Net Zone FC
Amateur Football Club
29/08/2026
Attention please❗️❗️❗️
🔜NET ZONE FC ⚔️ SITTAUNG FC
🏟️Thuwana Artificial Turf
📆30.8.2026(Sunday)
⏰10:00-12:00❗️❗️
27/08/2026
Friendly Match
Matchday 21/2026
Date- 23/08/2026 (Sunday)
NET ZONE FC 5 - 4 SOUTH DAGON FC(FT)
ဒီတစ်ပတ်မှာတော့ NET ZONE ရဲ့ကန်နေကျ မိတ်ဖက်အသင်းဖြစ်တဲ့ SOUTH DAGON FC နဲ့ခြေစမ်းခဲ့ရာမှာတော့ 5-4 ဆိုတဲ့ ရလဒ်နဲ့ အတူ ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ အနိုင်ရလဒ်ကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
*ထူးခြားချက်အနေနဲ့ ” ရှေ့တစ်ပတ်က trivela ကန်ချက်နဲ့ ကိုယ့်ဂိုးကို လှလှပပအဆုံးသတ်ခဲ့တဲ့ နောက်တန်း မဟာတံတိုင်းကြီးဖြစ်တဲ့ အိုဂျီရာဇာဆိုသူမှ ဒီတစ်ပတ်မှာလည်း ရိုးရာမပျက် “တစ်ဖက်တိုက်စစ်မှူးသွင်းတာတော့မခံဘူး ငါပဲသွင်းမယ်”ဟုဆိုကာ အစထွက်လာတဲ့ဘောလုံးကို အပြင်းကန်သွင်းရာ ဂိုးသမားရဲ့ ဗိုက်အောက်ကနေ လှလှပပ ကိုယ့်ဂိုးကို ဝင်သွားကြောင်းပါ”။ 😅
ပွဲချိန်အတွင်း တစ်ဖက်အသင်းအားထိမိခိုက်မိတာတွေရှိခဲ့ရင်လည်း တောင်းပန်ပါတယ်ခင်ဗျ။
NET ZONE ရဲ့သွင်းဂိုးတွေကိုတော့…
⚽️OG
⚽️Zarni 👟Kan Hla
⚽️Zarni 👟Thet Paing
⚽️Aung Phyo Myat👟Okkar
⚽️Thet Paing 👟Kan Hla
တို့ကသွင်းယူပေးခဲ့ပါတယ်ခင်ဗျ။
🔥Man Of the Match🔥 ကိုတော့ killer pass နဲ့နှစ်လုံး ဖန်တီးပေးပြီး အသင်းကို အနိုင်ရလဒ်ရအောင်ပုံဖော်ပေးခဲ့တဲ့ ကွင်းလယ်ကစားသမား Kan Hla မှ ရရှိသွားပါတယ်ခင်ဗျ။
Main Sponsor By
Linn Linn Insurance Solutions Advisor
22/08/2026
Attention please❗️❗️❗️
🔜NET ZONE FC ⚔️ South Dagon FC
🏟️Thuwana Artificial Turf
📆23.8.2026(Sunday)
⏰10:00-12:00❗️❗️
22/08/2026
Friendly Match
Matchday 20/2026
Date- 16/08/2026 (Sunday)
NET ZONE FC 5 - 6 KKY FC(FT)
August လ ကတော့ အလှူ့ရှင်ကြီး “ဝေသန္တာရာမင်းကြီး”ရဲ့ညီ “ကန်တိုင်းမနိုင်” NET ZONE ရဲ့အလှူပေးတဲ့ လပါပဲလို့ပြောရင်း ဒီနေ့ပွဲမှာလည်း ပွဲကိုဦးဆောင်နိုင်ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ တစ်ဖက်အသင်းကိုမထိန်းချုပ်နိုင်ပဲ ဂိုးတွေကိုခွင့်ပြုရင်းရှုံးနိမ့်ခဲ့ရပြန်ပါတယ်။
*ထူးခြားချက်အနေနဲ့ ” NET ZONE ရဲ့ နောက်တန်းကျောက်ဆောင်ကြီး အိုဂျီရာဇာ ဆိုသူမှ ဧရိယာထိပ်ကနေ trivela kick ဖြင့် လှလှပပ အဆုံးသတ်သွားခြင်းကို နှစ်ဖက်အသင်းဟာပါးစပ်အဟောင်းသားဖြင့်ရှုစားခဲ့ရပါတယ်။(ကိုယ့် ဂိုးကို)”😖
ပွဲချိန်အတွင်း တစ်ဖက်အသင်းအားထိမိခိုက်မိတာတွေရှိခဲ့ရင်လည်း တောင်းပန်ပါတယ်ခင်ဗျ။
NET ZONE ရဲ့သွင်းဂိုးတွေကိုတော့…
