Digital Base

Digital Base

Share

We Design, Develop, Deliver delightful digital products & experiences

လုပ်ငန်းများ နည်းပညာကိုအသုံးပြုပြီး ပိုမိုလွယ်ကူချောမွေ့စေရန် နဲ့ ပိုမိုတိုးတက်စေရန်မှာ Digital Base ရဲ့ Mission ဖြစ်ပါတယ်။

08/09/2026

"သင့်စိတ်ကူးတွေကို လှပတဲ့ ဒီဇိုင်းတွေ အဖြစ် အလွယ်တကူ ပုံဖော်ပေးမယ့် Canva"

🎨 လူတိုင်းမှာ လှပတဲ့ စိတ်ကူးနဲ့ Concept တွေ အမြဲရှိကြပါတယ်။ မိမိတို့ ကိုယ်တိုင်က ဒီဇိုင်းနာတစ်ယောက်မဟုတ်လို့ ၊ ကိုယ့်မှာရှိတဲ့ စိတ်ကူးတွေကို ရုပ်လုံးပေါ်အောင် ဒီဇိုင်းတွေအဖြစ်သို့ပြောင်းလဲဖို့အတွက် Professional Design Software တွေဖြစ်တဲ့ "Adobe Software" လို တွေ မသုံးတတ်လို့ ၊ မကျွမ်းကျင်လို့ စတဲ့ အခက်အခဲတွေနဲ့ ကြုံဖူးကြမှာပါ။

💡 အခုလို ဒီဂျစ်တယ်နှင့် AI တိုးတက်လာတဲ့ခေတ်မှာ အသေးစားလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Content Creator အများစု မိမိတို့သက်ဆိုင်ရာ လုပ်ငန်းများအတွက် Creative ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ Designs တွေကို ရေးဆွဲဖန်တီးဖို့ရာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့ပါပြီ။ Photoshop သို့မဟုတ် Illustrator စတဲ့ အဆင့်မြင့် Design Software တွေကို သီးသန့် အချိန်ယူ မသင်ယူထားမိသော်လည်း မိမိရဲ့ စိတ်ကူးတွေကို စက္ကန့်ပိုင်းအတွင်း လှပသပ်ရပ်တဲ့ Graphic Designs တွေအဖြစ် အချိန်တိုအတွင်း အလွယ်တကူ ပုံဖော်ရေးဆွဲဖန်တီးပေးနိုင်ဖို့ ကူညီပေးမယ့် Software ကတော့ Canva ပဲ ဖြစ်ပါတယ်။

✨ Canva ကို ၂၀၁၂ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၊ ဆဒ်နီမြို့ ၌ Melanie Perkins (CEO) ၊ Cliff Obrecht (COO) နှင့် Cameron Adams ( CPO ) သုံးယောက်တို့က ပူးတွဲတည်ထောင်ခဲ့ကြပါတယ်။ Canva ဟာ Cloud-based Platform တစ်ခုဖြစ်ပြီး အသုံးပြုသူတွေအတွက် Graphic Design တွေကို ဖန်တီးရလွယ်ကူအောင် နည်းပညာတွေပေါင်းစပ်ထားတဲ့ Software တစ်ခုအဖြစ် ယနေ့ထိတိုင် ရပ်တည်ထားတာလည်း ဖြစ်ပါတယ်။

👉 Canva ရဲ့ အသုံးဝင်ပုံ၊အားသာချက်တွေနဲ့ မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေမှာ ဘယ်လို မြန်ဆန်ပြီး အထောက်အကူပြု စနစ်ကျသွားစေသလဲ ဆိုတာကို အချက်များဖြင့် ဖော်ပြပေးလိုက်ပါတယ်။

(၁) အသင့်သုံး Ready-made Templates ပေါင်းများစွာ ပါဝင်ခြင်း

✅Facebook Post, Instagram Reels, Presentation Slides, Banner နဲ့ Logo Design တွေအထိ နယ်ပယ်စုံအတွက် စနစ်တကျ ဖန်တီးထားတဲ့ Professional Templates ထောင်ပေါင်းများစွာ ပါဝင်ပါတယ်။ မိမိ လုပ်ငန်းနဲ့ ကိုက်ညီပြီး အသုံးပြုလိုတဲ့ စာသားနဲ့ ပုံစံလေးတွေကို Drag-and-Drop အလွယ်တကူ ဆွဲထည့်ရုံနဲ့ အလှပဆုံး ဒီဇိုင်းတစ်ခု ဖန်တီးပြီး ရရှိစေပါတယ်။

