First Step Online Store
မှန်ကန်တဲ့ ပစ္စည်းကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ ယုံယုံကြည်ကြည် ဝယ်ယူအားပေးနိုင်ပါတယ်
25/05/2026
ဒီနေ့အတွက် အရသာထူးကဲ သန့်ရှင်း လတ်ဆတ်တဲ့ ကြက်မျှင်ပေါင်မုန့် Order လေးတဖြတ်ပေါ့ !
(Packing ပိုင်းအပါအဝင် လိုအပ်ချက်တွေ ရှိသေးပေမယ့်လဲ အရသာနဲ့ သန့်ရှင်း လတ်ဆတ်မှုအပိုင်းကတော့ Qty အပြည့် အားထည့်ထားပါတယ်)
နောက်လထဲလောက် မှာယူနိုင်မယ့် မုန့် List နဲ့ Daily Order အရောင်းလေးတွေ စပါမယ်ဆိုတာလဲ ကြိုတင် သတင်းပါးထားပါရစေ
18/04/2026
#တိုက်ခန်းအငှား
🏡 သာကေတမြို့နယ်၊ မာန်ပြေ (...) လမ်း
🏠 18' × 55'၊ တတိယထပ်၊ 4-လွှာ ၊ Hall Type ၊ အခန်းသန့် ၊ လမ်းသန့်
💸 တစ်လ - 350,000/-
🚨 Deposit - တစ်လစာ
📌 3 လချုပ်ပဲ ရပါသည်
🧳 ချက်ချင်းတက်နေနိုင်သည်
🚨 မိသားစုနည်းသူ (အများဆုံး (3) ဦး) နှင့် သပ်သပ်ရပ်ရပ် စည်းကမ်းရှိရှိနေသူ ဦးစားပေးမည်
(မူကြို၊ မူလတန်းအရွယ်ကလေးများပါရင် လက်မခံပါ)
🚨🚨 အကျိုးဆောင်ခ လဝက်စာယူပါမည်
First Step ~📱 09408911118
📍 အခန်းကြည့်မည်ဆိုပါက တစ်ရက်ကြိုတင်ဖုန်းဆက်ပေးပါရန်
31/03/2026
မစားခင် မယုံနဲ့ ...
မြည်းကြည့်ပြီးမှ ယုံပါ 😋
"မြည်းကြည့်” - စားလိုက်တာနဲ့ မမေ့နိုင်တဲ့အရသာ!
မကြာမီ လာမည် ... မျှော် 😁
20/01/2026
Page လဲ ပစ်ထားခဲ့တာ တစ်နှစ်ကျော် နှစ်နှစ်မက တောင်ကြာခဲ့ပြီ ထင်တယ်
Message တွေလဲ မပြန်ဖြစ်တော့ဘူး
ဘဝဆိုတာ ပျော်ရာမှာမနေရ၊ တော်ရာမှာနေရဆိုတဲ့ စကားလေးလိုပေါ့
ကာကာတို့နဲ့ ပျော်ရွှင်စရာ စကားလက်ဆုံကြခဲ့တဲ့ အရင်အချိန်တွေကို သတိရရင်း ဒီ Page ဒီ Online Shop လေးရဲ့ ပေါက်ဖွားရာ Phone Cover ရောင်းချခြင်းကို အပြီးတိုင် ရပ်လိုက်ပါပြီ
ဒါပေမယ့် ဒီ Page လေးကတော့ ဆက်ပြီး ရှင်သန်နေအုံးမှာ Cover ရောင်းတာပဲ ရပ်မယ် မရပ်မယ်နဲ့ကနေ အခုတော့ လုံးဝရပ်ဖို့ ဆုံးဖြတ်လိုက်တာပါ
ဘာလို့ဆို 2026 မှာ မင်မင်တစ်ယောက် ဖုတ်ကြီးလုပ်ပါတော့မယ်
ချက်ပြုတ်တဲ့ စားဖိုမှူးကို ချက်ကြီးလို့ခေါ်ရင် မုန့်ဖုတ်တဲ့ မင်မင်က ဖုတ်ကြီးပေါ့
ဟုတ်ပါတယ် မင်မင်တစ်ယောက် မုန့်ဖုတ်ပြီး ရောင်းပါတော့မယ်
မင်မင်နဲ့ ဖုတ်ကြီးဘဝအမှတ်တရများ၊ တစ်နေ့တာအလွဲများနဲ့ ဖုတ်ကြီး ကျွန်တော်ဆိုတဲ့ တွေ့ရကြုံရအမှတ်တရတွေ တင်ဖို့ စဉ်းစားထားသလို
Online ကနေလဲ မှာယူနိုင်အောင် အစီအစဉ်ကရှိနေသေးတာမို့ ဆက်ရှင်သန်နေမယ်ပြောတာပါ
အခုချိန်ထိ အားပေးခဲ့ကြတဲ့ ချစ်တဲ့ကာကာ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်
Cover နဲ့ပတ်သက်ပြီး ကံမကုန်တောင် ပြန်မဆုံနိုင်တော့ပေမယ့် Bakery နဲ့ပတ်သက်ပြီး ပြန်ဆုံကြတာပေါ့ဗျာ
မင်မင်နှင့် ဖုတ်ကြီးဘဝအစ !