⚽️Aung Phyo Myat👟Aung Thu Hein
⚽️Lin Lin Htwe 👟Aung Phyo Myat
⚽️Thet Paing 👟Aung Phyo Myat
⚽️Aung Phyo Myat👟Ko Paing
⚽️Okkar 👟Aung Phyo Myat
တို့ကသွင်းယူပေးခဲ့ပါတယ်ခင်ဗျ။
🔥Man Of the Match🔥 ကိုတော့ အိုဂျီရာဇာ ကပဲသိမ်းပိုက်သွားပါတယ်ခင်ဗျ။ တစ်ဖက်အသင်းကပေးတာပါ🥹
Main Sponsor By
Linn Linn Insurance Solutions Advisor
15/08/2026
Attention please❗️❗️❗️
NET ZONE VS KKY FC (Thuwana Artificial Turf)
16.8.2026(Sunday)
8:00 - 10:00 ❗️❗️
15/08/2026
Friendly Match
Matchday 19/2026
Date- 09/08/2026 (Sunday)
NET ZONE FC 2 - 7 ANNUAL STAR FC(FT)
ဒီတစ်ပတ်မှာတော့ အသင်းကောင်းတစ်သင်းဖြစ်တဲ့ Annual Star Fc တွေ့ဆုံခဲ့ရာမှာ ပထမပိုင်းအစ အထနှေးမှုနဲ့အတူ 7-2 ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
*ထူးခြားချက်အနေနဲ့ “တစ်ဖက်အသင်း ဧရိယာထိပ်မှာ NET ZONE ရဲ့ ဝါရင့်ကစားသမားကြီး Ko Punk ရှင်းထုတ်လိုက်တဲ့ဘောလုံးကို အသင်းမှာအရပ်အရှည်ဆုံးဖြစ်တဲ့ Captain ကိုဇင်မင်းထွဋ် ခေါင်းနဲ့ထပ်ဆင့် ဖြတ်ထုတ်ရာမှာတော့ ဘောလုံးဟာ တစ်ဖက်ဂိုးထဲသို့ လှလှပပ ဝင်သွားကြောင်းပါ”🤣
ပွဲချိန်အတွင်း တစ်ဖက်အသင်းအားထိမိခိုက်မိတာတွေရှိခဲ့ရင်လည်း တောင်းပန်ပါတယ်ခင်ဗျ။
NET ZONE ရဲ့သွင်းဂိုးတွေကိုတော့…
⚽️Zin Min Htut 👟Ko Punk
⚽️Aung Phyo Myat👟Nyan Lin Htet
တို့ကသွင်းယူပေးခဲ့ပါတယ်ခင်ဗျ။
🔥Man Of The Match🔥 ကိုတော့ ဘိုတိုး မှရရှိသွားပါတယ်ခင်ဗျ။ “ဘောလုံးပွဲမှာတော့မဟုတ်ဘူး”😂
Main Sponsor By
Linn Linn Insurance Solutions Advisor
07/08/2026
⚽🔥 FRIENDLY MATCH — GAME DAY IS COMING! 🔥⚽
NET ZONE FC 🆚 ANNUAL STAR FC
မိတ်ဆွေများ၊ အသင်းသားများအားလုံးရဲ့ အားပေးမှုနဲ့အတူ
စိတ်လှုပ်ရှားစရာ Friendly Match တစ်ပွဲကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ 💪⚽
📅 Sunday — 9/8/2026
⏰ 10:00 AM – 12:00 PM
📍 Thuwanna Artificial Turf
🔵 NET ZONE FC
VS
🔴 ANNUAL STAR FC
ဒီပွဲဟာ အနိုင်အရှုံးထက် ချစ်ကြည်ရင်းနှီးမှု၊ အသင်းစည်းလုံးညီညွတ်မှုနဲ့ အားကစားစိတ်ဓာတ် ကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ 🤝⚽
📢 အသင်းသားများ အထူးသတိပြုရန်
⏰ မနက် 9:30 AM အရောက် လာပေးကြပါရန်
ပွဲမစမီ အသင်းစုဝေးခြင်း၊ Warm-up နှင့် ပွဲအတွက် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သောကြောင့် အချိန်မီ ရောက်ရှိပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
🔥 အသင်းသားတိုင်းရဲ့ အား၊ စိတ်၊ နှလုံးသားနဲ့ ကွင်းထဲမှာ အကောင်းဆုံးပေးဆပ်ကြစို့!