(၂) AI-powered Magic Studio စနစ်များ ပါဝင်လာခြင်း

✅ Canva ရဲ့ AI စနစ်တွေဖြစ်တဲ့ Magic Eraser (ဓာတ်ပုံထဲမှ မလိုချင်သော အရာများ ဖျက်ပေးခြင်း)၊ Magic Write (စာသားများ အလိုအလျောက် ရေးသားပေးခြင်း) နဲ့ Text-to-Image (စာရိုက်ထည့်ရုံဖြင့် ဓာတ်ပုံများ ဖန်တီးပေးခြင်း) စတဲ့ အဆင့်မြင့် Feature တွေကြောင့် ဒီဇိုင်းရေးဆွဲချိန်ကို အဆမတန် သက်သာစေပါတယ်။

(၃) Brand Kit ဖြင့် လုပ်ငန်း၏ Identity ကို စနစ်တကျ ထိန်းသိမ်းနိုင်ခြင်း

✅ လုပ်ငန်းပိုင်ရှင်တွေနဲ့ Marketing Team တွေအတွက် လုပ်ငန်း၏ Logo, Brand Colors နဲ့ Fonts များကို စနစ်တကျ သိမ်းဆည်းထားနိုင်ပြီး၊ ဒီဇိုင်းတိုင်းတွင် တစ်ပြေးညီ အလွယ်တကူ အသုံးပြုနိုင်သည့်အတွက် Brand Consistency ကို ရာနှုန်းပြည့် ထိန်းသိမ်းပေးနိုင်ပါတယ်။

(၄) Team Collaboration နှင့် လွယ်ကူသော Export စနစ်

✅ Team အလိုက် ဒီဇိုင်းများကို တစ်ပြိုင်နက်တည်း အတူတကူ တည်းဖြတ်နိုင်သလို၊ ရရှိလာသည့် ဒီဇိုင်းများကို PNG, JPG, PDF သို့မဟုတ် Video Format စသဖြင့် အရည်အသွေးမြင့်မားစွာ အလွယ်တကူ Download ရယူနိုင်ပါသည်။

👨‍🎨Canva လိုမျိုး ခေတ်မီ နည်းပညာ Tools တွေကို စနစ်တကျ အသုံးပြုခြင်းဟာ သင့်လုပ်ငန်းရဲ့ မားကက်တင်းများအတွက်လည်း ဒီဇိုင်းပိုင်းဆိုင်ရာ ကုန်ကျစရိတ်တွေကို သက်သာစေပြီး လုပ်ငန်းစဉ်တွေကို ပိုမို မြန်ဆန်စေပါတယ်။

⭐သင့်လုပ်ငန်းရဲ့ Branding ကို အဆင့်မြှင့်တင်ပြီး ရောင်းအားကို အဆမတန် တိုးတက်စေမယ့် အဆင့်မြင့် Website, Mobile Application နဲ့ Custom Automation Systems များကို ခေတ်မီ နည်းပညာများဖြင့် စနစ်တကျ ရေးဆွဲလိုပါက Digital Base ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အခုပဲတိုင်ပင်ဆွေးနွေးနိုင်ပါပြီ ခင်ဗျာ။

📌Packages ဝန်ဆောင်မှုအသေးစိတ်ကို ဖော်ပြပါ လင့်ခ်လေးကနေလည်း ဖတ်ရှုနိုင်ပါတယ်။

👉 https://www.facebook.com/share/p/1FmLEZSRC3/

အသေးစိတ်ကို ‌ဖော်ပြပါ ဖုန်းလေး (☎️09 775999680 ) မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်‌ဗျာ။

07/09/2026

" Go for it now. The future is promised to no one."

___Wayne Dyer

03/09/2026

🤔Manual အလုပ်တွေကို Software အနေနဲ့ပြောင်းသုံးရင် တစ်လ ဘယ်လောက် သက်သာမလဲ?

🔎သင့်လုပ်ငန်းမှာ လူကိုယ်တိုင် လိုက်လုပ်နေရတဲ့ Manual အလုပ်တွေကို Software အဖြစ် ပြောင်းသုံးလိုက်ရင် တစ်လကို ကုန်ကျစရိတ်နဲ့ အချိန် ဘယ်လောက်အထိ သက်သာသွားမလဲ တွက်ချက်ကြည့်ဖူးပါသလား။

