TODAY Book Store
တူဒေးတိုက်ထုတ် စာအုပ်များကို အိမ်အရောက်ပို့ မှာယူဖတ်ရှုနိုင်ပါသည်။
TODAY Book Store page ကို ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့ပြီး စာပေချစ်သူများအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။
15/08/2026
နောက်ပြန်လှည့်လို့မရတဲ့အချိန်မှာ
အကောင်းဆုံးနည်းလမ်းကတော့
ရှေ့ဆက် ချီတက်ရုံပဲဖြစ်ပါတယ်။
"CEO မှတ်တမ်း" စာအုပ်မှ ကောက်နုတ်ချက်
#တူဒေးစာအုပ်တိုက်
15/08/2026
ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း ချမ်းသာနည်း
မြန်မာပြန်သူ - မြတ်ငြိမ်း
တန်ဖိုး -၁၈,၀၀၀ ကျပ်
စာမျက်နှာ - ၃၀၁
- ယနေ့ခေတ်လူငယ်၊ လူလတ်အများစုရဲ့ ရည်ရွယ်ချက်မှာ ကိုယ်ပိုင်စီးပွားရေး၊ ဒါမှမဟုတ် မိမိတစ်ဦးတည်း လွတ်လပ်စွာဆောင်ရွက်နိုင်တဲ့ လုပ်ငန်းမျိုးကို လုပ်ကိုင်လိုကြခြင်းဖြစ်ပါတယ်။
- အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက်ငွေကြေးဆိုင်ရာပညာနဲ့ အတွေ့အကြုံအမြော်အမြင်ရှိဖို့ လိုအပ်ပါတယ်။ မိမိနဲ့ မိမိရဲ့ မိသားစုပြည့်စုံကြွယ်ဝစေဖို့ တည်ဆောက်ရယူတဲ့နည်းလမ်းတွေက ဒုံးပျံတည်ဆောက်တဲ့ပညာရပ်လို လူတိုင်းမတတ်နိုင်တာ မဟုတ်ပါဘူး။ကြီးပွားလိုသူတိုင်း သင်ယူလေ့လာရင်ရတဲ့ ပညာဖြစ်ပါတယ်။
- ငွေဟာ စွမ်းအားတစ်မျိုးဖြစ်ပါတယ်။ သို့ပေမယ့် ပိုပြီးစွမ်းအားကြီးတာက ငွေကြေးနဲ့ပတ်သက်တဲ့ ပညာဖြစ်ပါတယ်။ ငွေတွေဝင်လာတယ်။ ပြန်ထွက်သွားတယ်။ သို့ပေသိ ငွေတွေဘယ်လိုအလုပ်လုပ်ကြောင်း သိမြင်တတ်လာရင် ငွေကိုခိုင်းစေနိုင်တဲ့ စွမ်းအား သင့်မှာရလာမယ်။ အဲဒီနောက်တော့ သင့်ရဲ့ဓနဥစ္စာကို စတင်ထူထောင်နိုင်ပါပြီ။
- တကယ်တော့ အပြုသဘောဆောင်တဲ့ စဉ်းစားတွေးခေါ်ခြင်းတစ်မျိုးတည်းနဲ့ အလုပ်မဖြစ်ပါ။ ဘာကြောင့် အလုပ်မဖြစ်သလဲဆို လူအများစုဟာ ကျောင်းနေကြတယ်။ ဒါပေမဲ့ ငွေဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို လေ့လာဆည်းပူးခဲ့ခြင်းမရှိကြတာကြောင့်ဖြစ်တယ်။ ရလဒ်မှာ သူတို့ တစ်သက်လုံး ငွေရရေးအတွက် အလုပ်လုပ်ရခြင်းပဲ ဖြစ်ပါတယ်။
- ယခုစာအုပ်မှာပါဝင်တဲ့ သင်ခန်းစာတွေက
အဖြေတွေတော့ မဟုတ်ပါ။ လမ်းညွှန်ချက်တွေသာဖြစ်ပါတယ်။ ပြောင်းလဲမှုနဲ့ မရေရာမှုတွေ တိုးပွားများပြားလာတဲ့ ကမ္ဘာကြီးပေါ်မှာ ဘယ်လိုဖြစ်ရပ်မျိုးတွေ ဖြစ်ပေါ်လာပါစေ သင်နဲ့ သင့်ကလေးတွေချမ်းသာကြွယ်ဝလာအောင် အထောက်အကူပြုပေးမယ့် လမ်းညွှန်ချက်တွေ ပါဝင်ပါတယ်။
- ဒီစာအုပ်က သင့်ရဲ့အနာဂတ်၊ ဘဝပန်းတိုင်အသစ်၊ ရည်မှန်းချက်အသစ်၊ စိတ်ကူးအသစ်တွေ
ဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်
Viber https://invite.viber.com/...
