Midas Touch Learning Center

Midas Touch Learning Center

Share

🇪🇸Aprende español y Habla con confianza 😎

20/09/2026

🇺🇳UN (ကုလသမဂ္ဂ) မှာ အလုပ်လုပ်ချင်ရင် မဖြစ်မနေ သိထားသင့်တဲ့ အချက်

နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ 🇺🇳UN မှာ အလုပ်လုပ်ဖို့ ရည်မှန်းထားတဲ့ လူငယ်တွေအတွက် ဒီနေ့ တီချယ်က အရမ်းအသုံးဝင်မယ့် Fact တစ်ခုကို မျှဝေပေးချင်ပါတယ်။✨

✋ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နိုင်ငံတကာ အလုပ်အကိုင်ဈေးကွက်မှာ ကိုယ့်အတွက် အခွင့်အလမ်း ပိုများစေဖို့ ဘာသာစကားတစ်ခု ထပ်တတ်ထားဖို့ လိုအပ်ပါတယ်။ အဲ့ဒီအထဲမှာ "စပိန်ဘာသာစကား" က ထိပ်ဆုံးက ပါဝင်နေပါတယ်။🇪🇸

ဘာကြောင့် စပိန်စာက အရေးပါတာလဲဆိုတဲ့ Data Facts တွေကတော့ ❓

• 🇺🇳UN ရဲ့ Official Language (၆) ခုထဲမှာ ပါဝင်ခြင်း 🇺🇳UN မှာ တရားဝင် ရုံးသုံးဘာသာစကား ၆ မျိုးပဲ ရှိပြီး စပိန်စာဟာ အဲ့ဒီအထဲက တစ်ခုဖြစ်ပါတယ်။ UN Agency တွေမှာ အလုပ်လျှောက်တဲ့အခါ အင်္ဂလိပ်စာအပြင် နောက်ထပ် UN ရုံးသုံးဘာသာစကားတစ်ခုပါ တတ်မြောက်ထားရင် ရွေးချယ်ခံရဖို့ ရာခိုင်နှုန်း အများကြီး ပိုများသွားပါတယ်။💯

• 💥နိုင်ငံပေါင်း (၂၁) နိုင်ငံမှာ ရုံးသုံးဘာသာစကားအဖြစ် သုံးနေပြီး မိခင်ဘာသာစကားအနေနဲ့ ပြောဆိုသူ သန်း (၅၀၀) နီးပါး ရှိပါတယ်။ နိုင်ငံတကာ Project တွေနဲ့ Field Work တွေမှာ ဆက်သွယ်ပြောဆိုဖို့အတွက် အလွန်အသုံးဝင်ပါတယ်။

• 💥NGO/INGO အလုပ်အကိုင် အခွင့်အလမ်း ပိုများခြင်း လက်တင်အမေရိက၊ ဥရောပနဲ့ အမေရိကန် အခြေစိုက် အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ဖို့ဆိုရင် Spanish Language Skill က တောင်းဆိုမှုအများဆုံး (Highly Demanded) အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ အသက် (၁၆) နှစ်ကနေ (၃၀) အတွင်း ကိုယ့်ရဲ့ Career ကို နိုင်ငံတကာအဆင့် တည်ဆောက်ချင်သူတွေအတွက် မဖြစ်မနေ လေ့လာသင့်ပါတယ်။💯

ကိုယ့်ရဲ့ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းတွေကို ပိုမိုပွင့်လန်းစေမယ့် စပိန်စာကို အခုကတည်းက စနစ်တကျ စတင်လေ့လာလိုက်ပါ။👋🏻

နိုင်ငံတကာအဆင့်မီ စပိန်စာကို အခြေခံကစပြီး ကျွမ်းကျင်အောင် လေ့လာချင်ရင် Midas Touch က စောင့်ကြိုနေပါတယ်။ အတန်းချိန်နဲ့ သင်တန်းကြေး အသေးစိတ်ကို Page Messenger မှာ အခုပဲ လာရောက်စုံစမ်းနိုင်ပါပြီရှင်။😊❤️

19/09/2026

ဘဝကြီးက ရှင်သန်ရတာ ပျင်းစရာကြီး
Meanwhile: ဆရာမက Gen Z ဖြစ်နေတဲ့အခါ🥲

Photos from Midas Touch Learning Center's post 18/09/2026

🇲🇾Malaysia နိုင်ငံ Penang မြို့မှာ ပြုလုပ်တဲ့ CELEAP - 2026 ရဲ့ ပထမဦးဆုံး Welcome Cocktail ပါတီကို တက်ရောက်ဖြစ်ခဲ့ပါတယ်

🇪🇸Spanish-Asian Community ထဲကို မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးတက်ရောက်တဲ့ participant အနေနဲ့ တက်ရောက်တဲ့သူဖြစ်တယ်လို့ကြားသိရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ် ✨

17/09/2026

¿🇪🇸စပိန်စာမှာ ဘာလို့ အမေးအမှတ်နဲ့ အာမေဋိတ်တွေကို ပြောင်းပြန်လှန် (¿ ¡) ရေးကြတာလဲ?