📊တိုးတက်ဖွံဖြိုးလာတဲ့ ဒစ်ဂျစ်တယ်ခေတ်ထဲရောက်နေပေမဲ့ လုပ်ငန်းရှင်အများစုဟာManual အလုပ်တွေကို လူအင်အားသုံးပြီး ဆက်လက် လုပ်ဆောင်နေကြလေ့ရှိပါတယ်။ ဒေတာတွေကို စာအုပ်ထဲ သို့မဟုတ် Excel ထဲမှာ မနားတမ်း ရိုက်သွင်းနေရတာ၊ အော်ဒါစာရင်းနဲ့ Stock စာရင်းတွေ မကိုက်လို့ လိုက်စစ်နေရတာ၊ ဒါမှမဟုတ် ဝန်ထမ်းတွေရဲ့ လစဉ် အချိန်မှတ်တမ်းနဲ့ လစာစာရင်း (Payroll) တွက်ချက်ဖို့ အချိန်အများကြီးပေးနေရတာ စတဲ့ Manual အလုပ်တွေဟာ သင့်လုပ်ငန်းရဲ့ တိတ်တဆိတ် နှောင့်နှေးစေတဲ့အကြောင်းအရာတစ်ချို့ ဖြစ်ပါတယ်။

🗣️ကဲ... ဒါဆိုရင် Manual အလုပ်တွေကနေ တစ်လကို ဘယ်လောက်အထိ လေလွင့်နေသလဲဆိုတာ လက်တွေ့ကျကျ တွက်ချက်ကြည့်ရအောင်။

👉Software မသုံးသေးတဲ့ လုပ်ငန်းတစ်ခုမှာ စတို ပိုင်း Stocks စာရင်းစစ်ရတာ၊ စာရင်းဇယား ရိုက်သွင်းရတာ နဲ့ အော်ဒါ လိုက်ကောက်ရတာတွေကို ဝန်ထမ်း (၃) ဦးက နေ့စဉ် အနည်းဆုံး (၃) နာရီစီ အချိန်ပေးနေရတယ်ဆိုပါစို့။

🔎 အချိန်အရ တွက်ချက်ရမယ်ဆိုရင် ဝန်ထမ်း (၁) ဦးလျှင် တစ်ရက်
၃ နာရီ x ၃ ဦး = တစ်ရက်ကို ၉ နာရီ။ ပျမ်းမျှအလုပ်လုပ်ရတဲ့ တစ်လ
(၂၆ ရက်) နဲ့ တွက်လိုက်ရင် တစ်လကို နာရီပေါင်း (၂၃၄) နာရီ ကို နားလည်ရခက်တဲ့ Manual အလုပ်တွေထဲမှာ အချိန်ဖြုန်းနေရပါတယ်။

🔸ငွေကြေးအရ တွက်ချက်ရမယ်ဆိုရင် ဝန်ထမ်း ( ၃ ) ဦးရဲ့ ပျမ်းမျှ လစာစရိတ်နဲ့ အချိန်တန်ဖိုးကို တွက်ကြည့်လိုက်ရင် တစ်လကို အနည်းဆုံး သိန်း (၁၀) ဂဏန်းနှင့် အထက်မနည်း လေလွင့်ဆုံးရှုံးနေရတာဖြစ်ပါတယ်။ဒါ့အပြင် "Human Error" ကြောင့် စာရင်းမှားတာ၊ Stocks ပျောက်တာ၊ အော်ဒါ မှားပို့မိတာတွေရဲ့ နောက်ဆက်တွဲ ဆုံးရှုံးမှု စရိတ်တွေကိုပါ ပေါင်းလိုက်ရင် ဒီထက်မက ပိုမို များပြားသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ Manual အလုပ်ရှုပ်စနစ်တွေနေရာမှာ သင့်လုပ်ငန်းနဲ့ ကွက်တိကျမယ့် Custom Software သို့မဟုတ် Enterprise Automation System တစ်ခု ပြောင်းလဲတပ်ဆင်လိုက်မယ်ဆိုရင်တော့ -

၁) ကုန်ကျစရိတ် သက်သာသွားမယ်
၂) လူနဲ့ အချိန်များစွာ ကြာအောင် လုပ်ရတဲ့ စာရင်းဇယားတွေကို စက္ကန့်ပိုင်းအတွင်း တိတိကျကျ စီမံပေးသွားမှာဖြစ်လို့ မလိုလားအပ်တဲ့ ဝန်ထမ်းအင်အား ထပ်တိုးစရိတ်တွေကို လစဉ် သက်သာသွားစေပါတယ်။
၃) အမှားအယွင်း 0% ဖြစ်သွားမယ်
၄) Software စနစ်က ဒေတာတွေကို တိတိကျကျ မှတ်သားပေးထားမှာဖြစ်လို့ စတော့စာရင်း မကိုက်တာ၊ အော်ဒါမှားတာနဲ့ ငွေစာရင်း လွဲမှားမှုကြောင့် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုတွေကို အပြီးတိုင် သုတ်သင်ရှင်းလင်းပေးနိုင်ပါတယ်။
၄) ရောင်းအားတက်မယ့်နေရာမှာ အချိန်ပိုပေးနိုင်မယ်။
၅) ဝန်ထမ်းတွေနဲ့ လုပ်ငန်းရှင်ကိုယ်တိုင် အဓိကမကျတဲ့ စာရင်းဇယား အလုပ်တွေထဲမှာ အချိန်ကုန်ခံစရာ မလိုတော့ဘဲ၊ Customer သစ်တွေ ရှာဖွေဖို့နဲ့ အရောင်းတက်စေမယ့် မဟာဗျူဟာမြောက် စိစစ်မှုတွေပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နိုင်တော့မှာ ဖြစ်ပါတယ်။

