Myanmar Property Value Network

Myanmar Property Value Network

Share

Real Estate and Knowledge Sharing

Photos from Myanmar Property Value Network 's post 02/06/2023

#ဆင်မလိုက် Business_Tower_Condominium_Appartments

သန့်ရှင်းလတ်ဆတ်တဲ့ လေလေးကို ရှူရှိုက်ပြီး River View လေးလဲ လိုချင်တယ်၊ နေရာကောင်းလေးလဲ ဖြစ်ချင်တယ်၊ ဒါ့အပြင် ကားရပ်နားဖို. ကျယ်ဝန်းတဲ့ ကားပါကင်လဲ လိုချင်ပြီး မိသားစုပဲနေနေ၊ ရုံးခန်းလေး ဖွင့်ချင်တာမျိုးဆိုရင်တော့ ကျွန်တော်တို့မှာ ပြင်ဆင်ပြီးသားအခန်းလေး တခန်း ရောင်းဖို့ရှိပါတယ်။
ကျွန်တော်တို့ အခန်း တည်နေရာလေးကတော့ ကမာရွတ်မြို့နယ် ကြည့်မြင်တိုင် ကမ်းနားလမ်းမကြီးပေါ် နှင့် ဘုရင့်နောင်လမ်းမကြီးပေါ် Grand Hantha International ဆေးရုံကြီးနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပြီး ပန်းလှိုင်မြစ်ရဲ. လှပတဲ. River View လည်းရတဲ့ Sinmalite Business Tower မှာပဲဖြစ်ပါတယ်။

Facilities အနေနဲ့
ဓါတ်လှေခါး၊ ၂၄နာရီ လုံခြုံရေး နဲ့ ကျယ်ဝန်းလှတဲ့ ကားပါကင် တို.ပါရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Shopping ထွက်မယ်ဆို
Hledan Center (3 mins), Sein Gay Har Super Center (3 mins), Gamone Pwint (4 mins),
Time City (6 mins), Junction Square (6 mins)

Education အတွက်ဆို
Chindwin Tecnology University (1 min), MLA International School (3 mins)

Health and Wellness အတွက်ကတော. အထူးပြောစရာတောင်မလိုအောင် လမ်းကူးလိုက်တာနဲ့
Grand Hantha International Hospital

Business လုပ်ငန်းများ အတွက်ဆို
Asia World Port Terminal (8 mins), Htee Dan Port (6 mins) တို့နဲ့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

အခန်းအကျယ်က 1684 sq.ft ၊ အိပ်ခန်းကျယ် Master Bed Room (1)၊ Single Bed Room (1)၊ Living Room နဲ. Common WC တို. ပါရှိမှာဖြစ်ပါတယ်။ Kitchen ကို ခေတ်မှီ ပုံစံ ပြင်ဆင်ထားပြီး ညှော်စုပ်စက်နဲ. မီးဖိုလည်း ပါရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Bar Counter တစ်ခု လည်းပါရှိလို. Modern decoration ပုံစံလေးနဲ. နေချင့်စဖွယ် အိမ်လေး လည်း ဖြစ်ပါတယ်။

တအိမ်လုံးကို ဘိုဆန်ဆန် flooring ခင်းပေးထားပြီး ရေစို ရေမှောက်တာ များအတွက် ဘာတခုမှ ပူပန်စရာ မလိုတော. ပါဘူး။

Living Room မှာ sofa settee တစုံပါရှိပြီး Dinning Room မှာလည်း dinning table တစုံနှင့် အိပ်ခန်းမှာ ထိုင်ခုံနဲ. စားပွဲ တစုံပါရှိအုန်းမှာပါ။

ဘဏ်နဲ့ချိတ်ဆက်ပြီး Home Loan နဲ့ ဝယ်ချင်သူများအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

တော်တော်လေးလည်းပြည့်စုံနေပြီမို. အခန်းလေးကို ကိုယ်တိုင် လာ‌ရောက်ကြည်.ရှူ ဝယ်ယူဖို. ဆိုရင်..............