ONE TEAM 🤝
ONE SPIRIT 💪
ONE PASSION ⚽
🔥 NET ZONE FC — LET'S MAKE IT A GREAT GAME! 🔥
အားလုံးလာရောက်အားပေးကြပါဦးနော်! ❤️⚽
07/08/2026
Friendly Match
Matchday 18/2026
Date- 02/08/2026 (Sunday)
NET ZONE FC 4 - 4 ACTIVE YOUTH STAR (FT)
ဒီတစ်ပတ်မှာတော့ အသင်းကောင်းတစ်သင်းဖြစ်တဲ့ Active Youth Star အသင်းနဲ့ ခြေစမ်းခဲ့ရာမှာတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ရင်း ၄ဂိုးစီ သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့ပါတယ်။
*ထူးခြားချက်အနေနဲ့ “NET ZONE နဲ့ ၁၀ လကျော်ဝေးကွာနေတဲ့ နိပြဟောင်းကြီး ပြန်လည်ပူးပေါင်းလာကြောင်းပါ။ ပထမဆုံးပွဲမှာပဲ ရေချိုးလုနီးနီး ဖြစ်သွားတဲ့အတွက် ဆောတီးပါနိပြကြီး😁”
ပွဲချိန်အတွင်း တစ်ဖက်အသင်းအားထိမိခိုက်မိတာတွေရှိခဲ့ရင်လည်း တောင်းပန်ပါတယ်ခင်ဗျ။
NET ZONE ရဲ့သွင်းဂိုးတွေကိုတော့…
⚽️Zarni 👟Bo Toe
⚽️Zarni 👟Ko Paing
⚽️Bo Toe 👟Ko Paing
⚽️Ko Paing 👟Nay Myo Htwe
တို့ကသွင်းယူပေးခဲ့ပါတယ်ခင်ဗျ။
🔥Man Of The Match🔥 ကိုတော့ NET ZONE ရဲ့ကွင်းလယ်မှာ အတိုးအလှုပ်ရုန်းအားတွေနဲ့ထူးရှယ်ခြေစွမ်းပြပြီး အဖိုးတန် ခြေပဂိုး တစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီးပေးခဲ့တဲ့ ကိုပိုင် မှရရှိသွားပါတယ်ခင်ဗျ။
Main Sponsor By
Linn Linn Insurance Solutions Advisor
30/07/2026
Attention please ❗️
30/07/2026
Friendly Match
Matchday 17/2026
Date- 26/07/2026 (Sunday)
NET ZONE FC 5 - 0 SCARY CRAZY FC(FT)
ဒီတစ်ပတ်မှာတော့ သိပ်မကြာခင်ကမှ ခြေစမ်းခဲ့ဖူးတဲ့ SC FC နဲ့ ပြန်လည်တွေ့ဆုံခဲ့ရာမှာတော့ ၅ ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အတူ clean sheet ပါရခဲ့လို့ အချိုပေါ် သကာလောင်း သကဲ့သို့ NET ZONE ရဲ့ အနိုင်ရလဒ်က ချိုမြိုန်ခဲ့ပါတယ်။
*ထူးခြားချက်အနေနဲ့ကတော့ အသင်းနဲ့မပူးပါင်းဖြစ်တာကြာပြီဖြစ်တဲ့ အသင်းရဲ့ ကစားသမားတွေနဲ့အရောင်းအဝယ်ကောင်းတဲ့ ဝါရင့် ခါတော်မီ ဂိုးသမားကြီးလည်း Clean sheet ရသွားပါကြောင်း…😁
ပွဲချိန်အတွင်း တစ်ဖက်အသင်းအားထိမိခိုက်မိတာတွေရှိခဲ့ရင်လည်း တောင်းပန်ပါတယ်ခင်ဗျ။
NET ZONE ရဲ့သွင်းဂိုးတွေကိုတော့…
⚽️Zarni 👟Ko Paing
⚽️Aung Phyo Myat👟Zarni
⚽️Zarni 👟Wai Phyo
⚽️Nay Myo Htwe 👟Phyo Kyaw
⚽️Anp Naung Phyo(Corner Direct)
တို့ကသွင်းယူပေးခဲ့ပါတယ်ခင်ဗျ။
🔥Man Of The Match🔥 ကိုတော့ ဘယ်နောက်ခံနေရာမှာ တစ်ပွဲလုံး အတက်အဆင်းမှန်မှန် နဲ့ကစားသွားပြီး အသင်းနဲ့ပူးပေါင်းတာမကြာသေးဘဲအလျှင်အမြန်အသားကျသွားတဲ့ ကစားသမားလေး Nyan Linn Htet မှရရှိသွားပါတယ်ခင်ဗျ။
Main Sponsor By
Linn Linn Insurance Solutions Advisor
Category
Website
Address
Yangon