Pyae Nyein Digital

Pyae Nyein Digital

Share

Digital Marketing Tips | AI Tricks | Business Growth Training

05/05/2026

📌 TikTok Update (Latest)

ဒီမနက်ကနေစပြီး
Business Account → Personal Account ပြောင်းသုံးခိုင်းတာ ဖြစ်နေပါတယ်။

💥 လက်ရှိအခြေအနေအရ

🔸 TikTok က region restriction ထပ်မံတင်းကြပ်လိုက်တာ ဖြစ်နိုင်ပါတယ်
🔸 မြန်မာလို unsupported region တွေမှာ Business feature ကို ခဏပိတ်ထားတာ ဖြစ်နိုင်ပါတယ်
🔸 System update ၊ policy change ကြောင့် temporary disable ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်............

- ဒီလိုဖြစ်တာက account error မဟုတ်ပါဘူး
- ban လိုက်တာ မဟုတ်ပါဘူး
- TikTok ဘက်က system / region limitation ကြောင့် ဖြစ်တာပါ.......

စိုးရိမ်စရာ မလိုတာမို့

- Personal Account ပြောင်းပြီး ဆက်သုံးပါ
- Content တင်တာ၊ follower တိုးတာ အဆင်ပြေတယ်
- နောက်ပိုင်း Business Account ပြန်ရနိုင်ပါတယ်

မိတ်ဆွေတို့ account တွေမှာလည်း ဒီလိုပြနေပြီလား?
Comment မှာ ပြောခဲ့ပါဦးနော်...

04/05/2026

🚨 Scam သတိပေးချက် (Facebook / Meta Verification လိမ်လည်မှု) 🚨

👉Scam အနေနဲ့ ပို့လာတဲ့ email ss ကို comment ထဲမှာ ပြထားပါတယ်။ 👈‼

လတ်တလောမှာ “Your page is eligible for verification” ဆိုပြီး
Meta for Business အမည်နဲ့ message/email တွေ ပို့လာတာတွေ များလာပါတယ်။

အဲ့ဒီ message တွေထဲမှာ
“Apply Now” ဆိုတဲ့ link တစ်ခုပါလာပြီး
page ကို verified (blue tick) ရအောင် လုပ်ပေးမယ်လို့ ပြောထားပါတယ်။

❗ ဒါတွေဟာ အများအားဖြင့် Scam (လိမ်လည်မှု) ဖြစ်ပါတယ်။

---

ဘာကြောင့် Scam လို့ ဆိုတာလဲဆိုရင်

• Official Facebook link မဟုတ်တဲ့ (ဥပမာ - Google Sites link) တွေ သုံးထားတယ် ၊
• အမြန်လုပ်ဖို့ ဖိအားပေးတဲ့ စာသားတွေ ပါတယ်
• Login information (email / password / OTP) ခိုးယူဖို့ ရည်ရွယ်ထားတယ်

---

⚠️ နှိပ်လိုက်ရင် ဘာဖြစ်နိုင်လဲ?

• Facebook account hack ခံရနိုင်တယ်
• Page ownership ကို ခိုးယူသွားနိုင်တယ်
• Personal data ပေါက်ကြားနိုင်တယ်

---

✅ ဒီလို scam link အပို့ခံရရင် ဘာလုပ်ရမလဲ?

✔️ မသေချာတဲ့ link ဆိုရင် မနှိပ်ပါနဲ့ ၊
✔️ Email / Message ကို Ignore (သို့) Report လုပ်ပါ ၊
✔️ Password ကို Strong ဖြစ်အောင် ပြောင်းပါ၊
✔️ Two-Factor Authentication (2 steps) on ထားပါ ၊

---

🔐 သတိထားပါ!

Facebook / Meta က တကယ်သာ ပို့တယ်ဆိုရင်
👉 Email ထဲကနေ Password မတောင်းပါဘူး၊
👉 Official website / app ထဲကနေသာ verification လုပ်ခိုင်းမှာပါ ၊

---

📢 သတိထားပြီး အသိပညာဖြန့်ဝေဖို့
ဒီ post ကို share လုပ်ပြီး အခြားသူတွေကိုလည်း သတိပေးနိုင်ပါတယ်။

04/05/2026

📱 Live လွှင့်နေတုန်း ပိတ်ပိတ်သွားတာ ဘာကြောင့်လဲ?