Price 2550 Lakhs

ဆက်သွယ်ရန်
Ma Su Mon Htwe
09-973434224

02/06/2023

ယနေ့ နယုန်လပြည့် စာတော်ပြန်ပွဲများကျင်းပလေ့ရှိသည့် မဟာသမယနေ့တွင် လူနတ်ဗြဟ္ဓာ သတ္တဝါအပေါင်း ကိုယ်၊ စိတ်၊ နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း Myanmar Property Value Network မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ရပါတယ် ခင်ဗျာ 🙏🏻🙏🏻🙏🏻


#နယုန်လပြည့်
#မဟာသမယနေ့

12/05/2023

မြေဂရန် ရဖို့ ဘယ်လောက်ကြာတတ်လဲ?

မြေငှားဂရန် ထုတ်ပေးတဲ့နေရာမှာ မြေဧရိယာ ၁ ဧကအထိကို ရက်ပေါင်း၄၀ အတွင်း ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးမည်ဖြစ်ပြီး မြေဧရိယာ ၁ ဧကအထက်မှ ၅ ဧက အထိကို ရက် ၆၀ အတွင်း ပြည်နယ်တိုင်းအုပ်ချုပ်ရေးမှူး၏ စိစစ်ခွင့်ပြုချက်ဖြင့် ခရိုင်ထွေအုပ်မှ ထုတ်ပေးပါတယ်။ မြေဧရိယာ ၅ ဧက အထက်ကိုတော့ ၈၁ ရက်အတွင်း ရုံးချုပ်ရဲ့ခွင့်ပြုချက်ဖြင့် ခရိုင်ထွေအုပ်မှ ထုတ်ပေးပါတယ်။ ထပ်ပြီး ပြင်ဆင်ဖြေလျှော့ ပေးထားသည့် လုပ်ထုံးလုပ်နည်းများအရ ဆိုရင် -
တစ်ဧကအထိကို ၃၂ ရက်၊
တစ်ဧကမှ ငါးဧကထိ ၄၈ ရက်၊
ငါးဧကအထက်ကိုတော့ ၇၃ ရက်လို့ ညွှန်ကြားထားပါတယ်။
အရေးကြီးတဲ့အချက်မှာ ဂရန်လျှောက်သောမြေက အရှုပ်အရှင်းကင်းပြီး အချက်အလက် ပြည့်စုံသော မြေ ဖြစ်ရပါမယ်။ လျှောက်ထားသူ မြေပိုင်ရှင်ဘက်က အချက်အလက် ပြည့်စုံရန်၊ အရှုပ်အရှင်းကင်းရန် လိုအပ်ပါတယ်။ ကန့်ကွက်ခြင်း၊ အရှုပ်အရှင်းများရှိခြင်း၊ အချက်အလက် မပြည့်စုံခြင်းများရှိပါက အချိန်ကြန့်ကြာခြင်း၊ မြေဂရန်မရနိုင်တာတွေ ဖြစ်တတ်ပါတယ်။
ဂရန်လျောက်ထားရာတွင် ကာယကံရှင်ဘက်က မြေနဲ့ ပတ်သက်တဲ့ မြေခွန်ပြေစာတို့၊ ရောင်းဝယ်စာချုပ်နဲ့ SP, GP တို့လဲ ယူသွားရပါမယ်။


#အိမ်
#ဂရန်မြေ
#မြေအမျိုးအစား

09/05/2023

လူတွေရာ နေထိုင်ရာ အိမ်လုံခြုံဖို့ကို ကောင်းသော သစ်တွေနဲ့ ဆောက်လေ့ ရှိပါတယ်။ ဒါပေမယ့်လည်း အကောင်းအဆိုးဒွန်တွဲနေတာမို့ မသုံးအပ်တဲ့ သစ်တွေလည်းရှိပါသေးတယ်။ ဘယ်လိုသစ်တွေက မသုံးအပ်ဖူးလဲဆိုရင်

မသုံးအပ်သောသစ်် (၈)မျိုး

၁။ ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ် (သစ်ဆွဲချ)

၂။ သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)

၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီလူး)

၄။ အရင်းအဖျားရှူး၍ အလယ်တွင်ကြီးသောသစ် (သစ်နပုန်း)

၅။ လမ်းကူးချောင်းကူးသစ် (သစ်တံတား (ခ) သစ်လမ်းကူး)

