Study Diary

Study Diary

Share

Organize-Support-Empower

09/09/2026

🔔 Study Diary ရဲ့ Comeback အတွက် လူအင်အားဖြည့်ဖို့ အချိန်ရောက်ပါပြီဗျို့ 📬

Study Diary ရဲ့ မကြာခင်မှာ ယူဆောင်လာမယ့် Education Projects တွေမှာ ကူညီပေးနိုင်မယ့်

✅ Social Media Managers
✅ Academic Moderators များကို လိုအပ်လျက်ရှိပါတယ် ခင်ဗျာ 🫶🏻

ကိုယ်က Classroom Management, Operations Task & Administration အပိုင်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Social Media Manager Position ကို လျှောက်ထားနိုင်ပါတယ် ✨

Academic ပိုင်းလည်း ကောင်းတယ်၊ community မှာ ပြန်လည်မျှဝေရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ Academic Moderators အပိုင်းကို လျှောက်ထားဖို့ အတွက် အကြံပြုလိုက်ရပါတယ် 🪄

‼️အရေးကြီးတဲ့ အချက်ကတော့ Discord ကို Communication Channel အနေနဲ့ အသုံးပြုရမှာဆိုတော့ Discord Usage အတန်အသင့် ကျွမ်းကျင်ထားဖို့တော့ လိုအပ်ပါတယ် ခင်ဗျာ ‼️

ကဲ ဒါဆိုရင်တော့ လျှောက်ထားဖို့ အတွက် ဟော့ဒီက link တွေက တစ်ဆင့် ကိုယ်စိတ်ဝင်စားရာ position အတွက် နောက်မကျဘဲ လျှောက်ထားနိုင်ပါပြီဗျို့ 🫶🏻

𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐧𝐚𝐠𝐞𝐫 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦

https://docs.google.com/forms/d/e/1FAIpQLSeLV1TX0tJn8EQe_DnD5ZzkUwS_k-275BxgIJgm2S0GH2LdCQ/viewform?usp=header

𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐌𝐨𝐝𝐞𝐫𝐚𝐭𝐨𝐫 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦

https://docs.google.com/forms/d/e/1FAIpQLSfqVTwjRV5wZss2y6LpN3E2Q87LJW6Enh5CMiQLq3wbOkCXCQ/viewform?usp=header

🔔 Recruitment Period က 10 Days Only ဖြစ်ပါတယ်။ Application Process ပြီးဆုံးရင်တော့ Interview ဖြေဆိုရမှာပါ။

Study Diary ရဲ့ Comeback အတွက် အားလုံးကို စောင့်ကြိုနေပါမယ်နော် ✨

05/09/2026

Study Diary ရဲ့ comeback အိမ်တက်ပွဲ 🫵🏼

Study Diary အနေနဲ့ ပြန်မယ့်ပြန်လာတော့လည်း community တစ်ခုလုံးကို အိမ်ပြောင်းဖို့လာခေါ်ရင်း ပြောင်းရတာပေါ့ဗျာ

ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ moderation ဝင်မှ စာလုပ်ရတာမျိုးမဟုတ်ပဲ အချိန်မရွေးစာဝင်လုပ်လည်းရသလို weekly special study sessions တွေလည်းလုပ်လို့ရမယ့် hub လေးတစ်ခုကို trial period အနေနဲ့စမ်းချင်တာမို့လို့ အိမ်တက်ပွဲလေးကျင်းပချင်ပါတယ်ဗျာ

Discord ကို ကောင်းကောင်းသုံးတတ်တဲ့သူပဲဖြစ်ဖြစ် သုံးဖူးသူပဲဖြစ်ဖြစ် ကျွန်တော်တို့ဖန်တီးထားတဲ့ community hub server လေးကို first-week guests အနေနဲ့လာပြီး judging လုပ်ပေးဖို့အတွက် ဒီလင့်ခ်လေးနှိပ်ပြီး join ပေးကြပါဗျာ

>> https://discord.gg/cpNTghknC

ဝင်ပြီးသွားလို့ သုံးရတာတအားရှုပ်နေရင် စိတ်မညစ်ပါနဲ့
ကျွန်တော်တို့ Study Diary Team ရှိနေမှာဖြစ်ပြီး ဘာတွေကတော့ဘယ်လိုဖြစ်တယ် မေးသမျှကို ပြန်ဖြေကြားပေးသွားမှာပါ

အစမ်းအပတ်ဖြစ်တာကြောင့် အကုန်လုံးမပြည့်စုံသေးတာကြောင့်ရော volunteer recruiting မလုပ်ရသေးတာကြောင့်ရော ချက်ချင်း launch မဖြစ်တာတော့ အားနာမိပါတယ်ခင်ဗျာ