⭐အစပိုင်းမှာ Software တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့လုပ်ရမှာ မှန်ပေမဲ့၊ ရေရှည်မှာတော့ လစဉ် လေလွင့်နေတဲ့ စရိတ်တွေကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာဖြစ်လို့ အချိန်တိုအတွင်းမှာတင် မူလရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရရှိစေမှာ သေချာပါတယ်။

🚀ကုန်ကျစရိတ်တွေ လစဉ် တိတ်တဆိတ် လေလွင့်နေတာကို လျှော့ချပြီး သင့်လုပ်ငန်းကို အရှိန်အဟုန်နဲ့ တိုးတက်စေမယ့် ဒစ်ဂျစ်တယ် အလိုအလျောက်စနစ်အဖြစ် ပြောင်းလဲဖို့ စောင့်မနေပါနဲ့တော့။ သင့်လုပ်ငန်းရဲ့ Manual အလုပ်တွေကို အထိရောက်ဆုံး နည်းပညာစနစ်တွေနဲ့ ပြောင်းလဲလို့ရမလဲဆိုတာ Digital Base ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အခုပဲ တိုင်ပင်ဆွေးနွေးလိုက်ပါခင်ဗျာ။

📌Packages ဝန်ဆောင်မှုအသေးစိတ်ကို ဖော်ပြပါ လင့်ခ်လေးကနေလည်း ဖတ်ရှုနိုင်ပါတယ်။

👉 https://www.facebook.com/share/p/1FmLEZSRC3/

အသေးစိတ်ကို ‌ဖော်ပြပါ ဖုန်းလေး (☎️09 775999680 ) မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်‌ဗျာ။

31/08/2026

" The best way to predict the future is to create it. "

_______Peter Drucker

29/08/2026

IT လောကတစ်ခုလုံးကို တွန်းအားပေးနေတဲ့ ထိပ်တန်း AI Product များ

🗣️၂၀၂၆ နှင့် ၂၀၂၆ နောက်ပိုင်းတွေမှာ IT လောကရဲ့ နည်းပညာဟာ အရှိန်အဟုန် မြန်ဆန်လာနေခြင်းရဲ့ နောက်ကွယ်မှာ အဓိက မောင်းနှင်အားအဖြစ် မျက်ကွယ်ပြုလို့မရနိုင်တဲ့ AI နည်းပညာတွေ ရှိနေပါတယ်။ သာမန် ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေကနေ ရှုပ်ထွေးတဲ့ Software Architecture တွေ ရေးဆွဲတာအထိ IT ပညာရှင်တွေ၊ Developer တွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ Productivity ကို အဆမတန် တွန်းအားပေးမြှင့်တင်ပေးနေပြီး များစွာအထောက်အကူပြုပေးတဲ့ ထိပ်တန်း AI Product များကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

1) OpenAI - ChatGPT & GPT-4o

👉IT လောကကို ပထမဆုံး ကိုင်လှုပ်ခဲ့ပြီး ယနေ့ထိ နည်းပညာနယ်ပယ်မှာ ရပ်တည်နေတဲ့ AI မော်ဒယ်ဖြစ်ပါတယ်။Technical Architecture စီစဉ်ခြင်း၊ Bug များ ရှာဖွေခြင်းနှင့် Documentation ပြုလုပ်ခြင်း စသည့် လုပ်ငန်းစဉ် အစအဆုံးကို ကူညီပေးနိုင်သည့် AI Product တစ်ခု ဖြစ်ပါတယ်။

2) Google DeepMind - Gemini

👉Google ရဲ့ အစွမ်းထက်ဆုံး Multimodal AI မော်ဒယ်ဖြစ်ပြီး Text, Code, Audio, Image နဲ့ Video တွေကို တစ်ပြိုင်နက်တည်း အဆင့်မြင့် နားလည်ပြီးစွမ်းဆောင်နိုင်ပါတယ်။ Google Cloud Ecosystem နှင့် စနစ်တကျ ချိတ်ဆက်ထားသည့်အတွက် Enterprise IT Solutions များနှင့် Cloud Infrastructure စီမံခန့်ခွဲမှုများတွင် ပိုမို ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။