၆။ အပင်ချင်းအကိုင်းချင်းကြိတ်သောသစ် (သစ်ကြိတ်)

၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)

၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)
ဒါတွေက မသုံးအပ်ပါဘူး။ ဒါဆိုရင်တော့ MPVNပရိတ်သတ်တွေလဲ သတိထားဆင်ခြင်နိုင်ပါစေဗျ။

#သစ်အမျိုးအစား

#သစ်
#အိမ်
#ဗဟုသုတ

06/05/2023

အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား

လုပ်ထုံးလုပ်နည်းကိုအလေးမထားခဲ့တဲ့ကာလတွေရဲ့အကျိုးဆက်အဖြစ်ယခုအခါမှာတော့ဂရန်အမှုတွဲတွေမြေစာရင်းဌာနကိုပေးပို့လာတဲ့အခါမြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာမြို့နဲ့ ကျေးရွာမြေများလက်စွဲဥပဒေမှာပြဌာန်းထားတဲ့လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ကိစ္စတွေကိုဥပဒေပြဌာန်းချက်နဲ့အညီနည်းလမ်းတကျ၊စနစ်ကျနစွာဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ပြည့်စုံစွာစီစစ်မှတ်ချက်မပြုတော့တာတွေကိုတွေ့ရှိလာရပါတယ်။မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလိုနေရာတကာပါနေရတော့တခြားအလုပ်တွေပိလွန်းတဲ့အခါမြို့မြေကိစ္စတွေကိုလှည့်မကြည့်နိုင်တာလဲပါပါတယ်။

စနစ်တကျမစိစစ်တော့ဘဲအလွယ်တကူ ဆောင်ရွက်လိုက်တဲ့အခါအားနည်းချက်တွေရှိသွားပြီးအစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့အခြားမြေများ (ဥပမာ- သစ်တောကြိုးဝိုင်းမြေ၊မီးရထားမြေ၊လမ်းမြေ၊ဆည်မြောင်းမြေ၊စည်ပင်သာယာပိုင်မြေ၊အစိုးရ ဌာန/ပုဂ္ဂလိကသို့ချထား ပြီးမြေ)စတာတွေကိုအစိုးရကချထားပေးနိုင်သည့်မြေ Land at the disposal by Government လို့ မှားယွင်းမှတ်ချက်ပြုခြင်း၊ယင်းမြေများကိုဂရန်ချထားပေးရန်ထောက်ခံခြင်း၊စတဲ့လွဲမှားတဲ့မှတ်ချက်ပြုပြန်ကြားမှုတွေဖြစ်လာရပြီးအခြားမသက်ဆိုင်သူတွေအတွက်၊ချထားမပေးသင့်တဲ့အစိုးရဌာနပိုင်မြေများ၊အစိုးရသီးသန့်ထားတဲ့မြေများပေါ်မှာပုဂ္ဂလိကများကိုဂရန်ထုတ်ပေးရန်အထိထောက်ခံပေးခဲ့ခြင်းများရှိသွားကြပါတယ်။

မြေစာရင်းဌာနရဲ့မြေရာဇဝင်ကိုလွဲမှားစွာမှတ်ချက်ပြုထောက်ခံပေးချက်အပေါ် မူတည်ပြီးမချထားသင့်တဲ့မြေများ/ဂရန်ချထားမပေးနိုင်တဲ့မြေများကိုမြေငှါးဂရန်ထုတ်ပေးမိခဲ့လို့ပြဿနာဖြစ်ပွါးရတဲ့ကိစ္စရပ်တွေ၊အရှုပ်အရှင်းဖြစ်ရတာတွေအများကြီးပေါ် ပေါက်လာပါတယ်။

မနေ့တနေ့ကထိမြေစာရင်းနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာဂရန်မြေ အရှုပ် အရှင်းအတွက်အရေးယူခဲ့ရသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။မြေစာရင်းဝန်ထမ်းတွေကိုမြေရာဇဝင်မှတ်တမ်းမှားယွင်းထုတ်ပေးမှုအတွက်နဲ့မြေပုံအမှားထုတ်ပေးမှုအတွက်အရေးယူခံရတဲ့ဖြစ်စဉ်တွေလည်းနားမဆန့်အောင်ကြားဘူးကြမှာပါ။