ဒီနေ့တော့ တီချယ်က 🇪🇸စပိန်စာစတင်လေ့လာသူတိုင်း အမြဲသတိထားမိပြီး သိချင်ကြတဲ့ အချက်လေးတစ်ခုကို Fact ကျကျ ရှင်းပြပေးချင်ပါတယ်။✋

💥အဓိက အကြောင်းရင်းကတော့ စာဖတ်တဲ့သူ ဝါကျအစကတည်းက ဒါဟာ "မေးခွန်း" လား၊ "အံ့သြ၊ စိတ်လှုပ်ရှားရမယ့် အာမေဋိတ်" လား ဆိုတာကို ကြိုသိပြီး အသံနေအသံထား မှန်မှန်ကန်ကန် ဖတ်နိုင်အောင် Inverted Punctuation Mark (¿ နဲ့ ¡) တွေကို ထည့်သုံးရတာပါ။💯

ဒီသင်္ကေတတွေရဲ့ နောက်ကွယ်က သမိုင်းကြောင်းနဲ့ အချက်အလက်တွေကတော့ -

‼️၁၇၅၄ ခုနှစ်က စတင်ခဲ့ခြင်း: စပိန်ဘာသာစကားရဲ့ စည်းမျဉ်းတွေကို သတ်မှတ်ပေးတဲ့ Royal Spanish Academy (RAE) ကနေ ဝါကျအရှည်တွေ ဖတ်တဲ့အခါ အသံနေအသံထား မှားယွင်းမှု မရှိစေဖို့ ဒီအမှတ်အသားတွေကို စတင်သုံးစွဲဖို့ တရားဝင် ပြဋ္ဌာန်းခဲ့ပါတယ်။

‼️အသံနေအသံထားအတွက် ကြိုတင်အချက်ပြခြင်း: အင်္ဂလိပ်စာမှာ မေးခွန်းလုပ်ရင် Do, Does စတာတွေ အရှေ့ထုတ်ရပေမယ့် စပိန်စာမှာ ရိုးရိုးပြောတဲ့ဝါကျနဲ့ မေးခွန်းဝါကျက ရေးသားပုံ (Grammar Structure) တူနေတတ်ပါတယ်။

ဒါကြောင့် အစကတည်းက ¿ ကို မြင်တာနဲ့ မေးခွန်းသံနဲ့ ဖတ်ရမယ်ဆိုတာကို ဖတ်တဲ့သူက ချက်ချင်း သိသွားစေပါတယ်။😁😊

‼️စပိန်စာရဲ့ သီးသန့်လက္ခဏာ: ကမ္ဘာပေါ်က တခြားဘယ်ဘာသာစကားမှာမှ ဒီလိုစနစ်မျိုး မရှိဘဲ စပိန်ဘာသာစကားရဲ့ သီးသန့်ဖြစ်တည်မှု သင်္ကေတတစ်ခုအဖြစ် ထင်ရှားပါတယ်။✨

ဒီလို ထူးခြားပြီး 🇪🇸စိတ်ဝင်စားစရာကောင်းတဲ့ စပိန်စာကို အခြေခံကစပြီး အပျင်းမပြေဘဲ စနစ်တကျ သင်ယူချင်တယ်ဆိုရင်တော့ Midas Touch က စောင့်ကြိုနေပါတယ်။ သင်တန်းကြေးနဲ့ အတန်းချိန် အသေးစိတ်ကို Page Messenger မှာ အခုပဲ လာရောက်စုံစမ်းနိုင်ပါပြီ။👋🏻

16/09/2026

‼️သင်တန်းပိတ်ရက်ကြေညာခြင်း‼️
Sep (16) ရက်နေ့မှစတင်ပြီး Sep (27) ရက်နေ့အထိ အတန်းများအားလုံး ခေတ္တာခဏ ပိတ်ထားပါမည်။ ✨

တီချယ်အလုပ်ကိစ္စဖြင့် ခရီးသွားရမည် ဖြစ်တာမလို့ ဒီရက်ထဲကို ကျောင်းသားတွေကို ခဏအနားပေးမှာပါ ပြန်လာရင် စာမေးပါမယ်ရှင်😁