3) GitHub Copilot ( Powered by OpenAI )

👉Developer တွေကြားမှာ ရေပန်းအစားဆုံး AI Coding Assistant ဖြစ်ပါတယ်။ IDE (VS Code, JetBrains စသည်) များအတွင်း တိုက်ရိုက် တပ်ဆင်အသုံးပြုနိုင်ပြီး Developer ရေးသားနေသည့် Logic ကို ကြိုတင်ခန့်မှန်းကာ Code များကို အလိုအလျောက် ဖြည့်စွက်ပေးခြင်း (Auto-completion) ကြောင့် Coding ရေးသားချိန်ကို ထက်ဝက်မက လျှော့ချပေးနိုင်ပါတယ်။

4) Anthropic - Claude 3.5 Sonnet

👉Developer တွေနဲ့ IT Specialist တွေကြားမှာ Code Quality နဲ့ Logic စဉ်းစားမှု အလွန်ကောင်းမွန်တာကြောင့် နာမည်ရနေတဲ့ AI Product တစ်ခုဖြစ်ပါတယ်။ ရှုပ်ထွေးလှတဲ့ Codebase တွေကို ဖတ်ရှုဆန်းစစ်ခြင်း၊ Data Analysis ပြုလုပ်ခြင်းနဲ့ Refactoring ပြုလုပ်ရာမှာ အလွန် တိကျစိတ်ချရတဲ့ မော်ဒယ်အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

5) Cursor & Midjourney

👉Coding အပိုင်းတင် မကဘဲ System Design, UI/UX Prototyping နဲ့ Automated Workflows တွေအတွက်ပါ AI Tools တွေဟာ IT Infrastructure ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ Cursor လို AI-native Code Editor တွေက သာမန် IDE တွေထက် Developer ရဲ့ စွမ်းဆောင်ရည်ကို အဆပေါင်းများစွာ မြှင့်တင်ပေးလျက် ရှိပါတယ်။

💡ဒီလို အဆင့်မြင့် AI Product တွေကို စနစ်တကျ ပေါင်းစပ်အသုံးပြုခြင်းဖြင့် သာမာန်ရိုးကျနည်းလမ်းတွေထက် ပရောဂျက်တွေကို မြန်မြန်ဆန်ဆန်နဲ့ အရည်အသွေးမြင့်မားစွာ ပိုမိုပြီး အသုံးချလာကြပြီး ထုတ်လုပ်လာနိုင်ကြတာပဲ ဖြစ်ပါတယ်။သင့်လုပ်ငန်းမှာလည်း‌ စမတ်ဖြစ်တဲ့ နည်းပညာတွေကို အခြေခံထားတဲ့ အဆင့်မြင့် Website, Mobile Application နဲ့ Enterprise Software Systems တွေကို စနစ်တကျ တည်ဆောက်လိုပါက Digital Base ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အခုပဲ တိုင်ပင်ဆွေးနွေးနိုင်ပါပြီခင်ဗျာ။

📌Packages ဝန်ဆောင်မှုအသေးစိတ်ကို ဖော်ပြပါ လင့်ခ်လေးကနေလည်း ဖတ်ရှုနိုင်ပါတယ်။

👉 https://www.facebook.com/share/p/1FmLEZSRC3/

အသေးစိတ်ကို ‌ဖော်ပြပါ ဖုန်းလေး (☎️09 775999680 ) မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်‌ဗျာ။

Photos from Digital Base's post 25/08/2026

" စိတ်ချရတဲ့ Web/App နည်းပညာစစ် ၊ Digital Base နဲ့ ပုံဖော်မယ့် အနာဂတ်သစ်"

လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ များပြားလွန်းလှတဲ့ မားကတ်တင်း ပလန်တွေ ၊ ပရိုမိုးရှင်း ပို့စ်တွေတင်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ မိိမိလုပ်ငန်းရဲ့ စီမံခန့်ခွဲမှု စည်းစနစ်ကျကျ ပိုမိုလွယ်ကူစေပြီး လုံခြုံစိတ်ချဖို့ ဦးစားပေး စဥ်းစားထားရပါမယ်၊၊ရေရှည်မှာ မိမိလုပ်ငန်းကို ခိုင်မာစွာတည်ဆောက်ဖို့အတွက် အသင့်တော် ဆုံး အစီအစဥ် တွေထဲကမှ မိမိလုပ်ငန်းအတွက် Website နဲ့ Mobile Application တွေ တည်ဆောက်ခြင်း အခြားပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာလွန်မှာပါ။

သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို အရှိန်အဟုန်နဲ့ တိုးတက်အောင်မြင်စေဖို့ ခိုင်မာစနစ်ကျတဲ့ Web နဲ့ App နည်းပညာတွေ ပိုင်ဆိုင်ထားဖို့ လိုအပ်နေပြီလား?