Telegram Channel https://t.me/TODAYBOOKSTORE
တို့ကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။
#တူဒေးစာအုပ်တိုက်
#ဖအေနှစ်ဦးသင်ပေးတဲ့ဆင်းရဲနည်းချမ်းသာနည်း
14/08/2026
ချမ်းသာငါးဖြာ
မြန်မာပြန်သူ - စောဒေးဗစ်
တန်ဖိုး - ၁၈,၀၀၀ ကျပ်
စာမျက်နှာ - ၃၀၄
"ပိုက်ဆံရှာနည်းကိုပဲ မသင်ပေးဘူး၊ အချိန်ကို ဘယ်လိုပိုင်ဆိုင်မလဲ၊ လူမှုဆက်ဆံရေးကို ဘယ်လိုတည်ဆောက်မလဲ၊ စိတ်ပိုင်းဆိုင်ရာ ကြီးထွားမှုကို ဘယ်လိုရမလဲ၊ ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းမလဲ၊ ငွေကြေးလွတ်လပ်မှုကို ဘယ်လိုရောက်ရှိမလဲ…
ဆိုတာတွေကို လက်တွေ့ကျကျ လမ်းညွှန်ပေးထားတဲ့
must-read စာအုပ်တစ်အုပ်"
- ယခုစာအုပ်မှာ -
နှစ်ပေါင်းများစွာ သုတေသနပြုမှုများနှင့် ကမ္ဘာတစ်ဝန်းရှိ လူပေါင်းများစွာကို တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် Sahil Bloom သည် “ချမ်းသာငါးဖြာ” ဟူသော ဘဝအမြင်သစ်ကို တင်ပြထားသည်။
- သိပ္ပံအခြေပြု လက်တွေ့ကျသော နည်းလမ်းများနှင့် ချက်ချင်းအသုံးချနိုင်သည့် အကြံပြုချက်များမှတစ်ဆင့် အောက်ပါ ကြွယ်ဝမှုများကို တည်ဆောက်နိုင်ရန် လမ်းညွှန်ပေးထားပါသည်။
- အချိန်ကြွယ်ဝမှု (Time Wealth)
သင်ချစ်မြတ်နိုးသူများနှင့် ပိုမိုအဓိပ္ပာယ်ရှိသော
အချိန်များကို ဖန်တီးနိုင်ပါစေ။
- လူမှုဘ၀ကြွယ်ဝမှု (Social Wealth)
နက်ရှိုင်းသော မိတ်ဆွေသံယောဇဉ်များနှင့်
အားကောင်းသော လူမှုကွန်ရက်တစ်ခုကို တည်ဆောက်ပါ။
- စိတ်ပိုင်းဆိုင်ရာကြွယ်ဝမှု (Mental Wealth)
သင့်ဘဝရည်ရွယ်ချက်ကို ရှာဖွေပြီး
အဆက်မပြတ် ရှင်သန်တိုးတက်မှုကို ဖော်ဆောင်ပါ။
- ရုပ်ပိုင်းဆိုင်ရာကြွယ်ဝမှု (Physical Wealth)
ရိုးရှင်းသော အခြေခံသဘောတရားများဖြင့်
ကျန်းမာရေးနှင့် အသက်ရှည် သန်စွမ်းမှုကို မြှင့်တင်ပါ။
- ဘဏ္ဍာရေးဆိုင်ရာကြွယ်ဝမှု (Financial Wealth)
ငွေကြေးလွတ်လပ်ခွင့်ကို ရရှိပြီး “လုံလောက်ပြီ” ဟူသော ဘဝအဓိပ္ပာယ်ကို ကိုယ်တိုင်သတ်မှတ်နိုင်ပါစေ။
- ဤခရီးကို ယနေ့ပင် သင် စတင်နိုင်ပါသည်။ သင်ထင်ထားသည်ထက် ပိုမိုမြန်ဆန်စွာ သင့်ဘဝကို ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။
စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်
Viber https://invite.viber.com/...
Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။
#တူဒေးစာအုပ်တိုက်
#ချမ်းသာငါးဖြာ
13/08/2026
အနက်ရောင်စီးပွားရေး
မြန်မာပြန်သူ - ကျော်စိုးမင်း
တန်ဖိုး - ၉,၀၀၀ ကျပ်
စာမျက်နှာ - ၁၂၀
"အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရက ဗဟိုဦးစီးစနစ်၊ ဈေးကွက်စီးပွားရေးစနစ်တွေ ကျင့်သုံးတဲ့အခါ နိုင်ငံမှာ အနက်ရောင်စီးပွားရေး အမြစ်တွယ်၊ ရှင်သန်ကြီးထွားလာတဲ့အကြောင်း တင်ပြထားတဲ့စာအုပ် . . ."
- အနက်ရောင် စီးပွားရေးကို အနက်ရောင်ငွေကြေး၊ အပြိုင်စီးပွားရေး၊ တရားမဝင်စီးပွားရေး၊ စာရင်းပျောက်စီးပွားရေး၊ ဥပဒေဆန့်ကျင်တဲ့စီးပွားရေး၊ မြေအောက်စီးပွားရေး စသည်ဖြင့် အမည်နာမပေါင်းများစွာနဲ့ ညွှန်းဆိုထားကြပါတယ်။
- အမည်နာမဘယ်လိုပင်ရှိသည်ဖြစ်စေ အနက်ရောင်စီးပွားရေးဆိုတာ တိုင်းပြည်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ လူမှုရေး အစရှိတဲ့ ကြွယ်ဝချမ်းသာမှုကို နောက်ပြန်ဆွဲနေတဲ့ဖြစ်စဉ်လို့ ဆိုရမှာဖြစ်ပါတယ်။ အနက်ရောင်စီးပွားရေးဟာ တိုင်းပြည်ထဲမှာရှိတဲ့ ဆင်းရဲ ချမ်းသာမရွေး လူတိုင်းအပေါ် အကောင်းအဆိုး သက်ရောက်မှုတွေ ရှိနေတယ်။
- ဒီစာအုပ်ထဲမှာ အိန္ဒိယနိုင်ငံမှာ အနက်ရောင်စီးပွားရေး ဘယ်လိုနဲ့ ဘာကြောင့် ကြီးထွားလာနေသလဲ၊ ကျွန်တော် တို့ရဲ့ အလားအလာရှိနေတဲ့ အောင်မြင်မှုတွေရဖို့အတွက် ဘယ်လိုအရာတွေက နောက်ဆွဲဟန့်နေသလဲ၊ တရားဝင် ငွေကြေးအဖြစ်မှ ရုပ်သိမ်းခြင်းအပါအဝင် အကျင့်ပျက်ခြစားနေတဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားမှ တာဝန်ရှိအစိုးရဝန်ထမ်းတွေ၊ အကျင့်ပျက်ခြစားမှုကို အားပေးတဲ့ စီးပွားရေးသမားတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့အစည်းတစ်ခုရဲ့ တည်ရှိမှုလျော့ပါးပျောက်ကွယ်စေဖို့ လုပ်ဆောင်ချက်တွေဟာဘာကြောင့် ထိရောက်မှုမရှိဖြစ်နေတာလဲ၊ အနက်ရောင်စီးပွားရေးကို အမြစ်ဖြတ်နိုင်ဖို့အတွက် ရေတို၊ ရေလတ်နဲ့ ရေရှည်မှာ ဘယ်လို ပြင်ဆင် ကုစားချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်သလဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။
စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်
Viber https://invite.viber.com/...
Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။
#တူဒေးစာအုပ်တိုက်
#အနက်ရောင်စီးပွားရေး
12/08/2026
စေ့စပ်ညှိနှိုင်းမှု အတတ်ပညာ
မြန်မာပြန်သူ - ကိုနေ (Y.I.E)
တန်ဖိုး - ၂၄,၀၀၀ ကျပ်
စာမျက်နှာ - ၃၂၂
ဒီစာအုပ်က သင့်ကို ကြောက်ရွံ့နေတဲ့အချိန်၊
ဒါမှမဟုတ် အချိန်မရှိဘူးလို့ ထင်ရတဲ့အချိန်မျိုးတွေမှာတောင် အလုပ်စဖြစ်ဖို့ ကူညီပေးလိမ့်မယ်လို့ ကျွန်တော် တကယ်ပဲ မျှော်လင့်ပါတယ်။
- ကိုယ့်ဖန်တီးမှုကို လုပ်ဖို့ထက် တခြားအလုပ်တွေကို အမြဲတမ်း လုပ်နေမိမှာပါ။ ကိုယ့်အရည်အချင်းတွေကို အပြင်လောကမှာ ထုတ်ဖော်ပြသနိုင်ဖို့ သတ္တိမွေးရမှာဖြစ်သလို ကိုယ့်ရဲ့ ဖန်တီးမှုတွေကို ရင်ထဲမှာပဲ ပိတ်လှောင်ထားစေမယ့် အဟန့်အတားတွေကိုလည်း တွန်းလှန်ရပါလိမ့်မယ်။
- နှစ်ပေါင်းများစွာအတွင်း ကျွန်တော် လေ့လာမှတ်သားခဲ့သမျှ အားလုံးကို အခုလို မျှဝေပေးခဲ့ပြီးပြီမို့ လိုက်နာဖို့ ခက်ခဲတယ်လို့ ထင်ရတဲ့ အကြံကောင်းတွေ ရလာတဲ့အခါ “ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဘယ်လိုလုပ်ရမှာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေတော့မှာ မဟုတ်ပါဘူး။
- ဒါတွေဟာ တကယ်ကောင်းတဲ့ အကြံဉာဏ်တွေပါ။ အခုဆိုရင် သင် လက်တွေ့လုပ်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒါဖြင့်ရင် ဘာကို စောင့်နေဦးမှာလဲ။ အခုပဲ စတင်လိုက်ပါ။
“အောင်မြင်တဲ့ညှိနှိုင်းမှုဆိုတာ ကိုယ်တောင်းဆိုတာအားလုံးကို ရအောင်လုပ်ဖို့ဖြစ်ပြီးတော့ ဘယ်အရာမှပြန်ပေးစရာမလိုဘဲနဲ့ တောင်းဆိုနိုင်ဖို့လိုပါတယ်”
- ထိရောက်တဲ့ ညှိနှိုင်းတောင်းဆိုမှုတွေက လူတွေကို ထက်မြက်လာစေပြီး ဘဝရဲ့အချိုးအကွေ့တိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ အားသာချက်တွေကိုလည်း ပေးပါတယ်။ အဲဒီအားသာချက်တွေကတော့ လူတစ်ယောက်ကို ဘယ်လိုအကဲဖြတ်မလဲ၊ ကိုယ့်အပေါ်အကဲဖြတ်တာတွေကို ဘယ်လိုပြောင်းလဲစေနိုင်မလဲနဲ့ အဲဒီအသိဉာဏ်တွေကို သုံးပြီးတော့ ကိုယ်လိုချင်တာတွေကို ဘယ်လိုရယူနိုင်မလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။
- ညှိနှိုင်းမှုတွေကို နေ့စဉ်လုပ်ဆောင်နိုင်ဖို့အတွက် ဆန်းကြယ်လှတဲ့ ပထမဆုံးအဆင့်တစ်ခုအနေနဲ့ကတော့ ညှိနှိုင်းမှုကိုမနှစ်သက်တဲ့ ကိုယ့်ရဲ့ စိတ်ကို ကျော်လွှားဖို့ ဖြစ်ပါတယ်။ ညှိနှိုင်းမှုကို ကြိုက်နှစ်သက်ဖို့ မလိုပါဘူး။ လောကကြီးက ဘယ်လိုလည်ပတ်နေတယ်ဆိုတာကို သိဖို့ပဲလိုပါတယ် ။