G.A နဲ့ အခြားဌာနကဆရာတွေလည်းထိတာပါဘဲ၊စစ်ကိုင်းတိုင်းကဂရန်မှားပေးမိတဲ့ခရိုင်အုပ်ချုပ်ရေးမှူးတို့၊မော်လမြိုင်ရဲတပ်ဖွဲ့မြေအငှါးချတဲ့ကိစ္စအတွက်သက်ဆိုင်ရာတိုင်းအဆင့်တာဝန်ရှိသူတို့စသည်ဖြင့်မြေကိုင်သွားတာတွေအများကြီးပါ။

Credit to :shweproperty

#ဂရန်မြေ
#အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား

04/05/2023

စလစ်မြေ

စလစ်မြေဆိုတာ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်ပြီးတော့ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်။

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်။

ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်။

ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်။

စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်။

Credit to: ‌ဈေးကွက်ဂျာနယ်


#မြေအမျိုးအစား
#စလစ်မြေ
#ပါမစ်မြေ
#ဂရန်မြေ

02/05/2023

ကျေးရွာမြေ

မြို့နှင့်ကျေးရွာမြေ ပုဒ်မ ၄/၅ အရ မြို့မဟုတ်သည့် အိမ်ရာနေရာဆောက်လုပ်ရန် လျာထား သတ်မှတ်သည့် ဧရိယာနေရာကို ကျေးရွာဟု ခေါ်ပါသည်။ မြို့နှင့်ကျေးရွာမြေ ဥပဒေ ပုဒ်မ ၅ အရ ကျေးရွာတစ်ရွာ၏ နယ်နိမိတ်ကို သတ်မှတ်ပိုင်းခြားရန် နိုင်ငံတော်သမ္မတက "အမိန့်ကြော်ငြာစာ” ထုတ်ပြန်ရမည်ဟု ပါရှိပါသည်။ ဒါကြောင့် ရွာလူကြီးတို့လက်ညှိုးထိုးပြရုံမျှဖြင့် “ရွာမြေတိုးချဲ့ခြင်း" ဖြစ်ပေါ် မလာနိုင်ပါ။ “မြို့နယ် ထွေအုပ်/လယ်စီစာရင်း ဌာနကိုသွား၍ မေးမြန်းစုံစမ်းခြင်းဖြင့် အတည်ပြုချက် ရယူသင့်ပါသည်။ တရားဝင် “ကျေးရွာမြေ (သို့) ရွာမြေ" တို့ကို စီမံချက်အရ “ကျေးရွာဂရန်” လျှောက်ထားခွင့် ရှိပါကြပါသည်။

#ကျေးရွာမြေ
#အိမ်
#မြေအမျိုးအစား

29/04/2023

မြေအမျိုးအစားသင်္ကေတများ
မြေတွေ မဝယ်ခင်မှာ ကိုယ်ပိုင်တဲ့မြေကို English လို သက်ေတ‌ တွေ မသိတာ မေ့နေတာမျိုးမဖြစ်ရအောင် ဒီနေ့ ကျွန်တော်တို့ MPVNကနေ ဖော်ပြပေးလိုက်ပါတယ်ဗျ။