သင့်လုပ်ငန်းအတွက် ခေတ်မီဆန်းသစ်ပြီး စိတ်ချယုံကြည်ရတဲ့ Software Development တစ်ခုလုပ်ဆောင်ဖို့လိုအပ်လာပြီဆိုရင် ကျွမ်းကျင်သူများနှင့်အတူ ရေးဆွဲပေးနေသည့် Digital Base က သင့်လုပ်ငန်းရဲ့ ဒီဂျစ်တယ်ခရီးစဉ်ကို အကောင်းဆုံး ပုံဖော်ပေးဖို့ အသင့်ရှိနေပါပြီ။

✨ Digital Base မှာ ရရှိနိုင်မယ့် အဓိက ဝန်ဆောင်မှု packages များ

1️⃣ Website Design Packages

✅One-Page Website: သင့်လုပ်ငန်းအကြောင်းကို လိုရင်းတိုရှင်းနဲ့ သပ်ရပ်လှပစွာ မိတ်ဆက်ချင်သူများအတွက် ရေးဆွဲပေးသော ဝန်ဆောင်မှု။

✅SMEs Package: အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အထူးသီးသန့် ရေးဆွဲထားပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် ဝန်ဆောင်မှုပေးနိုင်မယ့် Web Design Package များ။

2️⃣ E-Commerce Systems Packages

✅သင့်ရဲ့ ကုန်ပစ္စည်းများကို 24/7 အလိုအလျောက် ရောင်းချပေးမယ့် အွန်လိုင်းစတိုးများ။

✅ပစ္စည်းစာရင်းစစ်ဆေးခြင်း၊ ငွေချေစနစ် (Payment Gateways) များ ချိတ်ဆက်ခြင်းနှင့် အော်ဒါစီမံခန့်ခွဲခြင်းတို့ကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်မယ့် စနစ်အပြည့်အစုံ ရေးဆွဲပေးသော ဝန်ဆောင်မှု။။

3️⃣ Learning Management System (LMS) Packages

✅သင်တန်းကျောင်းများ၊ ဆရာ/ဆရာမများနှင့် သင်ခန်းစာများကို အွန်လိုင်းမှတစ်ဆင့် စနစ်တကျ သင်ကြားပို့ချချင်သူများအတွက် အထူးသင့်လျော်သော LMS စနစ်။ သင်ခန်းစာများ တင်ဆင်ခြင်း၊ ကျောင်းသားစနစ် စီမံခြင်းနှင့် စာမေးပွဲ/လက်မှတ်ထုတ်ပေးခြင်းများကို တစ်နေရာတည်းမှ အလွယ်တကူ စီမံနိုင်ခြင်း။

💡 ဘာကြောင့် Digital Base ကို ရွေးချယ်သင့်တာလဲ?

1) Web & Mobile Application Development: သင့်စက်ပစ္စည်းအမျိုးမျိုး (Desktop, Tablet, Phone) မှာ အဆင်ပြေပြေ အသုံးပြုနိုင်မယ့် Responsive & Modern Design များ ရေးဆွဲခြင်း။

2) စိတ်ချရသော နည်းပညာစစ်စစ် : လုံခြုံရေးမြင့်မားပြီး သွက်လက်မြန်ဆန်သည့် နောက်ဆုံးပေါ် နည်းပညာများဖြင့် စနစ်တကျ ရေးဆွဲပေးခြင်း။

3) Business-Tailored Solutions: သင့်လုပ်ငန်း အမျိုးအစားနှင့် ကိုယ်ပိုင် လိုအပ်ချက်များအပေါ် မူတည်ပြီး အထိရောက်ဆုံး နည်းပညာဝန်ဆောင်မှုကို ပံ့ပိုးပေးခြင်း။

အသေးစိတ်ကို ‌ဖော်ပြပါ ဖုန်းလေးမှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်‌ဗျာ။ ☎️ 09775999680

21/08/2026

📣 Internship Program Announcement
-----------------------------------------------
Internship Program လတ်တလော ခေါ်ယူခြင်း အား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Internship Program များ ပြန်လည်စတင်ပါက အချိန်နှင့်တပြေးညီ Page တွင် တင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

21/08/2026

The art challenges the technology, and the technology inspires the art.

