KAUNG MYAT THOR Distribution

KAUNG MYAT THOR Distribution

Share

We offer the best quality mixed soil for your plants;especially Adenium.

27/08/2026

"ရိုးရိုး" ရန်ကုန် ရောက်ပါပြီနော။

နှင်းဆီ၊ စံပယ်၊ ယုဇန၊ ရွက်လှ....
ခရမ်းချဥ်၊ ရုံးပတီ၊ ငရုတ်....

စသော စသော အားလုံးရင်းနှီးကျွမ်းဝင်ပြီးသား ရိုးရိုး အပင်မျိုးလေးတွေ အတွက် ရိုးရိုးလေး စိုက်နိုင်ကြစေဘို့ပါ လို့ ရိုးရိုး ပဲ ပြောလိုက်ပါရစေနော။

ဆန်းပြားမှ ခမ်းနားမှ ဆိုတာတွေ ကနေ ခန ခွဲထွက်ပြီး ရွာက အမေ့ ခြံ၊ အမျိုး ခြံ တွေထဲ အပင်လေးတွေ စိုက်သလို လွယ်လွယ်ရှင်းရှင်း

"ရိုးရိုး" နဲ့ စိုက်လိုက်မယ်ဆိုရင်လည်း...အားလုံး...

လှပါတယ်။
ပွင့်ပါတယ်။
မွှေးပါတယ်။
သီးပါတယ် ဆိုတာလေးပါ။

မိုးတွေညို့ညို့မှာ တခုခု ကို လွမ်းသလိုလို သတိရသလိုလို ဖြစ်လာရင် "ရိုးရိုး" နဲ့ သာ အပင်တပင်လောက် ထ စိုက်ကြည့်လိုက်ပါလို့။

30/04/2026

ဗုဒ္ဓ နေ့ သမယ၊
အချိန်ကိုက် ပွင့်လာ၊
ပူဇော်ကာ ဦးတင်သ၊
ပန်းဖြူဖြူ လွလွ ကြွကြွ၊
မွှေး ဆို.....
လှ ဆို.....
စိုက်သကို ရွှေဘုတ် နဲ့ ဗျ။

20/04/2026

"ကုသိုလ်လည်း ရ"

ကပ်သီးကပ်သတ် နေရာလေးမှာ၊
ဖြစ်သလိုလေး စိုက်ပြီး၊
ဂရုတစိုက်လည်း မပြုစုဖြစ်သော်ငြား၊
ရွှေဘုတ် ရဲ့ သဘာဝမြေသြဇာ၊
သုံးကြိမ်လောက် ထည့် အပြီးမှာတော့၊
ည ည ဆို တိုက်လုံးမွှေး၊
မနက် မနက် ဆို ဘုရားကျောင်းဆောင် မှာ ဖွေး။

Photos from KAUNG MYAT THOR Distribution's post 18/04/2026

မြန်မာ့ နှစ်ဆန်း ခါသမယ မှာ

အားလုံး အားလုံး အားလုံး.....တို့အား

မိမိတို့ ပြုခဲ့သမျှသော ကုသိုလ် ကောင်းမှု အစုစု တို့ ကို အမျှပေးဝေအပ်ပါတယ်။

ကျမ်းမာ
ချမ်းသာ
အန္တရာယ်ကင်း
ဘေးရှင်း ကြ၍

လိုရာဆန္ဒများ ပြည့်ကြပါစေရန်

ကောင်းမြတ်သော ​​ ဆုတောင်းမေတ္တာများ ပို့သလိုက်ရကြောင်းပါ ခင်ဗျား....

Category

Telephone

Website

Address


Yangon