🎯 အကြောင်းရင်းတွေကတော့
- Internet / Wifi connection မကောင်းခြင်း
- Phone ပူနေခြင်း / App Crash ဖြစ်နေခြင်း
- Music or Video copyright မိနေခြင်း
- Facebook policy တွေထဲက တစ်ခုခုနဲ့ ညှိနေခြင်း
တို့ကြောင့် Live လွှင့်နေရင်း ပိတ်ပိတ်သွားတာပါ။

🎯 ဒါကို ဘယ်လိုပြင်ဆင်မလဲ?
- Wifi / Data ကောင်းကောင်းသုံးပါ ၊
- Ph ထဲမှာ ဖွင့်ထားမိတဲ့ Background app များ ပိတ်ပါ၊
- Copyright ထိနိုင်တဲ့ music ဖွင့်ထားမိသလား စစ်ပေးပါ
- Facebook app ကို update လုပ်ကြည့်ပါ၊
- Phone အပူ မတက်အောင် maintain လုပ်ပါ

🎯 Live မလွှင့်ခင် ကြိုစစ်ဆေးသင့်တဲ့အချက်တွေ
- Internet / Wifi stable ဖြစ်ရဲ့လား
- Signal Strong ဖြစ်လား
- Battery % လုံလောက်ရဲ့လား
- Music ဖွင့်ထားမိသလား
- App update လုပ်ပြီးပြီလား
စတဲ့ အချက်တွေ ကြိုစစ်ဆေးထားသင့်ပါတယ်.

မဟုတ်ရင် Live က လွှင့်နေရင်း ပိတ်ပိတ်သွားမယ်ဆိုရင် viewer ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

🚀 🚀 🚀
Live Quality တက်ချင်ရင် SAVE လုပ်ထားပါ၊
👉သင့်မိတ်ဆွေတွေအတွက်လည်း Share သွားပါ။

03/05/2026

Video ကြာချိန် (31မိနစ် 26စက္ကန့်) Part 2

AI automation platform တွေထဲက တစ်ခုဖြစ်တဲ့ Make Ai ကို အသုံးပြုပြီး Telegram bot နဲ့ Google Gemini ချိတ်ဆက်နည်း

03/05/2026

03/05/2026

How to create telegram bot ( Part 1)

03/05/2026

AI automation နဲ့ ကိုယ့်အလုပ်တွေကို ပိုပြီး smart ဖြစ်အောင် လုပ်ချင်တယ်ဆိုရင် ဒီ video လေးက ကြည့်ကို ကြည့်သင့်ပါတယ်..

ဒီနေ့ video မှာတော့ make ai ကို အသုံးပြုပြီး Telegram နဲ့ Google Gemini ကို ချိတ်ဆက်ပြီး AI chatbot တစ်ခုကို လွယ်လွယ်ကူကူဘယ်လိုတည်ဆောက်မလဲဆိုတာ tutorial လေးနဲ့ လုပ်ပြသွားမှာပါ.

သင် Telegram မှာ message တစ်ခုပို့လိုက်တာနဲ့ AI က auto reply ပြန်ပေးမယ်…
content တွေ generate လုပ်ပေးမယ်…
idea တွေ brainstorm လုပ်ပေးမယ်… ဆိုရင်

အဲ့ဒီလို powerful automation ကို coding မလိုဘဲ Make ai platform နဲ့ပဲ လုပ်နိုင်ပါတယ်။

ဒီ video ကိုကြည့်ပြီးနောက်မှာတော့—
သင်ကိုယ်တိုင် Telegram AI bot တစ်ခုတည်ဆောက်နိုင်မယ်၊
Gemini AI ကို automation flow ထဲ integrate လုပ်နိုင်မယ်၊ နေ့စဉ်အလုပ်တွေကို auto လုပ်ပေးနိုင်တဲ့ system တစ်ခု ရရှိသွားပါလိမ့်မယ်။

ဒါဆိုရင် စ လိုက်ရအောင်နော်..

01/05/2026

Japan Region TikTok acc Sign Up Tutorial

30/04/2026

Part 3

Address


PyinMaMyaing Street, 34 Ward,North Dagon,Yangon
Yangon
11421