ငလျင်ဒဏ် ခံစားခဲ့ရတဲ့ ဒေသအသီးသီးမှ Customers များ အားလုံးပဲ ဂရုစိုက်ကြပါဗျို့ !
(မင်မင်လဲ ငလျင်ကြောင့် လူတော်တော်မူးပြီး အခုမှပဲ တက်လာနိုင်တော့တယ်)
05/03/2025
First Step Online Store ကို တစ်နှစ်နီးပါး နားပြီးတဲ့နောက်မှာတော့ မင်မင်ရဲ့ လုပ်ငန်းအသစ်ကလေးနဲ့ မိတ်ဆက်ပေးပါရစေ !
အမှန်တော့ တကယ်ရည်ရွယ်ထားတာက ဒါမဟုတ်သလို စမယ်လုပ်နေတာကလဲ ကြာနေပြီး အခုမှပဲ စဖြစ်သွားတယ်ပြောရမှာပေါ့ ~ 😁
သန့်ရှင်းလတ်ဆက်တဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုထားလို့ လူမျိုး၊ ဘာသာမရွေး စားသုံးနိုင်ပါတယ်
First Step တုန်းကတော့ Phone Cover အတွက် လိုအပ်နေရင် သတိရပေးဖို့ ပြောခဲ့သလို
အခုလည်း မနက်စာအတွက် ဘာစားရမလဲ စဉ်းစားနေတာပဲဖြစ်ဖြစ်၊ နေ့တိုင်း ဒါတွေပဲစားနေကြမို့ အသစ်အဆန်းလေး စားချင်ရင်ဖြစ်ဖြစ်
အရသာကောင်းမွန်ပြီး ဒေသထွက်ရိုးရာ အစားအစာလေးဖြစ်တဲ့ မင်မင်တို့ရဲ့ ပြည်မင်းသမီး - ပြည်ထမင်းသုပ် လေးကို သတိရလိုက်ပါ ! 😁
လတ်တလော အမယ် တစ်မျိုး ၊ နှစ်မျိုးနဲ့စအုံးမယ်ဆိုပေမယ့် နောက်ပိုင်း Menu ကို ထပ်ချဲ့သွားဖို့ရှိသလို အပြင်မှာလဲ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတာမို့
မင်မင်နဲ့ ဆုံချင်ရင် အပြင်မှာလဲ လာစားဖို့ ဖိတ်ခေါ်ပါတယ်
လတ်တလောတော့ လိုအပ်ရင် မှာစားလို့ရအောင် Page ကို Like & Follow လေး လုပ်ပေးကြပါအုံးနော် 🙏
ကျေးဇူးတင်ပါတယ် 🥰
Phone Cover ကတော့ ပြန်စဖို့ လုပ်တိုင်း အခွင့်ပြန်မပေးလို့ နောင်အခွင့်အခါသင့်ရင်တော့ ပြန်စပါ့မယ်
မင်မင်ရဲ့ ပထမဆုံး အလုပ်၊ သံယောဇဉ်အရှိဆုံး အလုပ်၊ ဝါသနာအပါဆုံး အလုပ်လေးမို့ ပစ်ပယ်သွားဖို့တော့ မရှိပါဘူး
အားပေးခဲ့ကြတဲ့ Customer တစ်ယောက်စီတိုင်းကို အခုထိ သတိတရရှိစေစဲပါ
အခုထိ Cover လိုတုန်း သတိတရ လာလာမေးကြတဲ့ Customer တိုင်းကို ကျေးဇူးအထူးတင်ပါတယ်
အခုတော့ မင်မင်ကို တွေ့ချင်ရင် ပြည်မင်းသမီး - ပြည်ထမင်းသုပ် Page လေးကို လှမ်းလာပေးပါနော်
မင်မင် မျှော်နေပါ့မယ် 🥰
Order တွေ စကောက်ဖို့ စပြင်နေပါပြီနော် !