နောက်မှ programs , events အစမ်းလေးတွေနဲ့ ပုံမှန် regulations ရှိတဲ့ server ဖြစ်ဖို့ဖြည်းဖြည်းချင်းကြိုးစားသွားပါ့မယ်ဗျ

ဒီ content က လင့်ခ်နှိပ်လို့မရရင် comment မှာချထားပေးပါ့မယ်ဗျ

Photos from Study Diary's post 16/03/2026

9 Stages of a Heartbreak (သို့မဟုတ်) LANY ရဲ့ Malibu Nights Album

Hello Fountains! 👋🏻
Vibe and Learn: The Level Up ရဲ့ ပထမဆုံး Content လေးကနေ ကြိုဆိုလိုက်ပါတယ်။ ဒီညအတွက်တော့ နားထောင်လို့ကောင်းတဲ့ သီချင်းလေးတွေနဲ့အတူ နှလုံးသားထဲ ထိရှစေမယ့် Vocabulary အချို့ကို မျှဝေပေးဖို့ ပြင်ဆင်ထားပါတယ်ဗျ။

တစ်ခါတလေမှာ ခံစားချက်တွေကို ဖော်ပြဖို့ စကားလုံးတွေ ရှာမတွေ့တဲ့အခါ... သီချင်းတွေက ကျွန်တော်တို့ကိုယ်စား ပြောပြပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ အသည်းကွဲခြင်းတစ်ခုရဲ့ အဆင့်ဆင့်ကို Album တစ်ချပ်လုံးနဲ့ ပုံဖော်ထားတဲ့ LANY ရဲ့ "Malibu Nights" Album ထဲက သီချင်း (၉) ပုဒ်ကို Recommend ပေးရင်း၊ အဲ့ဒီသီချင်းတွေ ပေးတဲ့ ခံစားချက် (၉) မျိုးကို Vocab sharing အနေနဲ့ လေ့လာကြည့်ကြရအောင်!

ဒီ Album ကို အစဉ်လိုက် နားထောင်ရင်းနဲ့ အောက်က ပုံလေးတွေကို တစ်ပုံချင်းစီ ထောက်ပြီး ဖတ်ပေးသွားကြပါဦးဗျ။ အတူတူ Vibe ကြရင်း Level Up လုပ်
လိုက်ရအောင်လားခင်ဗျာ။ 🎧✨

content and graphic -

21/02/2026

Study Diary 🎊 IELTS Listening Club
(2026 Batch 1)

Study Diary ကနေ February လအတွက်မိတ်ဆက်ခဲ့တဲ့ Speaking Club လေးက ဒီအပတ်ဆို ပြီးတော့မှာဆိုတော့ IELTS ဖြေမယ့်သူတွေလည်း စာတွေလုပ်ဖြစ်နေမယ်လို့ထင်ပါတယ်။

Speaking အပြီးမှာတစ်လက်စတည်း စာလုပ်မယ့်သူတွေအတွက် listening BATCH 1 လေးဆက်ဖွင့်ဖို့ရှိပါတယ်ရှင့်။

📆ရက်တွေကတော့ အပတ်စဉ် အင်္ဂါနေ့ (၄) ပတ်တိတိ

24 Feb
3 March
10 March
17 March

4 weeks (1လ) ဖြစ်ပါတယ်ရှင့်။

အချိန်ကတော့ မြန်မာစံတော်ချိန်ည ၆:၀၀ ကနေ ၇:၃၀ ဖြစ်ပါတယ်။ တတ်နိုင်သမျှ ပိတ်ရက်လုပ်ချင်ပေမယ့် သင်ပေးမယ့်သူတွေရဲ့ အချိန်အခက်အခဲကြောင့် Sat/Sun မဟုတ်ဘဲကြားရက်လေးတော့ဖြစ်သွားပါတယ်နော်။

⏰Lesson plan ကတော့
- အတန်းမစခင် (pre test တစ်ခု)
- အတန်းပြီး (mock test) အပြင်
- listening part 1 to 4 ကို question type တွေခွဲပြီး သင်ပေးမှာရှင့်။

💯 Free of charge ပါပဲ။

အတန်းကိုတော့ တစ်ပတ်မလာ တစ်ပတ်လာ မဟုတ်ဘဲ (၄) ပတ် ရက်အပြည့်တက်ပေးဖို့တော့ မေတ္တာရပ်ခံပါရစေရှင့်။ အချိန်အဆင်ပြေတယ် IELTS exam အတွက်လေ့ကျင့်ချင်တဲ့သူတွေ listening group လေး join လို့ရပါပြီနော်။ နောက်အပတ်တွေ လတွေမှာလည်း ဘယ်လို ထိရောက်တဲ့ အတန်းတွေရှိဦးမလဲ သိရအောင် Page ကို follow ပြီးစောင့်ကြည့်ပေးကြပါဦးရှင်။

https://t.me/+ojiCw7PG1Zo1NDY1

08/02/2026

𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟑: 𝐓𝐡𝐞 𝐋𝐞𝐯𝐞𝐥 𝐔𝐩

အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်နားထားခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ 'Vibe & Learn' အစီအစဉ်လေးဟာ အခုဆိုရင် Level Up Version အနေနဲ့ ပြန်လည်ရောက်ရှိလာပါပြီ!

