္ကလာပမြို့နယ်
‎• အလုပ်ချိန်: 📅 တနင်္လာ မှ သောကြာ (၈:၃၀ မှ ၄:၃၀ ထိ) 📅 စနေ (နေ့တစ်ဝက်)
‎• ပိတ်ရက်: တနင်္ဂနွေနေ့ နဲ့ အစိုးရရုံးပိတ်ရက်တိုင်း 😍
‎🎯 ဘယ်လိုလူမျိုးတွေကို ရှာနေတာလဲ?
‎• Experience အစား အောက်ပါ အရည်အချင်းများ နှင့် ပြည့်စုံဖို့လိုပါတယ် (လေ့ကျင့်သင်ကြား‌ပေးရင်း လုပ်ငန်းခွင်ကိုစတင်လေ့လာဖို့ဖြစ်ပါတယ်) 📚
‎• (မ) အသက် ၂၀ မှ ၃၀ အတွင်း
‎• အနည်းဆုံး တက္ကသိုလ်တန်း အောင်မြင်ပြီးသူ၊ ဘွဲကြို တက်ရောက်သူ၊ ဘွဲရ။
‎
‎• ကလေးတွေကို တကယ်ချစ်ပြီး စိတ်ရှည်လက်ရှည် သင်ကြားပေးချင်သူ။
‎• တက်ကြွလန်းဆန်းပြီး အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်သူ။
‎• အချိန်တိကျပြီး တာဝန်ယူလိုစိတ် ရှိသူ။
‎
‎📩 စိတ်ပါဝင်စားသူများအနေနဲ့ ကိုယ်ရေးရာဇဝင် (CV) ကို Email/ Viber / Messenger ကနေတစ်ဆင့် ဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အမြန်ဆုံး ဆက်သွယ်လျှောက်ထားနိုင်ပါပြီ။ 🌸
‎
‎📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧
‎🏘️ အမှတ်(၁၄)၊ ဥက္ကလာသီရိလမ်း၊ (ဃ) တိုးချဲ့ရပ်ကွက်၊ မြောက်ဥက္ကလာအဝိုင်းအနီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
‎
‎📞 𝟎𝟗 𝟐𝟔𝟔𝟖𝟕𝟏𝟓𝟏𝟑

Category

Telephone

Website

Address


North Okkalarpa Tsp. , Yangon.
Yangon