ယာမြေ = Y
ကိုင်းမြေ K/KA/KY
ဥယျာဉ်မြေ = G/U
ဓနိမြေ = D
အခြားမြေ = OA
အပိုင်ရမြေ/ဘိုးဘွားပိုင်မြေ = O ၊ အချို့အရပ်တွင် = B မြေပိုင်အခြေအနေရရှိ တဲ့(လက်ဝယ်ထားရှိပိုင်ခွင့်ရှိသော) မြေကို = C
အငှားဂရန်မြေ (သို့) ဂရန်မြေ = L
လိုင်စင်မြေ = H
အခွင့်မရဘဲဝင်ရောက်ကျူးကျော်နေထိုင်သည့် squarter = A
မိုးကောင်းလယ်မြေ = R
ပ အတန်းစားမိုးကောင်းလယ်မြေ = R1
ဒု အတန်းစား မိုးကောင်းလယ်မြေ = R2
တ အတန်းစားမိုးကောင်းလယ်မြေ = R3 (အထွက်နှုန်းစပါး ၃၀ အောက်)
စ အတန်းစား မိုးကောင်းလယ်မြေ = R4 (အထွက်နှုန်းစပါး ၂၀ အောက်)
အစိုးရ ဆည်ရေသောက် လယ်မြေ = RG
ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ = RP
မူရင်း သို့မဟုတ် နွေရာသီစိုက်လယ်မြေ = M
ကင်းလွတ်ခွင့်ပြုသည့်လယ်ယာမြေ = က
ဝေငှသည့်လယ်ယာမြေ = ၀
နိုင်ငံတော်အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် မြေရိုင်းကို လယ်ယာမြေ သုံးစွဲနိုင်သည့် လုပ်ပိုင်ခွင့် သို့မဟုတ် အခြားနည်းဖြင့်သုံးစွဲခွင့်ပြုထားသည့်မြေ = ခ
လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ(၅)အရ သိမ်းယူပြီး၊ ဝေငှခြင်းမပြုနိုင်သဖြင့် ကျန်ရှိသည့်မြေနှင့် နိုင်ငံတော်အစိုးရထံပြန်အပ်မြေများ = ရ

ဒီလောက်ဆို မြေအမျိုးအစားကို အင်္ဂလိပ်လို ဘယ်လို သက်ေတလဲဆိုတာ သိမယ်လို့မျှော်လင့်ပါတယ်ဗျ။


#အိမ်
#မြေအမျိုးအစား
#သက်ေတ

27/04/2023

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ

အိမ်၊ခြံ၊မြေ၊တိုက်ခန်း ဝယ်ယူမယ်ဆိုရင် အိမ်၊ခြံ၊မြေ၊တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက တစ်ခုနဲ့တစ်ခု အလုံးစုံ မတူညီနိုင်ပါဘူး။ ဒါကြောင့် ဝယ်ယူတဲ့အခါ ပိုင်ဆိုင်မှုအထောက်အထား/စာရွက်စာတမ်းအပြည့်အစုံကို သေချာ စစ်ဆေးသင့်ပါတယ်.

ဂရန်မြေ
- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက် [မှန် / မမှန်၊ စစ် / မစစ်] ကိုသက်ဆိုင်ရာ ရုံးမှာသွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။
- ဂရန်မြေနဲ့ ပတ်သက်လို့စစ်ဆေးရမယ့် စာရွက်စာတမ်းကနည်းပါတယ်။
- ဂရန်အမည်ပေါက် မှန် / မမှန်ကိုသာရုံးမှာ သွားရောက်စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ
– ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။
– ပါမစ်မြေကို ဝယ်ယူမယ်ဆိုရင် ချထားပေးတဲ့ပါမစ် မှန် / မမှန် ၊ အဆိုပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါတယ်။
– အင်ထရီဆိုတာက မြေနေရာအကွက်ချပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည်စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ်တံဆိပ်ဖြစ်ပါတယ်။
– ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီး အင်ထရီလည်းဝင်ထားမယ်ဆိုရင် အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ / သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။
– မိတ္တူတွေကိုလည်း မူရင်းနဲ့တိုက်ဆိုင်စစ်ဆေးရပါမယ်။



#အိမ်မြေ
#မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ

25/04/2023

အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်း

ကျွန်တော်တို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော် ဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို ပြောပြပေးပါ့မယ်ဗျ။

(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။

ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။ ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။

ဒီလောက်ဆိုရင်တော့ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို သိသွားမယ်လို့ မျှော်လင့်ပါတယ်ဗျ။
နောက်ရက်တွေမှာလည်း ဗဟုသုတတွေကို မျှဝေပေးမှာမို့ ကျွန်တော်တို့ MPVNကို Like and Shareလေး လုပ်ပေးပါအုံးဗျ။

#အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်း
#အိမ်

Website

Address


501, M4, Kandawgyi Yeik Mon Complex
Yangon

Opening Hours

Monday 09:00 - 16:30
Wednesday 09:00 - 16:30
Saturday 09:00 - 16:30

Alerts

Be the first to know and let us send you an email when Myanmar Property Value Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.