'Vibe & Learn' ဆိုတာ ဘာလဲ? 🤔

Newbie Fountain လေးတွေအတွက် ပြန်ပြောပြရရင်တော့ ... ကျွန်တော်တို့ နေ့တိုင်းနားထောင်နေကျ သီချင်းတွေ၊ ကြည့်နေကျ ရုပ်ရှင်တွေထဲကနေ တစ်ဆင့် Vocabulary အသစ်တွေကို ပျော်ပျော်ပါးပါး လေ့လာသွားလို့ရမယ့် အစီအစဉ်လေးပဲ ဖြစ်ပါတယ်ဗျ။

ဒီတစ်ခါ ဘာတွေ ထူးခြားမလဲ? ✨

Level Up ဆိုတဲ့အတိုင်းပဲ ဒီတစ်ခေါက်မှာတော့ ပိုပြီးအဆင့်မြင့်တဲ့ Advanced Words တွေကို အဓိကထားပြီး မျှဝေပေးသွားမှာပါ။ သီချင်းနားထောင်ရင်း၊ ရုပ်ရှင်ကြည့်ရင်းနဲ့တင် ကိုယ့်ရဲ့ English Skill ကို မြှင့်တင်နိုင်တော့မှာဖြစ်ပါတယ်ခင်ဗျာ။

🗓️ Schedule: Every Monday
📍 Where: Study Diary page and Telegram Channel ( https://t.me/studydiary4u )

So, guys! Take your seats and get ready for 'Chapter 3: The Level Up'! See you on Mondays!🎧🎬

Content and Graphic -

07/02/2026

Study Diary ရဲ့ IELTS Speaking Club အတွက် ပထမဆုံးသင်ခန်းစာ!!!

📌Week 1 - IELTS Speaking Part I 📌
“How to sound natural in Part I”

📍Lesson keywords - Filler words , hesitation control , fluency and expression

📍ဖေဖော်ဝါရီလရဲ့ ပထမဆုံး Week 1 မှာတော့ Speaking Part I အတွက် examiner ရဲ့ ကိုယ့်အကြောင်းကိုမေးတဲ့အခါ မတုံ့ဆိုင်းပဲ အထစ်အငေါ့မရှိ၊သဘာဝကျကျပြောနိုင်ဖို့ရန် သင်ကြားလေ့ကျင့်ပို့ချသွားမှာဖြစ်ပါတယ်။

📍အတန်း join ဖို့ကတော့ အောက်ပါလင့်ခ်မှတစ်ဆင့် Telegram group join ကာ အပတ်စဉ် Sunday 7:00 - 8:30 တိုင်းဝင်ရောက်ဆွေးနွေးသင်ယူနိုင်ပါတယ်။
📎IELTS Speaking Club Group Link :

https://t.me/+DMlg4aeTH_tmNjNl

📌အတန်းမတက်ချင်သိရှိရန်လိုအပ်ချက်များ
- ပထမဆုံးအနေနဲ့ Club အတွင်းမှာ မေးမြန်းဖြေကြားတာတွေကို နားလည်နိုင်ရန်အတွက် English Level အသင့်အတင့်အနေနဲ့အနည်းဆုံး Pre-Intermediate လောက်တော့ရှိရပါမယ်
- Participants Limitation လေးရှိတာကြောင့် Club စချိန်ထက်အရမ်းနောက်ကျရင် meeting application auto close တာကြောင့် စောစောလေးဝင်ခဲ့ဖို့မှာကြားအပ်ပါတယ်
- ကျောင်းသား၊သူများရဲ့ privacy policy ကြောင့် ကျွန်တော်တို့စာသင်ချိန်အတောအတွင်းမှာ media pause ( screenshots , talking about unrelated topics within the lesson ) တွေရှိမှာမဟုတ်တာမို့ လုံခြုံစွာအတန်းဝင်ရောက်နိုင်ပါတယ်
-ထပ်မံသိရှိရန် rules and regulations များကို Group Pin Message တွင်ကြည့်ရှူနိုင်ပါတယ်။

🫶🏼Have fun with your study!!