___ John Lasseter (Director)

19/08/2026

🔎 We're Hiring Now ( Urgent )

💼Junior Wordpress Developer ( 1post )

⭐Job Responsibilities

- Develop responsive and user-friendly web pages using Elementor
- Customize themes and plugins based on business requirements
- Optimize websites for speed, performance, and SEO
- Ensure website security, backups, and regular updates
- Troubleshoot and resolve website issues and bugs

⭐ Job Requirements

- Proficiency in HTML5, CSS3, JavaScript basics, and PHP fundamentals.
- Minimum 2+ years of professional WordPress web development experience.
- Expertise in Elementor Pro to build advanced, fully responsive web designs.
- Ability to install, update, and customize plugins while ensuring site stability and compatibility.
- Ability to collaborate effectively and work smoothly within cross-functional teams.
- A strong portfolio demonstrating past experience in end-to-end web design and development (Show us your work!).

🔹Salary : Negotiable based on experience
🔹Working Days : Monday to Friday
( 9 AM to 5 PM )
🔹( Sat, Sun & Public Holidays OFF )
🔹Location: MICT Park၊ လှိုင်မြို့နယ်၊ ရန်ကုန်။

👉If you are interested in this position , please submit your resume to

📩 [email protected] , 📱 09984390102(Viber).

( Shortlisted candidates will be contacted for an interview. )

19/08/2026

🤷‍♀️ Customize Software နဲ့ Ready-made Software သုံးတာ ဘာကွာခြားမှုရှိလဲ။

📊ဒစ်ဂျစ်တယ်ခေတ်မှာ လုပ်ငန်းလည်ပတ်မှုတွေကို စနစ်တကျနဲ့အလို အလျောက်စနစ် အဖြစ် ပြောင်းလဲတော့မယ်ဆိုရင် လုပ်ငန်းရှင်အများစု ကြုံတွေ့ရလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့ " လုပ်ငန်းအတွက် Customize Software ရေးဆွဲရမလား၊ ဒါမှမဟုတ် အလွယ်တကူ ရှိပြီးသား Ready-made Software ကိုပဲ ဝယ်သုံးရမလား" ဆိုတာပဲ ဖြစ်ပါတယ်။

📣 ဒီစနစ် (၂) ခုဟာ တည်ဆောက်ပုံ၊ ကုန်ကျစရိတ် နဲ့ ရေရှည်အကျိုးကျေးဇူးတွေ လုံးဝမတူညီကြပါဘူး။ သင့်လုပ်ငန်းအတွက် မှန်ကန်တဲ့ ရွေးချယ်မှုပြုလုပ်နိုင်ဖို့ အဓိက ကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

🔰ရေးဆွဲပုံနှင့် လုပ်ဆောင်ချက်များ (Features)

🔷 Customize Software : သင့်လုပ်ငန်းရဲ့ သီးသန့် အလုပ်လုပ်ပုံ (Workflow)၊ စာရင်းဇယားစနစ်နဲ့ လိုအပ်ချက်တွေအတိုင်း ကွက်တိဖြစ်အောင် သီးသန့် ဒီဇိုင်းထုတ် ရေးဆွဲထားတာ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ Feature တွေ ပါဝင်မနေဘဲ ကိုယ်တကယ်သုံးမယ့် စနစ်တွေကိုပဲ စိတ်ကြိုက် ပုံဖော်နိုင်ပါတယ်။

🔶 Ready-made Software : စျေးကွက်ထဲက အထွေထွေ လုပ်ငန်းအများစု အသုံးပြုနိုင်အောင် ကြိုတင်ရေးဆွဲထားတဲ့ အသင့်သုံး ဆော့ဖ်ဝဲလ်ဖြစ်ပါတယ်။ လုပ်ငန်းအမျိုးအစား အများစုနဲ့ အဆင်ပြေအောင် လုပ်ထားတာကြောင့် မိမိလုပ်ငန်းနဲ့ မလိုအပ်တဲ့ Feature တွေ ပါဝင်နေနိုင်သလို၊ မိမိတကယ်လိုချင်တဲ့ သီးသန့်စနစ်အချို့ မပါဝင်တာမျိုး ကြုံရနိုင်ပါတယ်။

🔰စတင်အသုံးပြုနိုင်သည့် အချိန် (Time to Deploy)

🔷 Customize Software : သင့်လုပ်ငန်းနဲ့ ကွက်တိကျအောင် အစမှအဆုံး သုတေသနလုပ်၊ ဒီဇိုင်းဆွဲ၊ Coding ရေးရတာဖြစ်လို့ စတင်အသုံးပြုနိုင်ဖို့အတွက် အချိန် ( လပိုင်းမျှ ) ကြိုတင်ပြင်ဆင်ရပါတယ်။