မကြာမှီ လာမည် မျှော် ~ ☺️
#ပြည်မင်းသမီး #ပြည်ထမင်းသုပ်
24/10/2024
Xiaomi 15 Series နှင့် Pad 7 Series တွေ မြင်ရဖို့ (5) ရက်သာလိုပါတော့တယ် !
(29.10.2024) ရက်နေ့မှာ မိတ်ဆက်မယ့် ဒီပွဲမှာ HyperOS 2.0 ကိုလည်း အတူတူမြင်ရဖို့ ရှိနေပါတယ်
ဘာတွေမျှော်နေလဲ?
ဘာတွေမြင်ချင်ကြလဲ?
ဘာတွေလိုချင်လဲ?
Comment မှာ ဝင်ရောက်ဆွေးနွေးသွားဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်
17/10/2024
ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ Customers များအားလုံး ဘေးဘယာအပေါင်းမှ ဝေးကွာပြီး ကိုယ်စိတ်နှလုံး ကျန်းမာ၊ ချမ်းသာ အေးချမ်းကြပါစေကြောင်း First Step Online Store မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည် ...
🙏🙏🙏
#တိုက်ခန်းအရောင်း
🏡 လမ်းမတော်မြို့နယ်အတွင်း
🏠 15' × 50'၊ မြေညီထပ်နှင့် ပထမထပ်တွဲလျက် ရောင်းဖို့ရှိပါသည်။
💸 ဈေး - သိန်း 2800
🚨 အကျိုးတူမရပါ
First Step အိမ် ၊ ခြံ ၊ မြေအကျိုးဆောင်လုပ်ငန်း
📱 09408911118
📍 အခန်းကြည့်မည်ဆိုပါက တစ်ရက်ကြိုတင်ဖုန်းဆက်ပေးပါရန်
16/09/2024
Edit:
အငှားထွက်သွားပါပြီ
#တိုက်ခန်းအငှား
🏡 သာကေတမြို့နယ်၊ မာန်ပြေ (...) လမ်း၊ မာန်မြေမှတ်တိုင် အနီး
🏠 18' × 55'၊ 6-လွှာ ၊ Hall Type ၊ အခန်းသန့် ၊ လမ်းသန့် / လမ်းကျယ်
(ဝရံတာ ၊ မီးဖိုခန်း ကြွေပြားခင်းပြီး / သံပန်း ၊ ဆန်ရှိတ်တပ်ပြီး)
💸 တစ်လ - 220,000/-
🚨 Deposit - 200,000/-
📌 3 / 6 လချုပ်ရပါသည်
🧳 ချက်ချင်းတက်နေနိုင်သည်
🚨 မိသားစုနည်းသူ (အများဆုံး (3) ဦး) နှင့် သပ်သပ်ရပ်ရပ် စည်းကမ်းရှိရှိနေသူ ဦးစားပေးမည်
🚨🚨 အကျိုးဆောင်ခ တစ်လစာယူပါမည်
First Step အိမ် ၊ ခြံ ၊ မြေအကျိုးဆောင်လုပ်ငန်း
📱 09408911118
📍 အခန်းကြည့်မည်ဆိုပါက တစ်ရက်ကြိုတင်ဖုန်းဆက်ပေးပါရန်
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
11091