06/02/2026

‼️ ဟိတ် ကတုံးလေးကို ကျော်မသွားနဲ့။ ဖတ်ကြည့်🥺

Study Diary ရဲ့ Comeback : IELTS Speaking Club

IELTS Speaking ကို အပိုင်နိုင်ဆုံးဖြစ်စေမယ့် အခမဲ့ Speaking Club ကို ပြန်လည်မိတ်ဆက်လိုက်ပါပြီရှင်။

IELTS speaking club ဆိုတာကတော့ IELTS စာမေးပွဲအတွက် ပြင်ဆင်နေတဲ့ (သို့) ခုမှစလေ့ကျင့်ချင်တဲ့ သူတွေအားလုံးအတွက် အထူးရည်ရွယ်ထားတဲ့ Program ဖြစ်ပါတယ်ရှင်။

✨ ဘာကြောင့် Study Diary ကို Join သင့်လဲ?
✔️ IELTS သင်ကြားမှု အတွေ့အကြုံများစွာရှိတဲ့ Experienced Moderator Team
✔️ Own Modified Curriculum (Exam-focused & Student-Center approach )
✔️ Moderator & Class Manager အပြည့်အစုံ နဲ့ စနစ်တကျ စီမံခန့်ခွဲထားတဲ့ Class
✔️ အပတ်စဉ် Breakout Room Practice တွေမှာဆရာကပဲ သင်ပေးတဲ့ပုံစံမဟုတ်ဘဲ “သင်ပေးမယ်၊ လေ့ကျင့်မယ်” ဆိုတဲ့ နည်းလမ်းကို သုံးမှာ ဖြစ်ပါတယ်။

ဘာတွေသင်မှာလဲ

🔥 Week 1: IELTS speaking Part-1

စကားပြောရာမှာသဘာဝကျကျ ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ Filler words အသုံးချနည်း, Hesitation control, Fluency တိုးတက်စေမယ့် Tips တွေ

🔥 Week 2: IELTS speaking Part-2
PDEF (Point – Describe – Explain – Feeling) ဆိုတဲ့ 2-minute answer structure ကို အပိုင်နိုင်ဆုံး အသုံးပြုနိုင်အောင် လေ့ကျင့်ပေးမယ့်အပြင် Intonation & Sentence Stress အကြောင်း

🔥 Week 3: IELTS speaking Part-3
Discussion Questions တွေကို စနစ်တကျ ဖြေဆိုနိုင်ဖို့ Discourse Markers, Opinion Structures, Comparison Answer Techniques တွေကိုပြောသွားမှာဖြစ်ပါတယ်

👥 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
- IELTS Speaking ကို တကယ်တိုးတက်ချင်တဲ့သူ
- ၃ ပတ်လုံး အချိန်မှန်တက်နိုင်သူ
- Practice လုပ်ဖို့ စိတ်အားထက်သန်ပြီး Learning Motivation ရှိသူ
- IELTS အတွက်မပြင်နေသေးရင်တောင် အပေါ်က Topic တွေကိုစိတ်ဝင်စားလေ့ကျင့်ချင်ရင် join လို့ရပါတယ်။

ကဲ ဘာတွေစောင့်နေဦးမှာလဲ ❓🙋‍♂️လက်လွတ်မခံသင့်ဘူးနော်။

Feb 8th
Feb 15th
Feb 22nd (၃ ပတ်ဆက်တိုက်Sunday ညတိုင်း ၇:၀၀ ကနေ ၈:၃၀ အထိနော်)
🏃‍♂️💨 Join ချင်ရင် အောက်က Group Link ကို အခုပဲ ဝင်လိုက်တော့

https://t.me/+DMlg4aeTH_tmNjNl

https://t.me/+DMlg4aeTH_tmNjNl

25/12/2025

MERRY CHRISTMAS EVERYONE!✨
Wishing you a joyful Christmas and a happy holiday season.

အားလုံးပဲ မယ်ရီခရစ်စမတ်ပါခင်ဗျာ။✨
ပျော်ရွှင်စရာခရစ်စမတ်နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Study Diary သူငယ်ချင်းများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Graphic -

23/12/2025

WE ARE SO BACK TO YOU WITH OUR BETTER VERSION!

ကျွန်တော်တို့ volunteer လေးတွေရဲ့ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်နားထားရတဲ့ Study Diary က Content တွေ၊ Program တွေဟာဆိုရင် လာမယ့် 2026 ကနေစပြီး Better Version တွေနဲ့ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်ခင်ဗျာ။ ဘယ်လို Program ဘယ်လို Content မျိုးတွေကို အကောင်းဆုံး Plan တွေနဲ့ ပြန်မြင်ချင်ကြလဲဆိုတာကို Comment Box မှာအကြံပြုပေးခဲ့ကြပါဦးနော်။

See you soon with better learning, better stories, and better growth. ❤️

Telephone

Address


Yangon