- ညှိနှိုင်းမှုဆိုတာ တစ်စုံတစ်ယောက်ကို ခြိမ်းခြောက်တာမျိုး မဟုတ်သလို နင်းခြေပစ်တာမျိုးလည်း မဟုတ်ပါဘူး ။ လူအဖွဲ့အစည်းကို ထူထောင်ထားတဲ့ စိတ်ခံစားမှုကို ဦးစားပေးတဲ့ကစားပွဲတစ်ခုကို ကစားခြင်းမျိုးလို့ ရိုးရိုးလေး မြင်နိုင်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ကိုယ်လိုချင်တာကို နည်းမှန်လမ်းမှန်နဲ့ တောင်းဆိုတတ်ဖို့ပဲ လိုပါတယ်။ ဒါကြောင့်မို့ ကိုယ်ထင်တဲ့အတိုင်း မှန်တယ်လို့ ပြောနိုင်ဖို့အတွက် ကိုယ့်ရဲ့ ဩဇာကို တည်ဆောက်ရယူနိုင်ဖို့ လိုပါတယ်။
- အောင်မြင်တဲ့ညှိနှိုင်းရေးသမားဆိုတာ ကိုယ်တောင်းဆိုတာ အားလုံးကို ရအောင်လုပ်ဖို့ဖြစ်ပြီးတော့ ဘယ်အရာမှပြန်ပေးစရာမလိုဘဲနဲ့ တောင်းဆိုနိုင်ဖို့လိုပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာလည်း ကိုယ်နဲ့ ပြိုင်ဘက်တွေရဲ့ ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေး ထားနိုင်ဖို့ လိုပါသေးတယ် ။
- အဲဒီလိုတွေ လုပ်နိုင်ဖို့ သုံးရမယ့် နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ လေ့လာသွားနိုင်ပါလိ့မ်မယ်။ ဒီစာအုပ်ရဲ့ အနှစ်သာရအရတော့ ညှိနှိုင်းမှုကို လက်ခံထားနိုင်ဖို့ နဲ့ လေ့လာသင်ယူတဲ့အခါမှာလည်း စိတ်ပညာ ပိုင်းတွေကို သတိထားဆောင်ရွက်ရမယ့် နည်းလမ်းတွေနဲ့ ကိုယ်လိုချင်တာကို ရအောင်တောင်းဆိုနိုင်ဖို့ ဖြစ်ပါတယ် ။
ဒီစာအုပ်ထဲမှာ FBI မှာ လုပ်ကိုင်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကာလအတွင်း ရလာခဲ့တဲ့ သဘောတရားတွေနဲ့ လက်တွေ့လုပ်ကိုင်မှုတွေကရလာတဲ့ နည်းလမ်းအသစ်တွေကို စိတ်လှုပ်ရှားဖွယ်ရာ ဖတ်ရှုရမှာပါ။ အဲဒီနည်းလမ်းအသစ်ကနေ လေ့လာသူတွေကို ကိုယ့်ရဲ့ ပြိုင်ဘက်တွေကို ဘယ်လိုမျိုးအန္တရာယ်မပေးနိုင်အောင်လုပ်မလဲ၊ သူတို့ရဲ့ ဦးတည်ရာကိုဘယ်လို ပြောင်းလဲပစ်မလဲ ဆိုတာနဲ့ ပြိုင်ဘက်ကို ဖြိုခွင်းဖို့အတွက် သုံးနိုင်မယ့် ညှိနှိုင်းမှုပညာတွေကို မြင်ရနိုင်ပါတယ် ။
- ဒီစာအုပ်မှာ မရေတွက်နိုင်တဲ့ ဓားစာခံတွေကိုလွှတ်ပေးနိုင်တဲ့ ညှိနှိုင်းမှုဇာတ်လမ်းတွေ၊ အလုပ်၊ ငွေကြေး၊ စီးပွားရေးနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းမှုသင်ခန်းစာတွေကို လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။ ညှိနှိုင်းမှုစကား၀ိုင်းတွေမှာ သင်လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဒီစာအုပ်ကနေ လေ့လာသင်ယူလိုက်ပါ။
စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်
Viber https://invite.viber.com/...
Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။
#တူဒေးစာအုပ်တိုက်
#စေ့စပ်ညှိနှိုင်းမှုအတတ်ပညာ
11/08/2026
ပညာသင်ယူတယ်ဆိုတာ
အချက်အလက်တွေအများကြီးကို
သင်ယူကျက်မှတ်ရတာကို မဆိုလိုဘူး။
စဥ်းစားတွေးခေါ်တတ်တဲ့ဉာဏ်ကို
လေ့ကျင့်ပေးတာကို ဆိုလိုတာ။
"မာယာကစားပွဲ" စာအုပ်မှ ကောက်နုတ်ချက်
#တူဒေးစာအုပ်တိုက်
10/08/2026
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ အရောင်းရဆုံး စာအုပ် ၁၀ အုပ်
-----------------------------------------------------
- TODAY Book Store ရဲ့ ၂၀၂၆ ခုနှစ်၊
ဇူလိုင်လအတွင်း အရောင်းရဆုံးစာအုပ် (အမှာ အများဆုံးစာအုပ်) တွေကို ဖော်ပြလိုက်ပါတယ်။
၁။ လူမှုဗေဒပညာ
(လူ့အဖွဲ့အစည်းတွေထဲက လူတွေအကြောင်း)
ဒေါက်တာမြင့်လွင် (စိတ်ပညာ)
တန်ဖိုး - ၄၀,၀၀၀ ကျပ်
၂။ Chat GPT - Next Level User များအတွက်
သိရန်နှင့် သုံးရန်
ဖြိုးမင်းသန့်
တန်ဖိုး - ၃၅,၀၀၀ ကျပ်
၃။ ဒစ်ဂျစ်တယ်စီးပွားရေး ပုံစံသစ်
K Thant
တန်ဖိုး - ၁၈,၀၀၀ ကျပ်
၄။ ငါ့ကိုယ်ငါပြောင်းလဲခြင်း
အံ့ဘုန်းခန့်ကျော်
တန်ဖိုး - ၂၂,၀၀၀ ကျပ်
၅။ သင့်ကလေး လူကောင်း လူတော်ဖြစ်အောင်
ပုံဖော်နည်း
ဒေါက်တာကျော်စိန်
တန်ဖိုး - ၁၂,၀၀၀ ကျပ်
၆။ အင်ဒို-ပစိဖိတ်ဒေသ တရုတ်အမေရိကန်
မဟာဗျူဟာ အခင်းအကျင်း
အလင်းဆက် (IR)
တန်ဖိုး - ၁၂,၀၀၀ ကျပ်
၇။ AI အသုံးချငွေရှာနည်း
Aung Khit
တန်ဖိုး - ၁၇,၅၀၀ ကျပ်
၈။ အသေးအမွှားအလေ့အထမှသည်
အောင်မြင်မှုများဆီသို့
အောင်လှိုင်
တန်ဖိုး - ၁၄,၀၀၀ ကျပ်
၉။ စိတ်ပညာနိဒါန်း (အတွဲ ၁ + အတွဲ ၂)
ဒေါက်တာမြင့်လွင် (စိတ်ပညာ)
တန်ဖိုး - ၄၀,၀၀၀ ကျပ်
၁၀။ Unlimited
Min Hla (SPM) ၊ Mon Halsey
တန်ဖိုး - ၁၇,၀၀၀ ကျပ်
စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်
Viber https://invite.viber.com/...
Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။
#တူဒေးစာအုပ်တိုက်
10/08/2026
Mental Detox
(စိတ်ကို အဆိပ်ထုတ်ခြင်း)
စာရေးသူ - မွန်ဟော်စီ (Mon Halsey)
တန်ဖိုး - ၁၂,၀၀၀ ကျပ်
စာမျက်နှာ - ၁၄၃
- ကိုယ်ခန္ဓာအတွင်းရှိ မကောင်းသော၊ အန္တရာယ်ပေးနိုင်သောအရာများကို စင်ကြယ်ရှင်းလင်းသွားအောင် ဖယ်ထုတ်ဆေးကြောပစ်ခြင်းကို အဆိပ်ထုတ်ခြင်း (Detox) ဟု ခေါ်ဝေါ်ကြသည်။
- လူတွေက ရုပ်ခန္ဓာအဆိပ်ထုတ်ခြင်းကို အာရုံပိုစိုက်နေကြသည့် သဘောရှိသည်။ ထို့ကြောင့် လူတွေမေ့မေ့လျော့လျော့ဖြစ်နေသည့် ညစ်ထေးနေသောစိတ်ကို အဆိပ်ထုတ်ဖို့လိုအပ်ကြောင်း စာရေးသူက ဖော်ညွှန်းအသိပေးထားသည်။
"တကယ်တော့ ကိုယ်ခန္ဓာပေါ့ပါးဖို့ထက် စိတ်ပေါ့ပါးဖို့က ပိုအရေးကြီးတယ်။ ရုပ်ကောင်းဖို့ထက် စိတ်ကောင်းဖို့က အရေးကြီးတယ်။ ရုပ်ကိုပြင်ဖို့ထက် စိတ်ကိုပြင်ဖို့ အရေးကြီးတယ်။ ရုပ်ကိုအဆိပ်ထုတ်ဖို့ထက် စိတ်ကိုအဆိပ်ထုတ်ဖို့က ပိုအရေးကြီးတယ်။ အတွေးတွေဟာ ဦးနှောက်အတွက် အစာအာဟာရတွေပဲ ဖြစ်ပါတယ်" ဟု ဆိုထားသော ယခုစာအုပ်ကို ဖတ်ကြည့်စေချင်ပါသည်။
စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်
Viber https://invite.viber.com/...
Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။
#တူဒေးစာအုပ်တိုက်
09/08/2026
Air Asia နှင့် တိုနီဖာနန်ဒက်စ်
မြန်မာပြန်သူ - စိုးသိဏ်း
တန်ဖိုး - ၁၈,၀၀၀ ကျပ်
စာမျက်နှာ - ၃၅၂
"နှိမ့်ချတတ်ပါ . . . ပြီးတော့ သင်ဘယ်နေရာက စတင်ခဲ့သလဲ ဘယ်တော့မှ မမေ့ပါနဲ့"
"အနာဂတ်ကို ခန့်မှန်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သင်ကိုယ်တိုင် ဖန်တီးလိုက်တာပါပဲ"
"အိပ်မက် ကြီးကြီးထား . . . ပြီးရင် အဲဒီထက်ကြီးတာကို ဆက် အိပ်မက်ပါ"
- လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုကို အခြားအခြားသောလူတွေ အလေးဂရုပြုရပြီဆိုရင် အဆိုပါပုဂ္ဂိုလ်ရဲ့ ဘဝရပ်တည်မှုပုံစံ၊ လုပ်ငန်းလုပ်ကိုင်ပုံနဲ့ အတွေးအခေါ်အယူအဆတွေက ထူးခြားနေပြီလို့ ဆိုရပါမယ်။
- အဲဒီထူးခြားနေတဲ့ပုဂ္ဂိုလ်ဟာ ငယ်ငယ်ကပဲ အိပ်မက်ကြီးကြီး မက်ခဲ့တယ်။ သူဟာ ပိုင်းလော့
တစ်ဦး ဖြစ်ချင်ခဲ့တယ်၊ သူဟာ ဘောလုံးသမားတစ်ဦး ဖြစ်ချင်ခဲ့တယ်၊ သူဟာ ပြိုင်ကားမောင်းသမားတစ်ဦး ဖြစ်ချင်ခဲ့တယ်။