🔶 Ready-made Software : အသင့်ပြင်ဆင်ပြီးသား စနစ်ဖြစ်တာကြောင့် ဝယ်ယူပြီးသည်နှင့် ချက်ချင်း သို့မဟုတ် ရက်ပိုင်းအတွင်း စတင်အသုံးပြုနိုင်ပါတယ်။

🔰ကုန်ကျစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှု ( Cost Structure )

🔷 Customize Software: စတင်တည်ဆောက်ချိန်မှာ မ တည်ရင်းနှီးမြှုပ်နှံမှု ( Initial Investment ) ပိုမိုမြင့်မားနိုင်ပါတယ်။ ဒါပေမဲ့ စနစ်တစ်ခုလုံးကို ကိုယ်တိုင် ရာနှုန်းပြည့် ပိုင်ဆိုင်သွားမှာဖြစ်လို့ ရေရှည်မှာ လစဉ်/နှစ်စဉ်ကြေး အမြောက်အမြား ထပ်မံပေးဆောင်ရခြင်း လည်း နည်းပါးပြီး ပိုမိုတွက်ချေကိုက်ပါတယ်။

🔶 Ready-made Software: စတင်အသုံးပြုချိန်မှာ ကုန်ကျစရိတ် သက်သာပါတယ်။ ဒါပေမဲ့ အသုံးပြုသူ အရေအတွက် ( Per User ) သို့မဟုတ် လစဉ် /နှစ်စဉ်ကြေး ( Subscription Fee ) များကို ရေရှည် ဆက်တိုက် ပေးသွင်းသွားရတာဖြစ်လို့ သုံးစွဲသူများလာပါက ရေရှည်မှာ စရိတ်ပိုမိုမြင့်လာနိုင်ပါတယ်။

🔰ရေရှည် လိုက်လျောညီထွေဖြစ်မှုနှင့် ထိန်းချုပ်နိုင်မှု ( Scalability & Control )

🔷 Customize Software: သင့်လုပ်ငန်း တိုးတက်ကြီးမားလာတာနဲ့အမျှ Feature အသစ်တွေ ထပ်တိုးတာ၊ တခြားစနစ်တွေနဲ့ ချိတ်ဆက်တာ ( System Integration ) တွေကို စိတ်ကြိုက် အချိန်မရွေး ပြုပြင်ပြောင်းလဲနိုင်ခွင့် အပြည့်အဝ ရှိပါတယ်။

🔶 Ready-made Software: ဆော့ဖ်ဝဲလ်ထုတ်လုပ်သူ ကုမ္ပဏီက ပေးထားတဲ့ Update နဲ့ Limit တွေအတိုင်းပဲ အသုံးပြုရတာဖြစ်လို့ မိမိလုပ်ငန်း တိုးတက်လာချိန်မှာ စနစ်ကို စိတ်ကြိုက် အတိုးအလျှော့ လုပ်ပိုင်ခွင့် မရှိပါဘူး။

🎯 သင့်လုပ်ငန်းမှာ သီးသန့် မတူညီတဲ့ Business Model / Workflow တွေ ရှိရင်၊ ပြိုင်ဘက်တွေထက် သာလွန်တဲ့ ဒစ်ဂျစ်တယ်အသာစီးရယူချင်ရင်၊ ဒေတာလုံခြုံရေးအတွက် ကိုယ်ပိုင်စနစ်ကို ရာနှုန်းပြည့် ခိုင်ခိုင်မာမာနဲ့ ပိုင်ဆိုင်ချင်ရင် Customize Software ကိုရွေးချယ်သင့်ပါတယ်။ ဗျူဟာမကျတဲ့ စနစ်တစ်ခုကို ရွေးချယ်မိပြီး ရေရှည်မှာ အချိန်ရော ငွေကြေးပါ လေလွင့်မှုများ မရှိဖို့ရာ သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် စနစ်ကို သေချာရွေးချယ်သင့်ပါတယ်။

🚀ရောင်းအားကို အမှန်တကယ် မြှင့်တင်ပေးနိုင်မယ့် Web & Mobile Application / Enterprise Software တွေကို စနစ်တကျ တည်ဆောက်ချင်တယ်ဆိုရင် Digital Base ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အခုပဲတိုင်ပင်ဆွေးနွေးနိုင်ပါပြီ ခင်ဗျာ။

📌Packages ဝန်ဆောင်မှုအသေးစိတ်ကို ဖော်ပြပါ လင့်ခ်လေးကနေလည်း ဖတ်ရှုနိုင်ပါတယ်။

👉 https://www.facebook.com/share/p/1FmLEZSRC3/

အသေးစိတ်ကို ‌ဖော်ပြပါ ဖုန်းလေး (☎️09 775999680 ) မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်‌ဗျာ။

Telephone

Address


MICT Park, Building 15, 3rd Floor
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00