thelapyae

thelapyae

Share

🟡 Notion Ambassador
🟡 Daily Dose of Content For Your Growth
🟡 Unlock Your potential → @moonbasehq

24/09/2026

ကိုယ်က အရင်ကထက် skill ပိုရှိလာရင်
အရင်လောက် ဘဝကမခက်တော့ဘူး

ဘဝကိုပိုလွယ်ကူဖို့
ထိုင်ပြီးဆုတောင်းနေတာတာထက်

Skill ပိုရှိလာအောင်
လေ့လာသင်ယူတာကပိုသေချာတယ်

@thelapyae

24/09/2026

Ai တွေအရမ်းသုံးလို့

Ironman လိုဖြစ်နေပြီလားမေးရင်

ဖြစ်နေပါပြီ .... ကြာပေါ့ ... 😁

thelapyae

24/09/2026

Free Courses တွေ ထောင်နဲ့ချီပြီးရှိတယ်

ပြဿနာက အချိန်မရှိတာပဲ

အမှန်တော့ အချိန်ကရှိတယ်

တိုးတက်ဖို့ အတွက် course တွေမှာမသုံးပဲ

စိတ်အပန်းဖြေတဲ့ နေရာမှာသုံးတာများနေတာပါ

အရင်လေ့လာပါ ပြီးမှ အပန်းဖြေပါ

အပန်းပြေမှ လေ့လာမယ်ဆို မနေ့ကလိုပဲ

နောက်နေ့မှ လေ့လာမယ်လို့ဖြစ်နေပါဦးမယ်

thelapyae

23/09/2026

သေချာမတတ်သေးတဲ့ သူတွေက
သေချာမတတ်သေးတဲ့ သူတွေကိုပဲ
အလုပ်ခန့်ချင်တယ်

သေချာတတ်သွားတဲ့သူတွေက
သေချာတတ်တဲ့သူတွေကိုအလုပ်ခန့်ပြီးမှ
သေချာမတတ်ပေမယ့် သင်ချင်တဲ့သူတွေကို
အလုပ်ခန့်ချင်တယ်

thelapyae

23/09/2026

တွေးတတ်တာက အရေးကြီးတယ်

ဒါပေမယ့် တွေးနေရုံနဲ့ ဘဝမပြောင်းဘူး

တစ်ယောက်က နေ့တိုင်း
Idea အသစ်တွေစဉ်းစားနေတယ်
Plan တွေဆွဲနေတယ်
Research လုပ်နေတယ်
အချိန်ကောင်းကို စောင့်နေတယ်

တစ်ယောက်ကတော့
သိသလောက်နဲ့ စလုပ်တယ်
မှားရင်ပြင်တယ်
မရရင် နည်းပြောင်းတယ်
နေ့တိုင်း တစ်ခုခုစမ်းသပ်နေတယ်

နှစ်ကြာလာတဲ့အခါ ကွာသွားတာက
ဘယ်သူပိုသိလဲဆိုတာထက်
ဘယ်သူပိုလုပ်ခဲ့လဲ ဆိုတာပဲဗျ

Knowledge က Direction ပေးတယ်
Action က Result ပေးတယ်

တစ်ခါတလေ သိတာနည်းပေမယ့်
နေ့တိုင်းလုပ်တဲ့သူက

သိတာများပြီး မစသေးတဲ့သူထက်
ပိုဝေးရောက်သွားတတ်တယ်

— thelapyae

23/09/2026

ပိုက်ဆံနဲ့ ဝယ်လို့ရတာတွေ
ပိုင်ဆိုင်ထားတာကောင်းတယ်

အိမ်၊ ကား ၊ နည်းပညာကောင်းကောင်း
အဝတ်အစားကောင်းကောင်း

ဒါတွေက ဘဝကို ပိုအဆင်ပြေစေတယ်

ဒါပေမယ့် ဘဝကို
တကယ်တန်ဖိုးရှိစေတာက

ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့အရာတွေ
ဖြစ်နေတတ်တယ်

- ကျန်းမာရေး
- စိတ်အေးချမ်းမှု
- ယုံကြည်လို့ရတဲ့သူတွေ
- ကိုယ့်ကို တကယ်နားလည်တဲ့
Relationship တွေ
- ကိုယ်ပိုင်အချိန်
- ကိုယ့်ကိုယ်ကို ယုံကြည်နိုင်မှု

ဒီအရာတွေက ပိုက်ဆံရှိရုံနဲ့ အလိုလိုမရဘူး

ပိုက်ဆံနဲ့ ဝယ်လို့ရတာတွေက
ဘဝကို သက်တောင့်သက်သာဖြစ်စေတယ်

ပိုက်ဆံနဲ့ ဝယ်လို့မရတာတွေက
ဘဝကို ပြည့်စုံစေတယ်

— thelapyae

23/09/2026

သူများအောင်မြင်နေတာကို
ပျော်ပေးနိုင်ဖို့ဆိုတာ

- ကိုယ်တိုင်လဲတိုးတက်မှုရှိနေမှ
- ဝင်ငွေလဲ အဆင်ပြေနေမှ
- ကျန်းမာရေးလဲကောင်းနေမှ
- Relationship တွေလဲအဆင်ပြေပြီး
- ကိုယ်နေထိုင်ရတဲ့ဘဝက comfort ဖြစ်နေမှ

ဒဏ်ရာတွေရှိနေရင်
ဟန်ဆောင်ပြုံးပြဖို့တောင်မလွယ်

thelapyae

23/09/2026

Work from home လုပ်ပြီး
အလုပ်နောက်ကျတဲ့သူကလဲရှိသေးတယ် 😁

လမ်းပိတ်နေတာနေမှာပါ 😁

thelapyae

23/09/2026

Mental Fitness 9/10 ✅
Physical Fitness 8/10 ✅
Financial Fitness 7/10 ✅
Spiritual Fitness 8/10 ✅
Relationship Fitness 10/10 ✅

Perfect ? No ….
still building and maintaining

( wife approved ✅ )

thelapyae

23/09/2026

Achievement ရဖို့
လုပ်ရတာပျော်စရာမကောင်းဘူး

Achievement ရတာကမှ
ပျော်စရာကောင်းတာ

ပျော်ချင်ရင် မပျော်တာတွေကို
သည်းခံပြီး အရင်ဖြတ်သန်းမှရတယ်

thelapyae

Category

Address


Yangon