15/09/2026

🇺🇸အမေရိကန် အနောက်ပိုင်း (Wild West) နောက်ခံနဲ့ ရိုက်ကူးထားတဲ့ နာမည်ကြီး Hollywood ဇာတ်ကားအများစုဟာ တကယ်တော့ အမေရိကမှာ ရိုက်ခဲ့တာ မဟုတ်ပါဘူး။ 🎬🌵

💥ကမ္ဘာကျော် ကောင်းဘွိုင်ဇာတ်ကားတွေ (Western Movies) မှာ ကျွန်မတို့ မြင်တွေ့ရလေ့ရှိတဲ့ ကျယ်ပြောလှတဲ့ သဲကန္တာရ ရှုခင်းတွေဟာ အမေရိကန်ပြည်ထောင်စုက မဟုတ်ဘဲ စပိန်နိုင်ငံက Tabernas (တာဘာနက်စ်) သဲကန္တာရ မှာ အများဆုံး ရိုက်ကူးထားတာ ဖြစ်ပါတယ်။🌵🏜️

💥Tabernas Desert ဟာ ဥရောပတိုက်ရဲ့ တစ်ခုတည်းသော သဲကန္တာရဖြစ်ပါတယ်။ သူ့ရဲ့ ပထဝီဝင် အနေအထားဟာ အမေရိကန် အနောက်ပိုင်းက ရှုခင်းတွေနဲ့ လုံးဝနီးပါး တူညီနေတဲ့အတွက် နာမည်ကြီး Hollywood ဒါရိုက်တာတွေက ဒီနေရာကို အထူးရွေးချယ်ပြီး လာရောက်ရိုက်ကူးခဲ့ကြတာပါ။ (နာမည်ကြီး The Good, the Bad and the Ugly လို ဇာတ်ကားမျိုးတွေပါ ပါဝင်ပါတယ်။)😳

🇪🇸စပိန်နိုင်ငံဆိုတာ လှပတဲ့ 🏖️ကမ်းခြေတွေ၊ ခမ်းနားတဲ့ သမိုင်းဝင် 🏰အဆောက်အအုံတွေသာမက ဥရောပရဲ့ တစ်ခုတည်းသော သဲကန္တာရကိုပါ ပိုင်ဆိုင်ထားတဲ့ စိတ်ဝင်စားစရာ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

💥ဒီလို ကွဲပြားစုံလင်တဲ့ ပထဝီဝင်အနေအထားတွေအပြင် ကြွယ်ဝတဲ့ ယဉ်ကျေးမှုတွေကိုပါ ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာခံစားနိုင်ဖို့ဆိုရင် သူတို့ရဲ့ မိခင်ဘာသာစကားကို သိထားတာက အကောင်းဆုံး တံခါးပေါက်တစ်ခုပါပဲ။✨

အခုလို စိတ်ဝင်စားစရာကောင်းတဲ့ စပိန်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေနဲ့ ဘာသာစကားကို အခြေခံကစပြီး သေချာလေ့လာချင်တယ်ဆိုရင်တော့... တီချယ်တို့ Midas Touch ရဲ့ စပိန်စာ အခြေခံအတန်းမှာ လာရောက် Join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။👋🏻

14/09/2026

🌎ကမ္ဘာပေါ်က ဘယ်ဘာသာစကားနဲ့မှ အဆက်အသွယ်မရှိတဲ့ အထီးကျန်ဘာသာစကား တစ်ခုအကြောင်း ကြားဖူးကြလား❓

ဒီနေ့တော့ တီချယ်က 🇪🇸စပိန်နိုင်ငံထဲမှာ ပြောဆိုကြပေမယ့် စပိန်စာ (Spanish) နဲ့ လုံးဝမတူသလို၊ ကမ္ဘာပေါ်က ဘယ်ဘာသာစကား မိသားစုနဲ့မှလည်း ဆွေမျိုးမစပ်တဲ့ ထူးခြားတဲ့ ဘာသာစကားတစ်ခုအကြောင်း Fact လေးတွေ ဝေမျှပေးချင်ပါတယ်။👋🏻

🇪🇸စပိန်မြောက်ပိုင်း ဒေသမှာ ပြောဆိုကြတဲ့ Basque (Euskera) ဘာသာစကားဟာ ဥရောပမှာသာမက ကမ္ဘာပေါ်မှာပါ အဆန်းကြယ်ဆုံး အထီးကျန် ဘာသာစကားတစ်ခု ဖြစ်ပါတယ်။

‼️ဒီဘာသာစကားရဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကတော့ -
ဘာသာစကား ဆွေမျိုးမရှိခြင်း: အင်္ဂလိပ်၊ ပြင်သစ်၊ စပိန် စတဲ့ ဥရောပဘာသာစကား အများစုဟာ အင်ဒို-ဥရောပ ဘာသာစကား မိသားစုကနေ ဆင်းသက်လာတာပါ။

‼️ဒါပေမယ့် Basque ကတော့ အဲ့ဒီအုပ်စုထဲ မပါဝင်ဘဲ သူ့ချည်းသက်သက် လုံးဝ သီးသန့်ကွဲထွက်နေပါတယ်။😳

💥ရှေးအကျဆုံးဖြစ်တည်မှု: လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ရောမအင်ပါယာကြီး ကျူးကျော်ဝင်ရောက်လာချိန်နဲ့ လက်တင်ဘာသာစကားတွေ လွှမ်းမိုးလာချိန်မှာ တခြားဒေသခံ ဘာသာစကားတွေ ပျောက်ကွယ်သွားခဲ့ပါတယ်။

‼️ဒါပေမယ့် Basque ကတော့ မပျောက်ပျက်ဘဲ အံ့သြစရာကောင်းလောက်အောင် ကြံ့ကြံ့ခံ ကျန်ရစ်ခဲ့ပါတယ်။

💥ပဟေဠိဆန်ခြင်း: သမိုင်းပညာရှင်တွေနဲ့ ဘာသာစကား ပညာရှင်တွေက ဒီဘာသာစကား ဘယ်ကနေ စတင်ဆင်းသက်လာသလဲ၊ ဘယ်သူတွေ စတင်သုံးစွဲခဲ့သလဲ ဆိုတာကို ဒီနေ့အချိန်အထိ တိတိကျကျ အဓိပ္ပါယ်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

🇪🇸စပိန်နိုင်ငံဆိုတာ စပိန်စာ တစ်ခုတည်း ပြောတဲ့ နိုင်ငံမဟုတ်ဘဲ ဒီလို ရှေးကျပြီး ပဟေဠိဆန်တဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေ စုဝေးနေတဲ့ စိတ်ဝင်စားစရာ နိုင်ငံတစ်ခုဆိုတာကို ကျောင်းသားတို့ သိစေချင်လို့ပါ။😊🙏

ဒီလို စွဲမက်ဖွယ်ကောင်းတဲ့ နိုင်ငံရဲ့ အဓိက ရုံးသုံးဘာသာစကားဖြစ်တဲ့ 🇪🇸စပိန်စာ (Spanish) ကို အခြေခံကစပြီး သေချာနားလည်တဲ့အထိ လေ့လာချင်တယ်ဆိုရင်တော့ တီချယ်တို့ Midas Touch မှာအသစ်ဖွင့်မယ့် အတန်းချိန်တွေနဲ့ အသေးစိတ်ကို Page Messenger မှာ အခုပဲ လာရောက်စုံစမ်းနိုင်ပါပြီ။✨💯

Photos from Midas Touch Learning Center's post 12/09/2026

🇪🇸A2 အတန်းကို ပထမဦးဆုံး Email ရေးနည်းစသင်တဲ့ နေ့ ✨

ပထမဦးဆုံးဆိုပေမဲ့ တော်တော်လေးကောင်းအောင် ကြိုးစားခဲ့ကြပါတယ်💯❤️
(တချို့ကျောင်းသားတွေဟာကို မရိုက်ဖြစ်လိုက်ပေမဲ့ အရမ်းကောင်းတဲ့ အရေးအသားတွေကို ထပ်ပြီး edit နဲ့တင်ပါမယ်)😁

ပထမဦးဆုံးရေးတာမလို့ အမှားပါရင်တောင် Appreciate ပဲလုပ်ကြပါ (ဘယ်သူမှ ပထမပိုင်းမှာ အမြဲမှန်ရမယိလို့ မရှိပါဘူး) ‼️

10/09/2026

August လမှာစတင်ခဲ့တဲ့ 🇪🇸စပိန်ဘာသာစကားအခြေခံအတန်းပဲဖြစ်ပါတယ်✨

စပိန်ဘာသာစကားကို အခြေခံကနေစပြီး သေချာတတ်မြောက်ချင်သူများအတွက် September လအတွက် အတန်းသစ်ဖွင့်လှစ်ထားပြီးပါပြီ✅

https://www.facebook.com/share/p/1AaxXAXTve/?mibextid=wwXIfr

#စပိန်ဘာသာစကား

Photos from Midas Touch Learning Center's post 09/09/2026

ခရီးသွားရင် 🇪🇸စပိန်လိုသုံးလို့ရမည့် စကားအတိုအထွာများ

Category

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Midas Touch Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.