- "အိပ်မက်ကြီးကြီးထား၊ ပြီးရင် အဲဒါထက်ကြီးတာကို ဆက်အိပ်မက်ပါ" လို့ ဆိုတဲ့အတိုင်း သူဖြစ်ချင်တာတွေ ဖြစ်ခွင့်မရခဲ့ပေမယ့် အာရှရဲ့ ပထမဆုံး စရိတ်သက်သာတဲ့ လေကြောင်းလိုင်း Air Asia ကို တည်ထောင်ပြီး ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ကုမ္ပဏီဖြစ်အောင် ဆောင်ရွက်ခဲ့တယ်၊ ၁၅ နှစ်ကြာ တိမ်မြုပ်နေတဲ့ QPR ဘောလုံးအသင်းကိုဝယ်ယူပြီး အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ ဘောလုံးအသင်းတစ်သင်းဖြစ်အောင် ပုံဖော်ခဲ့တယ်၊ ဖော်မြူလာ ဝမ်း ပြိုင်ကားအသင်းတစ်သင်းကိုလည်း ပိုင်ဆိုင်ခဲ့တယ်။
- ၂၀၂၀ ပြည့်နှစ် Forbes ရဲ့စာရင်းအရ သူ့ရဲ့
Net Worth က အမေရိကန်ဒေါ်လာ ၃၃၅ သန်းရှိပါတယ်။
- သူ့မျှော်မှန်းချက်၊ သူ့အိပ်မက်ထက် ပိုကြီးမားတဲ့ ပန်းတိုင်ထိ အရောက်သွားခဲ့တဲ့ အဲဒီပုဂ္ဂိုလ်အမည်က "တိုနီဖာနန်ဒက်စ်" တဲ့။ ဒီစာအုပ်မှာ သာမန်လူတစ်ဦးဘဝကနေ ထူးချွန်ထက်မြက်တဲ့ စီးပွားရေး ဦးသျှောင်တစ်ဦး ဖြစ်လာပုံကို သူကိုယ်တိုင်ပြောပြထားတဲ့ စိတ်ဝင်စားဖွယ်ကြောင်းခြင်းရာတွေနဲ့ သူ့အတွေး သူ့ အမြင် သူ့စိတ်ဓာတ်၊ သူ့ဆုံးဖြတ်ချက်၊ သူ့အားထုတ်မှုတွေကို ဖတ်ရှုမှတ်သားရမှာဖြစ်ပါတယ်။
စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်
Viber https://invite.viber.com/...
Telegram Channel https://t.me/TODAYBOOKSTORE
တို့ကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။
#တူဒေးစာအုပ်တိုက်
ှင့်တိုနီဖာနန်ဒက်စ်
08/08/2026
လူအများ စီးပွားရေးအရမအောင်မြင်ခြင်းမှာ
ချမ်းသာခြင်းကြောင့် ခံစားရမည့်ပီတိထက်
ငွေဆုံးရှုံးသွားသည့်အတွက် ခံစားရမည့်
နာကြည်းမှဝေဒနာကို
ပိုပြီး ကြောက်နေသောကြောင့်ပင်။
"ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်းချမ်းသာနည်း" စာအုပ်မှ ကောက်နုတ်ချက်
#တူဒေးစာအုပ်တိုက်
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
အမှတ် (H) ၊ ကန်ရိပ်မွန်အိမ်ရာ၊ လှိုင်မြင်းမိုရ်ကန်လမ်း၊ လှိုင်မြို့နယ်
Yangon
11051
Opening Hours
| Monday | 10:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |